Wednesday, October 3, 2012

ခံစားချက်



တစ်ခါတစ်လေကျရင် စိတ်ထဲမွန်းကျပ်တယ်။တစ်စုံတစ်ခုကို အလိုမကျသလိုခံစားရတယ်။ကိုယ့်ဘ၀ကို

အခုထိ မကျေနပ်ဘူး။သူငယ်ချင်းတွေက ပြောတယ်..ကျော့ဘ၀က အေးချမ်းလိုက်တာ..အလုပ်လုပ်စရာ

မလိုဘူးတဲ့။တို့ကျတော့လဲ အလုပ်လဲ လုပ်နိုင် ကလေးလဲမွေးနိုင် တဲ့သူတွေကို သဘောကျတယ်။


ကလေးတွေကို အိမ်ဖော်နဲ့ထားဖို့ကျတော့လည်း ဖြစ်ပါ့မလားစိုးရိမ်။တစ်နေကုန်ကျောင်းထားဖို့ကျတော့လဲ

သနားနေတာနဲ့ အခုထိ ကိုယ့်ဘ၀က ရေရာသေချာမှု မရှိသေးဘူး။ဈေးဆိုင်လေးဖွင့်ရရင်ကောင်းမလား။

ဒါဆိုကလေးတွေလဲ အနည်းအများ ကြည့်လို့ရတာပေါ့ ဆိုပြီးဆိုင်ခန်းငှားခ ဈေးတွေလိုက်ကြည့်ပြန်တော့

ဝှုးးးငါ့နှယ် ဆိုင်ငှားခရအောင်တောင်ရှာနိုင်ပါ့မလားနဲ့။၃၃ နှစ်ပြည့်တော့မယ် ဟောက်စ်ဝှိုက် ဘ၀က

မတတ်သေး။


သူ့ကိုလဲအားနာတယ်။အမှန်တော့ သားလေးဘိုက်ကြီးတုန်းက အလုပ်မထွက်ပဲ ဆက်လုပ်ဖို့ကောင်းခဲ့တာ။

သူနဲ့ကိုယ်နဲ့ စလုံးကို ရှေ့ဆင့်နောက်ဆင့် ရောက်ခဲ့တာ။ကျောင်းလခ၊နေစရိတ် စားစရိတ် အကုန်တာဝန်ယူ

ခဲ့တာ။မှတ်မိသေးတယ် အဲတုန်းက သူ ကတစ်လ လေးရာ တို့ကိုပေးတယ်။NTU မှာ အဆောင်လခက

၂၂၅ ပေးရတယ်။၁၇၅ ကျန်တာကို အသုံးစရိတ်။ရောက်ရောက်ခြင်း ကိုယ့်ကို ဟန်းဖုံးတစ်လုံးဝယ်ပေး

တယ်။မှတ်မိသေးတယ် ဆိုနီ အဖြူလေး။သူကတော့ ရောက်ပြီး တစ်နှစ်ကျော်တဲ့ အထိ ဖုံးမကိုင်ဘူး။

အဲလိုပဲ တို့ ပရောဂျက်လုပ် ဖို့ဆိုပြီး ကွန်ပြူတာ တစ်လုံးဝယ်ပေးတယ်။၁၀၀၀ကျော်ပေးရတယ်။

ကျောင်းတတ်နေတုန်းကလဲ Dissertation ယူလို့ တစ်နှစ်နဲ့ အပြတ်ပြီးအာင်လုပ်ရလို့ သူများတွေ

လို part time မလုပ်ဖြစ်ဘူး။ကျောင်းပြီးလို့ အလုပ်ရှာမှသာ အလုပ်မရခင် လုပ်ဖြစ်တာ။


အခုတော့ သူ့ကိုအနည်းငယ် ကူလုပ်ပေးယုံကလွဲပြီး ဘာမှမလုပ်နိုင်။ကိုယ့်ရဲ့မရှိမဲ့ရှိမဲ့ အရည်အသွေးလေး

တွေ ဒီ HDB အခန်းထဲမှာ ကုန်ဆုံးသွားမှာ နှမျောလှတယ်။တစ်ခုခုတော့ လုပ်မှဖြစ်ပေတော့မယ်။


(ဖတ်ကြည့်ပြီး စိတ်မညစ်သွားနဲ့အုံးနော်)

13 comments:

  1. ပညာတက်တစ်ဦးမို့ ဂျွန်ဝမ်း အလုပ်မလုပ်နိုင်သေးတာကိုတော့ နှမြောမိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာလို ကလေးတွေကို ၀ိုင်းပြီးကြည့်ရူပေးမယ့်သူမှ မရှိတာကိုး။ မေလင်းလင်းလေး ကျောင်းပို့နိုင်တဲ့ အရွယ်ရောက်မှပဲ အလုပ်လုပ်ပါတော့ဗျာ။ အမှန်တော့ အိမ်ရှင်မအလုပ်ဆိုတာလည်း အခက်ခဲဆုံးအလုပ်တစ်ခုထဲမှာ ပါပါတယ်။ သူတို့လေးတွေကို အချိန်ပြည့်ဂရုစိုက်နိုင်တာကိုက သူတို့ရော ဂျွန်ဝမ်းပါ ကုသိုလ်ကံကောင်းလို့ပါ။
    (လီယို)

    ReplyDelete
  2. ပညာတတ် မိန်းမ တယောက်ဟာ ကိုယ့်အရည်အချင်းတွေ အသုံးချ အလုပ်လုပ်မယ် ဆိုရင် ကိုယ်ပိုင် ၀င်ငွေ နဲ့ ကိုယ်ပိုင်အချိန် ကို ဆန္ဒ ရှိသလို သုံးနိုင်မယ် ။ ဒီလို ကိုယ်ပိုင်အခွင့်အရေး တွေ အားလုံးကို စွန့်လွှတ် အနစ်နာ ခံပြီး ၊ အတ္တ တွေ ကို မေ့ထားပြီး မိသားစု ကို အချိန်ပြည့် ဂရုစိုက်တာဟာ သူတို့ ဘယ်လောက် ကံထူးလဲ ။ ကိုမင်းမင်း လဲ အလုပ်ကို စိတ်ဖြောင့်၂ နောက်ဆံမတင်းဘဲ လုပ်နိုင်တယ် ။ ဂျွန် နဲ့ မေ လဲ မအေ ရဲ့ပြုစု ယုယမှူ နဲ့ သူတို့ နှလုံးသားလေးမှာ ဒဏ်ရာမရှိ ပြည့်စုံနေမယ် ။ ကျော့ ရဲ့ အနစ်နာခံမှူဟာ သူတို့အတွက် ဘယ်လောက်တောင် ကျေနပ်ပြီးပြည့်စုံ စေမလဲ ။ အမ ကိုယ်ဝန် လရင့်ထဲက ကိုဦးက အလုပ်ထွက်ခိုင်းတာ အကြောင်း၂ တွေ ကိုတွေးပြီး မထွက်ခဲ့မိဘူး ။ အကြောင်း၂ တွေ ကို သူတို့ထက် ဦးစားပေးသလို ဖြစ်နေတယ် ။ ခုဆို ဟေမာ လဲ မိဘ နဲ့ ခွဲနေရတယ် ။ ဟိုနေ့ က နေမကောင်းတော့ ဘယ်သူမှ အနားကပ်မခံဘဲ မေမေ မေမေ နဲ့ ခေါ်နေတယ်တဲ့ ။ သူ ဘယ်လောက် စိတ်အားငယ်မလဲ ။ အခု အမတောင် အလုပ်ထွက်မလို့ လုပ်နေတယ် ။

    ReplyDelete
    Replies
    1. ဟယ်ဟုတ်လား မမ။သနားပါတယ်။အဲလိုပဲ အမျိုးမျိုးတွေးပြီး ဒီလိုနေ နေရတာ။

      Delete
  3. အိမ်ရှင်မ အလုပ်က အခက်ခဲဆုံးတဲ့ မမရဲ့
    ဂုဏ်ယူလိုက်ပါ

    မေလေး

    ReplyDelete
  4. မေ နဲ့ ဂျွန်လေး ကံကောင်းပါတယ် အမ။ ကလေးလေးတွေက မိခင် နဲ့ တစ်ချိန်လုံးနေခွင့်ရတယ်လေ။ အဲ့ဒါလေးနဲ့တင်ပဲ တန်နေပါပြီ။ နောင့် ဦးလေး ရဲ့ အမျိုးသမီးလဲ ကလေး2 ယောက်ကို အလုပ်ထွက်ပြီးအနီးကပ်ပြုစုစောင့်ရှောက်တာ။ ကလေးတွေက အမေ ကိုအရမ်းခင်တွယ်အားကိုးကြတယ်။ ရင်ထဲမွန်းကြပ်လာရင် ချစ်စရာကောင်းတဲ့ မေ နဲ့ ဂျွန် ရဲ့ မျက်နှာလေးကိုကြည့်လိုက်ရင် ပြေပျောက်သွားမှာပါး)

    ReplyDelete
    Replies
    1. အမေလုပ်သူ မျက်နာထားမာနေရင် မေလင်းလင်းက မားမားစိတ်ဆိုးသွားပြီ တဲ့။သူက မျက်နှာရိပ် မျက်နှာကဲသိတယ်။

      Delete
  5. အမရေ အပေါ်ကပြောသွားတာတွေအားလုံးကို လက်ခံပါတယ် နောက်အမြင်တမျိုးကပြောကြည့်ချင်တယ်
    ကလေးတွေနဲ့ သူတို့ဒီအသက်အရွယ်အပိုင်းအခြားလေးဘဲ တူတူနေနိုင်တာပါ ဆယ်ကျော်သက်တွေဖြစ်လာရင် မိဘနားလဲသိပ်ကပ်တော့မှာမဟုတ်ပါဘူး
    ကြီးလာလို့ တနယ်တကျေးမှာပညာသွားသင်တာတို့ဘာတို့ရှိရင်လဲ ခွဲရဦးမှာပါ
    ညီမသဘောကတော့ ဒီလိုသူတို့နားမှာရှိနိုင်နေတဲ့ဒီအချိန်လေးကိုတန်ဖိုးထားသင့်ပါတယ်

    ReplyDelete
    Replies
    1. ဟုတ်တယ် တစ်ခါတလေ အဲလိုတွေးမိတယ်။အိမ်ကလူကတော့ အသက်ကြီးလာရင် ငါတို့၂ယောက်ပဲ ကျန်ခဲ့မှာတဲ့။

      Delete
  6. You should treasure your current life. If you work, you need to send them to child care for the whole day. It'll cost you alot & it is better to keep the children under mother's supervision than strangers. If you call maid, you don't have a family privacy. I have a maid. When we are around, she is ok. When we go to office, she has no patience to my kid. It is not easy to get a perfect maid. Everything has pros & cons. If your hubby income is enough to cover your house expense, my suggestion is 'Pls take care your kids at home'.
    AMD

    ReplyDelete
    Replies
    1. Thanks for your comment and encourage to me..I will do the best for them.

      Delete
  7. အိမ်ရှင်မ တစ်ဦး တိတ်ဆိတ်စွာ ဖတ်ရှုသွားပါသည်။.

    ReplyDelete
  8. Good to be a perfect mother but all obtained degrees are wasted. Pros and cons

    ReplyDelete
    Replies
    1. ဟုတ်တယ် အဲဒါအမှန်ဆုံးပဲ။တစ်ခုပဲ၇ှိတယ် သားနဲ့သမီး ကို တရုတ်စာ တစ်မျိုးပဲ ကျူရှင်ထားပြီး ကျန်တာတွေ ကိုယ်တိုင်သင်၊ကိုယ်တိုင် ဂိုက်လုပ် မလားစဉ်းစားတယ် အလုပ်မလုပ်ဖြစ်တော့ရင်။သူတို့လဲ ကျူရှင်ပြေးရတဲ့ အချိန်လျော့သွားတာပေါ့။

      Delete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။