Thursday, October 4, 2012

04-10-2012



အခုတလော Edwin တစ်ယောက် family ဆိုတဲ့ စကားလုံးကို ခဏ ခဏ ပြောတယ်။လမ်းမှာ ယောက်ျား၊

မိန်းမ၊ကလေးတွေ အစုလိုက်တွေ့ရင် မားမား this is family တဲ့။ဟိုအရင်တုန်းကသူငယ်ချင်းတစ်ယောက်

ကပြောဖူးတယ်။သူ့အသိ သမီးလေးက ကျောင်းကပြန်လာတော့ မေမေ family ဆိုတာမေမေ၊ဖေဖေ

သားနဲ့သမီး ကိုပြောတာ။သမီးတို့မှာ သားမရှိတော့ family ဘယ်ခေါ်မလဲ။သားလေးတစ်ယောက်မွေးပါလို့

အမေလုပ်သူကို ပြောတယ်ကြားဖူးတယ်။Edwin ကတော့ ညီမလေးလဲရှိတော့ အဲလိုတော့ မပြောဘူး။


အိမ်ကလူ ခရီးသွာတာ ၃ပတ်နီးပါး၇ှိပြီ တစ်ခါမှ အဖေလုပ်သူကိုမမေးဘူး။မေလင်းလင်းကတော့ တစ်နေ့ကို

အခါ၂၀လောက်မေးတယ်။ဒီညနေတော့ KFC မှာ သူ့ကို မုန့်ဝင်ကျွေးတော့ ဘေးကခုံမှာ မိသားစုတစ်စု

စားနေတယ်။အဖေရယ် အမေရယ် ကလေး၂ယောက်ရယ်ပေါ့။အဲဒီတော့ ကိုရွှေချောက သူတို့ကို

လက်ညှိးထိုးပြပြီး မားမား အဲဒါ family နော်။Where is Edwin's family?..where is Daddy?တဲ့။

ထူးထူးဆန်းဆန်း ဒီနေ့ပဲ အဖေလုပ်သူကိုမေးတယ်။




ဝီကီ ကနေယူထားတာ
 
From the perspective of children, the family is a "family of orientation": the family serves to locate children socially and plays a major role in their enculturation and socialization.

 From the point of view of the parent(s), the family is a "family of procreation," the goal of which is to produce and enculturate and socialize children.





1 comment:

  1. ဖေဖေခရီးသွားနေတယ် ပေါ့...
    Edwin ကျောင်းမှာ တိုးတက်မှုနဲ့ မေ့ တိုးတက်မှုတွေက နောက်ကျရင် reference ပြန်လုပ်ရမှာ.. ဘယ်အရွယ် ဘာတွေပြော၊ ဘာတွေ သိနေပလဲ ဆိုတာ..။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။