Friday, September 21, 2012

သမီးလေး မေ



 သားလေးငယ်ငယ်က ၁နှစ်နဲ့ ၈ လမှာ နို့ပြတ်ပါတယ်။ဒီမှာ  ရေးဖူးပါတယ်။ဖြတ်တာ မဟုတ်ပဲ သူ့ဘာသာ

မသောက်တော့တာပါ။သမီးလေး ကျတော့နို့ကို တစ်အားစွဲတော့ ဖြတ်လို့ရပါ့မလား ဖြတ်လို့ ခက်မလားလို့

တွေးပူမိတယ်။သားလေး နို့စို့ရင် ကျိုက်ကျိုက် နဲ့ ပြီးအောင် အ၀ သောက်ပီး နို့ဘူး ဖြုတ် အိပ်တာ။သမီး

ကျတော့ နို့ဘူးကို  ပါးစပ်ထဲ ထည့်ငုံထားပြီး ဇိမ်ဆွဲ စို့တာ။အိပ်ပြီ ထင်လို့ သွားဖြုတ်ရင် အဖြုတ်မခံဘူး။

အဲလို တည လုံး နို့ထတောင်းလိုက် နို့ကို ပြီးအောင် မစို့ပဲ ငုံလိုက်လုပ်လာတော့ သွားတွေ နို့ပိုးစားပြီး

ကြွေ ကုန်ရော။၂ နှစ်ပြည့်ခါနီး  ကာကွယ်ဆေး သွားထိုးတော့ နပ်စ်မ က သူ့ကို ည ဘက်အိပ်နေတုန်း

နို့မတိုက်တော့ ဖို့မှာပေမယ့် သနားတာ နဲ့ ဆက်တိုက်ဖြစ်တယ်။လွန်ခဲ့တဲ့ ၂ လလောက်ကတော့ ညဘက်

နို့တိုက်တာ ဖြတ်မယ်ဆိုပြီး သူထနို့တောင်းတတာ မပေးပဲရေဘူးပေးတာ လုံးဝ မသောက်ပဲ နို့ နို့သောက်

ဆိုပြီးတောင်းတာ ည၁ နာရီကနေ မနက် ၃ နာရီ အထိ အိညှောင် လုပ်နေပါတယ်။နောက်ပိုင်းညဘက်

ထတောင်းတိုင်း အမေ လုပ်သူက ရေချည်းပေးတာ့ မတောင်းတော့ဘူး။ညဖက် မသောက်တော့မယ့်

နေ့လည်တစ်ဘူး  ညမအိပ်ခင် တစ်ဘူးသောက်ပါတယ်။နေ့လည် ၁၂ နာရီဆို မေလင်းလင်း တို့ မားမား

သောက်သောက် ဆိုပြီးလာတောင်းတော့တာပဲ။ည ၈ နာရီဆိုလဲ ကွက်တိ အချိန်များသိနေသလားမှတ်ရ

အောင် လာတောင်းတာပဲ။မအေလုပ်သူ မအားရင် အဖေ လုပ်သူကို 'ပါးပါး နို့နို့သောက်မယ် သွားတောင်း

တတ်တယ်။"

တစ်ခါတစ်လေ တို့က စ ချင်လို့ နို့ပုလင်းထဲ ရေချည်း ထည့်ပေးလိုက်ရင် အဲဒီ ပုလင်းကို ကိုင်ပြီး နို့မှုန့်ဗူး

၇ှိတဲ့နေရာ သွားပြီး မားမား နို့မှုန့်ထည့်ဖျော် နို့မှုန့်ထည့်ဖျော်လို့ပြောရော။ပြီးခဲ့တဲ့ ၁၇ နေ့ကတော့ ညဘက်

၈နာရီလောက် နို့တောင်းလို့ နို့တစ်ဘူး အပြည့် ဖျော်ပေးလိုက်တာ တစ်ငုံ နှစ်ငုံ ပဲ စုပ်ပြီး ပြန်ပေးတယ်။

နောက် လုံးဝ နို့ဗူး ထပ်မတောင်းတော့ဘူး။အဲနေ့ကနေ အခုထိ လုံးဝ နေ့ရော ညရော နို့မတောင်းတော့

တာ တိကနဲပြတ်သွားတာပဲ။အခုတော့ မောင်နှစ် မ ၂ယောက် စလုံးကို နွားနို့ နဲ့ အိုဗာတင်း မနက် ၁ခွက်၊

ည၁ခွက် စီ တိုက်တယ်။(ခွက် နဲ့)

ပြတ်မယ့်ပြတ်တော့လဲ တိကနဲဆို တော်တော်လေး အံ့သြနေလို့ အမှတ်တရ ရေးဖြစ်တာပါ။သမီလေးက

ပြီးခဲ့တဲ့ ၁၃ ရက်က ၂နှစ်  လေးလ ပြည့်ပါတယ်။




 

5 comments:

  1. မေကလေး အလိုလို နို့  ပြတ်သွားပြီပါ့

    ReplyDelete
    Replies
    1. ပြန်တောင်းမလားနဲ့စောင့်နေတာ အခုထိ လုံးသ မတောင်းတော့ဘူး။နို့မှုန့်ဗူး အများကြီးကျန်နေသေးတာ။ ဒီအတိုင်း ဖျော်တိုက်ရမယ် ထင်တယ်နော်။

      Delete
    2. အင်း..ဆရာဝန်စာအုပ်ထဲရေးတာတော့ ကလေးကို နို့မဖြတ်နဲ့ နို့ဗူးဖြတ်တဲ့..နို့ကို ဖန်ခွက်ထဲ ထည့်တိုက်ဖို့ ပြောတာပဲ

      စင်စင်

      Delete
    3. အဲလို ခွက်နဲ့တိုက်တော့ သွားလဲ ပိုးမစားတော့ဘူး။ခရီးသွားရင်လဲ အဆင်ပြေတယ်။နို့ဗူး ပြုတ်ဖို့တို့၊ဆပ်ပြာရည်တို့မ သယ်ရတော့ဘူး။

      Delete
  2. Commented by phone ... Yayyyyyyy

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။