Sunday, March 31, 2013

ကလေးတွေ အကြောင်း(၁)



သားနဲ့သမီးမွေးထားတာ အခုနဲနဲ အရွယ်လေးတွေရောက်လာတော့ မတူတဲ့စရိုက်လေးတွေကိုယ်စီရှိတာ

သတိထားမိတယ်။အရင်ဆုံးအစားသောက်မှာတင် ကွဲလွဲမှု့စတာပဲ။သားက ပေါင်မုန့်၊ချိစ်၊sausage တို့ဆို

အသေကြိုက် ပေမယ့် သမီးလေးကတော့ အဲဒါတွေမြင်ရင် နိုးပဲ။သူကကျတော့ ခေါက်ဆွဲသမား။ဆီချက်၊

ခေါက်ဆွဲကြော်၊ကော်ရည်၊ကြာဇံကြော် ကြိုက်တယ်။သား ကျတော့ အဲဒါတွေ လုံးဝ မကြိုက်ဘူး။အဲ့တော့

မနက်စာ လုပ်ရတာ တော်တော်ခက်တယ်။၂ မျိုးလုပ်ရတယ်။အတူတူကြိုက်တာ တစ်ခုကတော့ ပဲပြုတ်

ထမင်းကြော်ပဲ။အက်ဝင်က အသီးအရွက်တွေကို ထမင်းနဲ့ကျွေးရင် မစားဘူး။သူ့ကို ထမင်းစာပြီးမှ အသီး

သပ်သပ် ကျွေးရတယ်။ဝမ်းမချုပ်အောင်လို့။မေလင်းလင်းကျတော့ ထမင်းနဲ့အသီးအရွက်ရောကျွေးရင်

စားတယ်။အက်ဝင်က ရေအေး၊အအေး ကြိုက်တယ်။မေလင်းလင်းက အအေးမကြိုက်ဘူး။အက်ဝင်က

အသီးဆိုရင် စတော်ဘယ်ရီ၊ဘလူးဘယ်ရီသီး၊ကြက်မောက်သီးကြိုက်တယ်။မေလင်းလင်းက ငှက်ပျောသီး၊

ဖရဲသီး ကြိုက်တယ်။ဟိုတစ်ယောက်ကြိုက်တာ ဒီတစ်ယောက်က မကြိုက်ပြန်ဘူး။





လူရည်လည်တာကျတော့ မေလင်းလင်းက ပိုလည်တယ်။ချက်ဆို နားခွက်မီးတောက်တယ်။အက်ဝင်က

တော့ အရိပ်ပြရင် အကောင်မမြင်ဘူး။တစ်ရက် အမေလုပ်သူက မားမား နေမကောင်းဘူး ပြောလိုက်တာနဲ့

ကိုကိုး Quiet နော်။Don't noisy....မာမား နေမကောင်းဘူးတဲ့။အမေလုပ်သူက အိပ်ယာခင်း ခင်းနေလို့

မွှေ့ယာတွေ မနေရင် သူက မာမား ရလား ရလား တဲ့။(သူ မပေးနိုင်တာကြနေတာပဲ)။သူတစ်ခုခု လုပ်လိုက်

လို့ အမေလုပ်သူ နာသွားရင် သူက မကြာခဏ လာပြိး မာမား နာသေးလားဟင်တဲ့။ဟိုတစ်ယောက်က

တော့ အေးဆေးပဲ။သူ့ကို ဦးတည်ပြီး မပြောရင် ဘာမှမသိသလိုပါပဲ။



တစ်ရက်တော့ အက်ဝင့်ကို စချင်တာနဲ့ (အိမ်ကလူ ခရီးသွားနေတုန်း) သားရယ် မာမား ပါပါးကို လွမ်းလိုက်

တာဆိုပီး ငိုချင်ယောင်ဆောင်ပြလိုက်တော့  အခန်ပြင်ထွက်ပြီး သူ့ပါပါးကိုရှာတယ်။မတွေ့တော့ တံခါးဝမှာ

ရပ်ပြီး မာမား don't sad...just happy...Daddy will come back soon ဆိုပြီး အမေလုပ်သူကို နှစ်သိမ့်ရှာ

ပါတယ်။သူကတော့ စိတ်မကောက်တတ်ဘူး။ဒါပမယ့် ၀မ်းနည်းတတ်တယ်။အခုလည်း ဒီအပတ်နောက်ဆုံး

ကြာသပတေးနေ့ ကျောင်းတတ်ပြီး ပြန်လာ ကတည်းက မှန်ရှေ့ရပ်ပြီး မာမား Where is Edwin's tooth?

(သူ့ရှေ့သွားက ၂နှစ်ခွဲလောက်က နှုတ်ထားတာလေ) အပေါ် ရှေ့သွားနှုတ်ထားတဲ့နေရာ အလွတ်ကလေး

ကိုပြမေးတယ်။နှုတ်ထားတာကြာပြီ သူသတိထားမိပုံမပေါ်ဘူး။အခုမှ ကျောင်းက သူငယ်ချင်းတွေက

စသလားမသိဘူး။where edwin dropped my tooth ? တဲ့။နှုတ်ပလိုက်ပြီလေ သားရဲ့ ဒေါက်တာက

သားရဲ့သွားပိုးစားလို့ နှုတ်ပလိုက်တာလေ လို့ ဖြေ လိုက်တယ်။ဒါလဲ တစ်နေကုန်သွားနေရာပြပြီး မေးတယ်။

မေးနေတာ ဘေးကနေကြားရဖန်များလာတော့ နောက်တစ်ခါလဲမေးရော မေလင်းလင်းက ကိုကိုးသွား

ပိုးစားလို့ နှုတ်ပလိုက်ပြီလေ တဲ့(အမေ ကိုယ်စား ၀င်ဖြေပေးတာ)။



ဆက်ရေးအုံးမယ်။အများကြီးရှိသေးတယ်။


8 comments:

  1. ပျော်စရာမိသားစုလေးနော်...

    ReplyDelete
    Replies
    1. Noisy family ...:)

      ကျေးဇူးနော်

      Delete
  2. May " အတတ်ကလေး"
    Edwin " လူရိုးလေး"

    pifpiff

    ReplyDelete
  3. Both are so cute :)

    Nn

    ReplyDelete
  4. I am your regular customer. I got some information from your blog regarding kids. I have 28 months old girl and 5 weeks old boy.Keep on writing.

    ReplyDelete
  5. ကလေးတွေက တယောက်တမျိုးစီ ဘဲ ကြီးလာရင် အားကိုးရမှာ အိမ်မှာလည်း တယောက်တည်း ပေမို့ဘဲ ကျောင်းပိတ်ရင် တနေ့လုံး ပါးစပ်နဲ့ အစားနဲ့ မပြတ်ဘူး စာဖတ်နေရင်းလည်း တခုခု ၀ါးနေရမှ

    ma mie nge

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။