Monday, April 29, 2013

ငါးဖယ် အစာသွပ်၊သုပ်၊ချက်


ကိုယ်အကြိုက်ဆုံးဟင်းလျာ ဆိုလို့  ၂မျိုးပဲရှိတယ်။ဝက်သား ကြံမဆိုင်ရယ်၊ငါးဖယ် ငါးဆုပ်ရယ်။မြန်မာပြည်

မှာ အပြင်က ထမင်းဆိုင်တွေမှာ ထမင်းစားရင် ငါးဖယ်ကြော်သုပ် ပဲ အများဆုံးမှာစားလေ့ရှိတယ်။သူ့မရ

ရင်တော့ ၀က်ကြံမဆိုင်။ဒီရောက်လာတော့ ငါးဖယ်ဟာ အလွယ်တကူ ၀ယ်လို့မရတာရယ်။မြန်မာဆိုင်

တွေမှာ ၀ယ်လို့ရပေမယ့် ခရီးကဝေး လူကြုံရှိမှ ၀ယ်လို့ရတာဆိုတော့ ရံဖန်ရံခါလောက်ပဲစားဖြစ်တယ်။

အခုလဲ စီးတီးဟောကို လူကြုံရှိလို့ မှာပြီးဝယ်ထားတဲ့ ငါးဖယ်လေးက ရေခဲသေတ္တာ ထဲမှာကြာနေပီ။

ပြီးတော့ ဒီရက်က လကုန်ရက်မဟုတ်လား။လက်ထဲမှာ ဒီလသုံးရမဲ့ အသုံးစရိတ် ပိုက်ပိုက်က ၂၂ ကျပ်

ပြား၇၀ ပဲ ကျန်တော့တယ်။အင်းဒါလေးကလဲ ဒီနေ့ ကလေးတွေအတွက် နွားနို့တို့၊မုန့်တို့ဝယ်လိုက်ရင်

ကုန်မှာ အဲ့တော့ ငါးဖယ်လေးပဲ ထုတ်လိုက်တာ ကောင်းပါတယ်လေ ဆိုပြီး ငါးဖယ်ခြစ်လေးထုတ်

အခန်းအပူချိန်မှာ ပျော်အောင်ထားလိုက်တယ်။မေလင်းလင်းနဲ့ဈေးသွားတယ်။ကြက်ဥ၊နို့ ၊အက်ဝင်မှာ

လိုက်တဲ့ ချောကလက် ရယ် ဂေါ်ဖီရယ်၊မနက်ဖန်ချက်ဖို့ ပုဇွန်လေး ၁ ဘူးရယ်ကို စိတ်မှန်းနဲ့ ၂၀ ၀န်းကျင်

လောက်တွက်ဝယ်လိုက်တယ်။ကောင်တာမှာ ပိုက်ဆံပေးတော့ ၁၉ ကျပ်ပြား၂၀ ကျတယ်။ပိုက်ဆံပေးဖို့

ပိုက်ဆံထုတ်လိုက်တော့ လားလား ၂၂ ကျပ်မဟုတ်ပဲ ၃၂ ကျပ် ကျန်နေတာတွေ့ရတယ်။ပျော်လိုက်တာ။

ဝမ်းသာအားရနဲ့ အိမ်ကိုပြန်လာ နောက်ဖေးဝင် ငါးဖယ်ခြစ်လေးကြည့်တော့ ပျော့နေပြီ။


ဒါနဲ့ငါးဖယ်ခြစ် ၅.၅၀ တန်ကို ဘယ်လိုလုပ်စားမလဲ စဉ်းစားတယ်။အင်း ယုဇန ပလာဇာနားမှာရောင်းတဲ့

ငါးဖယ် အစာသွပ်ဆို မစားရတာ ၁၀ နှစ်လောက်ရှိရော့မယ်။အဲဒါလေးလဲ လုပ်စားအုံးမှ။ငါးဖယ်ခြစ်လေး

ကိုထုတ် ဆား၊နနွင်းထည့်။ဂျင်းလေး ကြက်သွန်ဖြူလေး နဲနဲ ထောင်းထည့်ပြီး စတီးဇလုံထဲ မှာလက်နဲ့

ဘတ်ခနဲ ဘတ်ခနဲ အချက် ၅၀ လောက်ရိုက်ပါတယ်။စေးလာပြီဆိုမှ စလုံးတယ်။


ဒီလိုလေးတွေလုံးပြီး ရေအေးထဲ ခဏ ထည့်စိမ်ထားတယ်။ပိုကောင်းတယ်ဆိုလား။





နဲနဲ ခွဲထားတာကို ကလေးတွေအတွက် ငါးဖယ်  လက်ကြားယို လုပ်တယ်။ငါးဖယ်ကို လက်ထဲ ထည့်ပြီး

လက်သီးဆုပ်လိုက်ရင် လက်ကြားကထွက်လာတာကိုခေါ်တာ။


ပြီးတော့ အဲ့ဒါကို ကလေးတွေအတွက် အချိုလေးချက်လိုက်တယ်။




ပြီးတော့ စိမ်ထားတဲ့ ငါးဖယ်လေးတွေကို ဆယ်ပြီးကြော်လိုက်တယ်။


ဒါက အဆာသွပ်ဖို့ လုပ်ထားတာ။ဂေါ်ဖီ၊ဖရှာက်ရွက်၊ငရုတ်စိမ်း၊သံပရိုသီးနွှာထားတာ။ဂေါ်ဖီက

ဒီလောက်ပါးပါးလှီးတာ လက်ကုန်ပဲ အဲ့ထက်ပါးအောင်မလှီးတတ်ဘူး။


အစာသွပ်လိုက်ပြီ။အပေါ်ကနေ ငံပြာရည်လေးဖျန်းလိုက်တယ်။ချဉ်ငံစပ်လေး။အသားလွတ်

ထိုင်စားလိုက်တယ်။



နေ့လယ်စာ အတွက် သုပ်လိုက်တယ်။




ညစာအတွက် ဆီပြန်ချက်လိုက်တယ်။




အခုတလော့ ဘလော့ပေါ်မှာ အစားအသောက် တင်ချင်တဲ့ ရောဂါ ထနေတယ်။

6 comments:

  1. A little housewife who is good at management!

    ReplyDelete
  2. Very good house wife who can manage money well. If you are working outside, you will not think for this $22 or $32. Now, this amount is so precious. It is the good point of being house wife. Keep it up !

    ReplyDelete
  3. စားချင်လိုက်ထှာအေ...


    pifpif

    ReplyDelete
  4. Yew Tee MRT နားက Wet Market မှာ Fish Ball လုပ်တဲ့ ငါးအသားကြီးဘဲ ၀ယ်လို့ ၇တယ် ။ အိမ်ရောက်မှ ဇွန်းလေးနဲ့ ခြစ်ယူပြီးတော့ ကြက်သွန်ဖြူ ၊ ဂျင်း၊ ဆား နဲ့ ထည့်ပြီး ပေါက်လိုက်ရုံဘဲ ။ မြန်မာနိုင်ငံက ငါးဖယ်ခြစ်နဲ့ တော်တော်ဆင်တယ် ငါးကတော့ငါးဖယ်ငါးမဟုတ်ဘူးပေါ့ ..............း)

    ReplyDelete
    Replies
    1. ဟုတ်လား စမ်းကြည့်အုံးမယ်။Fish ball လုပ်တဲ့ ငါးအသားလို့မေးရမှာပေါ့နော်။

      Delete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။