Sunday, May 5, 2013

ကလေးတွေအကြောင်း(၄)


မာမား လှတယ်ကွာမာမား ဗြူးတီးဖိုးကွာ ညဉ်းကလဲအေ ဟုတ်လို့လား ရက်စ် မာမားလှလှ လင်းလင်းကစ်

ဆိုပြီး အပြင်ထွက်ဖို့ အ၀တ်လဲနေတဲ့ အမေကို အဲ့လို မြှောက်တတ်သေးတာ။အပြင်ထွက်တာနဲ့ မာမား 

လင်းလင်း rainbow ချောကလက် ဒိုးနပ်စားမယ်နော်တဲ့။ဒိုးနပ်အကွင်းအပေါ်မှာ ရောင်စုံ ချောကလက်

လေးတွေ ကျဲထားတာလေ(chocolate rice )ခေါ်မလား။အပြင်ထွက်တိုင်း သူအဲ့ဒါစားတယ်။အပေါ်က

ချောကလက်တွေကုန်သွားရင် အောက် ဒိုးနပ်အသားတွေကို မစားတော့ဘူး။နဲနဲပဲကိုက်ပြီး မာမား ရော့

လင်းလင်းပြီးပီ ဆိုပြီး အမေလုပ်သူကို ထိုးပေးလိုက်တော့ အမေလုပ်သူလဲ စားချင်တဲ့အခါစား မစားချင်တဲ့

အခါ လွှင့်ပလိုက်တာ သူသိပုံမရဘူး။တစ်ပတ်မှာ ၃ ရက်လောက် စားတယ်။တရက်တော့ သူစားလို့ပိုတာ

ကို အမေလုပ်သူကို ပေးတယ်။အမေလုပ်သူလဲ အနားမှာ ခိုလေးတွေတွေ့တာနဲ့ စိတ်ကူးပေါက်ပြီး သမီးရေ

ဒီပေါင်မုန့်ကို ငှက်ကလေတွေ ကျွေးလိုက်မယ်နော်ဆိုပြီး သူ့အဖြေမစောင့်ပဲ  ခိုတွေကို ချကျွေးလိုက်တယ်။

ခိုလေးတွေအလုအယက်စားနေတာတွေ့တော့ သူပျော်မှာပဲလေ ဆိုပြီး ကြည့်စမ်း ခိုလေးတွေ စားနေတာ

ပျော်စရာကြီးဆိုပြီး ပြောနေတုန်း မာမား လင်းလင်း bread စားမှာ စားအုံးမှာ bird bird တွေမကျွေးဘူး

ပြန်းပေး ပြန်ပေးတဲ့ ဒုက္ခော...ဒီပြင့်မုန့်နဲ့ အစားထိုးချော့လိုက်ရတယ်။နောက်တစ်ရက် သူအဲဒါ စားပြန်ရော

အပေါ်က ချောကလက်တွေစာပြီး အောက်က ပေါင်မုန့်သားကို မစားဘူး ဒါပေမဲ့ အမေလုပ်သူကို မပေးဘူး

ဒီအတိုင်း ကိုင်ထားတယ်။လုံးဝ မစားတော့တာနော်။အမေလုပ်သူက သူ့စိတ်သိချင်လို့ သမီးရေ မစားမဲ့

တူတူ ငှက်ကလေးတွေ ကျွေးလိုက်လေပြောတော့။လင်းလင်း Bird Bird မကျွေးဘူး။လင်း စားမှာ စားမှာ

ဆိုပြီး ဒီအတိုင်းမစားပဲ ကိုင်ထားတယ်။အမေလုပ်သူက ကဲ မကျွေးဘူးဆို ကုန်အောင်းစားနော် ဆိုတော့

နာရီဝက်လောက်ကြာအောင်ဟိုလုပ်ဒီလုပ်နဲ့ မစားဘူး။နောက်ဆုံးအမေလုပ်သူကငှက်တွေကျွေးမယ်ပြောမှ

နဲနဲစီစားပြီး ပါးဖောင်းအောင် ငုံထားတာပဲ မ၀ါးပဲနဲ့။






မေလင်းလင်းက ကပ်စေးနဲတယ်။အိမ်မှာ မုန့်တွေ အများကြီးရှိရင်တော့ သူမုန့်စားရင် အကိုလုပ်သူဖို့ပါယူ

လာပေးတယ်။ဒါပေမယ့် သူ့လက်ထဲကဟာဆိုရင်တော့ အမေလုပ်သူတောင် ကိုက်ခွင့်မရဘူး။အက်ဝင်က

တော့ အဲ့လိုမဟုတ် သူ့ဆီက မုန့်ကို ကိုက်လို့မကလို့ အကုန်နီးနီးပဲစားစား။


မေကတော့ အဲလိုဟုတ်ဖူး တွန့်တိုတယ်။တစ်ရက် သူ မုန့်ထဲ့ထားတဲ့ အံဆွဲထဲကနေ နို့ခဲ သကြားလုံး ၁လုံး

ယူလာပြီး အမေလုပ်သူကိုခွာခိုင်းတယ်။တို့လဲ ခွာပေးပြီး လတ်သေးလား သိချင်လို့ နဲနဲ ကိုက်ကြည့်လိုက်

တော့ ပျော့နေတယ်။သမီးလေး ဒါမကောင်းဘူး နောက်တစ်ခု သွားယူလို့ ခိုင်းတော့ နောက်၁ခုယူလာတယ်

တို့လဲ ကိုက်ကြည့်ပြန်တော့ လတ်သေးတာတွေ့တာ နဲ့ ဒါကောင်းတယ်စားဆိုပြီး ပေးလိုက်တော့ မာမားစား

လိုက်ပြီ လင်းလင်းစားတော့ဘူးဆိုပြီး စိတ်ကောက်သွားရော။သူ့ကို သကြားလုံး အပဲ့ကျွေးလို့။စိတ်ကောက်

တတ်တယ်။မနာလိုတတ်တယ်။သူ့ကိုပဲ ချစ်စေချင်တယ်။အကိုလုပ်သူကို ယုယုယယနေရင် အမေလုပ်သူ

ကို နောက်နေ ကုပ်ပိုးကို ဆွဲထားတာ။ဒါပေမယ့် မိန်းကလေးမို့လားမသိဘူး။အမေလုပ်သူ အရိပ်အခြေကို

သိတယ်။သူတို့ အိပ်ခန်းထဲမှာ မအိပ်ခင် အဲကွန်းကြိုဖွင့်ထားတော့ တို့က ချမ်းသလိုလိုဖြစ်လာတာနဲ့

လက်စက လောက်လက်ရှိတဲ့ ဘလောက်စ်ကို ယူဝတ်လိုက်တော့ သူက ဆော့နေတာကနေလှမ်းမြင်လိုက်

ပုံရတယ်။မာမား နေမကောင်းဘူးလားတဲ့ လှမ်းမေးတယ်။ကောင်းပါတယ်အေ ချမ်းလို့ပါ ဆိုတော့ မချောက

အေးနေလား အဲကွန်းနဲနဲလျော့လိုက်လေတဲ့။:)

အနုပညာ ၀ါသနာပါတယ်။မိုက်ကို ချကိုမချဘူး။ရတာကလဲ ABCD။



အင်းဒီသမီးတစ်ကောင် ဘယ်လိုထိမ်းရပါ့မလဲ သိဘူး။သူအဖကတော့ I don't know how to handle her

တဲ့။(သူ့ဆီကို သူ့သမီးအကြောင်း တစ်ခါက မက်ဆေ့ပို့တုန်းက ပြန်လာတာ)


အောက်က  ဆရာမ ခင်နှင်ယုရဲ့ နွားတစ်ထောင်ပါ။PDF ဖိုင်ကို ဖေ့ဘုတ်မှာ ရှဲထားတာတွေ့လို့ ဒေါင်းလုပ်

လုပ်ထားတာ ပျောက်သွားမှာစိုးလို့ ဘလော့ပေါ်တင်ထားတာ။သမီးရှင်များ ဖတ်ချင်ရင် zoom in လုပ်

ပြီးဖတ်ရမယ်ထင်တယ်။သေးနေတယ်။အခုခတ်နဲ့ နဲနဲကွာ ပေမယ့် အဓိကတော့ အမေ တစ်ယောက်ရဲ့

စိုးရိမ်ပူပန်ရတဲ့ သောကလေးတွေ ကို ခံစားမိတယ်။

(Credit to mmcybermedia.com)































































8 comments:

  1. Cute May!

    Thanks For Sharing Khin Hnin Yu

    ReplyDelete
  2. အဲဒီ ၀တ္ထုကို ဇာတ်လမ်းတို ရိုက်ပြီး ပြသင့်တယ်..သရုပ်ဆောင် ကောင်းကောင်းနဲ့ပေါ့..
    ဒါပေမယ့် ကိုရီးယား ဇာတ်ရှည်တွေနဲ့တော့ ယှဉ်ရလိမ့်မယ်..
    -m

    ReplyDelete
  3. ဘာပဲဖြစ်၂ မေလင်းလင်းကိုချစ်တယ်
    ဟေမာကို မေလင်းလင်းလောက်တော်ရင် တော်ပြီ

    ReplyDelete
  4. အဲဒီကား ရိုက်ထားတာ ရှိတယ်။ ခင်သန်းနုရယ် ခိုင်ခင်ဦးရယ်နဲ့။

    ReplyDelete
    Replies
    1. ဟုတ်လားရီတာ...တို့ကတော့ စာဖတ်ရတာပိုသဘောကျတယ်။ရုပ်ရှင်က တစ်ခါတစ်လေ သရုပ်ဆောင် မပီပြင်ရင် ပေါ့သွားရော

      Delete
  5. နွားတစ်ထောင်ပိုင်ရှင်မကြီး နောက်တစ်ယောက်ပါ။ ခင်နှင်းယု ဖတ်ချင်တယ်..။ နောက်မှ ကျော့ဘလော့မှာ လာဖတ်တော့မယ်


    pifpif

    ReplyDelete
  6. သမီးရှင်မို့လို့ လိုအပ်တာ ကြိုပြင်ထားနိုင်အောင် အဆုံးထိ တထိုင်ထဲ ဖတ်လိုက်တယ် .. သမီးက ၂ နှစ် ရှိဘီ :P

    ReplyDelete
  7. This comment has been removed by a blog administrator.

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။