Friday, May 29, 2009

P for Presentation & Pressure

ခုတလော အလုပ်ပြန်လုပ်ဖို့ ရည်ရွယ်လို့ အလုပ်တွေလိုက်လျှောက်မိတယ်။လျှောက်တယ်ဆိုပေမယ့် ၁ပတ်ကို

၁ခု၊၂ခုလောက်ပဲလျှောက်ဖြစ်တယ်။ကံကောင်းတာလား၊ကံဆိုးတာလားမသိ။ဒီတစ်ပါတ် အင်တာဗျူး

၂ခုရတယ်။ကြာသပတေး နဲ့ သောကြာ။မနေ့ ကအင်တာဗျူးက ကုမ္မဏီကြီးတယ်။အင်တာဗျူးရကတည်းက

ကြောက်နေတာ။ကိုယ့် နဂိုအလုပ်က အပျော့ထည်။job requirement ကအမာထည်။သိပ်မကွာဘူး။


သွားပါတယ်မနေ့က interviewer ၃ ယောက်ဗျူးတယ်။အရင်အလုပ်အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်မေးပြီး

သကာလ masterတက်တုန်းက dissertation အကြောင်းကို ၀ှိုက်ဘုတ်မှာ ဆော့ပင်နဲ့ the whole thesis ကို

presentation လုပ်ခိုင်းပါလေရော။ကဲ လာလေရော့ပေါ့။တတ်နိုင်ဘူး။တစ်သက်နဲ့ တစ်ကိုယ် presentation

မလုပ်ဖူးဘူး။ကိုယ့်စိတ်ထဲမှာ သူတို့ကို ကိုယ်စာသင်တဲ့ ၁၀တန်းကျောင်းသားတွေ လိုသဘောထားလိုက်တယ်။

ပြန်ပြီး မေးလိုက်တာလဲစုံလို့။ကိုယ် dissertation လုပ်တုန်းက ကိုယ့် supervisor ဆရာတောင် သူတို့လောက်

မမေးဘူး။ကံကောင်းချင်တော့ ဒီနေ့ သွားရမယ့် အင်တာဗျူးက ကိုယ့် dissertation နဲ့ ဆိုင်လို့ ကြိုကြည့်ထား

လို့ အရှက်မကွဲတာ တော်ရော့မယ်။


ကဲ ဒီနေ့ နောက်တစ်ခုရှိသေးတယ်။ကိုယ့် dissertation နဲ့ ဆိုင်လို့ thesis ကို ကြည့်။master မှာသင်ရတဲ့

ဘာသာတွေ ကိုအကြမ်းဖျင်းပြန်ကြည့်နဲ့ ခုထိမအိပ်ရသေးဘူး။ pressure တွေ။ဘယ်လိုလာအုံးမယ်မသိ။

ညနေ ၄နာရီ။ပိုက်ဆံရှာရတာ မလွယ်ပါလားကွယ်ရို့။

(အင်တာဗျူးနဲ့ ဘီးဇီးဖြစ်နေလို့ နောက်မှ ဘလော့တွေ လာလည်မယ်နော်)

Wednesday, May 20, 2009

ဘလော်ဂါ & ဘလော်ဂါ့လူ

ပြီးခဲ့တဲ့ pulau Ubin ပိုစ့်မှာ ဘလော်ဂါ ကိုမှန်းကြရာမှာ အားလုံးမှန်ပါတယ်။ဒါပေမယ့် ဒီပုံက လွန်ခဲ့တဲ့

၂နှစ်ကျော်ကရိုက်ထားတာမလို့ အခုချိန်ဘလော်ဂါရဲ့ ရုပ်အစစ်အမှန်ကိုကြည့်မယ်ဆိုရင် အရင်ထက်၂ဆ

လောက်ပိုပြီး ရင့်ရော် လာတဲ့ပုံကို မြင်ယောင်ကြည့်ပါ။ဟိုတစ်လောက ပတ်စပို့စ် ဓာတ်ပုံရိုက်ပြီး ပုံထွက်လာ

တော့"ဟယ်ငါတော်တော် အရုပ်ဆိုးလာပါလား၊ရင့်သွားလိုက်တာ" လို့ အလန့်တကြားအော်မိတော့

ဘေးမှာရှိနေတဲ့အိမ်ကကိုယ်တော်က"သိရင်ပြီးတာပ"ဲ တဲ့လေ။
Question Mark



မမ ခင်ဦးမေ က "ပုတဲ့သူများနုတယ်ဆိုတာ တစ်ကယ်ဘ"ဲ တဲ့ ။ပုတဲ့ အကြောင်းပြောရမည်ဆိုရင် ကျောင်းတက်

တုန်းက အဆောင်နေစုစု ပေါင်းသူငယ်ချင်း ဆယ့်တစ်ယောက်တွင် အပုဆုံးလူရွေးရာ တတိယ ချိတ်လေသည်။

အမှန် ကိုယ် နံပါတ်လေး ချိတ်ရမှာ။ကိုယ်က လမ်းလျှောက်ရင် လက်ပြင် ကုန်းတယ်။အဲဒါ ကို ကိုယ်နဲ့ တတိယ

နေရာလုမယ့် တစ်ခန်းထဲနေ သူငယ်ချင်းက အရပ်တိုင်းရင် လမ်းလျှောက်တဲ့အတိုင်းပဲ တိုင်းရမယ်။ခါးဆန့်ပြီး

မတိုင်းရဘူး ဆိုတာနဲ့ ကိုယ့်မှာ တတိယ နေရာနဲ့ ကျေနပ်ခဲ့ရတယ်။ဒီမှာကျောင်းတက် တော့ ဘယ်ရမလဲ

ကိုယ့်ထက် ပုသူနဲ့ပဲ ရွေးတွဲလိုက်တယ်။အိမ်ကလူနဲ့ ကိုယ် နဲ့ ဆို သူငယ်ချင်းတွေ က To တဲ့။သူက T က ကိုယ်

က o ပေါ့။ကိုယ်က ၀လည်း နဲနဲ ၀ တယ်။သားလေး ဗိုက်ထဲမှာရှိတုန်းက သူ့အဖေက မွေးလာရင် တို့လို ပုမှာ

စိုးလို့ စိုးရိမ်နေတာ။မွေပြီးလို့ ခြေတံ၊လက်တံ ရှည်။အရပ်ရှည် တဲ့ သားသားကိုတွေ့မှ ဟင်း ခနဲ့ သက်ပြင်းချနိုင်

တယ်။ဟိုတစ်နှစ်က Chinese new year တုန်းက china town မှာ ခြင်္သေ့ ကတာသွားကြည့်တာ ကိုယ်က ပု

တော့ ခြင်္သေ့ ကတာ ခြင်္သေ့ခေါင်းတောင်မမြင်ရပဲ ကိုယ့်အရှေ့က လူခေါင်းမည်းမည်းတွေပဲမြင်ခဲ့ရတယ်။

အဲဒီ ကတည်းက လူတိုးပြီးကြည့်ရတဲ့ ပွဲမျိုး ဘယ်တော့မှ မကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။


မဇနိက "အချောစားလေးမို့ စောစောစွံတာ သိသာပါတယ်လေ" တဲ့။မဟုတ်ရပါ။ဂျီးများပြီး အိုက်တင်ခံနေရင်

မစွံတော့မှာစိုးလို့ ကိုယ့်ကိုကြိုက်တဲ့သူလေးရှိတုန်း စောစောစွံ လိုက်ရတာ။အိုက်တင်ခံပြီး ဂျီးများလို့ အခုထိ

အပျိုကြီးဖြစ်နေတဲ့ သူငယ်ချင်းတွေ(ချောမှချော) နမူနာရှိတယ်နော်။:)


မစင်းဒန်လာက အချောစားလေးတဲ့။ဟိ...အပြင်မှာမတွေ့ဖူးလို့။တွေ့ရင် ဒါဂျွန်ဝမ်း မှဟုတ်ပါ့မလားးးးးးးးးးးးးး

မ၀ါက 'အာလုံးထဲမှာ အချောဆုံးတစ်ယောက်ပဲ.. အကျီင်္လိမ္မော်ရောင်လေးနဲ့.'တဲ့။ပုံထဲမှာပါတဲ့ မိန်းကလေး

၂ယောက်က ယောင်းမ နဲ့ လင်ညီအမ တော်တယ်။လင်ညီအမ ကဒီမှာနေတယ်။သူ ကိုယ့်ရဲ့ ပိုစ့်ကို ဖတ်မိရင်

'ဟင်း ငါ့လောက်လဲမချောပဲ နဲ့ သူ့က ဘလော်ဂါဆိုတော့ သူ့ကိုချောတယ်ပြော တာပေါ့လို့ 'စိတ်ကောက်

မှာဆိုးလို့ မနေ့ကသူ့ ကိုအပြင်မှာ တွေ့တုန်းဖားထားရသေးတယ်။


အမသက်ဝေက 'အလယ်ကလူ... စကားဝဲ၏...' အမှန်က အလယ်ကလူ... စကားများ၏...ဖြစ်ရမှာပါ။အရမ်း

စကား များတယ်။စကားပြော မြန်တယ်။ပစိပစိ နဲ့ဟု အိမ်ကလူကသတ်မှတ် ၏။


ကိုဇနိPMMrDBA မှန်းသော ဘလော်ဂါ့ လူ မှန်၏။ ဘလော့ဂါရဲ့ လူအဖြစ်သရုပ်ဆောင် သူကတော့

မျက်မှန်ကလေးတတ်ထားသော ဝတ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ်ဖြစ်တယ်တဲ့။ထိုသူကြောင့်ပဲ ဗိုလ်ကေ နောက်

ဆံတို ပါ ဒီကိုရောက်လာပြီး juneone ဆိုသော ဘလော့ပိုင်ရှင်ဖြစ်လာတာပေါ့။


အမှတ်တရ ဟိုတုန်းက၂ ပို့စ်တွင် ၅စက္ကန့်၊၅ မီးနစ်၊၅ရက်ဆိုသူများ မှား၏။စကားပုံတောင်ရှိသေး မိန်းမတို့

အိနြေ္ဒယေ ရွှေပေးလို့မရတဲ့။တကယ်က စိန်မပေးသော ကြောင့်ဖြစ်မည်။ဒီက မိန်းကလေးဆိုတော့ မူဦးမှပေါ့။

ဟိုတစ်ယောက်ပြန်လာရင်တော့ ကိုယ့်အကြောင်းတွေ သူများကိုဖွရပါ့မလားဆိုပြီး ဒိုးဒိုးဒေါက်ဒေါက်နဲ့ခေါင်းကို

ခေါက်မလားမသိ။သူမရှိခင် သူ့ပုံလည်းဘလော့ပေါ်တင်လိုက်သေး။


၅ နှစ်စောင့်ဖို့ သဘောတူညီပြီးနောက် သူနှင့်ကိုယ် ခဏ ခဏ ကျောင်းမှာ တစ်မျိုး၊အပြင်မှာသူငယ်ချင်းတွေနှင့်

တစ်ဖုံ ဆုံဖြစ်တယ်။ဆုံတိုင်း လူလစ်ပြီဆိုတာနဲ့ ဈေးဆစ်ပြီ။၅ နှစ်က နဲနဲများတယ် လျော့ပါအုံးပေါ့။ကိုယ်လည်း

သူ ခဏ ခဏ ဈေးဆစ်တော့ နားပူသက်သာ၊ပြီးရော ဆိုပြီး ၃နှစ်ကိုလျော့ပေးလိုက်တယ်။ယောင်္ကျားတွေများ

အဲဒီတုန်းကဆို ကိုယ့်မှာ သူတတွတ်တွတ် ပြောတာကို နားပူခံပြီး နားထောင်လိုက်ရတာ။အခုတော့ ကိုယ်တစ်ခါ

တစ်လေ စကားများများ ပြောမိရင် အဘွားကြီးကျနေတာပဲ ပွစိစိ နဲ့တဲ့။အေးလေ အခုတော့ သူက အပြင်မှာဆို

အိမ်ကအဘွားကြီးလို့ပဲပြောမှာပေါ့နော်။


တစ်ရက်တော့သူငယ်ချင်းတွေ ကချောင်းသာသွား ကြမယ် ဆိုတော့ ကိုယ်လည်းတစ်ခါမှ မရောက်ဖူးတာနဲ့ပဲ

လိုက်ခဲ့တယ်။သူလဲပါတာပေါ့။အဲဒီနေ့ က ဧပြီ ၂၄ ရက်။၅နှစ်စောင့်ဖို့ပြောပြီး၃လနဲ့၁၀ရက်တိတိ မှာပေါ့။ပုသိမ်

ကနေ ချောင်းသာကို လိုင်းကားနဲ့သွားတယ်။ချောင်းသာရောက်လို့ ကားလဲရပ်ကော ဘွားခနဲ ပင်လယ်ပြင်

ကြီးကိုတွေ့လိုက်ရတာ တော်တော်ပျော်ဖို့ကောင်းတယ်။ကမ်းခြေနားက တည်းခိုခန်းမှာပဲ အခန်းငှားလိုက်

ကြတယ်။ပြီးတော့ အ၀တ်တွေဘာတွေ လဲပြီး ပင်လယ်ထဲစဆင်းတော့ သူက ကိုယ့်နား ကထပ်ကြပ်မကွာ

ကိုယ်ရေမကူးတတ်တော့ ရေကြောက်တယ်။ေ၇ထဲ ကိုတုန်တုန် နဲ့ ဆင်းသွားတာ တစ်နေရာလည်းရောက်

ရော အောက်က သဲပြင်က နိမ့်သွားတော့ ကိုယ့်မှာ ချောက်ထဲ(ကိုယ်တို့မြို့က ချောင်းတွေမှာချောက်ရှိတယ်)

ကျသွားပြီး ဆိုပြီးအော်လိုက်တာ သူကဘေးနားမှာရှိနေတော့ လှမ်းဆွဲပြီး တဲ့ သကာလ။ဆင်ဆာဖြတ်ပါ

တယ်။ရုပ်ရှင်ထဲ ကအတိုင်းဆက်တွေးကြပါ။ဘာပဲဖြစ် အဲဒီနေ့ဟာ ကိုယ်တို့ ၂ယောက်ရဲ့ ဗယ်လင်တိုင်း

နေ့လေးပေါ့။
Love Forever
အဖြေက ၃လနဲ့၁၀ ရက်ပါ။

လာရောက်လည်ပတ်သူအားလုံးကိုကျေးဇူးပါနော်။

Friday, May 15, 2009

Pulau Ubin

လွန်ခဲ့တဲ့ ၂နှစ်ကျော်တုန်းကသွားခဲ့တာပါ။၂၀၀၇ ဧပြီလကပေါ့။

ဒီပုံမှာ ကိုယ်ပါတယ်။















ဒီပုံက ကိုယ့်လက်ရာ။ဒီအထဲမှာသူပါတယ်။စက်ဘီးငှားပြီး ကျွန်းကိုပတ်စီးကြတယ်။















ကိုယ့်ထမင်းထုတ်နဲ့ကိုယ်လာတာ။ထမင်းစားနေတုန်း ရဲကဘာလုပ်နေတာလဲလို့လာကြည့်သေးတယ်။

ဒီအထဲမှာကိုယ်ပါတယ်။
















ဒါက အသွား မော်တော်ပေါ်မှာ။သူလည်းပါတယ်။ကိုယ်လည်းပါတယ်။
















အိမ်က ကင်မရာမင်း ဖွတ်ကိုတွေ့လို့ ရိုက်လိုက်တာ။ဖွတ်ကထွက်ပြေးသွားတာလား၊အရောင်တွေနဲ့ရောနေတာ

လားမသိ၊ရှာမတွေ့ဘူး ဓာတ်ပုံထဲမှာ။















ိထိုင်းဘုန်းကြီးကျောင်းလဲသွားခဲ့တယ်။ဓာတ်ပုံမရိုက်ခဲ့မိဘူး။ကဲ ဘယ်ဟာက ဘလော်ဂါ၊ ဘယ်ဟာက ဘလော်

ဂါ့လူလဲ သေချာကြည့်သွားနော်။

အမှတ်တရ ဟိုတုန်းက ၂












photo source



အခုတစ်လော ဘလော့ကလည်း ဟိုဟာဖြစ်လိုက်၊ဒီဟာဖြစ်လိုက်။recent comments ကလည်းerror တက်နေ

တာပြန်ပြင်လို့မရသေးဘူး။ဘလော့က လေးလိုက်တာလည်းလွန်ပါရော။ဟိုတစ်လောက စီဘောက်ပျောက်သွား

သေးတယ်။ချူချာလိုက်ပါဘိသနဲ့။သားလေးပါးပါး ခရီးသွားနေတုန်း ရေးပါမယ်ဆိုမှသားလေးကဖျားသေးတယ်။

အခုတစ်လော ချက်စားတာတွေ မတင်ဖြစ်ဘူး။ကင်မရာမရှိလို့။သူငယ်ချင်းတစ်ချို့က နင်ဘလော့လုပ်တာ ငါတို့

အချိန်တွေ တော်တော်ကုန်တယ်တဲ့။ဘလော့ လင့်လေးတွေကနေ ဟိုဘလော့သွားဖတ်။ဟိုဘလော့ကနေ

နောက်ဟိုဘလော့ နဲ့ အဆက်မဖြတ် နိုင်လို့လေ။


ကိုယ် ဘလော့ကိုလုပ်မိပြီဆို မှတော့နောက်ဆုတ်လို့မဖြစ်ချေဘူး။ဒါပေမယ့် ကိုယ့်ရဲ့ဘလော့က အများအကျိုးပြု

ဘလော့မဟုတ်တော့ လာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ်။ကိုယ့်ဘ၀ရဲ့ မှတ်တမ်း၊ကိုယ့်မိသားစုရဲ့မှတ်

တမ်းလေးတွေကို အမှတ်တရ သိမ်းထားချင်လို့ပါ။ကိုင်းဆက်ေ၇းလိုက်အုံးမယ် မှတ်တမ်းလေး။


တစ်ချို.ကောင်လေးတွေ ရည်းစားစကားပြောတာ၊ရည်းစားစာပေးတာကြုံဖူးပေမယ့် အိမ်ကလူ က ကိုယ့်ကို

ရည်းစား စာစပေးတုန်းက ဘယ်လိုပေးလည်းဆိုတာသိကြပါလား။

နင့်ကို စာတစ်စောင်လောက် ပေးချင်လို့ ဖတ်မလားတဲ့။

ကိုယ်အဲဒိ စကားကြားတော့ အူကြောင်ကျားဖြစ်သွားတယ်။ဘယ်လိုလူလဲ ပေးချင်ရင်ဖြင့်လည်း ဒီစာလေးတော့

ယူုသွားပါလား၊ဘာညာပေါ့။အခုတော့ ဒီက ဖတ်မယ်ပြောရမလား၊မဖတ်ဘူးပြောရမလား။ပြန်မေးလိုက်တယ်

ဘာစာလဲဆိုတော့ မဖြေဘူး။မဖတ်နိုင်ဘူးပြောလိုက် တယ်။

နောက်တစ်ခါ ကျတော့ ကိုယ့်ကိုမေးတယ်။

နင် အိမ်ထောင်ပြုမှာလားတဲ့။

အချိန်တန်ရင်ပြုမှာပေါ့ လို့ဖြေလိုက်
တယ်။

နင်အိမ်ထောင်ပြုရင် ငါ့ကိုယ်ပါထည့် စဉ်းစားပေးပါတဲ့။

အဲဒီတော့ ကိုယ်က ကျော်ဟိန်း စတိုင်နဲ့ ၅နှစ်၊
၅နှစ်စောင့် စဉ်းစားပေးမယ်လို့ ပြောလိုက်တယ်။

ကဲ မိတ်ဆွေတို့ ကိုယ်ဘယ်လောက်အကြာမှာ ကိုယ် သူ့ရဲ့ ကောင်မလေးဖြစ်သွားလဲ???????




Thursday, May 7, 2009

အမှတ်တရ ဟိုတုန်းက ၁















ကိုယ်ကတော့ ရေလမ်း၊ကုန်းလမ်း၊လေကြောင်းလမ်းနဲ့သွားရတဲ့ခရီးတွေထဲမှာရေလမ်းကိုအကြိုက်ဆုံးပဲ။

ကိုယ်တို့မြို့က နေ ဘယ်မြို့ကိုသွားသွားရေလမ်းခရီးတစ်ခုပဲရှိတယ်။ မြို့ကနေ ရန်ကုန်ကို ဆိုရင်သင်္ဘော

တစ်နေကုန် စီးရတယ်။ရန်ကုန်ကို သွားရင် လမ်းခရီးမှာ မအိပ်ဖြစ်သလောက်ပဲ။ဘာဖြစ်လို့လဲဆိုတော့

ရှုခင်းတွေကိုကြည့်လို့မ၀လို့လေ။စိမ်းစိုနေတဲ့ ဓနိပင်တွေ၊ လမုပင်တွေ နဲ့ သဘောင်္ခုတ်ရင် ပေါ်လာတဲ့

လှိုင်းကြပ်ခွပ်လေး တွေကို သဘောကျလို့။ကိုယ့်ရဲ့တိုးတတ်ရာ၊တိုးတတ်ကြောင်းတွေ ကို ကိုယ်ခဏ

ဘေးဖယ်ထားပြီး၊အမှန်တိုင်းပြောရရင် ကျေးလက်မှာပဲနေချင်ပါတယ်။


ရေလမ်းခရီးကြိုက်တယ်ဆိုလို့ရေကူးတတ်သလားဆိုတော့ရေးကူးသင်ဖူးပါတယ်။ငယ်ငယ်ကအဒေါ်တွေက

ကမ်းနားစပ်မှာနေတယ်။သူတို့ အိမ်ရှေ့မှာ သောင်ပြင်ရှိတယ်။သောင်ဆိုတော့ ရေတက်ရင် သိပ်ရေမနက်ဖူးပေါ့။

အစ်ကိုတစ်ဝမ်းကွဲ နဲ့ အဒေါ် က ဟိုဖက်တစ်ယောက်၊ ဒီဖက်တစ်ယောက် မဝေးတစ်ဝေးရပ်နေပြီးတော့ တို့ရဲ့

အဒေါ်က တို့ကို မှောက်လျက်အနေထား ကိုင်ထားပေးပြီး အစ်ကိုဆီ ကိုကူးသွားအောင်တွန်းလွှတ်ပေးလိုက်

တယ်။တို့ ကလုံးဝ ခြေတွေ၊လက်တွေ မခတ်ပဲ နေတော့ ရေနစ်တော့တာပေါ့။နောက်ပိုင်း တို့ကို လက်လျော့ပြီး

ဘယ်သူကမှ ရေကူးမသင်ပေးတော့ဘူး။ဟိုတစ်လောက အိုလံပစ်ရွှေတံဆိတ် ၈ခုရတဲ့ michael phelps

ရေးကူးတာတွေကို အားကျပြီး ရေးကူချင်စိတ်တွေပေါ်လာသေးတယ်။ရေကိုကြိုက်လွန်းလို့ ဒီဘလော့ရဲ့ ဘန်နာ

တောင် window vista ထဲက ရေနဲ့ အုန်းလက်လေးထိနေတာ လေးကိုတင်ထားတာ။



ရေလမ်းခရီးဆိုရင် သဘောင်္နဲ့မကလို့လှေနဲ့ပဲ သွားသွား တော်တော်ပျော်တယ်။၁၉၉၉ခုနှစ်လောက်တုန်းက

ပေါ့ ကိုယ်စက်မှုတက္ကသိုလ် ၀င်ခွင့်ရ လို့ မြို့လေးတစ်မြို့ က GTI မှာ စတက်ရတုန်းက အဲဒီမြို့ ကိုကိုယ်တို့မြို့ကနေ

ပဲ့ထောင်နဲ့သွားရတယ်။လိုင်းသဘောင်္ တွေရှိပေမယ့်လိုင်းသဘောင်္တွေ ကကြာလို့အဲဒီ့ကိုမြို့ကနေပြီးတော့

ကျောင်းသွားတက်မယ့်လူ ၇ယောက်၊၈ယောက်လောက်စု ငှားသွားတယ်။လမ်းမှာလမ်းသမိုင် ဆိုတဲ့ရွာကို

ဖြတ်သွားရတယ်။အဲဒီရွာရဲ့ လမ်သမိုင်ချောင်းလေး က ရေကျချိန်ဆိုရင်လှေတောင်လှော်လို့ မရဘူး။

လမ်းသမိုင်ချောင်းရဲ့ အ၀ကို လဲရောက်ရော ရေကျနေတာနဲ့ တိုးနေလို့ ပဲ့ထောင်မောင်းတဲ့ သူက နာရီဝက်

လောက်စောင့်ရမယ်၊ရေပြန်တက်တော့မယ်။ရေပြန်တက်တော့မှမောင်းလို့ရမယ် ပြောတော့ ကိုယ်တို့

မိန်းကလေး လေး၊ငါးယောက်က ထိုင်စောင့်နေရတာ ပျင်းတယ၊် ရွာထဲသွားမယ်၊ ရေတက်ရင်

ပဲ့ထောင်ထွက်လာခဲ့ ရွာလယ်ကစောင့်နေမယ်ဆိုပြီးသွားတယ်။



ယောင်္ကျားလေးတွေက ရေတက်ရင်ပဲ့ထောင်ကိုသောင်ပေါ်ကနေ ကူတွန်းပေးဖို့နေခဲ့တယ်။ကိုယ်အပါအ၀င်

မိန်းမတစ်သိုက် ရွာထဲကမုန့်ဆိုင်မှာ မုန့်စားပြီးတော့ ရေကနည်းနည်း တက်လာနေပြီ။ကိုယ်တို့ တစ်သိုက်

လည်း စောင့်နေရတာပျင်းတော့ တစ်ယောက်က အကြံပြုတယ် လှေငှားပြီးလှော်ရရင်ကောင်းမယ်တဲ့။

အားလုံးက ထောက်ခံပြီးတော့ မုန့်ဆိုင်ရှေ့မှာ ရှိနေတဲ့ လှေကို ပိုင်ရှင်ဆီ ကငှားပြီး လှေပေါ် လူ ၅ ယောက်

တတ်ပြီးတော့ လှော်တတ်၂ချောင်းနဲ့လှော်ကြတယ်။လှေက သေးသေး၊လူက ၅ယောက်၊အားလုံးတစ်ခါမှ

ှမလှော်ဖူးသူ တွေဆိုတော့ လှေကလူးနေတာပဲ။မှောက်မှာတော့မကြောက်ဘူးလေ။ ရေကတတ်ခါစ

ဆိုတော့ ဒူခေါင်းလောက်ပဲရှိတာ။သိပ်မကြာပါဘူး ကိုယ်တို့ပဲ့ထောင် ချောင်းထဲ ရောက်လာလို့ပဲ့ထောင်ပေါ်

တက်ခဲ့တယ်။ပဲ့ထောင်ပေါ်က အတူတူပါလာတဲ့ မတော်ရသေးတဲ့ရည်းစားလောင်း က ဒီကောင်မလေး

တော်တော်ကဲပါလားဆို ပြီးဘုကြည့်ကြည့်တယ်။လှေစီးရတာ ပျော်လိုက်တာ။



ဟိုတစ်လောက ညီမလေးက မလက္ကာသွားတာ အဲဒီမှာ ချောင်းကျဉ်းကျဉ်းလေး ကိုလူတွေပိုက်ဆံ

ံပေးပြီးလှေစီးနေကြတယ်။ ငါ တို့ ဆီက တုံးလှဲချောင်း လောက်တောင်မကျယ်ဖူးဆို့လို့ ကိုယ်လှေ လှော်

်ခဲ့ဖူးတာ သွားသတိရတာပါ။ ဒီက ဆန်တိုစာ ကမ်းခြေကိုသွားရင် ကိုယ့်မှာ ကမ်းခြေအစစ်လို့ ကိုယ့်မှာ

မခံစားမိဘူး။ကိုယ်တို့ဆီကချောင်းသာသွားရတာနဲ့ဘာမှမဆိုင်ဘူး။ချောင်းသာဇတ်လမ်းလေးတွေ လဲ

ရှိသေးတယ်။အားရင် ပြောပြအုံးမယ်။

Monday, May 4, 2009

The Cafe Lobby,YewTee Point &Lunch

ဒီနေ့အိမ်မှာမနက်စာ ဘာမှမချက်ဖြစ်လို့ ရထားဂိတ်သွားပြီးသားအမိနှစ်ယောက် မုန့်စားတယ်။မုန့်ဆိုလို့

ထူးထူးခြားမဟုတ်ပါဘူး။ပေါက်စီပါ။အခု yewtee မှာ YEWTEE POINT ဖွင့်လိုက်တယ်။အရင် NTUC

နေရာမှာThe Cafe Lobby ဖွင့်လိုက်တယ်။NTUC က YEWTEE POINT ရဲ့ အောက်ထပ်ကိုရာက်သွားတယ်။

သားအမိနှစ်ယောက် The Cafe Lobby မှာပဲ ပေါက်စီ နဲ့ ကြံရည်သောက်တယ်။

ဒါက The Cafe Lobbyရဲ့ အ၀င်ဝကိုရိုက်ထားတာ။















ပေါက်စီနဲ့ကြံရည်။ပေါက်စီကို အမြဲလက်နဲ့ပဲစားတယ်။ဒါပေမယ့် KO BOYZ ရဲ့ ပိုစ့်ထဲက ကောင်မလေးကို

စားခါနီးသွားသတိရလို့ တူ၂ချောင်းယူပြီး တူနဲ့ စားကြည့်တယ်။
















သားသားကပေါက်စီကြိုက်တယ်။














၁၀မီးနစ်ခန့်ကြာသော်။














ပြီးတော့ YEWTEE POINT ဘက်ကူးပြီးဘာစားရမလဲလိုက်ကြည့်တယ်။
















Directories တွေကို LCD နဲ့ ပြထားတာ။ဆိုင်ရှာချင်ရင် အဲဒီ့ LCD ရှေ့မတ်တတ်သွားရပ်နေ။ဆလိုက်ရှိုးနဲ့

ပေါ်လာတယ်။















ဟိုပတ် ဒီပတ် ပတ်ပါတယ်။ပန်းချီကားတွေေ၇ာင်းနေတာတွေ့တယ်။ဈေးကြည့်လိုက်တာ S$၂၅၀ကနေ၅၀၀
အတွင်း။















အားလုံးပတ်ပြီးတော့ ဘာစားရမှန်းမသိတာနဲ့ အိုးချမ်းကီး ပဲဝယ်လာတယ်။

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။