Friday, December 14, 2012

13-12-2012


မာမား မာမား အဟင့် အဟင့်...

ဟယ် ဘာဖြစ်လို့လဲ သမီးလေး  ထမင်းခူးနေတာကနေ မီးဖိုချောင်ထဲ ငိုပီးဝင်လာတဲ့ မေ့ ကို မေးလိုက်တာ။

အဟင့် အဟင့် ဆိုပီး ဘယ်ဖက် နှာခေါင်းပေါက်ထဲ လက်ညိုး ထည့်ငိုနေတာနဲ့ လက်ကို ဆွဲထုတ်လိုက်ပီး

ဘာဖြစ်လို့လဲ မေးလဲ မဖြေပဲ ငိုပဲနေတယ်။သူ နဲ့ Edwin နဲ့ အခန်းထဲမှာ vcd ကြည့်နေတာကနေ ဗြုန်းစား

ကြီး ငိုလာတာ...မေးလို့လဲ မရ ဖြစ်နေတုန်း ဘယ်ဖက်နှာခေါ်င်း ပေါက်အ၀ကနေ နှာချေးတွေ နဲ့အတူ

ငွေရောင် အစေ့ (ငရုတ်ကောင်းအစေ့သာသာ) ထွက်လာတာတွေ့တာနဲ့ အမြန်ယူလိုက်တော့မှ သူဘာဖြစ်

တယ်ဆိုတာ သိတော့တယ်။အဲ့ အစေ့ကို သူဘယ်ကနေရှာတွေ့ပီး နှာခေါင်းထဲ ထည့်သလဲမသိဘူး။

တော်သေးတာ ပြန်ထွက်လာလို့။နမို့ဆို ဘာဖြစ်မှန်းသိမှာ မဟုတ်ဘူး။အဲ့ အစေ့ ဘယ်ကအစေ့ လဲဆိုတာ

ကိုယ်လိုက် ရှာတာ လုံးဝ စဉ်းစားလို့ မရဘူး။ရှာရှာဖွေ ဖွေ သူဘယ်ကတွေ့လဲ မသိဘူး။စိတ်တိုလို့ လေ

နောက် နှာခေါင်းထဲ ထည့်အုံးမလားဆိုပီး ၂ ချက်ရိုက်လိုက်တယ်...



ဟိုတလောက ဘောပင်နဲ့ အိမ်နံရံတွေလိုက်ခြစ်လို့ အမေလုပ်သူက ဆေးဘူးဝယ်သုတ်လိုက်ရတယ်။အဲဒါ

ဒီရက်ပိုင်းကလေးပဲ နံရံကို ထပ်ခြစ်တာ အကြီးကြီးပဲ စိတ်တိုလာတာနဲ့ ကော်တုတ်လေး ယူပီးတော့ သူ့ကို

မေလင်းလင်း ဒီကိုလာအုံးလို့ ခေါ်ပီး သူခြစ်ထားတာပြလိုက်တော့ ချက်ခြင်းပဲ

မေလင်းလင်း အဲလိုခြစ် မားမား မကြိုက်ဖူးနော် ဆိုပီး ဆူမှာဆိုးလို့ သူကအရင်ကာတယ်..အလည်မ..


အခု ရထားစီးရင် နေရာရမှ။ရထားထဲဝင်တာနဲ့ ထိုင်မယ် ထိုင်မယ် ဆိုပီး ခုံနေရာယူတော့တာပဲ။နေရာမရ

တော့ရင် I want to sit ဆိုပီးအော်တော့ Reserved Seat နေရာကလူတွေက သူ့ကို နေရာပေးရကော။

သူက နေရာရပီး အကိုနဲ့အမေက မတ်တတ်ရပ်နေရင်း တစ်နေရာလွတ်သွားရင် ကိုကိုး ဟိုမှာထိုင်ထိုင်ဆိုပီး

လက်ညိုးထိုးပီး ပြောတော့တာပဲ။တစ်နေ့ သွားရင်း သူ့ဘေးခုံက လူက ထလိုက်တော့ နေရာ လွတ်သွား

တယ်။အဲ့အချိန်မှာ အဲ့နားက လူတစ်ယောက်က ထိုင်မလို့ ဖင်ကုန်းနေတုန်း သူက လွတ်သွားတဲ့နေရာကို

သူ့လက်နဲ့လှမ်းနေရာဦးထားပီး မားမား လာလာ ထိုင်ထိုင် နဲ့အတင်းအော်ပြောတော့ ဟို ထိုင်မဲ့လူက

ထိုင်ရတော့မလိုလို  ကုန်းကုန်းကွကွ ဖြစ်သွားပီး ဘေးကလူတွေက သူ့ကိုဝိုင်းရယ်ကြကော..


သူက အဖော်မင်တယ် Edwin က သူနဲ့ သိပ်မဆော့။ဆော့ပြန်ရင်လဲ အရွယ်သိပ်မကွာတော့ သိပ်မတည့်

ဘူး။အစ်ကို ၀မ်းကွဲ ကျားကျွင့် နဲ့ကျတော့ ၅ နှစ်လောက်လဲ ကွာ၊သူ့ကိုလဲ ဟိုက ချီလိုက် လက်ကလေး

ကိုင်လိုက် လုပ်တော့ သူက သိပ်သဘောကျတာ။ဘယ်လောက်တောင်လဲဆို  ဟိုနေ့က သူတို့တွေ အိမ်ကို

အလည်လာပီး ပြန်ကြတော့ လိုက်မယ်ဆိုပီး တကယ်လိုက်သွားတယ်။အမေလုပ်သူနဲ့ အကို ကို ဘိုင့်ဘိုင်

လုပ်လို့။အောက်ရောက်တော့ လင်ညီအမ ကို အာယီးနဲ့ အိပ်...အာယီးချစ်...ကျားကျွင်းချစ်တဲ့...မလွယ်ဘူး

တို့က ပြန်လိုက်ခေါ်ပီး။အိမ်ရောက်တော့ ကိုကိုး အက်ဝင်ကို မချစ်လားဆိုတော့။ကိုကိုးအက်ဝင် မချစ်ဘူး။

ကျားကျွင့်ချစ်တဲ့။အိပ်ခါနီးတော့ တို့ကစချင်လို့ လင်းလင်းက အာယီးတို့ ကျားကျွင့်တို့ ချစ်တော့ ဒီည

မာမား မသိပ်တော့ ကိုယ့်ဘာသာအိပ်ပေတော့ဆိုပီး အိပ်ချင်ယောင်ဆောင်နေလိုက်တော့ မီးနစ်၂၀

လောက်ရှိတော့ ..မာမား လင်းလင်း အာယီးမချစ်ဘူး  မာမားချစ်တဲ့..ကြည့်အုံး


ကျားကျွင့်ဆိုတာ သူ့ဘယ်ဖက်က တူလေး....




အငယ်ဆိုပေမယ့် မနာလိုတတ်တယ်။အက်ဝင့်ကို ဂရုစိုက်ရင်မကြိုက်ဖူး။အက်ဝင့်ကို နမ်းရင် မားမား

လင်းလင်း ကစ်(စ်) ဆိုပီး သူ့ပါးအတင်းထိုးပေးတာပဲ..

ဒီနေ့ ၂ နှစ် ၇လ ပြည့်ပါတယ်..


ငပျောသီး၊ဖရဲသီး၊ကြက်မောက်သီး၊ပြောင်းဖူး ကြိုက်တယ်....KFC က cheese fried သိပ်ကြိုက်

ငပျောသီး မြင်ရင် ဘယ်လိုမှာ စိတ်မထိမ်းနိုင်ဘူး







ဒါက KFC က  cheese fried







9 comments:

  1. မေလင်းလင်းက စားခါနီးကို ရွေးသေးတာဗျ။ သူ့စိတ်တိုင်းကျမှ ကောက်ယူစားတာ။
    (လီယို)

    ReplyDelete
    Replies
    1. တစ်ပန်ကန်းလုံး သူအကုန်စားတာပဲ။ဒါပေမယ့် ကောင်းတာလေးတွေ အရင်ရွေးစားတာ။အာလူးချောင်းပုံင်္စက နဲနဲ ပါးပီးမာမယ့်ပုံဆို ဖယ်ထားတာ မစားဘူး။နောက်ဆုံး မှ စားတယ်။

      Delete
  2. ရယ်လိုက်ရတ ၊ နေရာလုပေးတာဖတ်ပြီး


    Pifpif

    ReplyDelete
  3. LOL....so cute and lovely.

    kshw

    ReplyDelete
  4. မေလင်းလင်း အကြောင်းတွေ များများရေးပါအေ့ သိပ်ချစ်ဖို့ကောင်းတယ် ။

    ReplyDelete
  5. like Edwin's style from Banner Photo.
    so lovely maylin

    ReplyDelete
  6. ဟဟားးး ချစ်စရာလေးပဲ အမရေ .. ညီမဘေးမှာသာရှိရင် ပါးကိုလိမ်ဆွဲမိမယ်ထင်တယ် စားနေတဲ့ပုံလေးကို

    ReplyDelete
  7. လူလည်လေး မေ
    :*

    ReplyDelete
  8. ခလေးတွေ သိပ်ချစ်ဖို့ကောင်းတယ်။ ဂျူဂျူးက ကြီးလာတော့ အဲလို လေးတွေ ရေးစရာမရှိတော့ဘူး။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။