Monday, October 8, 2012

သမီးလေး အကြောင်း



မာမား where is pa pa? 

ပါးပါးအလုပ်သွားတယ်လေ သမီးလေး၊သမီးလေးက ပါးပါးကိုချစ်လား

မေလင်းလင်း ပါးပါးချစ်

မားမားကိုရော

မားမား မချစ်ဖူး၊မေလင်းလင်း ပါးပါးချစ်

ဒါဆိုလဲ သွားအေ ကျုပ်ဆီမှာ မုန့်လာမတောင်း နဲ့

ပြောပြီး တို့ မီးဖိုချောင်ဖက် ၀င်လာတုံး ဟယ်လို ဟယ်လို အသံကြားတာနဲ့ ဘာများလဲလို့ ဧည့်ခန်းကို

ခေါင်းပြူပြီး ကြည့်လိုက်တော့ အိမ်ဖုန်းကို ယူပြီး သူက ဖုံးဆက်နေလေရဲ့။ဘာပြောနေလဲ အသာနားစွင့်

လိုက်တော့

ဟဲလို ပါးပါး မေလင်းလင်း ပါးပါး ချစ်၊မားမား ချစ်ဖူး၊မေလင်းလင်း ဆိုးတဲ့

အဖေလုပ်သူဆီဖုန်းဆက်နေတာ။အမှန် သူဖုန်းနံပါတ်လဲ သိတာမဟုတ်ဖူး။သူက အဖေလုပ်သူကိုသိပ်

ချစ်တယ်။



 မီးဖိုချောင်ကနေ လှမ်းရိုက်ထားတာ



အမေလုပ်သူ မီးဖိုချောင်ကနေထွက်လာရင် ဘောကန်သလိုဘာလိုနဲ့ ဖုန်းချပြီး ဘောကန်တယ်။

အမေလုပ်သူ ပြန်ဝင်သွားနဲ့ ပြန်ဆက်တယ်။


သူဆော့တဲ့ A-Z ဘလော့တုံးလေးတွေရှိတယ်။သစ်သားပြားမှာကပ်ရတဲ့ဟာလေ။သူ၂နှစ်မပြည့်ခင်တုန်းက

ဒီမှာ ဗီဒီယိုလေး ရိုက်တုန်းကဟာပေါ့။အဲဒီမှာ အခု A ဘလော့တုံးပျောက်နေတာ ကြာပြီ။၇ှာမတွေ့ဘူး။

သူက အမြဲမေးတယ် A ကို။တို့က ၇ှာမတွေ့ဘူးသမီးရယ်လို့ပြောရတယ်။ဒီနေ့တော့ သူက

မားမား ဒီမှာ A မားမားကိုင် တဲ့ ဆိုပြီး သူ့လက်ကိုဆုပ်ပြီး တိုလက်ထဲ အတင်းထည့်တယ်။

တို့လဲ ဟယ် သူ A ကို ဘယ်ကတွေ့လဲပေါ့။ဘယ်ဟုတ်မလဲ ဘာမှမရှိတာကို A ဆိုပြီး ၇ှိချင်ယောင်

အမေလက်ထဲထည့်တယ်။ပြီးတော့ မားမားပြော မားမားပြောတဲ့..သူဆိုလိုတာ what is this?လို့မေးခိုင်း

တာ။တို့က ဘာမှမ၇ှိတာကို ရှိချင်ယောင်ဆောင် ကိုင်ထားပြီး မေးရတယ်။အဲဒီတော့ သူက

this is A,A for Alligator လို့ပြောပြီး အမေလက်ထဲက မ၇ှိတဲ့ Aကို ၇ှိချင်ယောင်ဆောင်ယူပြီး သစ်သား

ပြားက A အကွက်မှာထဲ့တယ်။အံသြရော...သူဘယ်လိုများ ဒီလို ဆော့နည်းသိပါလိမ့်။

သမီးလေးဟာ ၁၉လ ကတည်းက A-Z တော်တော်များများ သိတယ်။ဒီမှာ တင်ဖူးတယ်။(ဖဘ)


မိန်းကလေး မို့လားမသိ ခဏ ခဏ စိတ်ကောက်တယ်။စိတ်ကောက်ရင် ဘယ်သူ့ကိုမှ မကြည့်တော့ဘူး

ဘာမှလဲပြောလို့မရဘူး။သူတစ်နှစ်ကျော် လောက်ထဲက diaper ကို အိပ်ချိန်ပဲ ၀တ်ပေးတာ။သူက

ရှုးပေါက်၊အီးပါ ပြောတတ်နေတော့။အခု အိပ်ချိန် diaper ၀တ်ပေးရင် မကြိုက်ဖူး။ချွတ်မယ်တကဲကဲ။

နေ့ခင်းဖက် diaper မပါပဲ သိပ်တာ ၂ရက်၇ှိပြီး ရှုးမပေါက်ချဘူး။ဒီနေ့နေခင်း အိပ်ကျတော့ အကိုလုပ်

သူက နိုးလာပြီး နေမကောင်းလို့ အမေလုပ်သူက ချွေးတွေ သုတ်ပေးလိုက်၊ဖက်လိုက်လုပ်နေတာကို

နိုးလာတော့ တွေ့သွားပြီး မနာလိုဖြစ်ပြီးစိတ်ကောက်တာ ၁၅ မီးနစ်လောက်ကြာတယ်။သမီးလေး လာ

ရှုးသွားပေါက်မယ် ခေါ်တာလဲ မလိုက်ဘူးပေကပ်နေတယ်။




                                             စိတ်ကောက်နေတာ




အိမ်ပြန်ဖို့ခေါ်တာ မလိုက်ဘဲ အမေကိုပြောင်ပြနေတာ
                                

       








































 ကစားကွင်းကနေပြန်ဖို့ခေါ်တာကိုပြန်မလိုက်ဘဲ ဖိနပ်ကို ချွတ်ပြီးကန်လိုက်တယ်။


သမီးလေးက စိတ်ကောက်တတ်ပေမယ့် အကိုလုပ်သူကိုချစ်တယ်။သူ မီးဖိုချောင်ထဲ ၀င်လာလို့ အမေ

က သကြားလုံးပေးလိုက်ရင်၊ ကိုးကိုး ဆွိ စားမယ်ဆိုပြီး အကိုလုပ်သူကို သူ့လက်ထဲကဟာပေးပြီး

အမေလုပ်သူဆီ သူ့အတွက်လာတောင်းတယ်။အမေလုပ်သူနဲ့သူနဲ့ ဟိုတနေ့ က ပြောင်းဖူးစားနေတာ

အကိုလုပ်သူက ခုံပေါ်မှာ စာဖတ်နေတာ လာမစားဘူး။အဲဒါသူက ပြောင်းဖူးစေ့တွေယူပြီးတော့

ကိုးကိုး စားနော် ရော့ ဆိုပြီး edwin ပါးစပ်ထဲ သွားထည့်ပေးတယ်။နောက်နေ့ ဖရဲသီးစားတော့လဲ

အဲဒီအတိုင်းပဲ။မနက်အိပ်ယာထလို့ အမေလုပ်သူက မုန့်ကျွးနေတုန်း အဖေလုပ်သူ အိပ်ခန်းထဲက

ထွက်လာရင် သူ့အဖေ ကို ပါးပါး လာလာ မုန့်မုန့် စားမယ် တဲ့။အိမ်မှာနေရတာပျင်းလာရင် KFC

သွားမယ်ဆိုပြီး သော့ဆွဲတော့တာပဲ။


အဲ အမေ လုပ်သူက အကိုလုပ်သူကို ဆူနေရင်တော့ မာမား ကိုကိုး ဆိုးနော် လင်းလင်း ကွိုင်းကွိုင်းနော်

လုပ်တတ်သေးတာ။ရှေ့နှစ်တော့ play group ထားရတော့မယ်။ဒီနှစ်တော့ သူ့ပါးပါးက ငယ်သေးလို့တဲ့။

(လာမယ့် အောက်တိုဘာ ၁၃ မှာ၂နှစ် နဲ့ ၅လ)



6 comments:

  1. I love both. When I visit to Sg, I hope I will have a chance to meet them.
    (Leo)

    ReplyDelete
    Replies
    1. လာလည်နော်။ရောက်ရင်အကြောင်းကြားလိုက် သိလား။

      Delete
  2. သိပ်ချစ်စရာကောင်းတယ် မေကလေး။
    အရင်က မိန်းကလေးတွေဆို သိပ်မချစ်ဘူး။ မေတို့ မှုံတို့နဲ့တွေ့မှ...

    ReplyDelete
    Replies
    1. အိမ်ကအတူနေ အကို၊အမ ဆို မေ မှမေပဲ။သူက သွက်တယ်။စကားလေးနဲ့စားတတ်တယ်။ကိုယ်တောင် သူ့ဖက်ပါချင်ချင်။edwin က လူမှုရေးသိပ်မကောင်း ဘာသိဘာသာဆိုတော့....ကိုယ်ကတော့ ကိုယ့်သားပဲ။သူ့ပါးပါး ကတော့ သူ့သမီးကို ကြီးလာရင် ဘယ်လိုထိမ်းရမယ်မသိလို့ အမေလက်အပ်နေတယ်။

      Delete
  3. မေ့ အကြောင်း မှုံမှုံ့အဖေကို ဖတ်ပြနေတာ..။
    သူ့ကလေးတွေက ၂ ယောက်လုံး ချစ်ဖို့ကောင်းတယ်..တဲ့.. သူက...။
    မေက ဥာဏ်လည်းကောင်းတယ်.. မှုံမှုံအခု ၁၉ လ ထဲမှာ မေ ၁၉ လတုံးက သိသလောက် မသိသေးဘူး..။
    မှုံလည်း အခုလတွေအတွင်း အရမ်း စိတ်ကောက်တတ်နေတယ်..။ စိတ်ကောက်ပြီး ကြမ်းပြင်ပေါ် ပစ်လှဲချတာ.. ဒါမယ့် သူက လှဲမချခင် ကြမ်းကို အရင် ရှင်းလိုက်သေးတယ်..(သူ့ကြည့်ပြီး ကျိတ် ရီနေရတယ်..) ။
    ကောက်လွန်းလို့ တခါတလေ အကျင့်ပါမှာစိုးလို့ မသိချင်ယောင်ဆောင်နေရတယ်...။

    ReplyDelete
    Replies
    1. မေ ကဥာဏ်ကာင်းတယ်မမ။number တွေဆိုလဲ ၁ ကနေ ၁၀ ကို ၂နှစ်မပြည့်ခင်ကတည်းက အကုန်သိတယ်။သူ့ကို ဘယ်သူမှ သင်မပေးဘူး။အကို လုပ်သူ ဖတ်နေတာတွေ ကြည့်ပြီးတတ်နေတာ။မြန်မာပြည်ကို မတ်လက ၂နှစ်မပြည့်ခင်ပြန်တုန်းက သူ အေဘီစီ အကုန်သိနေလို့။အနားကလူတွေ သူ့ကို အေဘီစီ လာလာမေးကြတယ်။သူ zero နဲ့ အို ကိုဘယ်လိုမေးမေး ကွဲတယ်။

      စိတ်ကောက်တာကတော့ အခုနောက်ပိုင်း စိပ်လာတယ်။မိန်းကလေးမို့လာမသိဘူးနော်။edwin စိတ်မကောက်တတ်ဘူး။မှုံလေးက စိတ်မကောက်ခင် လှဲချမယ့်နေရာ အရင်ရှင်းသေးတယ်လား။ချစ်စရာလေး။

      Delete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။