Monday, October 14, 2013

ကလေးတွေအကြောင်း(၆)



ဒီတစ်ခါ မေ့ အကြောင်းဖြစ်မယ်။မေ ဟာ သွက်တယ်။အတုမြင် အတတ်သင် သိပ်မြန်တယ်။ ၃ နှစ် ၅လ

အရွယ်မှာ အင်္ဂလိပ်လိုကို တော်တော် သွက်သွက် ပြောနိုင်တယ်။မြန်မာလိုလဲရတယ်။အခု ကျောင်းထား

တာ ၂လ၊၃လ လောက်ရပြီဆိုတော့ အခု ဘယ်သူနဲ့မဆို ပေါင်းတတ်တယ်။ကျောင်းတတ်ရတာပျော်တယ်။

ဟိုတလောက အကိုလုပ်သူကို ကျောင်းသွားပို့ ပြီးပြန်အလာ အသိအမ နဲ့တွေ့တော့ အဲ့အမက သူ့သမီးလဲ

အဲ့နေ့က ကျောင်းမတတ်ရဘူး သမီး မေလင်းလင်း အိမ်လိုက်လည်ပါလားဆိုတော့ မချောက No,Lin Lin

have to go school 10'o clock.ထင်တောင် ထင်မထားဘူး။အရင်က အဲ့လိုခေါ်ရင် လိုက်နေကြဆိုတော့

လိုက်မယ် မှတ်တာ။


သူကလေးဟာ အတုခိုးတာ လွယ်တော့  မကောင်းတဲ့ အကျင့်လေးတွေလဲ အလွယ်တကူ အတုခိုး

တတ်တယ်။အကို လုပ်သူကို ကိုကိုး လို့ ခေါ်နေတာကနေ အက်ဝင် လို့ ခေါ်လို့ အဲ့လိုခေါ်တာ မကောင်း

ဘူး ဆိုပြီး မနည်း ကြပ်မတ်လိုက်မှ ကိုကိုးပြန်ဖြစ်သွားတယ်။မြန်မာပြည်က အလည် ပြန်လာ ပြီးကတည်း

က သူ့ကိုယ်သူ ငါ လို့ သုံးတယ်။မာမား ငါ ရှုးရှုး သွားပေါက်လိုက်အုံးမယ်နော်တဲ့။ငါ ရေသောက်မယ်တဲ့။

တို့က ဘယ်လို ဘယ်လို နောက် ငါ လို့ မသုံးရဘူး။လင်းလင်း က အိမ်မှာ အငယ်ဆုံး ငါ ဆိုတာ ရိုင်းတယ်။

naughty girl တွေမှ သုံးတာ။လင်းလင်းက naughty girl လား ဆိုတော့..နိုးတဲ့။ဒါဆို ဘယ်လိုပြောရမလဲ

ဆိုတော့  လင်းလင်း၊သမီး၊အိုင်တဲ့ သူ သိသားပဲ။အမေလုပ်သူက လင်းလင်း ရေဆိုတော့ ဟင် ဘာလဲတဲ့။

အမေ လုပ်သူက ဟယ် လင်းလင်း ပြန်ပြောစမ်းပါအုံး ဆိုတော့ sorry mommy,I must say ရှင်တဲ့။

ရှင် မာမီ ရှင်မာမီ ဆိုပြီး ပြောင်ချော် ချော် နဲ့လာနောက်တယ်။အစုတ်ပလုပ်မလေး သူသိနေတာပဲကို။

အခုလောလောဆယ် ဖျောက်ဖို့ ကျန်တဲ့ အကျင့်လေးက လေတတ်တာပဲ သူက ဘာစားပြီးပြီး လူကြီး

တစ်ယောက်လို လေတတ်ပြတယ်။ချောကလက်ကလေး စားလိုက်တာကအစပဲ။




သူ့ရဲ့ လက်သုံးစကားကတော့ sorry နဲ့ thank u ပဲ။သူဘာလေးပဲ လုပ်ချင် လုပ်ချင် ဥပမာ ရေသောက်မလို့

ကို အမေ လုပ်သူက အဖုံးလေး ဖွင့်ပေးတာတို့။သူ့ကို မုန့် ထုပ်တွေ ပြေပေးတာတို့၊အ၀တ်လဲပေးတာတို့

အဲလိုမျိုးတွေ ဆို Thank u mommy ဆိုတာမျိုး အမြဲကြားရတယ်။အမေလုပ်သူမှ မဟုတ်ပါဘူး။သူပြော

ရမဲ့ သူဆိုရင် သူ ပြောဖို့ မမေ့ဘူးပဲ။အကိုလုပ်သူ ဒုက္ခ ရောက်နေတယ် ထင်ရင် သွားကူတာပဲ။အကိုလုပ်သူ

နဲ့သူ စက်ဘီး စီးတယ်။ကုန်းတတ် မှာ အကို လုပ်သူ တတ်မရတာတွေ့တော့ သူ့ဘီး ပေါ်ကဆင်းပြီး

သွားကူတွန်းတယ်။အကိုလုပ်သူ ဖိနပ် ချွတ်ရတာ ခက်နေရင် သူက အတင်းသွား ၀ိုင်းချွတ်တော့တာပဲ။

ကူညီချင်တယ်။အကိုလုပ်သူကို အမေက သား Math လုပ်မယ်။ဒါလေးတွေ ပေါင်းထားဆိုပြီး ပေးလိုက်ရင်

သူက ဘေးကနေ ကိုကိုး မမှားစေနဲ့နော် မမှားစေနဲ့ တဲ့(ဆရာဝင်လုပ်သေးတာ)။အကိုလုပ်သူ စာလုပ်နေ

ရင် သူက ဘေးကနေ နားထောင်နေတယ်။ပြီးတော့ ပြောသေးတယ် မာမား May lin lin dont know

English,Maths,Chinese. နော် ။May Lin lin only know abc. တဲ့။မြန်မာပြည်ပြန်လည်တုန်းကဟိုက

လူတွေက မေလင်းလင်း ဘယ်မှာနေတာလဲ ဆိုတော့ ချော်ချုကန်မှာတဲ့။ဘာပဲပြောပြော သမီးအငယ်လေး

ဆိုတော့ သွက်လဲသွက်တော့ ချစ်ရတာပါပဲ။




ဟိုတနေ့က အပြင်ကပြန်လာတော့ သူ့အဖေက အိမ်မှာအရင်ရောက်နေတာ တံခါးဖွင့်ပေးတော့ ထအော်

တယ်။ဟာ ပါပါး hair cut  ပါပါး Hair  cut တဲ့။သူ့အဖေ ဆံပင် ညှပ်ထားတာ သူ ချက်ချင်းသိတယ်။

ကိုယ်တောင်  သူ့အဖေ ဆံပင် ညှပ်ရင် တစ်ခါတစ်လေသတိမထားမိဘူး သူ့ကြည့်ရတာ တစ်ခုခု ထူးခြား

ပါတယ် ထူခြားပါတယ် ဆိုပြီး အဖြေရှာကြည့်မှသိတာ။


စာကြွင်း

မြန်မာပြည်ပြန်တော့လေ ရန်ကုန်ရောက်တော့ အက်ဝင်က မာမား ရှင်၊ခင်ဗျာ ပြောရမယ်လား လို့ပြော

ရှင်၊ခင်ဗျာ ပြောရမလား ပြောတာ ကိုယ့်နားထဲ ရှင်ဘုရား ရှင်ဘုရား ပဲကြားနေတယ်။ဘယ့်နှယ့် ရှင်ဘုရား

သူပြောနေတာတုန်း မနည်း စဉ်းစားပြီးနောက်ဆုံး နောက်ဆုံး သူ့ကို သေချာမေးမှ မေလင်းလင်း ရှင်

ပြောရမယ်။အက်ဝက် ခင်ဗျာ ပြောရမယ်လေတဲ့။  :) 

13 comments:

  1. ဖတ်ရတာ အရမ်းကောင်းပါတယ်။

    ReplyDelete
  2. သိပ်ချစ်စရာကောင်းတဲ့ ကလေးလေးနှစ်ယောက်

    ReplyDelete
    Replies
    1. ကျေးဇူးမမ..ဖိုက်တဲ့အခါလဲဖိုက်ကြလေရဲ့

      Delete
  3. ကလေးတွေက အရမ်းတတ်ပြီး အရမ်းချစ်ဖို. ကောင်းလိုက်တာ

    ReplyDelete
    Replies
    1. ကျေးဇူးပါ။သူက အငယ်လဲဖြစ်တော့ သွက်တယ်။

      Delete
  4. ခစ်ျစရာကောင်းလိုက်တာနော်. သူတို့ လေးတွေနဲ့ စကားတွေပြောချင်လိုက်တာ

    ReplyDelete
  5. ချစ်ဖို့ကောင်းလိုက်တာ...........ဖတ်ရတာ...နဲ့အရမ်းဖက်နမ်းချင်တယ်


    နောင်ဂျိန်

    ReplyDelete
  6. မေကလေးနဲ့ အက်ဒဝင်အကြောင်း မဖတ်ရတာကြာပြီ ။
    မေက သိလိုက်သားနဲ့ ရမလား အကဲစမ်းကြည့်တာပေါ့လေ.... ချစ်စရာလေး... ။

    pifpif

    ReplyDelete
  7. မေနဲ. ဂျွန်အကြောင်း မဖတ်ရတာတောင်ကြာသွားပြီး))
    သူတို.အကြောင်းလေးတွေရေးပါအုန်း။ သိပ်ချစ်ဖို.ကောင်းတဲ့ ကလေးနှစ်ယောက်။

    ReplyDelete
  8. လာနှုတ်ဆက်ပါတယ်..၊ ကလေးတွေဟာအရမ်းချစ်ဖို့ကောင်းတယ်..၊

    ReplyDelete
  9. Merit Casino Review
    What is 카지노 it about? — Merit Casino has some of the highest payout percentages in the industry. Players have been enjoying the 메리트 카지노 주소 company's worrione impressive

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။