Tuesday, August 25, 2009

အိမ်အပြန်ခရီး ၂

ဒီကမပြန်ခင်ကတည်းက သင်္ဘောပေါ်မှာထောင်ဖို့ ခြင်ထောင်မှာထားရတယ်။သဘောင်္ထဲမှာခြင်တွေ

အရမ်းကိုက်တယ်။လူကြီးတွေအတွက်ကအကြောင်းမဟုတ်ပေမယ့် ခလေးအတွက်ကအရေးကြီးလို့။

သားလေးကခြင်ထောင်နဲ့ မအိပ်ဖူးတော့ သူ့မှာ ခြင်ထောင်ထဲမှာနေရတာ ထူးဆန်းနေပုံရတယ်။

မအိပ်ခင် ၀င်လိုက်၊ထွက်လိုက်လုပ်ပြီးဆော့နေတယ်။သဘောင်္မထွက်ခင် ကလေးပါတော့ ဈေးသည်

တွေဟာ အခန်းနားကမခွာဘူး။တော်ကြာ ဟိုဟာယူပါအုံး၊ဒီဟာဝယ်ပါအုံးနဲ့ မ၀ယ်တော့ဘူးဆိုလည်းမခွာဘူး။

ငုံးဥပြုတ်ရောင်းတဲ့သူဆို အခန်းဝမှာမှီပြီး မ၀ယ်မချင်းပြန်မယ့်ပုံ မပေါ်လို့ ၃ထုပ် ၅၀၀နဲ့ ၀ယ်လိုက်ရတယ်။

တော်သေးတယ် သားလေးက ပူဆာတတ်တဲ့အရွယ်မဟုတ်သေးလို့။





ဒါကမထွက်ခင်ဘောတံတားကိုရိုက်ထားတာ။














တစ်ညလုံးမိုးတွေ သဲသဲထဲမှာ သဘောင်္စီးပြီးနောက်နေ့ မနက်၇နာရီလောက် ဒီမြို့လေးကိုရောက်ခဲ့တယ်။




ဒါမြို့အ၀င်လမ်းမကြီး။












သူ့ပါးပါး လာကြိုတယ်။အိမ်ကို ဆိုက္ကားနဲ့ သွားတယ်။မြို့မှာ ဆိုက္ကားက မရှိမဖြစ် ဆက်သွယ်ရေးယာဉ်ပဲ။

ဟိုနား၊ဒီနား ၃၀၀ ကျပ်။အရင်တုန်းက ဒိန်းဒေါင်း ၂စီး၊၃စီးလောက်ပဲ ၇ှိပေမယ့် အခုအရေအတွက်များ

လာတယ်။သူလဲ အခု သေရင်မရှိမဖြစ် ဖြစ်နေလို့။အရင်တုန်းက ရပ်ကွက်၁ခုရဲ့ အစွန်မှတည်ထားတဲ့

သုသာန်ကို မြို့ရဲ့ ဟိုးအပြင်ဖက်ကိုရွှေ့လိုက်တယ်။ဒါ့ကြောင့်သေရင် သေတဲ့လူကလည်း ကျော်သူရဲ့

နာရေးကူညီမှု့အသင်းက ယာဉ်နဲ့၊လိုက်ပို့တဲ့သူတွေကလည်း ဒိန်းဒေါင်း ငှားပြီးလိုက်ပို့ရတယ်။

အိမ်ကိုရောက်တယ်ဆိုရင်ပဲ သားလေးကဂျီကျပါတော့တယ်။ကိုယ်ပေါ်ကကိုချလို့မရတော့ဘူး။

လူစိမ်းတွေများနေလို့။



ဒီအိမ်မှာတည်းတယ်။












ဘာပစ္စည်းတွေရောင်းတာလဲမှန်အောင်မှန်း။

(နိုင်ငံခြားမှာရောင်းရင် စီးပွားမဖြစ်နိုင်ပေမယ့် မြန်မာပြည်မှာစီးပွားဖြစ်စေတဲ့ပစ္စည်း)

20 comments:

  1. ဖယောင်းတိုင်
    အချိုမှုန့်
    hehe right? :D

    ReplyDelete
  2. အမွေးတိုင်နဲ့ ဖယောင်းတိုင်။
    ကလေးနဲ့ အိမ်ပြန်ရတာ ပျော်စရာကြီးနေမှာ။

    သားသားပုံလေး ထည့်ပါဦး။

    ReplyDelete
  3. ဖယောင်းတိုင်။

    ဒိန်းဒေါင်းဆိုတာ ဘာကို ခေါ်တာလဲဟင်။ တကယ်မသိလို့ပါ။ အသုဘယာဉ်ကို ပြောတာလား။

    ReplyDelete
  4. ဒိန်းဒေါင်းဆိုတာ ဘာလဲ..

    ReplyDelete
  5. ဒိန်ဒေါင်းဆိုတာထွေလာဂျီးပေါ့ဗျာ

    ReplyDelete
  6. ဒိန်းဒေါင်းဆိုတာ တုတ်တုတ်လား...
    ရှေ့ကဆိုင်ကယ်နဲ့မောင်းပြီးနောက်က ထော်လာဂျီတွဲထားတာလေ...။

    ReplyDelete
  7. ဖယောင်းတိုင်တွေ မြင်ရတယ်..ဟိ

    ReplyDelete
  8. ko paw:ဒိန်းဒေါင်းဆိုတာ ထော်လာ၈ျီကိုခေါ်တာပါ။ဆောရီး သတိမေ့ပြီး
    အရပ်အခေါ်နဲ့ရေးလိုက်မိတယ်။

    ReplyDelete
  9. ဖယောင်းတိုင်တွေ သိတယ် :)

    ReplyDelete
  10. ကျော့ရေ ပြန်လာပြီး ဘာတွေ စားလာလဲ ရေးဦးနော်။ ဘယ်မြို့လည်းလို့ လည်း ပြောပြဦး။ နောက်တခေါက်ပြန်ရင် လည်ရအောင်။

    ReplyDelete
  11. your son is so cute. i have two sons.

    ReplyDelete
  12. ဘာပစ္စည်းလဲသိအောင် ပုံကြီးချဲ့ကြည့်လိုက်တယ်။
    ဖယောင်းတိုင်တွေပါရှင်။ မှန်တယ်နော်။ သူများတွေရဲ့ အဖြေလဲ မြင်ထားပြီးပြီကိုး။ :D
    ဒိန်းဒေါင်းတော့ သိဘူးကွယ်။ အဖြေပြောအုံး။

    ReplyDelete
  13. အခုလို ဖြေကြားပေးတဲ့အတွက် ဦးတို့ မြန်မာ့အသံက ကျေးဇူးတင်ရှိပါတယ်။း-)
    အချို့သော ဒေသန္တရအခေါ်အဝေါ်တွေက တနေရာနဲ့ တနေရာမတူကြဘူး။ ရွှေဥဒေါင်းကြီးရဲ့ တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ စာအုပ်ထဲမှာ အမဲဝမ်းတွင်းသားချက်တာကို သူတို့အရပ်မှာ “ဘိုးသိုးဘတ်သတ်” ဟင်းလို့ ခေါ်သတဲ့။

    ReplyDelete
  14. အပေါ်က လူတွေ ဖြေသွားပြီ.. ဖယောင်းတိုင်တွေတဲ့.. :D
    သားသားက နေရာအသစ် ဆိုတော့ အမေကိုပဲကပ်နေမှာပေါ့..ကလေးအဖော်ရှိရင်တော့ ကစားဖော်အသစ်ရပြီး သူပျော်ခဲ့လား... :)

    ReplyDelete
  15. အဲ့ဒီလို မြို့လေးကို မြင်ရတော့ ကျွန်တော်နေခဲ့တဲ့မြို့လေးကို သတိရမိတယ်.. ဘယ်တော့များမှအိမ်ပြန်နိုင်မလဲမသိသေးတော့..ခက်တယ်၊

    ReplyDelete
  16. ပျော်စရာကောင်းထှာ။
    ကျွန်တော်လဲ ငယ်ငယ်က ဖယောင်းတိုင် ကိုယ်တိုင်လုပ်ဖူးတယ်ဗျ။
    အိမ်အပြန်ခရီးကို သူများတွေလို အပိုင်း ၃၀မျိုး ၄၀မျိုး ရေးပါ။

    ReplyDelete
  17. တို့သိတယ် အဲဒါမော်ကျွန်းဆိုတဲ့ မြို့ကလေး ဧရာဝတီတိုင်းထဲက ... ကျော့ရေ...
    ဟုတ်တယ်နော်...
    အမခင်မင်းဇော်

    ReplyDelete
  18. အင်း။ ဖယောင်းတိုင်လို့ပဲ ထင်ပါတယ်။ ဒိန်းဒေါင်းဆိုတာ ဆိုက်ကားလားလို့ တွေးသွားတာ။ ကွန်မင့် ဖတ်မှ ထော်လာဂျီမှန်း သိတော့တယ်။

    ReplyDelete
  19. အာလုံးဖတ်သွားတယ် ဂျွန်ဝမ်းစာတွေ ဖတ်ရတာပျော်တယ်။ စိတ်ချမ်းသာတယ်။

    ReplyDelete
  20. အဲဒီထော်လာဂျီရဲ့ စက်သံက တစ်ဒိန်းဒိန်းတစ်ဒေါင်းဒေါင်းနဲ့ မို့လို့ ဒိန်းဒေါင်းလို့ခေါ်တာ။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။