Sunday, May 13, 2012

MAY ON MAY




အချိန်တွေ က အကုန်မြန်လိုက်တာ။တစ်ခါတစ်လေ သူတို့ ကို မြန်မြန်ကြီးစေချင်ပေမယ့်လဲ ဒီအရွယ်တွေက

 ချစ်စရာအကောင်းဆုံး။ဖြူစင်တယ်၊ဘာလုပ်လုပ်ချစ်စရာကောင်းတယ်။ဘ၀ ဆိုတာ ကိုယ့်ချည်းပဲ နေရင်

အဓိပ္ပါယ် သိပ်မရှိပေမယ့် သူတို့  နဲ့ ကျတော့ ပြည့်စုံသွားတယ်။အဲဒီသမီးလေးကတော့      ကြီးလာရင်

 အဖေချစ်ဖြစ်ဖို့ ကျိန်းသေနေပြီ။ဟိုနေ့ က သူ့အဖေနဲ့ သူနဲ့ အိပ်နေလို့  သားလေး နဲ့ တို့နဲ့ ဧည့်ခန်းထဲမှာ

 မုန့်စားနေတာ ကနေ သူနိုးနေပြီလားသွားကြည့်တော့ သူကနိုးနေပြီအဖေလုပ်သူကအိပ်နေတုန်း။

ဒါနဲ့ ဟယ် သမီးလေးက နိုးနေပြီလားလို့ တို့ က အသံ နဲနဲကျယ်တာနဲ့ မေးလိုက်တော့ အိပ်နေတဲ့ သူ့ အဖေ

ကို လက်ညိုးထိုးပြပြီး "   ရှုးးး quiet " တဲ့။တိုးတိုး လုပ်သူ့အဖေ အိပ်နေတယ်ပေါ့လေ။အမြင်ကပ်ထှာ။

အဖေလုပ်သူများ အိမ်မှာရှိရင် ပါးပါးကြီ၊ပါးပါးကြီ ဆိုတာပါးစပ်က မချဘူး။



ဟိုတလောက အဖေကောအမေကော ဧည့်ခန်းထဲ မှာထိုင်နေတုန်း သူဆော့နေရင်း မတော်တဆ ချော်လဲ

လို့ ဒူးခေါင်းနာသွား တာ (အမှန်တော့ သိပ်မနာဘူး)ကို နာနာ  နာနာ ဆိုပြီးလာပြတော့ တို့က တို့ကိုပြတယ်

မှတ်လို့ ဥုံဖွ သမီးလေး ဥုံဖွ ဆိုတော့' နိုးနိုး ,,,,,နိုးမားမား ဥုံဖွ ၊ပါးပါး ဥုံဖွ"  တဲ့လေ။သူ့အဖေ ကို ဥုံဖွ လုပ်ပေး

ခိုင်းတာ။ပစ္စည်းတခုခု ကို မတော်တဆ သူလက်နဲ့ ဖြစ်ဖြစ် တိုတ်မိသွားရင် "   အိုးအို ဆောရီး "'  တဲ့။


အကိုလုပ်သူကိုလဲ သိပ်ချစ်တယ်။အကိုလုပ်သူကို ကျောင်းသွားကြိုလို့ အကိုလုပ်သူက ကျောင်းထဲကထွက်

လာရင် သူ့မှာ ပါးစပ်ကနေ ပြွတ်ပြွတ် နဲ့ ကစ် ပေးရတာ။အကိုလုပ်သူကို အားလုံးပုံတူကူးတယ်။အကို

လုပ်သူလုပ်သလို အကုန်လုပ်တာ။အဲဒါကြောင့် အခု A-Z ,Color,Nursery Rhyme အကုန်သူရတယ်။

က ကြီး၊ခကွေးလဲသူရတာပဲ။


ရှုး၇ှုးပေါက်တာ တောင် အကိုလုပ်သူ ကသူ့ညှောင့်ညှောင့် ကို ကိုင်ပြီး မတ်တပ်ရပ် ပေါက်တယ်။

သူလဲ အဲအတိုင်းပေါက်တယ်။ထိုင်ခိုင်းလို့ မရဘူး။သူက အကျင့်တခုကောင်းတာက ၁နှစ်လောက် ကတည်း

စကားစပြောနေတော့ အီးပါမယ်ဆို အီအီး။ရှုးပေါက်မယ်ဆို ရှုးရှုးပေါက်မယ်ပြောတတ်တယ်။သူ့ ကို diaper

ကိုအိပ်တဲ့ အချိန်ပဲ ၀တ်ပေးတာ။ကျန်တဲ့ အချိန်တွေ မ၀တ်ပေးဘူး။သနားလို့။



၁နှစ်နောက်ပိုင်း တစ်ခါမှ diaper ထဲ တို့ ၊ဘောင်းဘီ ထဲတို့ အီးပါမချဘူး အခုထိ။အဲ ရှုးပေါက်တာကတော့
                        

 ၁နှစ်------------------- ရှုးပေါက်မယ်ဆို ရှုးရှုးပေါက်မယ်ပြောတယ်။ပြေးပြီး တည်လိုက်ရုံပဲ။
                       
 ၁နှစ် ၅လ-၈လ ------ရှုးပေါက်ပြီးမှပြောတယ်'မားမား လင်းလင်း ရှုးရှုးပေါက်တဲ့'
                      
 ၁.၈-လက်ရှိ ----------ပေါက်ပြီးသော်လဲ မပြော ဘယ်နေရာပေါက်လဲ လိုက်ရှာရတယ်။


အဲလို အဲလို။၁နာရီ ၁ခါ သေးတည်ပေးတယ်။တခါတလေ အလုပ်များတဲ့ အခါ တည်ဖို့မေ့သွားရင်

ပေါက်ချလိုက်တာ။


အစားအသောက် နဲ့ ပတ်သတ်ပြီး ၁နှစ်လောက် အကုန်စားပေမယ့် အခု၈ျီးများလာတယ်။သမီးလေးက

ထမင်းဆို ဘာနဲ့မှ မရောပဲ အဖြူထည်ပိုကြိုက်တယ်။အစားအသောက် ကျွေးရင် အမြင် နဲ့ပဲ သူကြိုက်

မကြိုက် ဆုံးဖြတ်တယ်။ဘယ်တော့မှ စမ်းမစားဘူး။နို့ ကတော့ စို့တုန်းပဲ အိပ်ရင်။သူနို့ သောက်ချင်ရင်

အိပ်စို့၊အိပ်စို့ လို့ပြောတယ်။အိပ်ရင်နို့စို့ရတာကိုး။ညအိပ်ခါနီးဖြစ်ဖြစ်၊နေလည်အိပ်ရင်ဖြစ်ဖြစ်မအိပ်ခင်

မားမား blanket ပေး၊ပိုင်ထု (ယုန်ပုံ ဖက်လုံး) ပေးဆိုပြီး ပြည့်စုံအောင် တောင်းသေးတာ။နို့ကသပ်သပ်

သောက်တာ။ဒီတိုင်း နို့မပါပဲ အိပ်တယ်။







အ၀တ်အစားကတော့ အသစ်ဝတ်ပေးလိုက်တာနဲ့ Let's goဆိုပြီး အပြင်ထွက်ဖို့လုပ်တာပဲ။အိမ်မှာ အကိုလုပ်

သူက ကျောင်းတတ်နေတာ့ အီး လိုရော မြန်မာလိုရော ၂ မျိုးပြောတော့ သူကလဲ ၂ မျိုးပြောတယ်။ဟိုနေ့က

အကိုလုပ်သူ mini sport day သွားတော့ သူ့ကိုလဲ ခေါ်သွားတယ်။တို့ က sport ဆိုတော့ ဒီအောက် က

သူ့ အန်တီ ၀ယ်ပေးထားတဲ့ ဘဲလေး အင်္ကျီ ၀တ်ပေးလိုက်တာ ခါးက ဇာ တွေက ယားလို့ ထင်တယ် မကြိုက်

ဘူး။အဲဒါကို အမေလုပ်သူကိုမပြောဘူး။အတူ တစ်အိမ်ထဲ နေတဲ့ အမ ကို 

'အန်တီ this one no good,မကောင်းဘူး၊လင်းလင်း ဘောင်းဘီ ၀တ်တဲ့။" 

 သူပြောချင်တာက ဘောင်းဘီ နဲ့ အင်္ကျီ ပဲဝတ်မယ်၊ဒါ မကောင်းဘူး ဆိုတဲ့ သဘော။






 (၁၃.၀၁.၂၀၁၂)















ဒီအောက်က ပုံက အမေလုပ်သူ မိတ်ကပ်ဘူးကို ယူနှံနေတာ။


အင်း တို့ဖတ် ကိုဒီလိုယူ






(၁၁.၀၅.၁၂)










မားမားတော့ ဒီလိုရိုက်တာတွေ့တယ်
















အိမ်မှာ မနက်မိုးလင်းလို့ သားလေးနိုးရင် သားရေ tooth brush and wash your face လို့ အမေလုပ်သူက

ပြောရင် မျက်နှာသစ်၊ပြီးရင် ဖုံးထဲက ABC ဂိမ်းတွေ ဆော့တယ်။သူဆော့နေတုန်း အမေလုပ်သူ က

မုန့်ကျွေး၊ပြီးတော့ ၈ နာရီထိုးရင် ကျောင်းသွား ပို့ရတယ်။ဒါ ကျောင်းဖွင့် ရက်တွေ ရဲ့ ပုံမှန် procedure ပဲ။

အဲဒါကိုသမီးလေး က သိနေတော့ တရက် သူ့အကို က အိပ်ယာက နိုးနိုးခြင်း ဖုံး ကို ယူလိုက်တယ်။

ဖုံး က အားသွင်း ထားတော့ ကြိုးက တန်းလန်းပါနေတယ်။အဲဒီမှာ သူက

 'ကိုးကိုး   ဖုံးဘယ်ထီ အားသွင်းထား၊tooth brush  first,ကိုးကိုး မှားနေတယ်'' တဲ့။

သူ  အဲလိုပီပီသသ ပြောတော့ တို့ တောင် အံ့သြ သွားတယ်။

သူဆိုလိုချင်တာ က သူ့ အကို သွားအရင် တိုက်ရမှာ မတိုက် ပဲ ဖုံး အရင်ဆော့ လို့ မှားနေတယ်ပေါ့။



ကတာသိပ်ဝါသနာပါတယ်။သူက သီချင်းဆိုပြီးခုန် ကတာ အမေလုပ်သူကို video ရိုက်ခိုင်း။ပြီးရင် ကိုယ့်

ဘာသာပြန်ကြည့်ရတာအမော။သူက မိုးလုံးမှိုင်း သီချင်းတောင် ရသေးတယ်။Jenifer Lopez တို့ Usher တို့

က သူ့ အသဲစွဲတွေပေါ့ ကြည့်ပြီး ကလိုက်ရတာ။Jlo ရဲ့ papi ကို ကြည့်ပြီး မုန့်စားရင် small bite,small biteတဲ့။

လေဒီဂါဂါ တော့မကြိုက်ဘူး။ဒီပြင့် ကဗျာလေးတွေ ဆိုတာ အများကြီး  upload လုပ်လို့မရလို့။



 

၀၁-၀၄-၂၀၁၂



 အိမ်မှာတော့အိမ်ကျယ် ဆရာ။အပြင်သွားရင် သူ့ကို ဘယ်သူမှ ထိလို့ မရဘူး။ငိုရော။ခက်တယ်။အကို

အိမ်မှာရှိနေရင် နေတယ်။မရှိရင်တော့ အမေလုပ်သူ ဟင်းချက်နေတာကိုလာပြီး ချီခိုင်းတော့တာပဲ။

မချီဘူးဆို ငိုတာပဲ။ငိုကြောတော့မရှည် ဘူး။အမေ က တိတ်တိတ်ဆို တိကနဲ့ တိတ်သွားတာပဲ။အခု

တစ်လော မောင်နှမ ၂ယောက် ယူကျု ကနေ (http://www.youtube.com/watch?v=n-Ac6E9GWXI)

Alphablocks series တွေကို သဘောကျနေလေရဲ့။အို သူ့အကြောင်းရေးမယ်ဆို ရေးစရာတွေ အများ

ကြီးကျန်သေးတယ်။မရေးနိုင်တော့ဘူး။ သမီးလေး နာမည်ကို May လမှာမွေးလို့ မေ ထည့်ပြီး ပေးထားတာ။

သူ့ကိုမွေးတုန်း က မေလ ကုန်လောက်မှာ due date ပေမယ့် ခွဲမွေးရမှာဆိုတော့ အစောဆုံး ခွဲလို့ ရတဲ့ ရက်

က ၁၃ ရက်နေ့ ဆိုတာ နဲ့ အဲဒီရက်ယူလိုက်တာ။၁၃ ကို သဘောကျလို့လဲပါတယ်။ကြာသပတေးသမီး ပါ။

ဟိုတလောက သူငယ်ချင်းတစ်ယောက် တွက်ပေးတော့ အဓိပတိ ဆိုလား ရာဇ ဆိုလားပဲ။မမှတ်မိတော့ဖူး။



သူက ကြည့်ရတာ ကြီးလာရင် ပြောရ ဆိုရ ခက်မဲ့ သဘောရှိတယ်။သူဆော့နေတုန်း အမေလုပ်သူ က

သမီး ရှုးသွားပေါက် ဆိုပြီး ဘောင်းဘီ ချွတ်ပေးလိုက်ရင် သူဆော့နေတုန်း ခိုင်းရသလားပုံစံ နဲ့ ဇောင်ပေပေ

မျက်နှာပေး နဲ့ လမ်းမှာတွေ့သမျ ပစ္စည်းတွေ လက်နဲ့တိုတ် ၊ခြေထောက်နဲ့ ကန် လုပ်တယ်။အပြင်ထွက်ရင်လဲ

 တွေ့တဲ့ဟာတိုင်းကို WHAT IS THIS?ဆိုပြီး မေးလိုက်တာ။

အဲဒီ့ ရျစ်တူးမလေး ဒီနေ့မှာ လူ့လောကထဲကို ရောက်တာ ၂နှစ်ပြည့်ပြီပေါ့။


♫ ♪ ♫ ♪ HAPPY BIRTHDAY TO YOU  ♫ ♪ ♫ ♪ HAPPY BIRTHDAY TO YOU


♫ ♪ ♫ ♪♫  ♫ ♪ HAPPY BIRTHDAY TO  'MAY LIN LIN'♫  ♫ ♪♫  ♫

 ♫ ♪ ♫ ♫ ♪ ♫ ♪♫ ♪ ♫ ♪♫ ♪ ♫ ♪♫ ♪ ♫ ♪

 HAPPY BIRTHDAY TO YOU♫ ♪ ♫ ♪♫ ♪ ♫ ♪

ကိတ်မုန့် က ညနေမှ ခွဲမှာမလို့အခု  ပိုစ့်ပဲတင်လိုက်တယ်။


အိမ်မှာ အတူနေတဲ့ အမ ၀ယ်ပေးတဲ့ မွေးနေ့ လက်ဆောင်  အကျီင်္ နဲ့ ပဲပေးနေတာ။




 






၁၂-၀၅-၁၂(မွေနေ့ မတိုင်မီတရက်)














အတူတူပဲ(အဲဒီအမ ပဲ လက်ဆောင်ပေးတာ)













သူ့ ဂါဝန်ကြည့်ပြီး ကိုယ်တောင်ဝတ်ချင်လာတယ်။




19 comments:

  1. Happy two years old birthday, May Lin Lin! Wish you happiness, good health and all the best in your life.

    ReplyDelete
  2. Happy Birthday to You ... Baby may..


    Hmone & family...

    ReplyDelete
  3. happy birthday ချစ်စရာ မေကလေး
    :*

    ReplyDelete
  4. မေ က ပိုသွက်တဲ့ပုံပေါ့..ကောင်းတယ်...
    အရင် Edwin စာရေးနေတဲ့ ပုံကတည်းက သူတို့ ချစ်ကြတာ သိသာတယ်..။
    မောင်နှမ ၂ ယောက် အဖော်ရတာ ကောင်းလိုက်တာ.....။
    ခုန သမီးမအိပ်သေးလို့ ရှည်ရှည်မရေးနိုငဘူး.. :))


    sinsin

    ReplyDelete
    Replies
    1. မေ့ ဗီဒီယို ခုမှ ကြည့်ရတယ်... အော်နေတာတွေ မကြားရဘူး.. ကလေးနိုးမှာစိုးလို့ အသံတိုးထားလို့...။
      ကလေးတွေ ဗီဒီယိုကို ယူကျုမှာ ချယ်နယ်လုပ်ပြီး တင်ပါလား.. ဘလော့ မှာ လင့်ကလေးပဲ ချပြလိုက်... သွားကြည့်မယ်လေ...

      စင်စင်again

      Delete
    2. ချန်နယ်လုပ်ထားတာရှိတယ်။မတင်ဖြစ်တာ။တင်မယ်။မေ က အာသွက်ခရာ။အခုပဲ BD ကိတ် ခွဲပြီးတာ happy birthday happy birthday နဲ့ ပါးစပ်ကမချတော့ဘူး။

      Delete
    3. Happy Birthday to a very smart girl!
      Mon Petit Avatar

      Delete
  5. Happy Birthday, May!

    ReplyDelete
  6. သမီးကလေးကချစ်စရာ ... မောင်နှမတည့် ကြတာကောင်းလိုက်တာ .... အိမ်က၂ယောက်ကတော့တစ်ချိန်လုံးသတ်နေကြတာ ... တစ်ယောက်နဲ့ တစ်ယောက်မတွေ့ ရင်တော့ လဲမေးနေကြပြန်ရော ...
ဲံHappy Birthday ပါ မေ ကလေး ရေ ....
    yym

    ReplyDelete
    Replies
    1. ကျေးဇူးပါ အမ။သမီးလေးက အလျော့ပေးတယ်။

      Delete
  7. ချစ်စရာ သားလေးသမီးလေးတွေ နဲ့ ပျော်စရာ မိသားစုလေး...း)
    သမီးလေးမေ ၂ နှစ်ပြည့်မှ နှစ်ပေါင်းများစွာ ပျော်ရွှင် ကျန်းမာပါစေသော်ဝ်။

    ReplyDelete
  8. ╔♫╗────────╔═╦╗─♫╗╔╗─╔╗─♥──
    ║╩╠═╦═╦═╦╦╗║╚╠╬╦╣╚╣╚╦╝╠═╦╦╗
    ║╦║╬║╬║╬║║║║╔║║╔╣╔╣║║╬║╬║║║
    ╚╩╩╩╣╔╣╔╬╗║♫═╩╩╝╚═╩╩╩═╩╩╬╗║
    ────♫╝╚╝╚═╝─────────────╚═♥
    ஜ۩۞۩ஜ Happy Birthday, Tha Mee Lay " May " ! ஜ۩۞۩ஜ

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။