Thursday, July 12, 2012

Funny Talking



Edwin တစ်ယောက် ၄နှစ်ကျော်ကနေ စပြီးတော်တော် သွက်လာပါတယ်။အရင်လို သိပ်တုံ့နှေး တုံ့နှေး

မဟုတ်တော့ဘူး။အခုတစ်လော သူပြောနေတဲ့ စကားတွေ သိပ်ရီရတယ်။စကားပြောတတ်ခါစ 

ကလေးပြောနေသလိုပဲ။တစ်ရက် ယူးတီး MRT နားက အိမ်ဆိုင်မှာ တို့က ဈေးဝင်ဝယ်တယ်။ဆိုင်ထဲမှာ

သီချင်းလေး ဖွင့်ထားတယ်။တို့က ကောင်တာမှာ ပိုက်ဆံရှင်းတော့ သူက ကောင်တာက မိန်းမကို

" Aunty ,here so music" တဲ့။ရီလိုက်ရတာ။သူ သုံးတတ်သလိုပြောတာ။


လက်ကထုံနေလို့ ဆေးခန်းသွားပြတော့ သူ့ကိုခေါ်သွားတယ်။လမ်းမှာ သူ့ကို မားမား လက်နာလို့ doctor နဲ့

သွားပြမလို့ပြောတော့ သူက"မားမား what are you doing with doctor"တဲ့။ဘယ်လို လုပ်ကြမလဲ။


လမ်းသွားလို့ ငှက်တွေ ၊ကြောင်တွေ တွေ့ရင် "ဟဲလို bird bird ,how are you?"တွေဘာတွေလုပ်နေတာ။


အခုတလော together ဆိုတဲ့ စကားလုံးသိပ်သုံးတယ်။လူလေး ငါးယောက်ရပ်နေတာတွေ့ရင်။

မားမား they stand together တဲ့။







သူ့ကို အခုတလော မြန်မာစာ သင်ပုန်းကြီး သင်နေတော့ သူကစိတ်ဝင်စားတယ်။ဒီညနေသူ အဲဒီမြန်မာစာ

စာအုပ် ကို လိုက်ရှာတာ မတွေ့တော့ တို့ကို "မားမား where is ကကြီး၊ခကွေး story book?"တဲ့။

မြန်မာစာ ၀စ္စနှစ်လုံးပေါက် ကို အသံမထွက်တတ်လို့ တော်တော်သင်ရသေးတယ်။



န   နာ=pain  နား=rest လို့ တို့ကသင်တော့ သူက pain ကိုသိတယ်။rest ကိုမသိဘူး။ဒါနဲ့ တို့က

သားရယ် rest ဆိုတာ ဘာမှမလုပ်ပဲ အနားယူတာကို ပြောတာ လို့ပြောလဲ သူက အူလည်လည်လုပ်နေ

တော့ တို့က သားမအိပ်ခင် အိပ်ယာပေါ်မှာ ဟိုလှိမ့်၊ဒီလှိမ့် လုပ်တယ်မလား။အဲဒါကို rest လုပ်တယ်ခေါ်

တယ်လို့ ရှင်းမိလိုက်တာ။အခု အိပ်ခါနီး မားမား edwin rest first နော် ပြီးတော့ sleep နော်တဲ့။


အခု   ညအခါ 
       လသာသာ။
      ကစား  မလား
      နား      မလား။

သင်ပြီး ကတည်းက အဲဒါ ရွတ်တော့တာပဲ။ဟိုနေ့က lift ထဲမှာ အဲဒါ ရွတ်လာတာ အတူပါလာတဲ့ စလုံး

၂ယောက်က သူ့ကို ထပ်ရွတ်ပါအုံး။ဒီ Poem မျိုး မကြားဖူးဘူး ပြောတော့ ၂ခါတောင် ထပ်ရွတ်ပြတယ်။

ဟိုက အထူးအဆန်း ဖြစ်နေ လို့ တို့က သူရွတ်နေတာ Myanmar poem လို့ပြောလိုက်မှ။



အခုတလော ကျောင်းက တရုတ်လို သင်တာကိုလဲ သူနဲနဲ ရလာပုံပေါ်တယ်။ပြောတာလဲကြည့်အုံး။

အငယ်မက သူ့ကို ဘာလဲမသိဘူး သွားလုပ်လိုက်တာ သူကထပြီး မေလင်းလင်း အိုင်ပုရှီဝမ်း တဲ့။

အမှန်က ငါမကြိုက်ဘူး(ဝေါ်ပုရှီဝမ်း)ဖြစ်ရမှာ။သူက e နဲ့ တရုတ်တွဲသုံးနေတာ။

I go home ကျတော့ ဝေါ် go home တဲ့။နောင်နှစ်ကျရင်တော့ တရုတ်စာ ကျူရှင်ထားရတော့မယ်။


ဟိုနေ့က မေလင်းလင်းကိုသိပ်နေတုန်း သူတစ်ယောက်ထဲ စာရေးနေရင်း ပါးစပ်ကနေ 

Edwin ,you want to go to Mawgyun(မော်ကျွန်း)သူ့ဘာသာမေးပြီး  No,I want to go home တဲ့

သူ့ဘာသာပြန်ဖြေနေတာ။ခက်ပြီ။


Edwin ကအမူအကျင့်မှာ အဖေတူတယ်။ဖာသိဖာသာ နေတတ်တယ်။ဘာလုပ်လုပ် အေးအေးဆေးဆေး

သမား။ဝမ်းနည်းတတ်တယ်။အားငယ်တတ်တယ်။ဥပမာ သူ့ကို အမေလုပ်သူ မုန့်ပေးရင် သူ့ဘာသာပဲစား

တယ်။မေလင်းလင်းကို သွားမပေးဘူး။မေလင်းလင်းကျတော့ အဲလိုဟုတ်ဖူး။သူ့ကို အမေလုပ်သူက မုန့်ပေး

လိုက်ရင် အကိုလုပ်သူဆီ ပြေးသွားပြီး ကိုးကိုး ဒီမှာ မုန့်မုန့် စားဆိုပြီး သူ့လက်ထဲကမုန့်ကို ပေးပြီးမှ အမေ

ဆီက သူ့အတွက် ထပ်လာယူတာ။အမေက ထမင်းကျွေးရင်လဲ အကိုလုပ်သူကိုပြေးခေါ်ရသေးတာ။သူက

သွက်တယ်။မအေတူလားမသိ??????????????????


9 comments:

  1. Most of the eldest son character is like that. Parents pamper him alot as he is the first child.

    ReplyDelete
    Replies
    1. That Right!We love him so much and we did everything for him whatever he want.Actually this is the wrong way.Now we let him to do himself and he better than before.

      Delete
  2. ကလေးတွေရဲ့ အမူအကျင့်လေးတွေက စိတ်ဝင်စားစရာလေးတွေ..
    Edwin နဲ့ မေ သိပ်ချစ်ဖို့ကောင်းတယ်း)
    မေ က မိန်းကလေးမို့ သွက်ပြီး သိတက်တာဖြစ်မယ်း)


    နောင့်

    ReplyDelete
    Replies
    1. မေက ချက်ဆို နားခွက်မီးတောက်တယ်။

      Delete
  3. ဟုတ်မယ် နောင့်ပြောသလိုဘဲ မေ က အငယ်ဖြစ်ပီး ပိုသိတတ်တယ် ။ အကို ကိုလဲချစ်ပုံရတယ် ။ Edwin လေး ငယ်ငယ် က အမေ နဲ့ တူသလို နဲ့ ဒီပုံကျ အဖေ နဲ့ ဆင်လာတယ် ။ ဘာဘဲ ဖြစ်ဖြစ် ၂ ယောက်လုံးသိပ်ချစ်ဘို့ကောင်းတယ် ။

    ReplyDelete
  4. အိုင်ရှီဝမ်း this post :P

    ReplyDelete
  5. ဝေါ်လဲ like တယ်

    ReplyDelete
    Replies
    1. ဟယ် edwin သယ်ရင်းတွေထင်တယ် အပေါ်က

      Delete
  6. ဒါ ဖတ်ပြီးပြီ ကျော့ရေ..ကောမန့်မရေးဖြစ်လို့... Edwin နဲ့ ကိုဒီဘီတို့ အိမ်ကအပြန် MRT ပေါ်မှာရေးထားတဲ့ မလေး စာကို အော်ဟစ် စာလုံးပေါင်းပြီး သင့်တော်ရာ အသံထွက်ပစ်လိုက်တာ ပြန်သတိရပြီး ရယ်မိတယ်...

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။