Monday, August 30, 2010

Two by One

ပြန်ခါနီးအလုပ်ရှုပ်နေတာနဲ.ဘလော့ပေါ်မတတ်ဖြစ်လို.အားလုံးကိုအကြောင်းမကြားဖြစ်ဘူး။FEB၅ရက်နေ.ကပြန်

သွားပြီးစလုံးကိုJULY၃၁ရက်နေ့ကပြန်ရောက်ပါတယ်။အခုကလေး၂ယောက်ကိုယ်၁ယောက်ဇတ်လမ်းကိုရိုက်

နေ ပါတယ်။တော်တော်လဲနောင်တရနေပါတယ်။အင်းလေဘယ်သူမပြုမိမိမှုပဲလေ။

သမီးလေးကအေးပါတယ်။ဗိုက်ဆာ လို့ အော်ရင် နို့ဘူးလေးဖျော်ပြီး ခေါ်င်းအုံးခံ ပေးထားလိုက်။အိပ်ချင်ရင်ချီပြီး

လမ်းခဏလျှောက်လိုက်။နိုးနေရင်အောက်မှာချထားလိုက်ရင်ဆော့နေရော။အဲဆိုးတာကတော့edwinပဲ။

အပြင်အရမ်းထွက်ချင်တယ်။သမီးလေးအိပ်နေလို့မထွက်ပါဘူးဆိုရင်လည်းမရဘူးဂျီကျတယ်။ငယ်သေးတော့သိပ်

မသိဘူး။အမေကိုအပိုင်လိုချင်တယ်။သူ့ကိုပဲချစ်စေချင်တယ်။သမီးလေးကိုဆာကူရာမှာမွေးတော့သားလေးက
ို
အဖေဘက်ကအဘွားအိမ်မှာ၁၀ရက်လောက်ထားခဲ့တာ။သူ၁နှစ်၅လလောက်ကစပြီး အမေလုပ်သူကို

ဗိုက်ပူကြီးနဲ့ တွေ့နေတော့ သမီးလေးမွေးပြီးပြန်လာတော့ ဗိုက်ပြုတ်သွားတော့ အမေလုပ်သူကို မမှတ်မိပဲ

စိမ်းနေလို့ မနည်းပြန်လုပ်ရသေးတယ်။သမီးလေးကို မေလ၁၃ရက်နေ့မှာမွေးပါတယ်။အခုဆို ၃ လကျော်ပါပြီ

လေးလထဲမှာပေါ့။သမီးလေးမွေးတုံးကအကြောင်းတွေရေးအုံးမယ်။ဒီအောက်ကပုံလေးတွေက

သုံးလပြည့်ခါနီးတုန်းက ပုံလေးတွေ။ဘယ်သူနဲ့တူလဲ?

(ကလေး၂ယောက်ယူဖို့ အစီစဉ်ရှိသူများပထမကလေးလက်မလွတ်ခင်(၃၊၄နှစ်မရောက်ခင်)နောက်ကလေး

မယူပါနဲ့ အရမ်းပင်ပန်းတယ်။)




19 comments:

  1. Hi Ma, I am also going back to yangon for giving birth to my first child. My sister has booked a room for me at Sakura too. Could u pls share me your experiences and how much it cost ?

    ReplyDelete
  2. ဟေး..ပြန်လာပြီ။ သမီးလေးကလည်း ချစ်စရာလေးပဲ။ သားကြီးနဲ့တူတယ်။
    mm

    ReplyDelete
  3. Hi Glad to read ur post. She is so cute. Yes I understand how u tired. Pls write more post to yr lovely one.

    ReplyDelete
  4. မျှော်နေတာ

    မီးမီးလေးက မွေးကတည်းက အချောလေး။ မျက်လုံးလှလှလေးနဲ့။
    edwin လေးလည်း သနားပါတယ်။ သူ့ကို နားလည်တယ်။ ငယ်ငယ်တုန်းက အဲလို ဖြစ်ဖူးလို့။

    ReplyDelete
  5. ပြန်လာပြီလား။ သမီးတစ်ယောက် သားတစ်ယောက် အတော်ပဲပေါ့။ သမီးလေးက ချစ်စရာ။

    ReplyDelete
  6. ပျော်စရာကောင်းပါဘိ....

    ReplyDelete
  7. Cute me mee lay

    sis, pls share ur experience more!

    ReplyDelete
  8. She is as cute as her brother.

    ReplyDelete
  9. မျက်နှာ အစာပလာ အတော်ကြီးတာပဲ.။
    ချောတယ်...။
    သနားပါတယ်..ကလေး၂ယောက်နဲ့ဆိုတော့..။
    အပြင်ထွက်ရင် ပြဿနာတက်အုန်းမယ်..။
    တွန်းလှည်း၂စီးနဲ့..။
    ၂ယောက်တွဲ တွန်းလှည်း ဘယ်လိုမှ တွန်းမကောင်း။


    ပေါက်

    ReplyDelete
  10. သား ၁ယောက်၊ သမီး ၁ယောက်။ ကံထူးသူပဲ။ အိမ်ထောင်ရှင်တိုင်း တောင့်တကြတဲ့ ဘ၀လေးကို ပိုင်ဆိုင်ထားတဲ့အတွက် ဂုဏ်ယူပါတယ်

    ReplyDelete
  11. ဒီလိုပါပဲ။ နောက်တော့ အဆင်ပြေ သွားမှာပါ။ ကျွန်တော့် အကိုလည်း သားတစ်ယောက် သမီးတစ်ယောက် တစ်နှစ်ပဲ ကွာတယ်။ အစပိုင်းတော့ သူတို့ အမေ အတော် ပင်ပန်းတယ်။ အခု ကလေးတွေ ကြီးလာတော့ ၂ ယောက်စလုံး ပြိုင်တူ လက်လွှတ်လို့ ရပြီ။

    By the way, Welcome back. :)

    ReplyDelete
  12. သက်တန့်Aug 30, 2010 06:35 AM

    ဟုတ်တယ်။ အခုပင်ပန်းပေမဲ့ ကြီးလာတဲ့အခါ သူတို့အချင်းချင်းလည်း အဖော်ရတာပေါ့။ အသက်အရမ်းကွာတဲ့အခါ ပိုပြီး Jealous ဖြစ်တဲ့အပြင် အမေက အငယ်ကိုပဲ ဂရုစိုက်မိနေရင် အဲဒီဒဏ်ရာက ဘယ်တော့မှ မပျောက်တော့ဘူး။ အခုအရွယ်က သိပ်မမှတ်မိတော့ အတော်ပါပဲ...

    ReplyDelete
  13. Baby girl looks like you, sis :)
    very busy and tired?
    take care of your health , too

    ReplyDelete
  14. ပြန်လာပြီလား ညီမ.. သမီးလေးက ချစ်စရာလေးပဲ.. အခုတစ်ယောက်က သမီးလေးဆိုတော့ ကျော့ဆန္ဒတွေပြည့်သွားပြီနော်.. ကောင်းလိုက်တာ.. ခဏတော့ ကသီမှာပဲ.. သားလေးကိုလည်း သတိရနေတာ..

    ReplyDelete
  15. နောက်ကလေး ယူမယ်ဆိုရင် ပထမကလေး ၂နှစ်ပြည့်မှ ကိုယ်ဝန်ထပ်ဆောင်သင့်တယ်လို့ ကျန်းမာရေးဌာနတွေက တိုက်တွန်းထားတယ်လေ။ ဒါမှ ပထမကလေးကရင့်ကျက်မှု နားလည်မှု အပြည့်ပေးနိုင်မယ်လို့ ဆိုထားတာကိုး။ ဒါပေမယ့်လဲ ခု မွေးပြီးသွားပြီ ဆိုတော့လဲ အကြီး ကလေးကို ပိုဂရုစိုက်ပေးရလိမ့်မယ်။ သူ့ကိုလဲ အချစ်မလျော့ဘူးဆိုတာ သိအောင် ကြိုးစားပေးရလိမ့်မယ်။ အကြီးတွေရဲ့ စိတ်ထဲမှာ အနာမရှိအောင်၊ အငယ်လေးကို သူချစ်ခင်လာအောင် လုပ်ပေးရမှာကတော့ မိဘတာဝန်ပါပဲ။
    အားလုံးအဆင်ပြေပါစေ။
    ချစ်ခင်စွာဖြင့် အမခင်မင်းဇော်

    ReplyDelete
  16. အေးမဲ့ပုံဘဲ

    ReplyDelete
  17. မရေ သမီးလေးကလည်းချစ်စရာ။ သားလေးကလည်းချစ်စရာ ပျော်စရာမိသားစုလေးအတွက် ကြည်နူးရပါတယ် :)

    ReplyDelete
  18. သမီးလေးက အချောစားလေးပဲ.. နာမည်ဘယ်လိုပေးထားလဲ.. ကျွန်မလဲ သမီးလေးတယောက်လောက် ထပ်လိုချင်သား.. သားသားကလဲ အဖော်မရှိလို့ ပျင်းနေတာ.. :)

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။