Saturday, August 29, 2009

အိမ်ထောင်စုစာရင်းသွင်းရာဝယ်

အခုတလော FW မေးတွေထဲမှာ ပေါ်ပြူလာဖြစ်နေတဲ့ ဒီအောက်က သုံးသပ်ချက် စာ၂ စောင်ကိုဖတ်ရတယ်။

စလုံးမပြောင်းခင် ဒီစာကိုဖတ်ပါ။
http://www.scribd.com/doc/18681880/Myanmar-Singaporean11


ဒီအောက်ကမေးကတော့ အပေါ်က စာကို ပြန်သုံးသပ်ထားတာ။

စင်္ကာပူရောက် မြန်မာနိုင်ငံသားများအတွက်စင်္ကာပူနိုင်ငံသားခံယူခြင်းနှင့် ပတ်သက်သော သုံးသပ်ချက်

http://www.scribd.com/doc/19019567/BursmeseSG


ဒီစာ၂စောင်ကိုမဖတ်ဖြစ်ခင်ကတည်းက သားလေးကိုမမွေးခင်ထိတော့ ဒီမှာ၅နှစ်(သို့) ၁၀ နှစ် နေပြီး

အချိန်တန်ရင်ပြန်ဖို့် ပါ။ဒီမှာနေရတာ သူမျာအိမ်မှာဧည့်သည်လာလုပ်နေသလိုခံစားရတယ်။သားလေးမွေးပြီး

တော့လည်း သားလေး ကို PR အနေနဲ့ပဲ ထားသွားဖို့ ရည်ရွယ်ထားတယ်။သူ့ဘာသာ ကိုယ်ပိုင်ဆုံးဖြတ်

ချက်ချနိုင်တဲ့ အချိန်ကျရင် စလုံးနိုင်ငံသားပဲ ခံမလား၊ဒါမှမဟုတ် PR ကိုအပြီးတိုင်စွန့်လွှတ်ပြီး အနောက်

နိုင်ငံကို ဆက်သွားမလား ဒါမှမဟုတ် ကိုယ့်နိုင်ငံ ကိုယ်ပြန်နေမလား။လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးဖို့

ဆုံးဖြတ်ထားပါတယ်။

ဒါ့အပြင် ကိုယ်တို့ ၂ယောက်ထဲက ၁ယောက်ယောက်ပဲဖြစ်စေ၊အလုပ်အကိုင်(သို့) ကျန်းမာရေး ချွတ်ချော်ခဲ့

ရင် နောက်ခြေတစ်လှမ်းဆုတ် ဖို့ရာအတွက် မြန်မာမှတ်ပုံတင် လုပ်ပေးဖို့လည်း စဉ်းစားထားတယ်။ဒီတစ်

ပါတ်မြန်မာပြည်ပြန်တာ သားလေးကို အိမ်ထောင်စုစာရင်းထည့်ဖို့ ကအဓိကပါ။သူနဲ့ကိုယ်နဲ့ အိမ်ထောင်စု

စာရင်းသပ်သပ်စီ။မခွဲရသေးဘူး။အိမ်ထောင်စုစာရင်းမခွဲ ရသေးရင် ကလေးကို အမေ ရှိတဲ့အိမ်ထောင်စု

စာရင်းထဲပဲ ထည့်လို့ရတယ်။ဒီတော့ ကိုယ်အိမ်ထောင်စုစာရင်းထဲထည့်ဖို့လုပ်ရတာပေါ့။ဒီကမပြန်ခင်

သံရုံးမှာအခွန်သွားဆောင်ရင်းနဲ့ ဒီမှာမွေးတဲ့ ကလေးကို အိမ်ထောင်စုစာရင်းသွင်းရင် ဘာလိုမလဲလို့

တစ်ခါတည်းမေးသွားတယ်။သံရုံးက birth certificate ရယ်၊သံရုံးကထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်း

ထောက်ခံစာ(၀ါ) ကလေးပတ်စပိုစ့် ပေးလိုက်ရင်ရပြီတဲ့။မွေးစားရင်းရှိရင် အိမ်ထောင်စုစာရင်းသွင်းလို့

ရပြီတဲ့။သားလေးနာမည်က မွေးစာရင်းမှာ အင်္ဂလိပ်နာမည်ပါ။passport နဲ့ PR မှာ အင်္ဂလိပ်နာမည်

(ခ)မြန်မာနာမည်ပါ။


မြို့ရောက်တော့ ရပ်ကွက်မှာထောက်ခံစာယူပြီး ကိုယ်နဲ့သိတဲ့ စာရေးမကို သွင်းခိုင်းလိုက်ပါတယ်။ဒါပေမယ့်

ကွယ် ဒန်တန် .....တန်.......လ၀က ဦးစီးမှုးက ကလေးက နိုင်ငံခြားမှာမွေးပြီး၊နာမည်ကလည်းအင်္ဂလိပ်နာမည်

ပါလို့ ဒီမြို့မှာ တစ်ခါမှမကြုံဖူး တဲ့ ကေ့စ်ဖြစ်လို့ လူကိုယ်တိုင်လာတွေ့ပါတဲ့။ဘိုးအေဖြစ်သူ(ကိုယ့်အဖေ)က

လည်း "ဧည့်" နော်တဲ့။ကိုယ့်အဖေက ၁၄/မမက(ဧည့်) ကိုင်တာပါ။မြန်မာ PR ပေါ့လေ။ကိုယ့်အမေက

'နိုင'် ပါ။ကိုယ်တို့မောင် နှစ်မ လေးယောက့် ၁၀နှစ် မှတ်ပုံတင် လုပ်တော့ အမေလုပ်သူက 'နိုင် ဆိုတော့

လေးယောက်စလုံး နိုင်ငံသားကတ် ရပါတယ်။

၁၈နှစ်ပြည့် ကတ်ကိုလဲတဲ့အချိန်ကျတော့ ကိုယ်နဲ့ ကိုယ့်အောက်က ညီမ ရယ်ပဲ နိုင် ဆက်ရပြီး။အငယ်၂

ယောက် ဥပဒေ အသစ်အရ ၈၁ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေ မှာ နိုင် နဲ့ ဧည့် နဲ့ ဆို ဧည့် ပဲ ရမယ်ဆို

ပြီး အငယ်၂ယောက် က မြန်မာ စီတီစင် မှသည် မြန်မာပီအာရ် အဆင့် ကို လျှောသွားပါတယ်။:(



ကိုယ်အလုပ်လုပ်တုန်း က ကိုယ့် မန်နေဂျာနဲ့ကိုယ့် မိသားစုအကြောင်း ပြောမိတော့။ကိုယ့်အဖေက

မြန်မာပီအာလို့ ပြောမိတော့ ဒါဆို ဘယ်ပတ်စပိုစ့်ကိုင်လဲ လို့ပြန်မေးတော့ ဘာပြန်ဖြေရမှန်းတောင်မသိဘူး။

ကဲကဲ ဒါနဲ့ပဲ လ၀က ရုံးကိုသွားပြီးဦစီးမှုး နဲ့ တွေ့တဲ့အခါ ကလေးက နိုင်ငံခြားမှာမွေးတာရယ်၊အင်္ဂလိပ်နာမည်

ရယ်ပါတာကြောင့် ခရိုင်လ၀က ကို အသိပေးလိုကြောင်း၊ခရိုင်ကခွင့်ပြု ရင် အိမ်ထောင်စုစာရင်းထဲထည့်ပေး

မယ်ဖြစ်ကြောင်း ၄၊၅ ရက်လောက်ကြာမည်ဖြစ်ကြောင်း ပြောပါတယ်။ဒါနဲ့ ကိုယ်လည်း အိမ်ထောင်စုစာရင်း

ကိုထားခဲ့ပြီး သွားသွားမေးထားဖို့ အိမ်ကိုပြောခဲ့တယ်။ခုထိတော့ ၃ ပတ်ရှိပြီ မရသေးဘူး။


စကားမစပ်မြန်မာလေဆိပ်ကသားသားပုံတွေ






















15 comments:

  1. သူလေယာဉ်ပျံကြီးတွေကို သွားကြည့်နေတယ်ထင်တယ်....။

    ReplyDelete
  2. အော် စာရင်းဇယားများ ရှုပ်သားနော်။

    ကလေးလေးကိုပဲ ကြည့်ရတာ စိတ်ချမ်းသာတယ်။
    သူ့ကြည့်ရတာ အကုန် သူသိနေသလိုပဲ။ ရုပ်က... :)

    ဟင်း လူဇိုးးးး

    ReplyDelete
  3. အဲ သူရို့ကလည်း ခုတစ်မျိုး တော်ကြာတစ်မျိုး။

    ReplyDelete
  4. u need to pour water:)

    kla

    ReplyDelete
  5. ဟုတ်ပဗျာ ရေမလောင်းခဲ့ဖူးလား။ ဘာပဲဖြစ်ဖြစ် ကလေးကို အိမ်ထောင်စုဇယားထဲထည့်ဖို့အထိ စဉ်းစားပြီး ဖြစ်အောင်လုပ်ခဲ့လို့ တော်တော်ကြီးကို ချစ်စရာကောင်းတဲ့ မိဘများဖြစ်ကြောင်း နှစ်ထောင်းအားရစွာ ပြောကြားလိုက်ရပါတယ်။

    ReplyDelete
  6. လဝက နဲ့အလုပ်လုပ်ရတာတော်တော်ဇာတ်ရှုတ်တယ်နော်။ သားက တော်တော်ချစ်ဖို့ကောင်းတယ်နော်။ လေယာဉ်ပျံတွေသွားငေးနေတာနဲ့တူတယ်

    ReplyDelete
  7. မြန်မာပြည်မှ ပြန်မွေးလိုက်ရင် အဆင်ပြေမှာ။

    ReplyDelete
  8. သားကြီးလာရင် လေယာဉ်ပျံကြီးမောင်းမှာ ဟီးဟီးတဲ့ သူက။

    ReplyDelete
  9. ကလေးက အတော်လေး ကြီးလာပြီနော်။ ချစ်စရာကောင်းလိုက်တာ။ သူရီပုံကလဲ အပြစ်ကင်းလိုက်တာ။

    ReplyDelete
  10. မJune one ရေ

    ကျွန်တော်တို့တော့ ကလေးကို မြန်မာပြည်မွေးလိုက်တာဆိုတော့ အိမ်ထောင်စုစာရင်းတော့ အဆင်ပြေသွားတယ်

    မဂျွန်ဝမ်းတို့မိသားစုနဲ့အတူ မော်ကျွန်းကို လိုက်ပြန်သွားပါတယ်ခင်ဗျာ

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  11. မြန်မာပြည်မှာကတော့ ဘယ် အ၇ာမဆို လွယ်နေတာကို ခက်အောင်ပြန်လုပ်တယ်. ၇စ်တယ်. ဒီစနစ်မပျောက်သေး၇င် မတိုးတက်နိုင်ဘူး...

    ReplyDelete
  12. ချီကြည့်ချင်တယ်။ တောက်တောက်နဲ့လျှောက်သွားတတ်နေတဲ့အရွယ်က ချစ်စရာ

    ReplyDelete
  13. တခါတလေ ရေလောင်းလဲ ရစ်ချင် ရစ်နေတတ်ပြန်ရော၊း)

    ReplyDelete
  14. အဆင်ပြေပါစေ.။

    ReplyDelete
  15. ချစ်စရာကောင်းလိုက်တာ.

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။