Friday, November 11, 2011

ဟိုဟို ဒီဒီ အကြောင်းလေးတွေ

ဘလော့လေးကို ပစ်ထားတာ ကြာပြီ။မအားလို့။မအားဆိုအလုပ်တွေ က များတယ်။သမီးလေး pass

သက်တမ်းတိုး၊PR လျောက်၊သားလေးပတ်စပိုစ့် သက်တမ်းတိုး ၊အိမ်ကလူက အခွန်ဆောင်။ခလေးတွေက ခဏ၊ခဏ ဖျား။

အခုတလော စိတ်မကျေနပ်စရာ တွေ ရော စိတ်ကျေနပ်စရာ လေးတွေ ကြုံနေတယ်။

မကျေနပ်စရာအရင်ရေး မယ်။

ဟိုတစ်လောက NTUC မှာ ဈေးသွားဝယ်တော့ အဝင်ဝ နားမှာ ကောင်မလေးတစ်ယောက် က ကိုယ့်ကို ပြုံးပြ

တယ်။ကိုယ်လဲ ပြန်ပြုံး ပြလိုက်တယ်။စိတ်ထဲ မှာ တော့ အော် မြန်မာထင်တယ်ပေါ့။ကိုယ်လဲ ဆွဲခြင်းထဲ ကို

ဝယ်မဲ့ ဟာတွေ ထည့်ပြီး ကလေးနို့ မှုန့် တန်းဖက်အသွားမှာ စောစော က ရယ်ပြတဲ့ ကောင်မလေး က ကိုယ့်

ဆီ လာပြီး "နင်က မြန်မာလား" တဲ့ ကိုယ်လဲ အေး လို့ ဖြေလိုက်တော့။'ငါ ကဒ်ဖုန်း ဝယ်ချင်တာ

အိမ်ရှင်ကို ပြောတာ နားမလည်လို့ ဘယ်လို ပြော ရ မလဲ" လို့ မေးတယ်။ ကိုယ်လဲ prepaid Sim

ကဒ်လို့ ပြောလိုက်။ဒီ MRT အဆင်းနားက ဖုန်းဆိုင်တွေမှာ ရတယ်။တစ်ကဒ် ကို ဘယ်လောက်

ရှိတယ်ပေါ့။သူကမီးနစ်ဘယ်လောက် ရ လဲ မေးတော့ ကိုယ်လဲ ငါ သေချာမသိဘူး မသုံးတာ ကြာပြီ လို့ ဖြေလိုက်

တယ်။
သူ ကနင် ဘာဖုံးကိုင် လဲ လို့ ကိုယ့် ကို ထပ်မေးတယ်။ ကိုယ်လဲ ငါ လိုင်းဖုံးကိုင်တာ လို့ ပြောလိုက်တယ်။

ကိုယ်လဲ ဝယ်စရာ တွေ ဆက်ဝယ်နေ တုန်း သူ တစ်ခေါက်ပြန်လာပြီး ကိုယ့် ကို နင် အဆင်ပြေလားတဲ့။ကိုယ်လဲ

ရုတ် တရက် ကြောင်သွားပြီး အေး ပြေ ပါတယ်၊ဘာဖြစ်လို့ လဲမေးတော့ ။နင် ဒီအိမ်မှာ လုပ်တာ ကြာပြီလားတဲ့။

ဟားးး သူက ကိုယ့်ကို အိမ်ဖော်ထင်လို့ မေးနေတာကိုး။ကိုယ်ကလဲ အိမ်နေ ဝတ် နဲ့ သွားတာကိုး။



အဲဒီနေ့ က တော် တော် တင်းသွားတာနဲ့ ဘယ်ရမလဲ မျက်နှာ လိမ်းတဲ့ လိုးရှင်း၊ မျက်နှာချေ၊ အဲလိစဘတ် အာဒင်

တို့
ဘိုင်အိုအက်စန့်တို့ ဝယ်လိမ်းပလိုက်တယ်။ဆံပင်ကို လဲ သရီးစတပ် ညှပ်လိုက်တယ်။



မနေကတော့ အိမ်အောက်နားက ကစားကွင်းကိုသွားတယ်။သားနဲ့သမီး ကစားနေတုန်း အိမ်ဖော်တစ်ယောက်

တရုတ်မ ကလေး တစ်ယောက် နဲ့ လာဆော့တယ်။ကိုယ် သူ့ ကိုကစားကွင်းမှာ တွေ့ဖူးပေမယ့် မြန်မာလို့ မထင်

ဘူး ။ကစားနေရင်း ကိုယ် ကသားလေးကို မြန်မာ လို လှမ်းပြော တာကို သူကကြားတော့ ကိုယ့်ကို လာပြီး ဟဲ့

နင်က မြန်မာလားတဲ့။အေး ဟုတ်တယ် လို့ ဖြေလိုက်တော့ ။ဘယ်ကလာလဲ တဲ့။ကိုယ်က မော်ကျွန်း ကဆိုတော့

ငါ ကကျောင်းကုန်းကတဲ့ ။နင် ဒီမှာ ဘယ်လောက်ကြာပြီလဲ ကိုယ့်ကိုမေးတော့ ကိုယ်က ရ-နှစ် ပြည့်တော့မယ်

လို့ ဖြေတော့ သူ က အမလေး နင် နေနိုင်လိုက်တာ ငါ့မှာ ၂ လပဲရှိသေးတာ မျက် ရည်နဲ့ မျက်ခွက်တဲ့။

နင် ဒီတစ်အိမ် ပဲလား အိမ်မပြောင်းဘူးလားမေးတော့ ကိုယ်လဲ ခလေး ၂ ယောက် ကို လက် ညိုးထိုးပြပြီး

အဲဒါ ငါ့ ကလေးတွေ ဆိုတော့ ....အော် ဆောရီးးး ဆောရီး တဲ့။ကိုယ်လဲ ကိစ္စ ပြီးပြီမှတ်နေတာ

ထပ်လာမေးသေးတယ် နင့်အမျိုးသား က Singaporean လားတဲ့။ကိုယ် အဲနေ့က 10 နဲ့ discount ချတဲ့ လို့

ဝယ်ထားတဲ့ အင်္ကျီဝတ် သွားတာ။ကိုယ့် ဥပဓိ ရုပ်က တော် တော် ဆိုးနေပြီ ထင်တယ်နော်။ကိုယ်တို့နေတဲ့

နေရာနားမှာ မြန်မာ အိမ်ဖော်တွေ တော်တော်များတယ်။ကစားကွင်းမှာဆို သူတို့တွေ အချင်းချင်း ချိန်းပြီး

gathering လုပ်တာတောင် တွေးဖူးတယ်။

အပေါ်က 10 နဲ့ discount ချလို့ ဝယ်ထားတဲ့ အင်္ကျီကလဲ ရာဇဝင်နဲ့။ဟိုတလောက အဲဒီ့ အင်္ကျီ ဝတ်ပြီး ဈေးသွား

ဝယ်တော့ တရုတ်မ တစ်ယောက် လိုက်လာပြီးမေးတယ်။အဲဒီ့ အင်္ကျီ ဘယ်လောပ်ပေး ရလဲ၊ singapore မှာ

ဝယ်တာလားတဲ့ ။ကိုယ် က singapore မှာ ဝယ်တာ 10 နဲ့ discount ချလို့ ဆိုတော့။ ငါ့ မှာ နင့်အင်္ကျီ အဆင်တူ၊

အရောင်တူ ၊ဒီဇိုင်းတူ ရှိတယ် ထိုင်ဝမ်က ဝယ်လာတာ ၃ ဒေါ်လာပဲ ပေးရတယ်တဲ့။လွန်ခဲ့တဲ့ ၃ နှစ်ကဝယ်တာ၊

နင့်ဟာ ဈေးကြီးလိုက်တာတဲ့။


ဟားးးးးးးးးးးးးကိုယ် အဲဒီ့ တရုတ်မ ကို တော်တော် အံ့သြတယ်။




နောက်မကျေနပ်စရာ က သမီးလေးကို PR သွားတင်တာ processing time က 4 to 6 months ပါတဲ့။:(

နောက်မကျေနပ်စရာ ၊မကျေနပ်ဆုံး ကတော့ ဟိုတစ် ယောက် ပေါ့။ကိုယ့်မွေးနေ့ ကို မေ့နေတယ်။ငါ့ ကိုဒီနေ့

မုန့်မကျွေးပါလားပြောမှ သတိ၇တယ်။

စိတ်တို လို့ အဲဒိနေ့က ဘလန်ဒါ၊အသားကင်တဲ့ oven ၇ယ်၊DVD player ရယ် သွားဝယ်ပလိုက်တယ်။


စိတ်ကျေနပ်စရာ လေးတွေ


သားလေး Passport သွားလုပ် တော့ မြန်မာသံရုံးဟာ တော်တော်ပြောင်းလဲသွားတယ်။လူကိုယ်တိုင်လာတဲ့

လူတွေ ကို ဦးစားပေးတယ်။အားလုံး computerize .တုံကင်ကလဲ ဘားကုတ်နဲ့ ။အခွန်ပြေစာမှာလဲ ဘားကုတ်နဲ့။

sep ကနေ feb ထိက ၂ %နဲ့။အင်္ဂါနေ့ဆိုရင် အေးဂျင့်တွေကို လုံးဝလက်ခံပဲ ကိုယ်တိုင်လာတဲ့ လူတွေကိုပဲ လုပ်

ပေးတယ် ပြောတယ်။march လတုန်းက ကိုယ့် Passport သက်တမ်းတိုးတုန်က ရောက်ခဲ့ တာနဲ့ တော်တော်

ကွာတယ်။

နောက်တခုက သားလေးအကြောင်း

သားလေး တို့ ကျောင်းက graduation party လုပ်တာ သွားတော့ သားလေး တို့ အဖွဲ့က head shoulder knee

and toes နဲ့ကရ တယ်။သားလေးဟာ ငယ်ငယ်ကတည်းက တစ်ခါမှ ကတာ မတွေ့ဖူးဘူး။သူကမယ်ဆိုတာ

ကိုယ်လဲ ကြိုမသိတော့။သူ ကတာတွေ့တော့ တော်တော် အံ့ သြ သွားတယ်။ဒီအောက် ပုံကို ဆွဲပြီး ကိုယ့်ဆီ

ပြုံးစိစိ နဲ့ လာတယ်။ပြီးတော့ this is mar mar တဲ့။ဆံပင်လဲပါဘူး။




ဒီပုံက ကျောင်းမှာ ကပ်ထားတာတွေ့ လို့ရိုက်လာတာ။သူ့လောင်စူးနဲ့။




Bonus;

My princess



အော် ပိုစ့်တင်တဲ့ နေ့ 111111 တစ်လေးလုံးဖြစ်နေပါလား။

13 comments:

  1. ဟုတ်တယ် တို့လဲဝယ်မယ်။

    ReplyDelete
  2. သမီးလေးးကချစ်စရာ။သားလေးကမေမေ့ပုံဆွဲတာချစ်စရာ။


    TD

    ReplyDelete
  3. Mar Mar ပုံလေးက လှတယ်တော့း)

    ReplyDelete
  4. ရေးထားတာလေးတွေ ကလဲ ချစ်စရာ။
    သားလေး သမီးလေး တွေကလဲ ချစ်စရာ။
    စိတ်ဆိုးတိုင်း ဟိုဟာ ဒီဟာ ၀ယ်နိုင်တယ် ကံကောင်းလိုက်တာ။

    ReplyDelete
  5. တအားရီရတယ်။
    သားသားနဲ့ မီးမီး သိပ်ကို ချစ်စရာကောင်းနေပြီ။

    ReplyDelete
  6. အဟင့် တို့လည်းအဲဒီလို အမေးခံရဘူးတယ်...စိတ်ဆိုးရမှာလည်းအခက်ကိုး..ကိုကကလေးအမေနဲ့ မတူလို့ ပဲနေမှာလို့ စဉ်းစားလိုက်တော့လည်း ကျေနပ်သလိုလို..ဒါပေမယ့် စတိုင်က အိမ်ဖော်ပုံပေါက်နေတယ်နဲ့ တူပါတယ်...အဟွန့်

    ReplyDelete
  7. ညီမရေ
    ပီအာအခွန်ဆောင်တာ တလဘယ်လောက်ကျလဲသိချင်ပါတယ်၊ အချိန်၇၇င်ပြန်ဖြေပေးပါအုန်းနော်

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ပီအာအခွန်ဆောင်တာ ပုံမှန် တစ်လ ၁၂၀ ပေးရပါတယ်။ကျောင်း part time တတ်နေ၇င် တော့ ကျောင်ဒထောက်ခံစာပြရင် ၈၀။အခု ဒီနှစ် sep နေ 2012 feb အထိကိုတော့ ၂ % နဲ့ တစ်လ ၂၄ ကျပ် ဆောင် ရတယ်။ discount ပေးတာလေ အစိုးရအသစ်တတ်လို့။ဒီကာလကလွဲ ရင် ကျန်တာ ပုံမှန် ၁၂၀ ပါပဲ။
    တို့ သွားဆောင်တာ april 2011 ကနေ feb 2012 အထိ
    4,5,6,7,8 ငါးလစာ က ၁၂၀*၅=၆၀၀,9လပိုင်းကနေ 2လအထိ က ၂၄*၆=၁၄၄ .စုစုပေါင်း 740 ပေးရတယ်။ ၄ ကျပ်လျော့လိုက်တယ်ထင်တယ်။

    အလည်လာသူအားလုံး ကျေးဇူးပါ။

    ReplyDelete
  10. အမပုံက နုနေလို.နေမှာပေါ.

    ReplyDelete
  11. ဟီး.. အိမ်နားကလူတွေကလည်း ကလေးရဲ့ အမေလို့မထင်ပဲ ကလေးရဲ့ နာနီလို့ထင်တာခံနေရတာ...
    ထင်ခံရမယ်လို့ ကြိုမျှော်လင့်ပြီးသားပေမယ့် တခါတလေ တင်းလာတေ့ ဒါ ငါ့သမီးလို့ ပြောပလိုက်တယ်... ဟင်းဟင်း

    ReplyDelete
  12. စင်စင် အားတင်းထား ဟဲဟဲ။အဖော် ရှိတယ်။

    ReplyDelete
  13. မရောက်တာ ကြာလို့ ကျော့ရေ... သမီးလေးတောင် ကြီးနေပြီ။ ညီမ သူ့ကို သွားမွေးနေတုန်းက နောက်ဆုံး ဖတ်လိုက်မိတာ

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။