Tuesday, December 11, 2012

11-12-2012



Edwin တစ်ယောက် အခုအရမ်း အရမ်းကို အမေးမြန်းထူပီး စကားများလာတယ်။အမေလုပ်သူနဲ့တူတာ

လားမသိ..သူမေးတာတွေကလဲ သူများကြားရင် ရိုက်ချင်စရာ..လမ်းမှာတွေ့သမျှ အကုန်လက်ညိုးထိုးပီးမေး

တယ်....မေးခွန်းတစ်ချို့ကတော့...



တစ်ရက် ရထားပေါ်မှာ နေရာမရတော့  အမေလုပ်သူနဲ့ သူ မတ်တတ်ရပ်နေတဲ့ အရှေ့မှာ မိန်းမ၀၀ တစ်ဦး

ရပ်နေတယ်။အဲ့မိန်းမက စကပ်တိုတို ဒူးခေါင်းအထက်ဝတ်ထားတယ်။ဝတော့ ခြေသလုံးတွေကြီးတာသူမြင်

တယ်။ကိုယ်တော်က ခြေသလုံးတွေကို လက်ညိုးထိုးပီး အသံကျယ်နဲ့ မားမား this leg is big or small?

တဲ့။ဟိုမိန်းမက အနောက်လှည့်ကြည့်တယ်..အမေလုပ်သူက ဟန့်လဲမရ အမေလုပ်သူ မဖြေမချင်းမေးနေ

တာ...တို့က edwin တိတ်တိနေစမ်းဆိုမှ မကျေမနပ်နဲ့ရပ်သွားတယ်...


နောက်နေ့ ပန်းခြံသွားတော့ မျက်နှာချင်းဆိုင်က လူ၀၀ကြီး တစ်ယောက်ပြေးလာတာကို သူမြင်တော့

မာမား this is too fat တဲ့  အသံကျယ်ကျယ်နဲ့ အော်ပြောတယ်..


ဒီနေ့ ရထားဂိတ်သွားတော့ မီးပွိုင့် မှာရပ်နေတုန်း လူတစ်ယောက် ဗိုက်ပူပူ နဲ့လဲ တို့တွေနဲ့တူတူ မီးပွိုင့်

စောင့်နေတာ လက်ညိုးသွားထိုးပီး မားမား tummy is so big တဲ့..တော်သေးတယ်..ဟိုက လှည့်ကြည့်ပီး

ရယ်သွားလို့...သားအဲ့လိုမပြောရဘူး...ပြောထားလဲ ခဏပဲ..


ဟိုတစ်လောက တို့အဖေနဲ့ အမေ  အိမ်ကို လာတော့ သူက တို့ အဖေ ကို သိပ်မမြင်ဖူးတော့ ဘယ်လိုခေါ်

လိုက်သလဲ သိလား....အန်ကယ် တဲ့။


7 comments:

  1. အော်ရယ်သွားတယ် ဂျွန်ဝမ်းရေ...။ နောက်ဆုံးပွဲသိမ်းစာကြောင်းက အရယ်ရဆုံးပဲ။
    (လီယို)

    ReplyDelete
  2. ဟားဟားဟား.းးးး။ အန်ကယ်ခေါ်တော့ အဖိုးက သဘောကျသွားမှာပေါ့

    ReplyDelete
    Replies
    1. ဒီအပတ် မော်ကျွန်းကိုပြန်မယ်ဆိုတော့ ညီမလုပ်သူက edwin ကိုပြောထားအုံး တော်ကြာ သူ့အဖိုး(ယောက္ခမ ) ကို အန်ကယ်ခေါ်နေအုံးမယ်တဲ့။

      Delete
  3. ဒီနေ့ edwin အကြောင်းပိုစ်အသစ်တက်မှာမို့လို့လားမသိဘူး။ညကအိမ်မက်မက်တယ်။
    အိပ်မက်ကဟိုရောက်ဒီရောက်နဲ့ကလေးလေးတယောက်လဲပါတယ်ပေါ့။မိုးလင်မှပြန်စဉ်းစားတော့အိပ်မက်ထဲက
    ကလေးလေးကိုမြင်ဘူးပါတယ်မှတ်နေတာ edwin ဖြစ်နေတယ်။
    အရင်ကလည်းအမြဲတမ်းလာဖတ်နေကြပါ။ပိုစ်တွေအားလုံးနှစ်ကျော့လောက်ဖတ်ပြီးပြီ။edwin နဲ့ မေ ရဲ့ ပိုစ်တွေဆိုသုံးလေးငါးကျော့လောက်ရှိပြီ။ဒီlink ကို google reader List မှာလည်းထည့်ထားတယ်။ခုမှတိုက်ဆိုင်လို့ command ရေးဖြစ်တာ။ချစ်စရာကောင်းတဲ့ကလေးတွေနဲ့ပျော်ရွှင်ပါစေအမ။

    htet hsu

    ReplyDelete
    Replies
    1. အမြဲလာဖတ်တာ ကျေးဇူးနော်...ပေးတဲ့ဆုနဲ့ပြည့်ပါစေ..

      Delete
  4. Edwin ရှေ့ဖြတ်လျှောက်ဖို့တောင် အားငယ်ရပါလားနော်
    သူတို့အိမ်လာလည်ရင်တော့ ခြေသလုံးမပေါ်တာလေးတွေ ပိန်မယ်ထင်တာလေးတွေရွေးဝတ်လာရမယ်
    ဒီကဖြင့်ချစ်လိုက်ရတာ သူက၀တဲ့သူတွေကိုချစ်ဘူးထင်တယ် အဟင့်

    ReplyDelete
  5. သိပ်ချစ်တယ် အက်ဒ်ဝင် :*

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။