Friday, September 10, 2010

သားလေးနဲ့မော်ကျွန်း

်သမီးလေးမွေးဖို့မြန်မာပြန်တုန်းကသားလေးက ၁နှစ်နဲ့၈လပဲရှိသေးပြီး အမေလုပ်တဲ့သူကို တစ်အားကပ်တယ်။

နို့စို့တုန်းပ။ဲ ရောက်ပြီး လေး၊ငါးရက်မှာ ၀မ်းလျှောတယ်။ဝမ်းလျှောတော့ မော်ကျွန်းမှာပြတယ် မသက်သာလို့

ရန်ကုန်မှာ ပြတော့ တိုက်နေကျ နို့မှုန့်ကနေ ပဲနို့မှုန့်ပြောင်းတိုက်တော့ လုံးဝမသောက်ပဲ နို့ပြတ်သွားပါတယ်။အဲဒီ

ကစပြီး သူ့ကိုတော်တော်လေး သန့်သန့် ပြန့်ပြန့်လုပ်ပေးရတယ်။အိမ်မှာက ရေကိုကြိုသောက်တာပဲ။ဘယ်လိုဖြစ်

လဲမသိ ၆လနေတာ ၄ခါ ၀မ်းလျှောပြီး ၆ခါဖျားတယ်။သာမန်အားဖြင့် သားလေးက ၀မ်းအရမ်းချုပ်တယ်။ကိုယ့်

မှာ မုန့်ဝယ်လဲ Exp date ကို ကြည့်ရတာအမော။Exp မပါတဲ့ ပူတင်းလိုမျိုးဆို ဆိုင်ကို ဘယ်နေ့ကရောက်တာလဲ

မေးရတယ်။တစ်ချို့ ကလည်းအမှန်ပြောတယ်။တစ်ချို့ က ရောက်တာ၂ရက်လောက် ရှိပေမယ့် ဒီနေ့မှ

ရောက်တာလို့ပြောတယ်။Exp ပါပြီး ရက်လွန်နေလဲ ရောင်းနေတာပဲ။ဂမုန်းပွင့်လို ကုန်တိုက်မှာတောင် Exp

ဖြစ်နေတဲ့မုန့်တွေရောင်းနေတာ တွေ့ရတယ်။


ကိုယ့်သားကို က နန်းမတော် ကိုယ်နု ဖြစ်နေတာနေမှာ သူများကလေးတွေ လမ်းဘေးမှာရောင်းတဲ့ မုန့်

ဘယ်လိုစားစား ဘာမှမဖြစ်ဘူး။ဆရာဝန် က အပြင်အစားသောက် မကျွေးနဲ့ ယင်နားမကျွေး နဲ့ တဲ့။

ဘယ်လိုလုပ်ရမလဲ။ဒီလိုပဲကြည့်ကျွေးရတာပေါ့။နောက်ဆုံးတစ်ခေါက် လျှောတာ တော်တော်ဆိုးတယ်။

ရန်ကုန်ပဲပြေးရမလိုလို၊ဆေးရုံပဲတင်ရမလိုလို။ကလေးကပျော့ခွေနေတာပဲ။


အဲဒါ သူစားတဲ့ အစားအသောက် ကို trace လိုက်ရတယ်။မုန့်စိမ်းပေါင်းစား တယ်။များသောအားဖြင့် အိမ်မှာခိုင်း

တဲ့ ကောင်းမလေးကိုဝယ်ခိုင်းတော့ ဘယ်လိုဆိုတာမသိ။ဒါနဲ့ စနည်းနာထွက်တော့ လားလား မုန့်စိမ်းပေါင်းသည်

က မုန့်စိမ်းပေါင်းလှီးရင် ဓါးကိုမကပ်အောင် ရေဆွတ်တယ်၊ဆွတ်တဲ့ ရေက မြစ်ရေနောက်ကျိကျိ။ပြီးရင် နှမ်းကို

မုန့်စိမ်းပေါင်းပေါ်ဖြူးပြီးရင် သူ့လက်ကိုလည်း အဲဒီ ရေခွက်ထဲနှစ်ဆေးတယ်။ပြီးရင် အဲဒီလက်နဲ့ ညစ်ပတ်နေတဲ့

ပိုက်ဆံကို အမ်းတယ်။ကိုယ့်အနေ နဲ့ပြောရင် တစ်အား သန့်လွန်းသူမဟုတ်ပါဘူး။တစ်ခါမှလည်း အဲလိုစေ့စေ့

စပ်စပ် လိုက်ကြည့်ဖူးဘူး။သားလေးနဲ့ ကျမှပဲ သူများအမြင်မှာ ကြီးကျယ်လွန်းသူများဖြစ်နေလားမသိ။



ကျမတို့ မြို့မှာက မြစ်ရေကိုပဲသုံးရတာလေ။ရေကို ကျောက်ချဉ်တိုက် ပြီး ကျိုသောက်ရတာ။ယေက္ခမကပြော

တယ် သူများ ကလေးတွေ ဒီလိုပဲစားနေတာ ဘာမှမဖြစ်ပါဘူး နင့်သားကျမှတဲ့။သူနေမကောင်းရင် အရမ်းစိတ်

ပင်ပန်းတယ်။နယ်မှာဆိုတော့ ပိုဆိုးတယ်။အရေးအကြောင်း ရန်ကုန်ပြေးရင် သဘောင်္ ၁၂ နာရီလောက်စီးရတာ။

အခုဒီကိုပြန်ရောက်တာ ၁လခွဲရှိပြီ ၀မ်းမလျှောသေးဘူး။မပြန်ခင်က ၀မ်းလျှောကာကွယ်ဆေးကလွဲ ရင်ကျန်တာ

အကုန်ထိုးသွားတယ်။နမိုးနီးယားတို့ ဘာတို့ပေါ့။ဝမ်းတော့မလျှောလောက်ဖူးထင်တာ။မထင်တာက ထဖြစ်

နေတယ်။သားလေးတော်တော်လဲပိန်သွားတယ်။အောက်ကပုံကိုသာကြည့်။သူ့ ၂နှစ်မြှောက်မွေးနေ့တုန်းက

မွေးနေ့ကိတ်ခွဲနေတာ။သားလေးအတွက် သတိသရမွေးနေ့ ဆုတောင်းပေးသူတွေ အားလုံးကို ကျေးဇူးနော်။





ဒီပုံက အကိုဝမ်းကွဲနဲ့ ဘိုးဘွားရိပ်သာမှာ သူ့အတွက် သွားလှူရင်းရိုက်ထားတာ။

7 comments:

  1. ဟုတ်တယ်.. ဂျွန်ဝမ်းလေးနည်းနည်းပိန်သွားတယ်...
    ချောတာကတော့ မောင်နှမ ၂ ယောက်လုံးပဲ

    ReplyDelete
  2. သနားပါတယ် ကလေးလေး။

    ပိန်လည်း ချောတုန်း ချစ်ချာကောင်းတုန်းပါပဲ။

    ReplyDelete
  3. ချစ်စရာလေးတော့အားကြီးချစ်စရာကောင်တာဘဲ ဖက်ထားချင်တယ။် ဟုတ်တယ် အားကြိးပိန်သွားတယ်။

    ReplyDelete
  4. ဟုတ်တယ်ကျော့.. သားလေးက ပိန်သွားတယ်.. သနားပါတယ်.. အရပ်ထွက်လာလို့လည်းဖြစ်မှာပါ.. သားလေး ၀မ်းလျှောတယ်ဆိုတော့ စိတ်မကောင်းဘူး.. အမလည်း သမီးလေး ၄ လမှာရန်ကုန်ပြန်တော့ တော်တော်လေးကို ဂရုစိုက်ရတယ်... ရာသီဥတု မတူတာရော ပတ်ဝန်းကျင်အနေအထားမတူတာရော မို့ ကလေး ဖျားနာမှာ တအားစိတ်ပူတာ.. တခုခုဖြစ်ရင် ကလေးက မပြောတတ်ဘူးလေ.. အဲဒါကြောင့် မိသားစုဝင်တွေကလွဲပြီး တစိမ်းဆို သိပ်ပေးမချီဖြစ်ဘူး....ရန်ကုန်မှာက များသောအားဖြင့် ကလေးကို ချီပြီဆိုရင် တအားပွေ့ဖက် နမ်းရှုံ့ကြတာများတယ်လေ.. ကလေးကလည်း တအားငယ်သေးတဲ့အပြင် အမတို့ ပြန်တုန်းကဆို ကလေးကို ဘာကာကွယ်ဆေးမှ ထိုးချိန် မရတာလို့ ဆေးဘာမှ မထိုးသွားရဘူး.. ဒီရောက်တော့ သမီးလေးမှာ မိတ်ဖု အကြီးကြီးတွေ ထွက်တာလေ.. တော်တော်နဲ့ မပျောက်ဘူး.

    ReplyDelete
  5. ကျနော် ချန်းချန်းကို မြန်မာစခေါ်သွားတော့
    ၆လသမီးပဲရှိသေးတယ်..။
    နို့မှုန့်အပိုဝယ်မသွား..။
    အိမ်မှာပဲ ရှိတာ ကျွေး..။
    ဝမ်းလျော ဘာညာတော့ မဖြစ်ခဲ့ပါဘူး.။
    အခုလည်း နှစ်တိုင်းလိုလို ပြန်ဖြစ်ပေမယ့် ဝမ်းလျှောတာ မဖြစ်ဖူးသေးဘူး။
    သူများကလေးတွေ ဖြစ်တာတော့ ကြားဖူးပါတယ်။
    သားလေး အသားညိုသွားတယ်နော်.။



    ပေါက်

    ReplyDelete
  6. သားသား သနားပါတယ်။ ဒီဖက်မှာ အနေကြာသူတွေ ပြန်ရင် အဲဒီလိုပဲ ဖြစ်တတ်ကြတာ ကြားဖူးပါတယ်။ ကလေးဆိုတော့ ပိုခံရရှာမှာပေါ့။

    ReplyDelete
  7. အမ..သားလေးပိန်သွားတယ်..သူကိုချစ်လို့ခဏခဏလာကြည့်ဖြစ်တယ်..

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။