ဆယ်တန်းအောင်ပြီးစ ၁၉၉၆ တုန်းက ကျောင်းတွေကလဲ ပိတ်ထား၊ တက္ကသိုယ် တတ်ဖို့ စောင့်နေတုန်းဆဲ
ကာလဖြစ်တော့ အိမ်မှာ ကိုယ်က ဟင်းချက်တဲ့ တာဝန်ယူရတယ်။အမေက တစ်လ ဈေးဖိုး ဘယ်လောက်
ဆိုပီး ပေးတာပေါ့။ပေးတဲ့ ဈေးဖိုးနဲ့ လောက်အောင် ချက်ရတဲ့ အပြင် အကြိုက်ချင်း ညီမျှအောင်လဲ ချက်ရ
သေးတာပ။အရွက်ကြော်ကို နှုးနေမှ ကြိုက်တဲ့လူ ရှိသလို၊စိမ်းဆတ်ဆတ် မှ ကြိုက်တဲ့လူ ၇ှိတယ်။ငါးစား
တဲ့သူ ရှိသလို မကြိုက်တဲ့ သူလဲ၇ှိပြန်ရော။အဲ့တော့ ဈေးသွားရင် ဈေးကို ၂ ပတ်၊၃ ပတ် ပတ်၊ချာချာလည်
အောင်ပတ်ရတယ်။နီးနီးနားနား အိမ်နားက ဈေးပဲ သွားတယ်။ဈေးကလူတွေကလဲ ကိုယ့်ကို သိနေ၊ကိုယ်
ကလဲ သူတို့ကို သိနေတော့ အလေးတို့၊ဈေးနှုန်းတို့ဆိုတာ အထူးပြောစရာမလိုဘူး။
၂၀၀၀ ခုနှစ်မှာ ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းတတ်နေတဲ့ အချိန်ကျတော့လည်း အဆောင်နေတော့
ချက်စားတယ်။အဲ့ကျတော့လည်း ဈေးသွားရတာပါပဲ ဒီတစ်ခါတော့ ကိုယ့်တစ်ယောက်စာ ဆိုတော့ ကိုယ့်
အကြိုက် တွေချည်း ချက်ဖြစ်တော့ သိပ်စဉ်းစား စရာမလိုတော့ဘူး။အဆောင်မှာ ကိုယ်နဲ့ကပ်ရက်အခန်းက
သူငယ်ချင်းနဲ့ ပြည်က မြို့သစ်ဈေး လိုက်မိရင်တော့ ခြေတိုရောပဲ။သူက တစ်ဈေးလုံးပတ် ဈေးတွေ စနည်း
နာပီးမှ ဈေးလဲ ချို ပစ္စည်းလဲ ကောင်းဆိုတဲ့ ဆိုင်ကို ရှာပီးဝယ်တာ။သူမလို့ ဈေးသွားမယ်ဆို အဆောင်က
လူကုန် ဈေးမှာတာပဲ ဈေးသက်သာတယ်လေ။ဈေးကို မောနေအောင်ပတ်ပြီးရင် အဲ့ဈေးမှာရောင်းတဲ့
မုန့်လက်ဆောင်း ထန်းလျှက်ရည်နဲ့ ၁၅ ကျပ် လားပေးရတယ်။မောမောနဲ့သောက်တာပဲ။
အိမ်ကလူ ရန်ကုန်မှာ ခဏနေတုန်းက သူနဲ့ ပုဇွန်တောင်ဈေးကို ဈေးဝယ်လိုက်ဖူးတယ်။သူလဲ ဒီဖက်ထိပ်
ကနေ ဟိုဖက်ဈေး အဆုံ ဈေးလိုက်မေးပြီးမှ ဒီဘက် ထိပ်မှာ ပြန်ဝယ်တာမျိုး။ ဒီကိုရောက်တော့ စူပါမား
ကတ်မှာ ဈေးနှုန်းကပ်ထားတာတွေကြည့်ပီး သင့်တော်တာဝယ်လိုက်တာပါပဲ။ဈေးစစ်စရာမလို။အလေး
ပြည့်သလားလဲ ချိန်ကြည့်စရာမလိုပါဘူး။ဒီတစ်ခေါက်မော်ကျွန်းကိုပြန်တော့ အမြဲချက်ကျွေးနေကြ
ယောက္ခမကြီးက ယောင်းမ ကလေးမွေးမှာမလို့ ရန်ကုန်ကိုသွားတော့ ၁၀နှစ်ကြာမှ ကိုယ့်မှာ ဈေးတစ်
ခေါက်ပြန်သွားရတာပေါ့။ဈေးကလဲ ကိုယ် နဂိုသွားနေကျ ဈေး မဟုတ်ဘူး။မြို့ထဲက ဈေးကြီး ဆိုတော့
ယောက္ခမ ကတစ်ရက်လိုက်ပီး ကြက်သား ဆိုရင် ဘယ်ဈေးသည်ကကောင်းတယ်၊အလေးမှန်တယ်။
ငါးဆို မြစ်ငါး ၀ယ်ချင်ရင် တောသယ်လေးတွေ ဆီမှာ ၀ယ် ။အသီးအရွက်ဆို ဘယ်ဆိုင်၊ငါးပိဆိုရင်လည်း
ဘယ်ဆိုင်ပေါ့ လိုက်ပြထားတယ်။အလေး ပြည့်အောင် ဘယ်လို CHECK လုပ်ရတယ်ဆိုတာလဲ သင်ပေး
လိုက်တယ်။လိုက်ဝယ်ကြည့်တော့ ရောင်းတဲ့လူတွေက အလေး၂မျိုး ရှိကြသကိုး။ကိုယ်လို မအူမလည်လေး
တွေဆို မပြည့်တဲ့ အလေးထည့် လိုက်ကော။ခေတ်စကားနဲ့ ဆို ဂျင်းတဲ့လိုက်တယ်ပေါ့။
မနက်မိုးလင်းတာနဲ့ လင်မယားနှစ်ယောက် ဘာချက်ရမလဲ စဉ်းစားရတာပေါ့။ကိုယ်ကတော့ ငါးပဲ အာရုံရ
တယ်။ကလေးတွေအတွက် အိမ်ကြက် ချက်ဖြစ်တာများတယ်။ဈေးမသွားကြာတော့ အူလည်လည် ဘယ်
လောက်ဖိုးဝယ်ရင် ဘယ်လောက်ရမှန်းမသိ။ငရုတ်သီးစိမ်းဆို ၅၀ ဖိုးဝယ်ရမလား၊၁၀၀ဖိုးဝယ်ရမလားမသိ။
ဈေးထဲရောက်ပြန်တော့ စလုံးမှာ မရှိတာတွေ တွေ့တော့ အကုန်ဝယ်ချင်ပြန်ရော။ရောဂါ ရောဂါ။
ငါးပိဝယ်ပြန်တော့ အွန်လိုင်းပေါ်မှာ ငါးပိထဲမှာ ငါးပိ အမြန် နပ်အောင် ယူရီးယား ဓာတ်မြေသြဇာရော
တယ်ဖတ်ထားမိလို့ အဲဒါနဲ့ မိမှာစိုးလို့ စနည်းနာရသေးတယ်။ငါးပိသည်က နွေ ကတည်းက ထဲ့ထားတဲ့
ငါးပိ အခုမှ ဖော်တာပြောလို့ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ၀ယ်ခဲ့တယ်။အလေးပြည့်မပြည့်တော့ ပြန်မချိန်
ခဲ့ပါဘူး။ဈေးခြင်းတောင်း တစ်တောင်း ၁ ရက်စာ(လူကြီး၃၊ကလေး၂) ကို ၄၀၀၀ ကနေ ၇၀၀၀ အတွင်း
ကုန်တာပါပဲ... ဘဲဥ ဒီမှာမရှိလို့ ဘဲဥ ၀ယ်စားတယ်။တစ်လုံး၁၀၀။ထောပတ်သီး ဒီလို အလုံးကြီးက ၄၀၀..
ဒါ ဂိုးဒင်းမိုင်း မှာ တစ်စည်း ၇ ကျပ်လောက်ပေးရတဲ့ ကြာရိုး။ဟိုမှာ ၅၀၊၁၀၀ပဲ။
ဟင်းသီးဟင်းရွက် လတ်လတ် ဆတ်ဆတ်။
တို့စရာစုံလင်။အိမ်ကလူက သူ့ဖို့ တို့စရာပဲ ၀ယ်ပါဆိုလို့။
အိမ်ကလူအတွက်
ဈေးခြင်းတောင်း။ယောက္ခမ ဈေးခြင်းတောင်းကို တစ်ပတ်လောက် ကိုယ်စား ကိုင်ခဲ့တယ်။
ကင်ပွန်းချဉ်ရွက်၊၀က်လက်၊ငါးစင်ရိုင်း၊
အချိုမှုန့်တွေ ဒီလိုရောင်းတာတွေ့တော့ အံ့သြရော... |
၁၀နှစ်ကျာ်ကြာမှ ဈေးခြင်းတောင်းတစ်ခေါက် ကိုင်ရတာ ပျော်စရာပါပဲ။
အဟုတ်ပဲ... ညီမရဲ့ ဈေးခြင်းတောင်းလေး မြင်တော့ ကိုယ်ဈေးဝယ်ခဲ့ရတဲ့အချိန်တွေကို လွမ်းမိတယ်... ပျော်စရာပါပဲ... ကန်ဇွန်းရိုးနီလေးရယ် ကင်မွန်းရွက်အစည်းလေးရယ် ဘူးသီးစိတ် ရှည်ရှည်လေးတွေရယ်... လွမ်းစရာ...
ReplyDeleteအိမ်ကလူက ဘူးသီး နဲနဲ ၀ယ်လာခဲ့လို့မှာတော့ ဟဲ့ ဘူးသီးက သူရှိသလောက် အလုံးပဲရမှာပေါ့ နဲနဲ ဘယ်ဝယ်လို့ရမလဲ ပြန်ပြောမိတယ်..စိတ်ထဲမှာ စလုံးမှာလို အလုံး လိုက်ရောင်းတယ် စွဲနေတာ...ယောက္ခမအထီးက ဟုတ်ဖူးလေ စိတ်ရောင်းတယ်လေဆိုမှာ သွားသတိရတယ် မမရေ
Deleteဟုတ်ပါ. ညီမရေ ရန်ကုန်ပြန်ရင် အဲလိုဈေးထဲမှာ မဝယ်တတ်တော.ဘူး
ReplyDeleteအဓိက ဘယ်လောက်ဖိုးဝယ်ရမှန်းမသိတာ..
ဘာမဆို ဈေးဆစ်ရတယ်
ဟုတ်တယ် နဲသွားမလားများသွားမလားနဲ့....ကောက်ညှင်းဒပေါင်းစားတာတောင် ၂၀၀ ဖိုးထည့်ခိုင်းမိလိုက်တာ စားလို့မကုန်တော့ဘူး...၅၀ ဖိုး က စရောင်းတာ သိမှမသိပဲ..
Deleteအမှတ်တရလေးပေါ့ ပျော်စရာ...
ReplyDeleteအစ်မတို့တော့ အပြင်မှာပဲ ၀ယ်စားတာများတယ်။ ဈေးတွေဖက်တော့ မရောက်ခဲ့ပါဘူး။ ပျဉ်းမနားကျမှပဲ လမ်းဘေးဈေးလေး ဓာတ်ပုံရိုက်ဖို့ လျှောက်ကြည့်ခဲ့တာ။ ဟုတ်ပ။ ကိုယ်လဲ ဈေးဝယ်ရမယ်ဆို ဘာ ဘယ်လောက်ဖိုးဝယ်ရမလဲ သိမှာ မဟုတ်ဘူး။ ရန်ကုန်မှာ ငါးကတော့ ၀ယ်လို့ကောင်းမှာ။
ReplyDeleteချိန်လိုက် နဲလိုက် ထပ်ထည့်ခိုင်းလိုက်ပေါ့...ဈေးသည်ကို အလုပ်သွားရှုပ်တာလေ...
Deleteညီမ JuneOne တော်တယ်။
ReplyDeleteအမဆို ..နှစ်ပတ်ပြန်ပြန်... နှစ်လ ပြန်ပြန်..ဟိုမှာလုံးဝ မချက်ခဲ့တော့...စလုံးပြန်ရောက်ရင်ကို.. ဘယ်လိုချက်ရမလဲ မေ့မေ့နေတော့တာ...:(
အမြဲချက်နေတဲ့ ယောက္ခမ မရှိလို့ပါမမရာ..
Delete