Sunday, September 9, 2012

ဟိုဟို ဒီဒီ

အခုတလောသွားဖြစ်တာလေးတွေပါ။စလုံးမှာ သွားစရာကလဲတယ်၇ှားပါးသကိုး။ဟိုတလောက

fb က အသိ ကလေးလေးတွေ သွားတာတွေ့လို့ Turf city Shopping Mall မှာရှိတဲ့  Fidget Indoor

Playground ကို ကလေးတွေ ကို သွားပို့ဖြစ်တယ်။လူကြီးက freeပေါ့။ကလေးက ၂-၁၀ နှစ် ၁၅ ကျပ်

ကြိုက်သလောက်ကစား။၂နှစ်အောက် ၈ ကျပ်။၁နှစ်အောက် ဖရီး။ခြေစွပ် တော့ သယ်သွားရမယ်။ဝင်တဲ့သူ

အကုန် ခြေစွပ် ၀တ်မှ ၀င်လို့ရတယ်။မပါရင် ၀ယ်ရတာပေါ့။

 http://www.fidgets.com.sg/

အထဲမှာ ကော်ဖီဆိုင်လဲ၇ှိတယ် ဈေးကြီးတယ်။သွားတုန်းက Turf City mall က renovation လုပ်နေလို့

ပိတ်နေတယ် ထင်ပေမယ့် သူကဖွင့်တယ်။ရိုက်ထားတဲ့ ပုံတွေက မှုန်နေတယ်။Edwin

တို့ကတော့ပျော်မှပျော်ပဲ။ရန်ကုန်မှာလဲ၇ှိတယ်။ဒီက ပိုကြီးတယ်။




 




ဒီအောက်က toddler တွေ ကစားဖို့







ဒါကတော့ အိမ် အနောက်ကနေ ဆင်းပြီးလမ်းလျောက်ရင် ၃မီးနစ်လောက် လျောက်ရင် ရောက်တဲ့

 မြောင်းနဘေး။အဲဒီမှာ စက်ဘီးစီးကြ၊ပြေးကြ၊စကိတ်စီးကြတယ်။








အရင်က အဲဒီ မြောင်းဘေး ဟိုဖက်မှာ မလေးသွား မီးရထားလမ်း၇ှိတယ်။

 မလေးရှားရထားလမ်းမပိတ်ခင်ကဆို ကိုယ်သွားတဲ့ အချိန်ရထားလာရင် မြန်မာ မီးရထားပုံမျိုးပဲကို

 မြန်မာပြည်အလွမ်းပြေ ရထားကြည့်ရသေးတာ။မြန်မာကလိုရထားလာတာနဲ့ သံတန်း ၂ခုနဲ့ လမ်းပိတ်တာ။

ကားတွေ၊လူတွေက ရပ်စောင့်ရတာ။

အဲဒီ မြောင်းကို ဖြတ်ဆောက်ထားတဲ့ တံတား stagmont Ring ကိုဖြတ် ပြီး ၈ မီးနစ်လောက်

 လျောက်လိုက်ရင် ယိုးဒယား ဈေးလေးကို ရောက်တယ်။မြန်မာ အစားသောက်လေးတွေဝယ်လို့ရတာပေါ့။

အလယ်က ဆိုင်ဆိုရင် ရောင်းသူတွေက မြန်မာတွေ မြန်မာလိုပြောဝယ် အကုန်ရ။

ငါးသလောက်၊တခါတလေ ငါးဒန်၊အာဗြဲခြောက်လုပ်တဲ့ ငါး၊ရေကြည်ငါးလေးတွေလဲရတယ်လူတွေများလို့

သိပ်မရိုက်လိုက်ရဘူး။ဆူးပုပ်၊မျှစ်ဝါ၊မျှစ်ချဉ် လဲ၇ှိတယ်။














ဈေးဝယ်ပြီးပြန်လာကြတာ။








မောင်နှမ ၂ယောက် အဖေလုပ်သူက ထိကရုန်းပင်တွေကို sleeping leaves ဆိုပြီး တုတ် နဲ့ ထိပြတာ သဘောကျပြီးဆော့နေတာ။




မေ ဒီတခါ လတ်ပတ်နာရီ ပတ်ပေးတာ ခံတယ်။ဆွဲမချွတ်ဖူး။အကြာကြီးတော့ မ၀တ်ဘူး။







11 comments:

  1. ဈေးဝယ်ချင်လိုက်တာ

    ReplyDelete
    Replies
    1. အိမ်ကလူကတော့ အဲဒီမှာ ပုံမှန် ၀က်သချဉ် ၀ယ်ပြီး သုပ်စားလေ့ရှိတယ်။ငါးချဉ်လဲ ကောင်းတယ် ပြောလို့ ၀ယ်ပြီးကြော်စားဖူးတယ် မဆိုးပါဘူး။ဈေးက ညနေမှဖွင့်တာ။

      Delete
  2. Nice view and it looks good for kids to play ...
    I m come again n put comment in mm font. Now in bed wif baby :D

    pifpif

    ReplyDelete
    Replies
    1. မနေ့မနက်ကလဲ သားအဖတွေ အဲဒီမြောင်းတလျောက် စက်ဘီးရယ် ကားရယ် ယူပြီးလမ်းလျောက်ကြတာ။အဖေ လုပ်သူက အရွက်တွေ၊ပန်းတွေ ကလေးတွေကို အကုန်ခူးပေးတာပဲ။လာဖမ်းမဖမ်းတော့ မသိဘူး။သနပ်ခါး ပန်းတွေလဲ၇ှိတယ် မမ။

      Delete
  3. သူတို့မောင်နှမကိုကြည့်ပြီး သမီးလေးတစ်ယောက် အသည်းအသန် လိုချင်နေပါသည်.. သားသားက ၄နှစ်ပြည့်တော့မှာမို့ နောက်ထပ်တစ်ယောက်ထပ်ယူဖို့ နောက်တောင်ကျနေပြီ.. ထပ်ယူမလို့ မမရေ..

    ReplyDelete
    Replies
    1. မိုးသံစဉ်လေး အဖော်ရတာပေါ့ မြူးမြူးရ။

      Delete
  4. May I know the address of Yodaya evening market address? Thanks.

    ReplyDelete
  5. 387B Woodlands Road, Singapore 677948'အဲနားမှာ ဓတ်ဆီဆိုင်ရှိတယ်။ဓတ်ဆီဆိုင်ဘေးနားက yewtee industrial estaste လို့ ဆိုင်းဘုတ်ရှိတဲ့ လမ်းထဲ ၀င်သွားလိုက်ရင် အထဲမှာ အိမ်ဆိုင်လို အကြီးကြီး ၃ ဆိုင်တွေ့လိမ့်မယ်။အလယ်ဆိုင်မှာ မြန်မာဝန်ထမ်းတွေ ၇ှိတယ်။တချို့တွေ CCK ကနေ ၉၆၁ စီးပီးလာဝယ်ကြတယ်။

    ReplyDelete
  6. Thanks for the address.

    ReplyDelete
  7. ဟုတ်ပ သူတို့ မောင်နှမ ကြည့်ပြီး အရမ်းသဘောကျတာဘဲ ..တို့လဲ သားလေးတယောက် လိုချင်တယ် ...း)

    ReplyDelete
  8. အယ် ဒီပိုစ့်ကို ဒီနေ့မှမြင်တယ်။ စင်္ကာပူက မြန်မာတွေအတွက် အဆင်ပြေတယ်နော်။ အရာရာဝယ်လို့ရတယ်။ ထိုင်းမှာက ချဉ်ပေါင်ရွက်မရှိဘူး။ သူတို့က ချဉ်ပေါင်ဖူးပဲ စားတာလေ။
    အိမ်နားက ရေမြောင်းလမ်းလေးကလဲ သာယာတယ်နော်။ ကလေးတွေအတွက်လည်း ဆော့လို့ရတာပေါ့။ ကျနော်လဲ သူတို့မောင်နှမကြည့်ပီး ကလေးတွေလိုချင်စိတ်ပေါက်သွားတယ်။ (မိန်းမအရင်ယူလိုက်ဦးမယ်း) )
    (လီယို)

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။