Wednesday, May 2, 2012

Edwin နှင့် သူရဲ့ အချစ်တော် Writing Board



သားလေး အကြောင်း ရေးမယ်ဆိုရင် သူ့ရဲ့ Writing Board  က သူ့ရဲ့အဓိ ကဇတ်လိုက်ပဲ။စားရေး၊စာဖတ်

သိပ်ဝါသနာပါတယ်။English စာတင် မဟုတ်ဘူး၊မြန်မာစာလဲ ၀ါသနာပါတယ်။သူ့ရဲ့အချိန်တော်တော်များ

များ ဟာ စာေ၇းခြင်းနဲ့ အချိန်ကုန်တယ်။အိမ်မှာ သေနတ် ၊ကား၊ဘိုးလင်း ဆော့စရာ ၀ယ်ပေးထား

မဆော့ဘူး။အချိန်ကုန် သူ့ ၇ဲ့ WB နဲ့ ပဲအချိန်  ကုန်နေတာ။မြန်မာပြည်ပြန်တော့ သူရဲ့ WB ကို

သယ်သွားရတယ်။လေယာဉ် ပေါ် ၃နာရီ လုံဝ ဂျီမကျ ထောင့်ခုံလေး မှာ ရေးလိုက်၊ဖျက်လိုက်နဲ့

ဟုတ်နေတာပဲ။ဒါပေမယ့် သူ့ကို ဘေးနားကနေ ထောက်ခံသူ တစ်ယောက်တော့ ရှိရမယ်။ဟယ် သား လေး

က တော်လိုက်တားးးးးEdwin Good Job အဲသလို ပြောပေးရမယ်။အိမ်ကို ဧည့်သည်လာလို့ သူ နဲ့ စာရေး

စာဖတ် လုပ်ပေးတဲ့ လူ ရှိရင် သိပ်သဘောကျတာ။စာတွေ ကို ပြောင်းပြန်လဲရေးတတ်တယ်။ဥပမာ--

 သူ့ အရှေ့တည့်တည့် မှာ လူ တစ်ယောက် ထိုင်နေလို့ သူ က APPLE လို့ ရေးမယ်ဆို

သူ့ဖက်ကနေ ပြောင်းပြန် ကြည့်သူ ဖက်ကနေ အတည့် မြင်ရအောင် ရေးတတ်တယ်။ဒီလိုလေး



ကြည့်သူ







EDWIN
 

ပြန်တုန်းက လဲ အပြင်းထွက်တိုင်း သူ့WB ကို ကျောပိုးအိတ်ထဲ ထည့်သွားရတယ်။လမ်းမှာတောင်းလို့

မပါရင် ဂျီကော။ဟိုတလော က သူတို့ကျောင်းမှတာ favorite toys လေးတွေယူလာခိုင်းပြီး talk n show

section လုပ်တာ။ favorite toys ဆိုတော့ သူ့မှာ ဆော့တဲ့ favorite toys မှမရှိတာ ဘယ်လိုလုပ်ရပါမလဲ

စဉ်းစားလို့ မရတော့တဲ့ အဆုံး WB အသေးလေး ရှာထည့်ပေးလိုက်ရတယ်။အောက် က WB က Kiddy

Palaces က၀ယ်လာတာ ကြီးနေလို့  မြန်မာပြည် ပြန်တုန်းသ မသယ်နိုင် လို့ အပြာနုရောင်

တစ်ခုထပ်ဝယ်ရတယ်။



ဒါမ၀ယ်ခင် က ၂ခု ရှိသေးတယ်။ပျက်သွားတာ။
























ဒီဟာက မြန်မာပြည် ပြန်ခါနီးမှဝယ်သွားတာ။၂လတောင် မပြည့်သေးဘူး ။အဲလိုဖြစ်နေပြီ။














ဒါက အသေးလေး။



















အိပ်ခါနီးလဲ ဘုတ်ကို အနားယူပြီး အိပ်တယ်။ဒီလိုလေး။















ဒီလိုလဲ ရေးတယ်။



















ဒီလိုကော။






















သူလား super man တို့ spider man တို့ ဘာတို့ ဘာမှ မသိဘူး။စာေ၇းနေရရင်ပျော်နေကော။

မော်ကျွန်းပြန်တုန်းက တညနေ ကမ်းနားကို လမ်းလျောက်သွားတော့ မြစ်ထဲမှာ လှေတွေ၊

ရေကူးနေတဲ့ သူတွေ တွေ့တော့ တို့ကို မားမား where is Edwin's Board? တဲ့။သူရေးမယ်၊

ဆွဲမယ်လေ။ဒီနားလေးမှာ။


















မော်ကျွန်းမှာတုန်းကလဲ  သူ့စာရေးတာကို ထောက်ခံတဲ့ လူ၇ှိရင်နေတယ်။

ဒါပေမယ့် ဟိုကလူတွေက သူပြောတာ နားမလည်(အီးတ၀က် ဗမာ တ၀က်)၊သူဆွဲ တဲ့ ပုံကို မသိ။သိရင်

 လဲ ဟိုက ဗမာလို ပြောတာ သူ ကနားမလည် ဒေါသထွက်။မအေက ကြားထဲ က ဘာသာပြန်။မအေလဲ

အမြဲဘယ် သူ့နားနေနိုင်မလဲ။အဖေ လုပ်သူ က yangon ပြန်တတ်ပြီး ကားပါမစ် လုပ်တော့။ရွာပတ်နေတာပဲ။


ကျောင်းက ပြန်လာတာ နဲ့ ဆက်တီပေါ် ထိုင်ပြီး သူ့ရဲ့ ဘုတ်ယူပြီး ရေးတော့တာပဲ ကျောင်းကသင်လိုက်တာ

တွေ ဟိုနေ့ ကရောက်ရောက်ချင်း ရေးလိုက်တာ YES,HIS,MY,HER  တဲ့ ပြီးတော့ ပြောသေးတယ်။

လင်းလင်း(သူ့ညီမ) က HER ,Edwin က His တဲ့။အရင်တုန်း က WB ပါ် ရေးထားတွေ ကင်မရာ

ရိုက်ထားတာရှိတယ်။ဖုန်းနဲ့။ပျက်ကုန်လို့။

ဒါတွေက သူ လေ့ကျင့်ထားတာတွေ ဒီလို ဗလာစာအုပ်နဲ့ရေးရတာလဲ သိပ်ဝါသနာပါတယ်။







ခဲတံ နဲ့ရေးထားတာက သူဖြည့်ထားတာ။















very good ဆိုတာလဲ သူ့ဘာသာရေးတာ။




















ဒါက လွန်ခဲ့တဲ့ လေး ငါးလ ကရေးထားတာ။





















ဒါ က ကကြီး၊ခကွေး


ကကြီး၊ခကွေး  စာအုပ် ချပေးလိုက် ပုံတူကူးရေးတာပဲ။















စာတော့တော် တော် ၀ါသနာ ပါတယ်။အဲဒီတော့ ဒီပြင့်လှုပ်ရှား မှုတွေ မှာနှေးတယ်။

ဖိနပ် ၀တ်တာတို့၊ခြေစွပ် ၀တ်တာတို့။ကြီးလာရင် စာချ ဆရာတော် ဖြစ်မလားမသိ။အိမ်မှာ အကုန် သူ့ဆီ

မှာတပည့် ခံရတယ်။သူ ကဒီလို အသံထွက်ဆို ထွက်ရတယ်။ဟိုနေ့ က အမေလုပ်သူ က သားရေ nail nail

long long ဖြစ်နေတယ် cut ရအောင် လက်ပေးလို့  ပြောတာ ခြေထောက် ထိုးပေးတယ်။ဟဲ့ ဒါ

လက်မှမဟုတ် ပဲ ပြောတော့။ this is leg;;;;;LEG တဲ့။လာမဲ့ June 1 ဆို ရင် လေးနှစ်ပြည့်မယ်။


အိုးးးဘလော့လာ မိတ်ဆွေ အပေါင်း တို့ သားလေးကို လာထိန်းချင်ရင် ဘုတ်ကိုင်ပြီးလာခဲ့ ပါ။


(PS;သူတို့ ဆရာမကပြောတယ် Edwin ဟာစာတွေ အကုန်သိတယ်။အကုန်ဆိုတာ သူတို့ nursery မှာ
သိရမဲ့ စာတွေပေါ့။ ဒါပေမယ့် လှုပ်ရှားမှုတွေ နှေးတယ်တဲ့။ဥပမာ ဖိနပ် စီးရင် သူအနောက်ကျဆုံးပဲ။ဘယ်လိုလုပ်ရမလဲ )

အခုတော့ အိမ်မှာ train နေတယ်။how to wear the shoes ?ဆိုပြီး။


27 comments:

  1. I think he need to do physical work, such as playing , climbing, singing. you are right. you can show him how to put it on the shoes slowly and repeat again and again

    ReplyDelete
    Replies
    1. နှေးတာတော့ အမှန်ပဲ။ဒီရက်ထဲမှာတော့ ပြင်းပြင်းလေး train ပေးလိုက်တယ်။shoes စီးတာအဆင်ပြေသွားပေမယ့် socks စွပ်တာတော့ အဆင်မပြေသေးဘူး။ခြေစွပ် အတည့် ပြောင်းပြန် မခွဲတတ်ဘူး။သူ့ဆရာမ က ဘာမှမလုပ်ပေးနဲ့ သူ့ကိစ္စ တွေ ကို သူ့ကို လုပ်ခိုင်းတဲ့။အဓိက က သူ့ လက်ချောင်းတွေပဲ။သူ့လကါချောင်းတွေ က ရှည်ရှည် သွယ်သွယ် ပျော့တယ်။အားမရှိသလို ပုံမျိုး။ပစ္စည်း တခုပေးရင် မြဲအောင် မကိုင်ချင်ဘူး။

      ဆရာမ က သူ့ကို လက်လေ့ကျင့်ခန်းလဲလုပ်ခိုင်းတယ်။တို့က သူ အိမ်မှာ တချိန်ကုန် ရေးနေတာပဲဆိုတော့ စာရေးတာလဲ လက်ကို လေ့ကျင့်ပေးသလိုဖြစ် တယ်ပြောတာပဲ။

      Delete
  2. Edwin လေးက တော်လိုက်တာ။ စာတော်တဲ့ ကလေးတွေက physical ပိုင်း အားနည်းကြတယ်။ ဖြည်းဖြည်းချင်း train ပေါ့ အမ။ အားကစားတစ်ခုခုကိုပါ ဝါသနာပါအောင် လုပ်ပေးရင် သွက်လာမှာ။စာတစ်ခုပဲ စွဲသွားရင်လည်း ကျန်တာ မလုပ်ချင်တော့ဘူး။

    ReplyDelete
    Replies
    1. သူစာရေးနေတာ ကြာလို့ သားရေ အောက်ဆင်းရအောင် လျောသွားစီးမယ် ခေါ်လဲ Edwin ဘုတ်။edwin စာေ၇းဆိုပြီး နေခဲ့မယ်တဲ့ ဗျာ။တခါတော့ အဲဒါဆို နေခဲ့ တို့တွေသွားမယ်ဆို ပြီး သူ့ကို တယောက်ထဲ ထားပြီး ထွက်သွားတာ စာရေးမပျက် နေခဲ့တယ်။တယောက်တည်း။မနေနိုင်လို့ တို့တွေပဲ အိမ်ထဲပြန်ဝင်ရပါရောလား။

      Delete
  3. Edwin ငယ်ငယ်လေးနဲ့ လက်ရေးလှတယ်.. တို့ငယ်င်ယ ၄ နှစ်သမီးလောက်က န ငယ် ကိုပြောင်းပြန်တွေရေးထားတာ အိမ်က တိုင်မှာ မြေဖြူနဲ့..တော်တော်ကြီးတဲ့ထိ ၇ှိတုံး...။
    ကိုကိုက စာရေး..ညီမလေးက ဘေးက ထိုင်ကြည့်.. ချစ်စရာလေးတွေ


    စင်စင်

    ReplyDelete
  4. တော်လိုက်တဲ့ စင်စင် န ငယ် ကိုပြောင်းပြန်တွေရေးထားတာ။တို့ ကလက်ရေးမလှဘူး။စာရေးရတာ ပျင်းတယ်။တခါမှ ကျောင်းသူဘ၀မှာ စာရေးမကျက်ဖူးဘူး။ သားလေးကြည့်ရတာ ကိုယ်တောင် ငြီးငွေ့တယ်။သူမို့ ရေး ရေးနိုင်လွန်း။

    ReplyDelete
  5. Edwin လေးက စာတော်လိုက်တာ ... လက်ရေးတော်တော်လှတယ် ... အမ သမီးမေနဲ့ character နဲနဲဆင်တယ် ... အမရဲ့ သမီးလဲ တစ်ချိန်လုံးစာဖတ် ပုံဆွဲ ပဲလုပ်တယ် ... အနုပညာဝါသနာ ပါတယ်.... ကျောင်းမှာဘယ်သူနဲ့ မှစကား မပြောဘူး .... Class mate တွေ နဲ့ လမ်းမှာတွေ့ လဲနှုတ်ဆက်ခိုင်းလို့ မရ ... သူ့ ကိုကျောင်း မပြောင်းရဲဘူး nursery ကနေ အခု k2 ထိတစ်ကျောင်းပဲထားရတယ် ... မနှစ်တုန်းက parents-teacher meeting တုန်းက ဆရာမ က counselor နဲ့ တောင်တွေ့ ခိုင်းတယ် ... အဲဒါကိုသူကြားတော့ သမီးစကားပြောပါ့ မယ် ... ဆရာဝန်နဲ့ တော့မတွေ့ ပါရစေနဲ့ တဲ့လေ ... စာကတော့ သူ့ အတန်းမှာအရမ်းတော်တယ်လို့ ဆရာမတွေကပြောတယ် .... ကျန်တာအကုန်နှေးတယ် ....
    yym

    ReplyDelete
    Replies
    1. ဒီမှာလဲ တွေ့ခိုင်းတယ် ဆရာဝန်နဲ့။ဒါပေမယ့် ကလေးက နှေးတာ ကလွဲပြီး ပုံမှန်ဆိုတော့လဲ ဘယ်လိုလုပ်မလဲ။ဟိုတလောကပဲ သူ့ဆရာမက edwin လက်တွေကသိပ်မသန်ဖူး ထင်လို့ ကျောင်းမှာ စာရွက်ဖြဲခိုင်းတာ မဖြဲတတ်ဘူးတဲ့ အမ။အဲဒီတော့မှ စဉ်းစားမိတယ် မွေးကထဲက အခုထိ တစ်ခါမှ စာရွက်၊စာအုပ်မဖြဲဖူးဘူး။အဲဒါနဲ့ အိမ်ရောက်တော့ သားရေ ဒီစာရွက်ကလေး ဖြဲကြည့်စမ်းဆိုပြီးပေးတာ လုံးဝ မဖြဲတတ်လို့ ဖြဲနည်းသင်ပေးရသေးတာ။အဲဒီနေ့က တနေကုန် အဖြဲလေ့ကျင့်ရတယ်။ဒီနေ့ကျောင်းကပြန်လာတော့ ခြေစွပ် ပြောင်းပြန်ဝတ်လာတယ်။သူ့ကိုပဲ စိုးရိမ်နေရတယ်။
      ဟုတ်တယ် ကျောင်းမှာစကားလဲ မပြောဘူးတဲ့။
      အိမ်မှာ နေတဲ့ အမ က တို့ကို မားမားရယ် မစိုးရိမ်ပါနဲ့ သူ့ အကိုတွေ ဆရာဝန်တွေဆို စာပဲဖတ်နေ တာ ဘာမှ မလုပ်တတ်ဖူးတဲ့။ဒါနဲ့ တို့က အမ ဒါက SG မတူဘူး။MMမှာဆို ဟယ် ဒီကလေးလေးက အေးလိုက်တာ စာလဲတော်တယ် ချီးမွမ်းမှာ။ဒီမှာက ဘက်စုံကြည့်သေးတာ။

      Delete
  6. န ငယ်ပြောင်းပြန် တမင်ရေးတာမဟုတ်ဘူး.. မရေးတတ်သေးလို့ ပြောင်းပြန်တွေ ရေးမိတာ.. Edwin လို တမင်ပြောင်းပြန်မဟုတ်ဘူး..ဟိဟိ

    ReplyDelete
  7. Yiu better go to doctor and take his advise. You find Autism baby in youtube and learn that wherether he has these signs or not. Dont worry too much if he has, just go to the doc it can be cured.
    It is just my suggestion. Dont be upset if you dont like my comments.

    ReplyDelete
    Replies
    1.ွှ့ကျေးဇူးပါ Anonymous May 11, 2012 1:24 PM ရေ..
      Autism ဆိုတာမျိုးရှိတယ်ဆိုတာမသိခဲ့ဘူး။၁၈ လအထိ development check ကတော့ normal ပဲ။သူက ငယ်ငယ်ကတည်းက လူကြောက်တယ်။အထူးသဖြင့် ရွယ်တူကလေးတွေ။သူက သူများဆီက ပစ္စည်းတွေ ဘာတွေ မလုတတ်ဘူး။သူ့ဆီက ရွယ်တူကလေးတွေက ဆော့စရာလာလုတာတို့ ဘာတို့ဆိုရင် သူမကြိုက်ဘူး။သူ့စိတ်ထဲမှာ တစ်စိမ်းတွေ ဟာ သူ့ကိုအမြဲ Bullying လုပ်တယ်လို့ သူမှတ်ထားတယ်။သူဆီက တခါပစ္စည်းလုထားတဲ့ သူကိုနောက်တခါတွေ့ ရင်အမြဲ ကြောက်နေတယ်။အခုတော့ သူ့ကိုအိမ်မှ နဲနဲ train နေတယ်။တိုးတတ်မှုမရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရမယ်။

      Delete
  8. As you said in above reply, we all myanmar thougt that kind of baby is very clever but western dont think so. They think that babies need to be social instead of being alone.
    I also was afraid of crowded places and stayed alone when i was young. But now I am ok.

    ReplyDelete
    Replies
    1. Yes.

      You are Right.Singapore also dont think that this kind of baby is clever.They also think that children need to be develop in the social, cognitive, emotional, and educational.For my son,he very like to stay alone.

      Delete
  9. အစ်မရေ အပေါ်က ကွန်မက် နှစ်ခုကကျွန်မရေးတာပါ။ ရေးပြိံးမှ သူများသားသမိံကို မဟုတ်တမ်းတရားပြောတယ်ဆိုပြိံးစိတ်ဆိုးမှာဆိုးလို့  ပြန်ဖျက်ချင်တာ မဖျက်တတ်လို့ ။ ကျွန်မကအမသားလေးအကြောင်းအမြဲလာဖတ်နေကြပါ။ အမသားလေးကချစ်စရာကောင်လွန်လို့  ကျွန်မကိုယ်ဝန်ရှိတုန်းကသူ့ ပုံလေးတွေအမြဲလာကြည့်နေကြ။ Autism အကြောင်းကတော့ကျွန်မလဲ youtube မှာလျှောက်ကြည့်ရင် တွေ့တာပါ။ မြန်မာပြည်မှာတော့ ဒိံ လိုကလေးမျိုးကိုအရမ်အေးတယ် လိမ်မာတယ်လို့ သတ်မှတ်လေ့ရှိကြတယ်။ အဖွားဆိုအမြဲပြောတယ် ကျွန်မကိုအေးလို့  လိမ်မာလို့  ဆိုပြိံ။ တကယ်တော့ကျွန်မလဲ လူအရမ်းကြောက်ပါတယ်။ physically အားဖြင့် ချို့ယွင်းချက်မရှိပေမဲ့ နိုင်ငံခြားမှာ ဆို ကျွန်မကိုရောဂါတပ်ကြမှာပါ။ အခုအသက်သုံးဆယ်ကျော်အထိလူများတဲ့အရပ်တွေသွားလို့ မရဘူး။ လူမျာတာနဲ့  ခေါင်းတွေအုံလာပြိံ ဘာ မှကိုအာရုံစိုက်လို့ မရတော့တာ။ Giant မှာလာက်လူမျာရင်ကို ခေါင်းမူးလာတာ ပါ။

    ReplyDelete
    Replies
    1. တို့ဘလော့လေးဆီ ကိုအလည်လာတာ ကျေးဇူးပါ။ကွန့်မန့် အတွက်ကျေးဇူးတောင်တင်သေးတယ်။သူ့ကို (သားလေး)ကိုပဲခေါင်းခဲနေတာ။သူ ကျောင်းမှာ ဘယ်လိုနေမလဲ၊နှေးလို့ ဆရာမတွေကပဲ ငြိုငြင်မလား နဲ့။ဆရာမတွေ ကနှေးတယ်လို့ ပြောတာတော့ မလွန်ဘူး။ဟိုနေ့ ကသူကျောင်းသွားနေတုန်း သမီးလေးနဲ့ ဈေးသွားဝယ်တယ် အဲဒီမှာ PAP CENTER (အားကစားလုပ်တဲ့) ရှေ့မှာ ကလေးတွေ ထွက်လာပြီး တန်းစီနေတာ တွေ့တော့ သားလေးတို့အတန်းက ကျောင်းသူလေးတွေနဲ့ တူလိုက်တာဆိုပြီး ကြည့်လိုက်တာ သူတို့အတန်းGYM ကစားပြီးပြန်ထွက်လာကြတာ။EDWIN ဘယ်မှာလဲဆိုပြီး ခပ်လှမ်းလှမ်းကနေကြည့်နေတာ နောက်ဆုံးမှာ တယောက်ထဲထိုင်ပြီး ခြေစွပ် ကို အကျိတ်အနယ်စွပ်နေတာ။အယောက်၂၀လောက်ရှိတာ သူကလွဲရင် အားလုံး ၂ယောက်တစ်တွဲ စီပြီးနေပြီ။သွားဖို့ သူ့ကိုစောင့်နေကြတာ။ပြီးခဲ့ တဲ့နှစ်က PLAY GROUP တတ်တုန်းက သူ့ ဆရာမကသတိပေးတယ်။နောင်(အခုတတ်နေတဲ့)ကျောင်းကဆရာမတွေကို EDWIN ဟာဘယ်လို စရိုက်၇ှိတယ် QUIET ဖြစ်တယ်ဆိုတာ ပြောပြထားမှ သူ့ကိုနားလည်မယ်လို့ပြောခဲ့ဖူးတယ်။

      Delete
  10. I think what you pοsted made a bunch оf sense.
    Ηoωеvеr, ωhat about thіѕ?
    supροse yоu were tο create a κiller poѕt title?
    I ain't saying your information is not solid., however what if you added a title that makes people desire more? I mean "Edwin နှင့် သူရဲ့ အချစ်တော် Writing Board" is a little plain. You ought to peek at Yahoo's
    front pаge and watch how they create news titles to grab peoplе interested.
    You mіght аdd a relatеd viԁeo or a pic оr two
    to get геaԁеrs interested about еverything've got to say. Just my opinion, it would bring your website a little bit more interesting.
    Here is my web blog : samsung galaxy note 2

    ReplyDelete
  11. Howdy! This is κinԁ οf off topic but I need some help fгom an establіshed blog.

    Is it haгd to sеt up уour own blog?
    I'm not very techincal but I can figure things out pretty fast. I'm thіnking about
    cгeating my own but I'm not sure where to begin. Do you have any ideas or suggestions? Many thanks
    Here is my website pikavippi

    ReplyDelete
  12. Its like yоu read my mind! Yοu арρear to κnoω a lot about this, lіke you
    ωrote thе bοοk in it
    or something. I think that you could ԁo wіth
    some рics to drіve thе mеssаgе homе a
    bit, but оther than that, this іs magnifіcent blοg.
    A fantаѕtic reaԁ. Ι will сertаinlу bе bаcκ.
    Feel free to surf my web-site ... pikavippii

    ReplyDelete
  13. Thanks for your maгvelοuѕ posting!
    I ԁefinitelу enјoyеd rеading іt, you
    cаn be a greаt author. I wіll ensuгe that I booκmark уоur blοg anԁ will сome back down the road.
    I want to encоurage continue your greаt job,
    have a nicе moгnіng!
    Also visit my blog : forex trade account

    ReplyDelete
  14. Wow that ωas stгange. I just wrote an incгedibly long
    cοmment but аfter Ӏ clісκed submіt my
    сommеnt ԁidn't appear. Grrrr... well I'm not writіng аll that оveг
    again. Anyhoω, juѕt wantеԁ to sау ѕuреrb blog!


    My wеb pаge Zulutradeonline.Com
    Take a look at my site :

    ReplyDelete
  15. Artіcle writing is alѕo a fun, if you be familіar
    ωіth then уou can wгite if not it is difficult tο write.


    Visit my web-site: i-l.co
    Also visit my web page :: samsung galaxy note 2

    ReplyDelete
  16. I do agree ωith all of the сοnceρts you've presented for your post. They are really convincing and will definitely work. Nonetheless, the posts are too brief for starters. May you please extend them a little from subsequent time? Thank you for the post.

    Here is my homepage Disney Channel Ant Farm
    Take a look at my web site - samsung galaxy note 2

    ReplyDelete
  17. Thаnk уοu for the goоd wrіteup.
    It in fаct wаs a amusеment аccount it.
    Look adѵanceԁ to mοre added agгeeable from уou!
    By the way, how could we сommunicate?



    my homepagе - vapornine
    My weblog

    ReplyDelete
  18. Thаnk you for the good writeup. It in faсt
    waѕ а аmusеmеnt account it.
    Lοok advanced to more adԁed agrеeable frοm you!
    By the waу, hοw cοulԁ wе cοmmunicatе?


    Αlso vіsіt my blog vapornine
    my webpage ::

    ReplyDelete
  19. Excellent article. Keep posting such kind of information on your
    page. Im really impressed by it.
    Hey there, You've done a great job. I'll certainly
    digg it and individually suggest to my friends. I am sure they will be benefited from this website.


    Feel free to visit my web-site: http://www.yichao.info/?p=102
    Here is my web site ... cjx

    ReplyDelete
  20. Hola! I've been following your web site for a long time now and finally got the bravery to go ahead and give you a shout out from Atascocita Tx! Just wanted to mention keep up the great work!

    Here is my site; get-plus-followers.com
    Also see my website > buy followers for instagram

    ReplyDelete
  21. Asking questions are genuinely nice thing if you are not understanding something completely,
    except this piece of writing provides nice understanding
    even.

    Visit my webpage :: get followers

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။