Saturday, October 27, 2012

Edwin နှင့် သူ့မားမား အလွဲများ



Edwin ဟာ စကားပြောနောက်ကျတော့ သူစကားစပြီးနဲနဲများများ ပြောတဲ့အချိန် မှာ playgroup ထားဖြစ်

လိုက်တော့ အခုစကားပြောရင် အင်္ဂလိပ်ဖက် သန်တယ်။ကိုယ်ကိုယ်တိုင်ကလဲ သူကျောင်းမှာ အဆင်ပြေ

အောင် ဆိုပြီးအိမ်မှာနေ့စဉ်သုံးလေးတွေ ကို အင်္ဂလိပ်လိုပြောပေးလေ့ရှိတာကြောင့်လဲပါမယ်ထင်တယ်။

အခု နဲနဲကြီးလာတော့ အိမ်ကလူတွေ ပြောတဲ့ မြန်မာ စကားကိုပါ လိုက်ပြောလာတယ်။အဲဒီမှာ အမေနဲ့

သား ခဏ ခဏ လွဲတာပဲ။



ဟိုတစ်လောက အပြင်မှာ ညစာသွားစားတော့ သူကစားပွဲကနေ ထထွက်သွားတယ်။အမေလုပ်သူကသွား

လိုက်ခေါ်တော့ ပြန်လာပြီး ခုံအောက်မှာ ဆောင့်ကြောင့်လေးထိုင်နေတယ်။အမေလုပ်သူက သားလေးက

ခုံပေါ်တတ်ထိုင်လေ ဘာဖြစ်လို့လဲ မေးတော့ သူက တစ်စုံတစ်ခု ပြန်ပြောတယ်။ကိုယ့်နားထဲမှာ သူပြောနေ

တာ အင်္ဂလိပ်လို(Banana) ဘနားနား လို့ ထင်လိုက်တယ်။ဘနားနား ဘယ်ကရမလဲ   သားရယ်။မားမား

နောက်နေ့ကျရင် ၀ယ်ကျွေးမယ် လို့ပြောလိုက်တယ်။အဲနေ့က ထမင်းလဲ သူ သိပ်မစားဘူး။ပြန်တော့ လဲ

ရထားပေါ်မှာ တစ်ခါ ထပ်ပြောတယ်။အမေလုပ်သူကလဲ ဘနားနားပဲ ကြားတယ်။သားရယ် အခု မရှိပါဘူး

ဆို။မနက်ဖန်မှစား ဆိုပြီး ပြောလိုက်တယ်။သူလဲ မကြည်မသာ နဲ့လိုက်လာပြီး အိမ်ရောက်လို့ အိမ်တံခါးလဲ

ဖွင့်ပြီးရော  စောနက ရှေ့မှာပြောခဲ့ သလိုပြောပြီး အိပ်ခန်းထဲက အိမ်သာကို တန်းပြေးတော့ တို့လဲ လိုက်ပြီး

သားဘာဖြစ်လို့လဲ ဆိုတော့ အီးအီးပါ ဗိုက်နာ ဗိုက်နာ တဲ့။သူ့ခင်ဗျာ အီအီးပါချင်လို့ ဗိုက်နာပြောတာ အမေ

က ဘနားနား ကြားတဲ့အဖြစ်။လမ်းမှာပါမချတာ ကံကောင်း။ထိုင်တာနဲ့ထွက်တာပဲ။သူက ဗိုက်နာလို့သုံးလေ့

မရှိတော့ အမေလုပ်သူက အင်္ဂလိပ်လို ဘနားနားပြောတယ်ထင်တာပေါ့။သူပြောတဲ့ အချိန်မှာ ပတ်ဝန်းကျင်

ကလဲ နဲနဲဆူနေတာရယ်၊အရင်က အီအီးပါမယ် ပဲပြောဖူးတော့။ဗိုက်နာ ပြောမယ်ဘယ်ထင်မလဲ...........


 တစ်ခါတစ်လေ လမ်းမှာ ခွေးလေးတွေ တွေ့လို့ သူက အမေလုပ်သူကို မာမား what is this?လို့မေးရင်

အမေလုပ်သူက puppy လေသားရဲ့ ဆို သူက မာမား အဲဒါ ခွေးကလေး တဲ့။အမှန်တော့ သူသိရဲ့သားနဲ့

မေးတာ။


အိမ်မှာ တို့နဲ့ သမီးလေး မေ မှာလက်သန်းမှာ အဆစ်လေးဆစ်ပါလို့ အိမ်ကအတူနေ အမက မေ့ကိုချစ်စနိုး

နဲ့ သမီးရယ် ပြပါအုံး လေးဆစ် ဆိုမေက သူ့လက်ကိုဖြန့်ပြတယ်။အဲဒါ သူ့စိတ်ထဲမှာ လက်ကိုပြောတယ်

ထင်ပုံမရဘူး။သူကလဲ အဲဒီအမကို အန်တီ edwin ကိုပြ ဆိုတော့ အမ က မားမားမှာလဲရှိတယ် သွားမေး

ဆိုပြီး လွှတ်လိုက်တာ သူက အမေဆီရောက်တော့ မားမား where is Lizar(လစ်ဇတ်) ?တဲ့။သူ့စိတ်ထဲ

မှာ လေးဆစ် ကို အင်္ဂလိပ်လို Lizard ပုတ်သင်ညိုလို အကောင်မှတ်လို့ လိုက်မေးနေတာ...ရီလိုက်ရတာ


တစ်ရက် သူဆော့တော့ ချော်လဲပြီး ဒူးခေါင်းမှာ အနာရတယ်။အနာရတော့ အမေလုပ်သူက pain pain

လား။ကဲတာကိုးလို့ ပြောတော့ သူက မားမား ရေးချ ရေးချ  ဆိုပြီး လက်နဲ့လဲ   ဆွဲပြတယ်။ဘာလဲပေါ့။

ရေသောက်မလို့လား ဆိုတော့လဲ မဟုတ်ဘူး။ရေးချ ရေးချ ဆိုတော့ တို့လဲ သူ အင်္ဂလိပ်လို ပြောနေတာ

လား၊ဘာလဲ ပေါ့။ကဲ how to spell?    မေးလိုက်တော့ ရေးချ နာ..ရေးချ ...နာ တဲ့။အော် အဲ့တော့ မှ သူ

မြန်မာလိုပြောတာဖြစ်မယ် နငယ်ရေးချ နာလား သား ဆိုတော့။ဟုတ်တယ်တဲ့။ထွင်တာလေ အရင်ကလဲ

 ပိန်းပိန်းတို့ နာနာ တို့ပြောနေတာ။အခုမှ စာလုံးလာပေါင်းနေတော့ အမေလုပ်သူ ခေါင်းစားတာပေါ့....

နငယ် ကိုဘယ်လိုပြောရမလဲ သူမေ့နေတာလေ။ရေးချ တော့ မှတ်မိတယ် ကိုယ်တော်က....





အဲဒီလို အနာရတော့ အမေ လုပ်သူက အိမ်မှာရှိတဲ့ ပလာစတာ လေးကပ်ပေးတော့ သူသိပ်သဘောကျ

တယ်။နောက်နေ့ကျတော့ ပလာစတာ အဟောင်းက ကွာသွားတော့ အသစ်မရှိတော့လို့ အမေလုပ်သူ

က သားရယ် မာမား နောက်နေ့ ၀ယ်ပေးမယ်နော် အခုဒီအတိုင်းနေလိုက်အုံး  ပြောထားတာ။နောက်နေ့

အပြင်ထွက်တော့  မားမား ဟမ်းစတား ဟမ်းစတား ၀ယ်နော်တဲ့။ဟယ်တော့ ဘယ်က  ဟမ်းစတား တုန်း

သားက ဟမ်းစတားဘာလုပ်မှာတုန်း ဟမ်းစတား ဒီမှာ   မရာင်းဖူးဆိုတော့...သူ့ဒူးခေါင်းက အနာကိုပြပြီး

ဟမ်းစတား ဒီမှာကပ်လေတဲ့။အဲဒီတော့မှ သဘောပေါက်တယ်။သူအဲ့နေ့က စာလုံးပေါင်းဖတ်နေတာကို

တွေ့လိုက်တယ်။သူ့စိတ်ထဲမှာ  hansaplast ကို ဟမ်းစတားနဲ့ အသံထွက် ဆင်ဆင် မှတ်ထားလိုက်တာ

ဖြစ်မယ်...


အက်ဝင့်အကြိုက် hansaplast




သူများကလေးတွေ ချော်လဲလို့ အနာရရင် ငိုကြတယ်။အခု ကိုယ်တော်က ချော်လဲရင် မားမာ နာနာနော်

ဟမ်းစတား ကပ်မယ်နော် ဆိုပြီး ပျော်တောင်နေသေး...


သူ့ကို အခုချိန် အိမ်ဖော်တို့၊ဒီပြင့်လူတွေ နဲ့ ထားခဲ့ဖို့မပြောနဲ့ အမေလုပ်သူတောင် သူဘာကိုပြောနေတယ်

ဘာကိုဆိုလိုတယ်ဆိုတာ မနဲ ဆက်စပ် စဉ်းစားရတယ်။ဒါတောင် တရုတ်မလာသေးဘူး။




17 comments:

  1. ရီရတယ် အပေါ်က ဘိုက်နာတာ...

    ကလေးဆိုတာ အနီးကပ်ထိန်းတဲ့လူပဲ သူ့အကြောင်းသိတာလေ..အကြောင်းမသိရင် မလွယ်ဘူး...

    ReplyDelete
  2. Edwin May ၂ ယောက်လုံးပြောတာကို နားမလည်ဘူး..ဟီး...။
    အက်ဒွင်ပြောတာ တစ်ခါတလေ နားလည်ပေမယ့် ထင်မှတ်မထားတဲ့ မေးခွန်းမျိုးဆိုတော့ ဘာပြန်ဖြေရမှန်းမသိ ကြောင် ကြောင် သွားတယ်..။

    ReplyDelete
  3. Dear sister
    My son (7 months) also sometimes constipated.
    Where to find (kon yoo) near choa chu kang, yew te area?
    Thanks so much for your posts about baby constipation.
    Moe moe.

    ReplyDelete
  4. အရင်တုန်းက 787A ဟော်ကာစင်တာ နားက မီနီမားကတ်အရှေ့မှာ ကုလားဆိုင်မှာ ရောင်းတယ်။အခု အဲဆိုင်မရောင်းတော့ဘူး။ဘူးဂစ်ကွန်းဘတ် MRT နားမှာရတယ်ပြောတယ် မေးပေးမယ်နော်။

    ReplyDelete
  5. ဘူးဂစ်ကွန်းဘတ် MRT နား Blk 369 မှာ ရောင်းတယ်တဲ့။တစ်ခါတစ်လေတော့ မရဘူးတဲ့။

    ReplyDelete
  6. Dear Sis,

    I have been reading your posts silently since one year ago. Would like to get your advise on childcare or kindergarten in YewTee. I m staying at blk633 near Yew Tee Mrt. Learn that Edwin is studying at PCF. How is it? How much they charge? is it childcare or 3hrs kindy?

    Sorry for asking you so many questions,sis. I am puzzled at looking for a school for my son :)

    Thank You.
    KS

    ReplyDelete
  7. edwin က ၂၀၀၈ မွေးတာ ကို ၂၀၁၁ မှာ alphabet playgroup (blk 785)မှာ pre nursery ၉နာရီကနေ ၁၁ နာရီ စထားတယ်။တစ်လ ၁၄၀ ပေးရတယ်။ပြီးတော့ ၂၀၁၁ မေ မှာ PAP မှာ ၂၀၁၂ အတွက် ရက်ဂျစ်စတာ လုပ်ပြီး PAP (blk 789)မှာ Nursery ထားတယ်။PAP မှာ ၁၅၀ ပေးရတယ်။LT pass ကိုင်သူတွေဆို ၁၈၀။
    ဘာလို့ PAP မှာထားရလဲဆိုတော့ သူတတ်နေတဲ့ playgroup က Nursery မသင်တော့လို့။PAP မဆိုးပါဘူး။အခုတော့ ကျောင်းပျော်နေပြန်ပြီ။

    သမီးလေးကိုတော့ နောင်နှစ် ကို သားလေးတတ်ခဲ့တဲ့ Alphabet မှာပဲ စထားမယ်။ပြီးမှ PAP ပေါ့။
    ဘာဖြစ်လို့ PAP မှာ pre nursery ကနေ စမထားလဲဆိုတော့ PAP က citizen တစ်ဈေး၊PR တစ်ဈေး၊ foreigner တစ်ဈေး ဆိုတော့ သမီးလေးက foreigner ဆိုတော့ ဈေးကြီးပါတယ်။Alphablet ၁၄၀ ပေးရ
    ချိန်မှာ PAP မှာ ၂၃၀ လောက် ကောက်ပါတယ်။(pre nursery က ဈေးကြီးတယ် ဒီပြင့်အတန်းတွေထက်)အချိန်က အတူတူ ၂ နာရီပါပဲ။နောက်ပြီး Alphabet က အိန္ဒိယ လူမျိုး ဆရာမ က သဘောကောင်းတယ်။ကလေးတွေ ကို ဆက်ဆံပုံ သဘောကျတာရယ် ကြောင့်ပါ။

    အသိအမ တစ်ယောကကတော့ သူ့သားလေးကို agape little unit (632A)မှာ pre Nuresry ထားတယ်။
    ကောင်းတယ်ပြောတယ်။ အဲ့မှာက prenursery ပဲရှိလို့ နောင်နှစ်ကို သူ့သားလေးကို yew tee cc နားမှာ၇ှိတဲ့
    Bible Presbyterian Church kindergarten မှာထားမယ်ပြောတယ်။ဈေးကတော့ PAP နဲ့ သိပ်မကွာဘူး။
    ကျောင်းသားများတယ်ပြောတယ်။ကျောင်းလခက term နဲ့ပေးရတယ်။ဥပမာ ၁၀ ချိန်စာ ဘယ်လောက်ပေါ့။
    အဲ့မှာ PAP လိုပဲ Nuresry, K1,K2 ရှိတယ်။pre nursery ရှိမရှိတော့ မသိဘူး။ဒါပေမယ့် K1,K2 ကို သူက ၃နာရီပဲသင်တယ်။PAP က ၄ နာရီ။တို့ကျတော့ အဲနားက နဲနဲ လှမ်းနေသလားလို့ တို့က 791 မှာဆိုတော့။
    block 633 မှာနေတာ ကလေးက အခုမှ pre nursery နေမှာဆို 632 A မှာ ဆိုနီးမယ်။pre nursery က 2013 intake ဆို ၂၀၁၀ မွေးတွေအတွက်လေ။
    ၂၀၁၀-pre nursery
    ၂၀၀၉-nursery
    ၂၀၀၈-K1 နဲ့ ၂၀၀၇ တွေက K2 တတ်ရမှာ ၂၀၁၃ အတွက်။PAP မှာ အပ်ရင်တော့ တောက်လျောက် ကျောင်းမပြောင်းရတော့ဘူးပေါ့။pre nursery ကို foreinger ဈေး နဲနဲတော့ကြီးတယ်။

    ReplyDelete
    Replies
    1. PCF (PAP) နဲ့ အခု အပေါ်က ပြောတာတွေတာက playgruop ဆို ၂နာရီ၊nursery ဆို ၃ နာရီ။K1,K2 က ၄နာရီပါ။အချိန်ပိုင်းပါ။Day care ထားချင်ရင်တော့ 788 ကagape little unit မှာ အထားများကြတယ်။
      တစ်ချို့ မြန်မာတွေလဲလာထားတာတွေ့တယ်။သူကတော့ တစ်လ ၁၀၀၀ ကျော်လို့ပြောသံကြားတယ်။တစ်နေကုန်ပေါ့.။

      Delete
  8. alphabet playgroup (blk 785) ကတော့ အားလုံးတစ်ဈေးထဲပဲ။632A ကျတော့ တို့ဆီကနေ လမ်းနဲနဲ လျောက်ပြီး ကားလမ်း ဟိုဘက် ကူးလိုက်ပဲ။
    သမီးလေးလဲ မအပ်ရသေးဘူး။ alphabet playgroup (blk 785)က ဒီဇင်ဘာမှ open house လုပ်တာမလို့။အခုပဲ 632 A မှာထားတဲ့ အမကိုမေးလိုက်တာ တစ်လ ၃၅၀ တဲ့ playgroup ကော၊prenursery ကော။

    ReplyDelete
  9. Dear Sis,

    Thank you so much for detail explanation.

    How is PAP teaching? Since it is just 3 hours class, is that Ok enough? i am worried for language. Because we only talking in myanmar and a bit English at home.

    Sorry for asking many questions again :)

    KS

    ReplyDelete
  10. မဆိုးပါဘူး။သူတို့မှာ Eng စာဆရာမတစ်ယောက်၊chinese ဆရာမ တစ်ယောက်သင်တယ်။အင်္ဂလိပ်ဆရာမ က အတန်းပိုင်။သားလေးကိုထားတော့ သူ့အတန်းပိုင်ဆရာမ ကို သားလေးက အိမ်မှာ မြန်မာ စကားအပြောများကြောင်း ပြောပြထားရတာပေါ့။သင်ကြားရေးက ကောင်းပါတယ်။ကျောင်းသားတွေပေါ် ဆက်ဆံတာကတော့ အတန်းပိုင်ဆရာမတွေပေါ် မူတည်တယ်။သားလေးတော့ ကျောင်းတတ်ပြီး ၃ ၊၄ လ အကြာမှာတော်တော်တိုးတတ်လာတယ်။ပထမ ၁ လ၊၂ လလောက်တော့ နဲနဲ သီးခံရတာပေါ့။နောက်ကျတော့လဲ ကလေးက used to ဖြစ်သွားတာပါပဲ။PCF ဆို ပြီးခဲ့တဲ့ မေလက နောင်နှစ်အတွက် လက်ခံပြီးပီ။အပ်မယ်ဆိုရင် မြန်မြန်လေး စုံစမ်းတော့နော်။

    ReplyDelete
  11. sharing ...nice to read...http://8888linker.blogspot.sg/2012/11/blog-post_9891.html


    hsu.

    ReplyDelete
  12. Sis,

    Edwin school is at blk789? How many PCF are there? When i call and make inquiry,they said they are at Blk 786.I m confused. The principle said they will open another class at afternoon and will have vacancies for us. Please highlight me how many PCF are around there? :)

    KS

    ReplyDelete
    Replies
    1. Yes..786..PCF ..but their N1K1K2 are located at different blocks..so Edwin at 789 under 786 PCF ...I mean that different class room under the 786 PCF..your call is right..

      Juneone min

      Delete
    2. Yes..786..PCF ..but their N1K1K2 are located at different blocks..so Edwin at 789 under 786 PCF ...I mean that different class room under the 786 PCF..your call is right..

      Juneone min

      Delete
    3. PCF CHUA CHU KANG (BLK 786)
      PCF YEW TEE (BLK 690D) ,
      PCF YEW TEE (BLK 682) ,
      PCF YEW TEE (BLK 625) ,
      PCF YEW TEE (BLK 543) ,
      PCF YEW TEE (BLK 608)

      yewtee မှာရှိတာတွေ

      Delete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။