တို့ ငယ်ငယ်က မူလတန်းကိုအိမ်ရှေ့က မူလတန်းကျောင်းမှာ တတ်တယ်။၅တန်းရောက်တော့ အထက(၂)
မှာတတ်ရတယ်။တို့မြို့မှာ အထက်တန်းကျောင်း၂ကျောင်းမှာ အ.ထ.က(၁)က မြို့လယ်ရပ်ကွက်တွေပဲ
လက်ခံတယ်။တို့နေတဲ့မြို့စွန် ရပ်ကွက် နဲ့ အနီးအနားရွာတွေက ကျောင်းသားတွေကတော့ ထ(၂) မှာပဲ
တတ်ရတယ်။တောကျောင်းဆိုပါတော့။ပိုက်ဆံမရှိသူတွေတတ်ကျောင်းပေါ့။တို့အဲဒီကျောင်းမှာ ၁၀တန်း
အထိတတ်ခဲ့တယ်။တောကျောင်းဆိုတော့ သူငယ်ချင်းတွေကလဲ အနီးရွာကနေ လာတတ်တဲ့ တောသူ
လေးတွေပဲပေါ့။ကျောင်း သုသာန်နားမှာ။တို့အိမ်ကနေ ကျောင်းကို မီးနစ်၂၀လောက်လမ်းလျောက်ရတယ်။
ကျောင်းနားရောက်ခါနီးရင် စပါးပင်စိမ်းစိမ်းတွေ၊မြေနီလမ်းတလျောက်ဘေးမှာ ကျူဖျာတွေနဲ့ ပုဇွန်တွေ
ကိုပြုတ်ပြီး ပုဇွန်ခြောက်လုပ်ဖို့လှမ်းထားတာတွေ ဟာမရိုးနိုင်တဲ့မြင်ကွင်းတွေပေါ့။တခါတလေ သုသာန်
ထဲက အကြော်ဖိုမှာ ပဲကြော်အကြေတွေသွားဝယ်ပြီး မုန့်စားဆင်ချိန်ဆို ကျောင်းနားက သူငယ်ချင်းတွေ
အိမ်မှာသုတ်စားကြသေးတာ။သူငယ်ချင်းတွေကရွာကဆိုတော့ မြို့မှာ အိမ်လုံးချင်းငှားပြီးစုနေကြတာ။
အဲဒီထဲမှာ ခင်ခင်မင်မင်ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေလဲ၇ှိတယ်။ဒါပေမယ့် ၁၀တန်းပြီးတော့ သူတို့လဲ ရွာပြန်
အလုပ်လုပ်ရင်း အဝေးသင်တတ်။ကိုယ်လဲ ကျောင်းတတ်ဖို့စောင့်ရင်း အိမ်ကို ကူနဲ့ သိပ်ပြီးမတွေ့ဖြစ်ကြ
တော့ဘူး။ကိုယ် ၉၆ က ၁၀တန်းအောင်တာ ၉၉ နှစ်ကုန်ခါနီးမှ BE ဘွဲ့ ကိုတတ်ဖို့ ၀ါးခယ်မ GTI၊အဲကနေ
ဝါးခယ်မမှာ မနေချင်ဘူးဆိုပြီး ပုသိမ်ပြောင်း။ပုသိမ်မှာ ဒုတိယနှစ်ပြောင်းတော့ ပြည်နည်းပညာ တက္ကသိုလ်
ကြီးကိုရောက်ခဲ့တယ်။
ကျောင်းနေခဲ့တဲ့အချိန်အတွင်း သူငယ်ချင်းတော်တော်များများနဲ့ ဆုံခဲ့တယ်။တက္ကသိုလ်မှာဆုံခဲ့တဲ့ သူငယ်
ချင်းတွေကတော့ အဆက်သိပ်မပြတ်ဘူး၊အနည်းဆုံးတော့ Online မှာအဆက်အသွယ်ရှိကြတယ်။အထက်
တန်းတုံးက သယ်ရင်းတွေကတော့ လုံးဝ ကို အဆက်ပြတ်သွားတာပဲ။အထက်တန်းကသူငယ်ချင်းတွေနဲ့
၇ိုက်ထားတဲ့ပုံ။
သူငယ်ချင်းတွေနဲ့ |
ဓာတ်ပုံနောက်ကစာ |
အဲဒီထဲမှာ တို့ညာဖက်ပုခုံးအနောက်နားက သူငယ်ချင်း တစ်ယောက်ကလွဲရင် ကျန်တာတွေက မော်ကျွန်း
နားက ကျွန်းကြီးရွာ၊လှိုင်းဘုန်း၊၀ဲဒေါင့် ရွာမှာနေတဲ့သူတွေ။တို့ညာဖက်ပုခုံးအနောက်နားက သူငယ်ချင်းက
ကျတော့ တို့အိမ်နဲ့သိပ်မဝေးတဲ့ ယမုံနာ မြစ်ကမ်းဘေးလမ်းမှာနေပြီး သူတို့မိသားစု ကရေလုပ်ငန်း
လုပ်တယ်။ပိုက်ချတယ်။ငါးဖမ်းတယ်ပေါ့။မော်ကျွန်းက ရေပတ်လည်ဝိုင်းနေတာ။အများစုကရေလုပ်ငန်း၊
စိုက်ပျိုးရေးလုပ်ငန်းလုပ်တယ်။ပုဇွန်တို့၊ပုဇွန်ထုပ်တို့ဆို ရန်ကုန်ကနေတဆင့် export ပို့တာပေါ့။သူတို့
အိမ်မှာသူ အငယ်ဆုံး၊စာလည်းလိုက်နိုင်တော့ မိဘတွေက ပညာေ၇းအားပေးတယ်။အကိုတစ်ယောက်၊
အမတစ်ယောက် အိမ်ထောင်သည် တွေ။သူက ၁၀တန်းအောင်တော့ အဝေးသင်တတ်ပြီး ရန်ကုန်က
ကုမ္မဏီ တခုမှာဝန်ထမ်းလုပ်နေတယ်လို့ အရင်ကတို့ကျောင်းပိတ်လို့ အိမ်ပြန်ရင် အမေပြောသံကြား
တယ်။ကိုယ်ပြန်တဲ့အချိန် သူမရှိတော့ မတွေ့ဖြစ်ဘူး။
ပြီးခဲ့တဲ့ နာဂစ်ဖြစ်ပြီးလို့ပြန်တဲ့ နှစ် ကတော့ သူ့(အင်္ကျီစိမ်းပြာ လည်ပေါက် ဗွီရှိတ်)မိသားစုအကြောင်း
ကြားလိုက်ရတယ်။သူတို့အိမ်က မိသားစု ကပိုက်ဆင်းနေရင်း နာဂစ်နဲ့ပါသွားတာ သူမ တစ်ယောက်ပဲ
ကျန်ခဲ့တယ်တဲ့။သူမက ရန်ကုန်မှာအဲဒီအချိန်။ကျန်တဲ့သူတွေလဲ ဘယ်လိုနေလဲတော့မသိဘူး။အဆက်
ပြတ်နေတော့။
ဒါကနောက်သူငယ်ချင်း၂ယောက်။ရွာကပဲ။
တို့ကျောင်းမှာချယ်ရီပင်တွေသိပ်ပေါတာ အနောက်မှာချယ်ရီတွေပွင့်နေတာတွေ့လား။
သူ့နာမည်က တင်တင်ရီတဲ့ စာတော်တယ်။အရမ်းဆင်းရဲတယ်။လက်ရေးသိပ်လှတယ်။ဖယောင်းတိုင်မ၀ယ်
နိုင်လို့ နေ့ခင်းဖက်ပဲစာကြည့်ရတယ်။ဆယ်တန်းအောင်ပြီးတော့ ဒီပြင့်မြို့ပြောင်းသွားတာ သတင်းမရတော့
ဘူး။ဒါအထက်တန်းတုန်းက အပေါင်းအသင်းအကုန်ပဲ။ကိုယ်တို့တုန်းက တစ်ခန်းပဲ၇ှိတာ။
BONUS
အိမ်ကလူ နဲ့ တို့နဲ့က တစ်မြို့ထဲ။ဒါပေမယ့် တစ်ခါမှမတွေ့ဖူးဘူး။သူက အ.ထ.က (၁)မှာတတ်ပြီး
၈တန်းကနေ ၁၀တန်းကို ပြင်ဦးလွင် စိုးစံ ဘော်ဒါမှာ ဘော်ဒါနေတာဗျ။တက္ကသိုလ် မှဆုံတာ။
စိုးစံမှာဘော်ဒါနေတော့ အဆင့်မြင့်တယ်ပေါ့ဗျာ။အပေါင်းအသင်းတွေကလဲ များသောအားဖြင့်
သူဌေးတွေပေါ့။တိုများတော့ စက်ဘီးလေးနဲ့ပြေးပြီး ကျူရှင်လေးတတ်ရတာ။ဒါတောင် ဘာသာစုံမဟုတ်
ဘူး။
ဟိုတလောက သူနဲ့အိမ်ကအတူနေတဲ့ အကို ထမင်းစားခန်းမှာ ဘီယာသောက်နေတုန်း တို့က အ၀တ်
လှန်းမယ်ဆိုပြီး အ၀တ်လှန်းခန်းကို သူတို့ရှေ့က ဖြတ်အသွား သူကလှမ်းပြီး အာဖျံ အာဖျံ ၁၀တန်းတုန်း
ဟိုအကို ကို ကျနော်တို့တုန်းက unit 1 က ဘာပုံပြင်၊unit 2 ဘာဆိုပြီးပြောနေလိုက်တာ။မြန်မာ စာတွေ
လဲ ဘာတွေသင်ရတယ်ဆိုတာ ကဗျာတွေ ရွတ်ပြနေလို့ တို့တောင် အံ့သြနေတယ်။ဟိုအကိုက တို့ထက်
၉နှစ်လောက်ကြီးတော့ခေတ်မတူဘူးလေ။အဲသင်္ချာအလှည့်လဲရောက်ကော အာဖျံ အာဖျံ နင် သင်္ချာ
ဟိုအကိုကို ကျနော် သင်္ချာ ၉၉ မှတ်တောင်ရတယ်အကိုရ၊ဓမ္မဓိဌာန် ၁ခုမှားသွားလို့ဆိုပြီးပြောနေတာ
ဒီက အမြင်ကပ်လာပြီး ဟေ့ ငါတို့လဲ သိပ္ပံတွဲကို ၉၅ မှတ်ရပါတယ်။၅မှတ်က bio ပုံဆွဲ ညံ့လို့ပါနော်လို့
ပြောပြီး သူ့ကို ကလိချင်တာနဲ့ ဟိုအကိုကို အကိုရေ ကျမ က တောကျောင်းတတ်ပြီး မြို့အစုတ်လေးကနေ
ဘာပြောလဲ သိလား
BE ချင်းတူပေမယ့် ရာဇ၀င်က စကားပြောတယ်။အခုအိမ်ထောင်ကို ဦးစီးနေတာ ဘယ်သူလဲတဲ့။
ဒီကလဲပြန်ပြောလိုက်တယ် ငါလဲ ကလေး၂ကောင်နဲ့ အိမ်နောက်ကို ဦးစီးနေတာ လို့။
အမှတ်တရလေးတွေပေါ့။ဟိုသူငယ်ချင်းအတွက်စိတ်မကောင်းလိုက်တာ။
ReplyDeleteလင်မယား ၂ ယောက် စကားနိုင်လု နေတာ ရီရတယ်...။
ReplyDeleteသူငယ်ချင်းအတွက်တော့ သနားပါတယ်....။
နာဂစ်က လူတော်တော်များများကို ဒုက္ခပေးသွားတာပဲံ....။
စင်စင်
အိမ်ကလူတို့အိမ်ရှေ့ အိမ်က တောက ကျောင်းလာတတ်တဲ့ကောင်လေး ဖြူဖြူချောချောလေး ၁၀တန်းဖြေပြီး တောပြန်သွားတာ နာဂစ်ထဲပါသြွားတာ အားလုံး စုတ်သတတ်တတ် နဲ့(ဆရာမတွေကော) ။အောင်စားရင်းထွက်တော အောင်တယ် အဲဒီကလေး။
Deleteတို့အမေရဲ့ဦးလေးအရင်း(ဘကြီး)လဲ ပါသွားတယ်။ယုံမလားတော့မသိဘူး နာဂစ်နောက်ပိုင်း မော်ကျွန်းမှာ ကလေးမွေးရင် မျိုး၇ိုး မရှိပဲ ၂မွှာပူး၊၃မွှာပူးတွေမွေးကြတယ်။
ပြန်ဝင်စားတာလားမသိဘူးနော်...
Deleteစင်စင်
အမတို့ အဖေနဲ့ အကိုတွေက ငါးဒိုင်ငါးပွဲစားလုပ်တော့ အဲ့ဒီဘက်က ကုန်သည်တွေရှိတယ်။ အမကတော့ ဘိုကလေးအထိပဲ ရောက်ဖူးတယ်။ အကို့ဒိုင်ကို ကုန်တင်တဲ့ လှိုင်းဘုန်းက ကုန်သည်မိသားစုလည်း နာဂစ်ကြောင့် သမီးလေးတယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်။
ReplyDeleteမှ
ကလေး၂ကောင်နဲ့ အိမ်နောက် ဦးစီးနောက်တယောက်း)
အရင်မမသီတာဘလော့တွေဖတ်ကတည်းက ညီမနဲ့ဘ၀ တူဆိုတာသိရလို့ အားမငယ်တော့ဘူး။
Delete