Wednesday, October 10, 2012

ကျော်ပေါင်း


















ဒီနေ့ပဲ ဖေ့ဘွတ် မှာ share ထားတဲ့ 7 Days News Journal  မှာ စာရေးဆရာ မောင်သာချို ရေးထားတဲ့

တိုက်စစ် ဆောင်းပါးကိုဖတ်ပြီးတော့ ကျောင်းနဲ့ ပတ်သတ်တဲ့ ကိစ္စလေးတွေ ပြောချင်စိတ်တွေဖြစ်လာ

တယ်။ကိုယ်တို့ အိမ်က ပညာရေးကို အားပေးပါတယ်။ဒါပေမယ့် မောင်နှမတွေအားလုံး ၁၀ တန်းရောက်

မှသာ မလိုက်နိုင်တဲ့ ဘာသာရပ်တွေ ကျူရှင်ယူပါတယ်။ကျန်တဲ့ အတန်းတွေမှာ လုံးဝ အိမ်က ကျူရှင်

မထားပါဘူး။တို့ခေတ်တုန်းကတော့ ကျူရှင်ဆိုတာ ကောင်းကောင်း မပေါ်သေးပါဘူး။၁၀ တန်းကို

တောင် ၀ိုင်းတွေ၊ဂိုက် တွေ မပေါ်သေးဘူး။section တွေဆီပြေးတတ်ရတာပါ။မော်ကျွန်းမှာ ၀ိုင်းမရှိ

လို့ ဘိုကလေးက ဆရာတွေခေါ်သင်တဲ့ ၀ိုင်း မှာ သွားတတ်ဖူးတယ်။နောက် ပိုင်း section တွေ

မှာ အင်္ဂလိပ် နဲ့ သင်္ချာ တတ်တယ်။တို့က စာကျက်သိပ်ပျင်းတယ်။ဖတ်စာတွေ ဆို အချက်အလက်လေးတွေ

ပဲမှတ်ထားပြီး ကိုယ့်ဘာ့သာ ဟိုစပ် ဒီစပ်ရေးလေ့ရှိတယ်။ကိုယ်ငယ်ငယ်  လေးတန်းကျောင်းသူတုန်းက

 စာမေးပွဲက တစ်မြို့လုံး မေးခွန်း ၁ခုထဲ ဖြေရပြီး မြို့နယ်အဆင့် ဆုရဖူးပါတယ်။လေးတန်းဖြေပြီး နွေရာသီ

ကျောင်းပိတ်ရက် ဗုဒ္ဒဘာသာ သင်တန်းမှာလဲ ဒုတိယဆု ရဖူးပါတယ်။ဒါပေမယ့် ၅ တန်းကနေ စပြီး

၈တန်း၊၉တန်းအထိ နှစ်ပတ်လည် ဆုတွေ ဘာတွေ ဘာမှမရတော့ဘူး။လပတ်တွေမှာတော့ အမြဲ အဆင့်

၁၊၂ ၀င်နေတာပဲ။စာမေးပွဲကြီးဝင်ရင် အမြဲပြုတ်ပြုတ် သွားတယ်။ဘာဖြစ်လို့လဲ ကိုယ် စဉ်းစားလို့မရနိုင်ခဲ့

ဘူး။
 
 
(ကိုယ့်တုန်းက မြန်မာစာ၊သမိုင်း တဲ့ မြန်မာလိုေ၇းရတဲ့ ဘာသာတွေ ဆို များသောအားဖြင့် အချက်အလက်ပဲ
မှတ်ထားပြီး ကိုယ့်ဘာသာ ကွန့်ေ၇းလေ့၇ှိတယ်။english လို essay လဲ အလွတ်ကျတ်လေ့မရှိဘူးမှတ်မိတာကတော့ 
အလယ်တန်း၊အထက်တန်း ကျောင်းစစ်တွေမှာ ဘယ်တော့မှ ပထမ၊ဒုတိယ ဆုတွေမရခဲ့ဘူး။အဲဒီဆုတွေ အမြဲ 
နံပါတ်အသေယူထားသူတွေ ကို ၁၀ တန်းမှာ ကိုယ်ကျော်ဖြတ်ခဲ့တယ်။ငယ်ငယ်တုန်းက ငါလဲဖြေနိုင်ရဲ့သားနဲ့ 
ဘာလို့ဆုမရလဲ တွေးဖူးတယ်။အဲလို တိုတ်စစ် ကြောင့်လဲ ဖြစ်နိုင်တယ်။)
 
 
 
 
နောက်ပိုင်း ကိုယ့် အောက်အငယ်တွေ လက်ထက်ကျတော့ ကိုယ် တစ်ချို့ ကိစ္စတွေကို သိလာရတယ်။
 
ကိုယ့် အောက် တစ်ယောက်ကျော် ဒုတိယညီမ ၁၀ တန်းရောက်တော့ ထူးချွန်ထက်မြတ် ဖြေဖို့ မြို့နယ်
 
အဆင့်ပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ အရွေးခံရတယ်။မြို့နယ် အဆင့်ဆိုတော့ တောကတွဲဖက်အထက်တန်းကျောင်း
 
က စာတော်တဲ့ သူတွေလဲ လာဖြေကြတာပေါ့။အကုန်းလုံးထဲကနေ ဇကာတင်ရွေးမှာလေ။အိမ်ကညီမလေး
 
လဲ အာကြိုးမာန်တတ် ကြိုးစားရှာတယ်။ဒီလိုနဲ့ ဘာသာစုံဖြေလိုက်တာ မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊
 
သိပ္ပံတွဲ မှာ သူ ပထမရပြီး ခရိုင်အဆင့် တတ်ဖို့အရွေးခံရပေမယ့် လူမှုရေးဘားသာ(ပထီ၊ဘောဂ၊သမိုင်း)
 
မှာတော့ ဒုတိယပဲရလို့ အဲဒီဘာသာ အတွက် အရွေးမခံရဘူး။ဒီပြင့် ဘက်စုံ အားကစား၊ဗဟုသုတ ဘာညာ
 
လဲ ပါသေးတာပေါ့လေ။ညီမလုပ်သူ က သူ လူမှုရေးဘားသာမှာ ပထမ မရလို့ တစ်ငိုငိုနဲ့ရယ်ပေါ့။

 
သူ အသေအချာဖြေနိုင်ရဲ့သားနဲ့ မဖြစ်နိုင်ဘူး ချည်းပြောနေတယ်။တို့ အဖေက ကဲကဲ ဒီလိုဆို သမီးရဲ့
 
အဖြေလွှာ ကို သွားတောင်းကြည့်ပေးမယ်။ဝမ်းနည်းမနေနဲ့လို့ပြောပြီး ပညာရေးမှုးရုံက အသိတစ်ယောက်
 
အကူအညီ နဲ့ သူ့အဖြေလွှာနဲ့ ပထမရသွားတဲ့ တောကတွဲဖက် ကလာတဲ့ ကျောင်းသားကောင်းလေ အဖြေ
 
လွှာကို တောင်းကြည့်ခဲ့တယ်။လုပ်ပေးတဲ့ သူက တကယ်လို့ တစ်ခုခု ဆို သူပြတာဘယ်သူမှမသိပါစေနဲ့
 
ဆိုလို့ ပြသနာမရှာခဲ့ဘူး။ညီမလေးအဖြေလွှာ မှာဘာလုပ်ထားလဲသိလား။သူပြောသလို အကုန်ဖြေနိုင်တယ်
 
ဆိုတာလဲ မှန်တယ်။အမှတ်တွေကလဲ ကောင်းတယ်။အပုဒ်ကြီးတစ်ပုဒ်စာ အမှတ်ကို ကျော်ပေါင်းထား
 
တယ်ခင်ဗျ။ဥပမာ ၁၀ မှတ်တန် ကို သူဖြေထားတာ ၈ မှတ်ရတယ်။အဲဒါကို ထဲ့ မပေါင်းဘူး။ကျော်ပစ်
 
 ခဲ့တာ။အဲဒါဆိုပြောကျမှာပေါ့ မေ့ပီး မပေါင်းမိတာနေမှာပေါ့လို့။နိုး နိုး နိုး အကြောင်းစုံကို သိရအောင်
 
ဟိုလူ၊ဒီလူ တောက်လိုက်တော့ တွဲဖက် ကျောင်းအုပ်က အ.ထ.က ၁ ကျောင်းအုပ်ရဲ့ ဆရာဖြစ်နေလို့
 
သူတို့ တွဲဖက်ကျောင်းက တစ်ယောက်ပါအောင်လို့ လုပ်ပေးတာတဲ့ဗျ။အဲဒီ ကိစ္စ နဲ့ ပတ်သတ်ပြီး
 
ပါဝင်ခဲ့တဲ့ ဆရာတွေကိုတောင် တို့အဖေနဲ့ ခပ်တန်းတန်း ဖြစ်လိုက်သေး။တကယ်ဆို အဲဒီ ၈မှတ်မပါ
 
တောင် ညီမလေးက ၂ မှတ်လောက်ပဲကွာတာ။အဲလို ကျော်ပေါင်းလဲ လုပ်လို့ရတယ်နော်...
 
 
နောက်တစ်ခါ ညီမလေးရဲ့ သူငယ်ချင်း အသိတစ်ယောက်လဲ နှစ်စဉ် ပတ်လည်ဆုဝင်တယ်ပေါ့။တစ်နှစ်ကျ
 
တော့ ပတ်လည်ဆု စာရင်းထုတ်တဲ့ အချိန်မှာသူမပါတော့ မကျေနပ်ပဲ အဖြေလွှာ တောင်းကြည့်တယ်။
 
သူ့အဒေါ်ကလဲ ဆရာမဆိုတော့။တောင်းကြည့်တော့မှ အမှတ်ပေါင်းတာ မှားနေလို့ ပြန်ပေါင်းပြီး
 
ပြန်တင်ပေးလိုက်တော့ ပထမ ထုတ်ထားတဲ့ ပတ်လည်ဆုကလဲ ပြန်ဖြုတ်လို့မရ နဲ့ တစ်ဆုတိုးပေးလိုက်
 
ရတယ်။တွေ့ကြုံခဲ့တာလေးတွေပါ။ဆရာတိုင်း ကျောင်းတိုင်း ကိုမဆိုလိုပါဘူး။

 
အခုများကျူရှင် ကျူရှင် ဘယ်လောက်ခေတ်စားနေလဲ။ပြီးခဲ့တဲ့ မတ်လပြန်တုန်းက နွေရာသီတောင်
 
အိမ်ကလူ တူ ၅ နှစ် ဇွန်လမှ သူငယ်တန်းတတ်မယ့် လူက စာကျူရှင် တတ်နေတဲ့ အပြင် စနေ၊တနင်္ဂနွေ
 
ဆို ကွန်ပြူတာ သင်တန်းဆိုလား သွားတတ်လို့ အံ့သြနေတာ။သားရဲ့ ကွန်ပြူတာ သင်တန်းက ဘာတွေ
 
တုန်းပြောပါအုံး ဆိုတော့ မောက်စ် ဘယ်လိုကိုင်တယ်၊ကွန်ပြူတာ ဘယ်လိုဖွင့်တယ်၊ပိတ်တယ်၊ပြီးတော့
 
ကွန်ပြူတာထဲမှာ ဂိမ်းဆော့ နည်း၊အရုပ်ဆွဲ နည်းသင်တယ်တဲ့။သူ့အဖေကတောင် ၅ နှစ်သား သူ့သား
 
ကြီး ကွန်ပြူတာ သင်တန်းသွားရင် ယူသွားဖို့ လက်တော့ပ် တစ်လုံးတောင် ၀ယ်ပေးသေးတာ....
 
 
 
 

3 comments:

  1. ခေါင်းစဉ်လေး မြင်မြင်ချင်း ကျော်ပေါင်း အဓိပ္ပါယ်မသိသေးတော့ ကျောင်းပေါ်ကို ပြောင်းပြန်ပြန်ထားတာ ထင်နေတာ...။ ငယ်ငယ်က ကျောင်းပေါ်မှာ ကစားတဲ့ အကြောင်းတွေ များလားလို့ ..။
    ကျော်ပေါင်းကို ပတ်ဝန်းကျင်ထဲတော့ မကြားဖူးသေးဘူး..။ ဒါမယ့် ကျော်ပေါင်း တဲ့နည်း မဟုတ်ပဲ အခြားနည်းနဲ့ ကျော်ပေါင်းခံရတာတွေ တော့ ကြားဖူးနားဝ ရှိတယ်..။

    ReplyDelete
  2. ဆယ်တန်းဘိုင်အိုဖြေတုံးက (၁၀၀)ဖိုးလုံးအကုန်ဖြေနိုင်တယ်။ အဖြေပြန်တိုက်ကြည့်တော့လဲ (၁) မှတ်တန်တွေကအစ မှန်တယ်။ ပြီးတော့ ကြွားပြောရရင် ပုံဆွဲလဲတော်တယ်။ အောင်စာရင်းထွက်တော့ ဘိုင်အိုဂုဏ်ထူးလဲပါတယ်။ လသာမှာ အမှတ်စာရင်းလဲသွားထုတ်ရော ၇၉ မှတ်ရလို့၊ မဖြစ်နိုင်ဘူး ၉၇ ပဲ ဖြစ်လိမ့်မယ် ကျနော်အကုန်ဖြေနိုင်တယ်ဆိုပြီး ရစ်နေလို့ ကျနော့်အဖေက အတင်းကိုဆွဲလာရတယ်။ ကျနော်ကတော့ တအုံ့နွေးနွေးပေါ့။ ဖြစ်နိုင်တာကတော့ ကျနော်က ကိုယ့်ဝါကျနဲ့ကိုယ် ပြန်ရေးတက်တဲ့အကျင့်ရှိတယ်။ ရှုပ်ယှက်ခက်နေတဲ့စာပုဒ်တွေဆို တစ်ကြောင်းစီခွဲထုတ်တက်တယ်။ အဲဒါတွေကလည်း ကျောင်းက ဆရာမတွေကိုပြတုံးက မှန်ခဲ့တယ်။ ဒါပေမယ့် စာမေးပွဲကျတော့ သူတို့ရဲ့အမှတ်စည်းမျဉ်းနဲ့ ၏/ သည် မရွေးမတူလို့နဲ့ ထင်ပါရဲ့။ အခုထိ အဲဒါကို မကျေနပ်နိုင်သေးဘူး။ (ဒါပေမယ့် အခုသီးဆစ်လဲရေးရော စာလုံးနည်းနည်းလေးတူတာနဲ့ plagiarism က လာလာငြိနေပြန်ရော။ :P )
    (လီယို)

    ReplyDelete
  3. ဆိတ်ကုန်ဒယ်

    ဗမာပြည်လိုနေရာမျိုးက လူဖြစ်စောလေ ကံကောင်းလေပဲ။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။