အခု အိမ်က ကလေးတွေ ကျောင်းတစ်ပတ်ပိတ်တော့ ဘယ်သွားရမလဲ ဘယ်ကို ပို့ပေးရမလဲ စဉ်းစားရတာ
အလုပ်တစ်ခု။ဆန်တိုစာဆိုတာလဲ ခြေရာချင်းထပ်ခဲ့ပြီ။အနီးနားက playground တွေကလဲ မိုးရွာလိုက်
နေပူလိုက်ဆိုတော့ လျှောတွေက မခြောက်။အိမ်မှာပဲနေဆိုတော့လဲ အချိန်ကုန် ကွန်ပြူတာ ကြည့်လိုက်၊
ဖုံးဆော့လိုက် နဲ့ သူတို့ကိုကြည့်ရတာ စိတ်ဆင်းရဲတယ်။စဉ်းစားမိတယ် ငါတို့ငယ်ငယ်တုန်းကဆို
ကျောင်းပိတ်ရက်ဆို မိဘတွေက ဆော့ဖို့ အထူးတလည် စီစဉ်ပေးပါဘူး။ကိုယ့်ဘာ့သာ ကြုံတာဆော့တာ
ပဲ။
မှတ်မိသေးတယ်။မိုးရွာတဲ့ရက်တွေဆို အိမ်ထဲမှာ ဖျာလိပ်ထောင်ပီး ဖျာတွေ၊တံခါးတွေ ကြားမှာ တူတူပုန်း
တမ်းဆော့တယ်။စာအုပ်လှန်ပြီး ဂဏန်းတွေ အလိုက် အရုပ်လေးတွေ မှာ ကိုယ်၊လက်၊ခြေထောက် တပ်
တယ်။သူတစ်လှည့် ကိုယ်တစ်လှည့်ပေါ့။ပြီးရင် သေနတ်တပ်...ကျည်ဆန်တပ်ပီး တစ်ဖက်လူရဲ့ အရုပ်ကို
ပစ် တမ်းဆော့တယ်။
ဒါမှမဟုတ် ဇယ်တောက် တမ်းဆော့တယ်။နဲနဲကြီးလာတော့ တောက်ခုံတောင် တောက်လိုက်သေးတာ။
၈ တန်း၊ကိုးတန်း ရောက်တော့ မိုးရွာပြီဆို ၀တ္ထု စာအုပ် တစ်အုပ်နဲ့ နှပ်တော့တာပေါ့။ကျောင်းတတ်ရင်လဲ
ဆော့သေးတာ။ကျောင်းက သစ်သားခုံတွေမှာ အိမ်ကယူလာတဲ့ ဖယောင်းတိုင်ကိုပွတ်၊ပြီးရင် အဲ့အပေါ်မှာ
စာရွက်ကို လေးထောင့်(သို့)အ၀ိုင်း ဖြဲပြီး ကပ်၊စာရွက်ပေါ်ကနေ ကော်ပေတံ နဲ့ ဖိပွတ်ပေးရင် စာရွက်က
ခုံမှာကပ်သွားရော။အဲတော့မှ ကျောင်းရှေ့မှာ ပွင့်နေတဲ့ ဒန်းပွင့်လေးတွေ ခူး စောနက စာရွက်ပေါ် အရည်
ညှစ်ချလိုက်တယ်(ထန်းလျှက်ရည် အတုပေါ့)၊ပြီးရင် ဖယောင်းတိုင်ကို ဓားနဲ့ ခြစ်ပြီး အုန်းသီး မှုန့်အတုလုပ်
လိုက်ပြီး ဖြူးလိုက်တယ်။အားလုံးပြီးရင် ကောပေတံလေးနဲ့ စာရွက်ကလေးကို ထိုးထိုးကော်ပြီး မုန့်ရောင်း
တမ်းဆော့တယ်။ဘာမုန့်လဲ သိတယ်ဟုတ်။
တစ်ဗန်း၊နှစ်ဗန်း လင်ဗန်းပြားလဲ ဆော့ပါ့။ ခေါင်းပုတ်တမ်းလဲဆေားတယ်။အဲ ဒိုးဆက် ဆက်တမ်း၊မိုနိုပိုလီ
မကျန်စေရဘူး။Edwin playgroup တတ်တုန်းက ကျောင်းက အောက်က ဒိုးဆက်လို ဘောက်စ်လေးရ
လာလို့ အခု သူတို့မောင်နှမ ကို ဒိုးဆက် ဆက်နည်းသင်ပေးထားတာ မောင်နှမ ၂ယောက် သဘောတွေ
ကျနေတာ။အားရင်း မာမား fruit ဒိုးဆက်ဆော့မယ်ချည်းပဲ။အမေလုပ်သူ မအားသေးရင် ညီမလုပ်သူကို
မေလင်းလင်း ကိုကိုး fruit ဒိုးဆက် ဆော့ပေးမယ်နော် ဆိုပီး ညီမလုပ်သူကို အတင်းခေါ် ဆော့တာပဲ။
တို့ငယ်ငယ်က နွေဖက်ဆို အိမ်အောက်မှာ (နယ်မှာနေတော့ အိမ်တွေက အောက်က ဘုတ်တိုင်နဲ့ဆောက်)
ဆင်းပြီးဆော့တယ်။မုန့်ရောင်းတမ်း၊ထမင်း၊ဟင်းချက်တမ်းပေါ့။အဲ သရက်ပင်က သစ်ရွက်တွေ ခူးလို့မှီရင်
ရှင်ပြုတမ်းဆော့မယ်ဆိုပြီး ခေါင်းပေါင်းတို့၊စလွယ်တို့ ကို သစ်ရွက်နဲ့လုပ်ဆော့သေးတာ။သော်တာဆွေလို
လင်မယားလုပ်တမ်းတော့ မဆော့ခဲ့ပေါင်။ဆရာသော်တာဆွေက သူ့ပါးက ပါးချိုင့်ဟာ သူငယ်ငယ်က
လင်မယားလုပ်တမ်းဆော့တုန်းက ရန်ဖြစ်ပြီး ရလာတာတဲ့(ဖတ်ဖူးတာ)။ဒီအောက်က ပုံလေးကတော့
ဒီမှာ မေလင်းလင်းကို အဲလိုမျိုး သူ့ပါးပါး လုပ်ပေးတာ။ကြည့်ရတာ သူလဲ အဲ့လို ဆော့ပုံပဲ။အုန်းလက်အရွက်
တွေဆိုလဲ လက်ပတ်နာရီလုပ်ဆော့တယ်။
အုန်းလက်အခွံခြောက်တွေ အပင်ပေါ်က ကျရင်လဲ တစ်ယောက်တစ်လှည့် ဆွဲကြေး၊စီးကြေးဆော့ကြတယ်
ဟိုတလောက အိမ်နားက ကစားကွင်းမှာ အုန်းလက်ကြွေတွေ့လို့ သူတို့ပါပါးက ဒီလိုဆော့ရတယ်ဆိုပီး
ဆော့ပြသေးတယ်။
အောက်က မေလင်းလင်း ကိုင်ထားတဲ့ ပု ဏ္ဏရိတ်ပန်းရဲ့ အသီးလေးတွေဆိုလဲ ငယ်ငယ်က ပန်းသီးဆိုပီး
ခူးစားတယ်။အပွင့်လေးတွေကို ရိုးတံ အဆုံးကနေစုပ်ကြည့်လိုက်ရင် ချိုလို့ တစ်ပွင့်စီ ဖြုတ်စုပ်တယ်။
အိုး ပြန်စဉ်းစားကြည့်တော့ တော်တော် ဆော့စ၇ာများတာပဲ။ထုပ်စီးထိုးတာ၊ရုပ်ရှင်ဖွဲ့တာ၊စိန်ပြေးတာ၊
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဆော့တာ။ဖန်ခုန်တာ၊သရေကြိုးခုန်၊သရေးကွင်းပစ်...အစုံအစုံ တကယ့်
real world မှာကစားခဲ့တာပဲ...အခုတော့ ကိုယ်ကလဲ အွန်လိုင်းဆိုတဲ့ Virtual world မှာပျော်၊သူတို့
လဲ ဖုန်းတွေ၊ကွန်ပြူတာတွေနဲ့ ဆော့။အိမ်နားက ကစားကွင်းသွား။ဒါပဲရှိတယ်။ကိုယ်တို့လို ဆော့ရအောင်
ကလဲ အမေလုပ်သူ သင်ပေးမှပဲ သူတို့ဆော့ရတော့မယ်။အမေလုပ်သူကလဲ လူကြီးဖြစ်သွားပြီဆိုတော့
သင်ပေးဖို့ရာ ပျင်းသွားပြီ။အော် ဘ၀ ဘ၀...တစ်ဘ၀ နဲ့ တစ်ဘ၀ အတော်ကွာခြားပါလား....
လာလည်ပြီးဆတ်သွားပါတယ်..အရေးကောင်းတယ်နော် ကလေးဘဝလေးသတိရပြီးပြန်သွားပါတယ်
ReplyDeleteအကုန်ဆော့ဖူးတာပေါ့...
ReplyDeleteအိမ်မှာလဲ သမီးကို ipad , iphone တွေကို အချိန်အနဲဆုံးဆော့ဖြစ်အောင် တခြားကစားနည်းတွေ မနဲစဉ်းစားနေရတာ .. ကိုယ်ချင်းစာပါတယ်.. သူတို့က မောင်နှမ ၂ယောက်ဆိုတော့ တော်သေးတယ် ..အိမ်မှာက တယောက်ထဲဆိုတော့ အမေက သူနဲ့ကစားပေးနေရတာ... နီးနီးနားနားဆို လာလည်ပါတယ် :P
ReplyDelete