Tuesday, February 18, 2014

16/02/2014



အမေလုပ်သူ အလုပ်ပြန်လုပ်မယ်စီစဉ်တာမလို့ ကလေးထိန်းခေါ်တယ်။ကလေးထိန်းမလာခင် ညက

အက်ဝင့် အိပ်ယာထဲမှာ အက်ဝင် မာမီ အလုပ်သွားလုပ်ရင် မမ တစ်ယောက်ခေါ်ထားမယ်။အဲ့မမက

အက်ဝင်တို့ကို ကျောင်းလိုက်ပို့ပေးလိမ့်မယ်။မာမီ စောစောပြန်လာမယ်။မမနဲ့လိမ်လိမ်မာမာနေနော်။

လို့ပြောတော့ ခေါင်းညိတ်တယ်။ကိုယ့်စိတ်ထဲမှာ သူနားလည်ပါ့မလား ထင်နေတယ်။နောက်နေ့လေဆိပ်

မှာ အဲ့ကလေးမလေးကို သွားကြိုတော့ သူကမေးတယ်"mommy,ma ma can speak only myanmar?

တဲ့။မမ လို့သူ့ကိုပြောတဲ့ အတွက် မြန်မာဆိုတာ သူနားလည်ပုံရတယ်။ဟုတ်တယ် သား မြန်မာလိုပဲတတ်

တာ ဘာဖြစ်လို့လဲ။If I want to play playdough,how to say in myanmar? တဲ့။မြန်မာပြည်မှာတော့

ဆော့တဲ့ ဂျူံ့လို့ခေါ်တယ်ထင်တယ်။မမ ဂျုံဆော့မယ်ပေါ့ ပြောလေသား။Ok ,so I can say မမဂျုံဆော့

မယ်ပေါ့။If I want pass urine,I must say ရှုးရှုးပေါက်မယ်လား မာမီ။If i want to wear sock,ခြေစွပ်

စွပ်မယ် ပေါ့နော် မာမီ။အေးဟုတ်တယ်။If I take shower,I should say ရေချိုးမယ်ပေါ့နော်။မြန်မာလို

ဘယ်လို ပြောရတယ်ဆိုတာ အမေ လုပ်သူဆီမှာ သေချာအောင်မေးနေတာ။အော် ကိုယ်ပြောတာသူနား

မလည်ဘူးထင်နေတာ သူသိသားပဲ။သိလို့ ဘယ်လို ဆက်ဆံရမယ်ဆိုတာတောင် ကြိုမေးလိုက်သေး။


အခု အဲ့ကလေးမ ရောက်ကတည်းက အမေလုပ်သူက တစ်ခုခုပြောလိုက်ရငါ အရင်လို Yes,mommy

မပြောတော့ဘူး။ဟုတ်ကဲ့ မေမေ တဲ့။


2 comments:

  1. တော်လိုက်တဲ့အက်ဝင်လေး။
    မေကတော့ ငယ်သေးတော့ အဲလောက်သိတတ်အုန်းမယ်မထင်ဘူးနော်။

    ReplyDelete
  2. ကောင်းတာပေါ့ညီမရဲ့... နို့ မို့ ဆို မြန်မာလို စကားမသွားတော့မှာ စိုးရတာ... ခုအဆင်ပြေသွားတာပေါ့... အင်္ဂလိပ်လိုက သေချာပေါက်ပြောတတ်ပါတယ်ညီမရေ

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။