Monday, May 13, 2013

မေ (မှတ်တိုင် ၃)






မေကလေးအသက် ၃နှစ်ပြည့်လေပြီ။သူမကလေးက အကိုထက်စာရင် လည်ပေတယ်။မိန်းကလေးမို့လား

တော့မသိ သူ့ပစ္စည်းဆို အသေသိတယ်။သူ့ခေါင်းအုံးပေါ်သွားအိပ်ရင် မကြိုက်ဖူး။မိဘတွေ အချစ်တွေကို

အကုန်နီးပါး သူလိုချင်တယ်။အကို လုပ်သူကိုယုယရင် မကြိုက် မနာလိုတယ်။စိတ်ကောက်ရင် စကားလုံးဝ

မပြောပဲ အမူအယာနဲ့ပဲပြောတယ်။အကိုလုပ်သူကို ကျောင်းသွားပို့ရင် where is lin lin's school?လို့မေး

လေ့ရှိတယ်။ရုပ်ပြောင်တယ်။အကိုလုပ်သူကို အမေလုပ်သူက စာလုပ်ပေးနေရင် ဘေးကနေ မနာလိုဖြစ်

နေကော။ငှက်ပြောသီး၊သဘောင်္သီး၊ဖရဲသီး သိပ်ကြိုက်တယ်။အလူးကြော်ကြိုက်တယ်။ပေါင်မုန့်မကြိုက်ဘူး၊

ခေါက်ဆွဲကြိုက်တယ်။ပြောင်းဖူး သိပ်ကြိုက်တယ်။


ဝမ်းမှန်တယ်။အမေလုပ်သူမို့ အလုပ်ရှုပ်ပြီဆို မာမား အီအီး ပါမယ် အီအီးပါမယ်ဆိုပြီး လာအော်တယ်။

ကတာဝါသနာပါတယ်။တီးတာမှုတ်တာလဲ ၀ါသနာပါတယ်။စာနဲ့ ပတ်သတ်လို့ကတော့ ညဏ်မဆိုးဘူး။

A_Z ကို ၁၉ လသမီးကတည်းက အကုန် အသေး အကြီး သိလို့ အများက အကို့ထက်သာမယ်လို့ထင်ပေ

မယ့် အဆော့ဖက်ကို အားသန်သူ။စာရေးဖို့ကို စိတ်မ၀င်စားသူ။အကိုလုပ်သူ ရေးဖတ်နေတာကို ဘေးက

နေကြည့်ပြီး သူရနေတယ်။အင်္ဂလိပ်၊မြန်မာ ၂မျိုးစလုံး သွက်သွက် ပြောနိုင်တယ်။အင်္ဂလိပ်က အကိုဆီက

ကော်ပီ ယူထားတော့ အကိုပြောသလောက်ပေါ့။ဒါပေမယ့် ကျောင်းတတ်ရင်တော့ အဆင်ပြေလိမ့်မယ်။

လာမဲ့ ဂျူလိုင်မှာ(pre nursery) ကျောင်းတတ်မယ်။ကျောင်းသိပ်တတ်ချင်တယ်။အဲ့ဒါ စာသင်ချင်လို့

မဟုတ်ဘူး ကျောင်းမှာ ဆော့စရာတွေ တွေ့လို့ဆော့ချင်လို့။







ဘယ်အ၀တ်က အိမ်နေရင်းဝတ် ဘယ်အ၀တ်ကတော့ အပြင်ထွက်ရင်ဝတ်တာဆိုတာ သူသိတယ်။အမေ

က ဟေ့ ဒါမလုပ်နဲ့ ဆို ရှေ့ကိုတော့ နဲနဲ တိုးလုပ်ချင်တယ်။တစ်ရက် အပြင်သွားမယ်ဆိုပြီး မိုးရွာတာနဲ့

မသွားဖြစ်ဖူး။နောက် ၁၅ မီးနစ်လောက်ရှိတော့ မာမား သွားလို့ရပြီ သွားလို့ရပြီ ရှော့ပင်သွားလို့ရပြီ

လို့ သူလာပြောတော့ ပထမ သူဘာပြောပါလိမ့်လို့။နောက်မှ အော...မိုးတိတ်သွားသကိုး။ဒါ့ကြောင့်

ရှော့ပင်းသွားလို့ရပြီ လာပြောတာ။အခြေနေတစ်ခု အပြောင်းလဲဖြစ်တာကို သူသတိထားမိတယ်။







အကိုလုပ်သူ ဖုံးဆော့နေတုန်း ဖုံးလာရင် အမေလုပ်သူက ဖုံးကို ယူပြီးဖုံးပြောတယ်။အဲ့အချိန် အက်ဝင်

ကတော့ သူ့ဟာနဲ့သူ တခြားအာရုံရောက်သွားပြီ သူကလဲ တစ်ခုခုဆော့နေတယ်။ဖုန်းပြောပြီးလို့ နားက

ခွာရုံရှိသေး ကိုကိုး မာမား ဖုန်းပြောပြီးပြီ ကိုကိုး ယူဆော့တော့ ရပြီတဲ့။ဆော့နေပေမယ့် တို့ဖုန်းပြော

တာကို စဉ်ဆက်မပြတ်လေ့လာနေတာ။ပြောရင်တော့ ကုန်နိုင်မယ်မထင်ပါဘူး။



ချစ်သမီးငယ်လေး ၃ နှစ်ပြည့်မွေးနေ့မှ မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ပါစေ...

(ပါပါး မာမား ကိုကိုး)





9 comments:

  1. Happy Birthday, May! Wishing you happiness, good health and all the best in your life ...

    ReplyDelete
  2. ချစ်ရတဲ့ မေလင်းလင်း လေး
    ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ။
    အမြဲတမ်းကျန်းမာပျော်ရွှင်စွာပါစေ ။

    ReplyDelete
  3. Happy Birthday Thameelay May!

    ReplyDelete
  4. ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ။နောင်နှစ်ပေါင်းများစွာထိ ဖေ၊မေ၊ကို တို့နဲ့ ပျော်ပျော်ရွှင်ရွှင်၊ချမ်းချမ်းသာသာ နေနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်။
    မေငြိမ်း

    ReplyDelete
  5. မေလင်းလင်းလေး..
    ပါပါး..မားမား ကိုကိုး တို့နဲ့ နှစ်ပေါင်း များစွာ ပျော်ရွှင်ချမ်းမြေ့ပါစေ...သမီးလေး...



    pifpif

    ReplyDelete
  6. Happy birthday may, love you <3

    ReplyDelete
  7. Happy Birthday May!

    ReplyDelete
  8. မိုးမိုးMay 15, 2013 at 5:42 PM

    သမီးလေး မေလင်းလင်း ရဲ့ ပျော်စရာ မွေးနေ့ပေါင်း များစွာကို စိတ်ချမ်းသာ၊ ကိုယ်ကျမ်းမာနဲ့ ချစ်သော မိသားစုနဲ့ အတူတကွ ဖြတ်သန်းနိုင်ပါစေ

    ReplyDelete
  9. Happy Birthday...MayLinLin


    Pauk

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။