Monday, August 8, 2011

သားလေးအကြောင်းတစ်စေ့တစ်စောင်း



သားလေး အကြောင်းမရေးဖြစ်တာကြာပြီ။ဒီနေ့တော့ သူ့ အကြောင်းရေးဖို့ စိတ်ကူးရလာတယ်။

သားလေးက ၂နှစ်ခွဲလောက်မှစ စကားပြောတယ်။စကားစပြောတာ နဲ့ စာစဖတ်တော့တာပဲ။စာဖတ်ဝါသနာ

ပါတယ်။၂နှစ် ၉လလောက်မှာ A to Z,1 to 20 နဲ့ အရာတော်တော်များများကို စာလုံးပေါင်းဖတ်တတ်နေပြီ။

ဒါပေမယ့် စကားကို အရှည်ကြီးမပြောဘူး။ပြတ်တောင်းပြတ်တောင်းပဲပြောတယ်။၂နှစ်နဲ့၁၀ လမှာ playgroup

ထားလိုက်တယ်။တစ်နေ့ကို ၂ နာရီ။အခု ၃ နှစ်၂လ ဆိုတော့ ကျောင်းတတ်တာ ၄လ ရှိပြီ။Elglish စကားလဲ

နဲနဲလိုက်ပြောလာပြီ ။မနေ့က ကျောက်သင်ပုန်းမှာ ဂျယ်လီပုံဆွဲပြီး 'မားမား this is 'J-E-L-L-Y' တဲ့။

ဆက်ပြီး 'I like that'တဲ့။ဒီနေ့ အမေလုပ်တဲ့ သူက သီချင်းညည်းတော့ မားမား သီချင်းဆိုပြီတဲ့။

နေ့ခင်းက ပြီးခဲ့တဲ့ အပတ်က သူတို့ကျောင်းက birds park ကို လေံလာရေးသွားတုန်း ပုံတွေ ကိုကြည့်နေတုန်း

သူက This is ဖလက်မင်ဂို တဲ့။ကိုယ်လဲ ကြောင်သွားတယ် သူ ဘာပြောတာလဲပေါ့။ဖလက်မင်ဂို ကဘာလဲ

ဆိုတာ ကိုယ်မသိဘူး။ဘာလဲသား ရဲ့ ဖလက်မင်ဂို ဆို တာလို့ မေးတော့။ဘေးနားမှာ အတူထိုင်နေ တဲ့ တစ်အိမ်

ထဲနေတဲ့ အမက 'သားလေး ပြောတာမှန်တယ်။သူပြောတာ ကြိုးကြာ(flamingos) ကိုပြောတာတဲ့'။အော

သူက ကြိုးကြာငှက်ပုံတွေ့လိုက်တာကိုး။အောက်ကပုံလေ။ကျောင်းက သူ့ရဲ့ best friend ကိုင်ရာ ရယ်၊ကိုင်ရာ့

အမေ ရယ်နဲ့ ရိုက်ထားတာ။ကျောင်းမှာ ကြိုးကြာ အကြောင်းသင်ပုံရတယ်။




အဲဒီ့ပုံထဲက Kyra ဆိုတဲ့ ကောင်မလေးက သားကိုတော်တော်ခင်တယ်။၂နှစ်ကျော်ပဲရှိသေးတယ်။

ကျောင်းမှာ Edwin ကို အခြားကလေးတွေ က အနိုင်ကျင့်ရင် သူက ရှေ့က ဝင်ကာတယ်ဆိုပဲ။

သူတို့ တီချယ်ပြောတာ။ကိုင်ရာ့ အမေကလဲ အိမ်မှာဆို ကိုင်ရာက Edwin နာမည်ပဲပြောပြောနေတယ်တဲ့။
အော် သားရှင်............သား၇ှင်။

Birds Park Trip မှာလဲ သားလေးလက်ကိုကိုင်ထားတာ တစ်ချိန်လုံးမလွှတ်ဖူး။အောက်ကပုံမှာကြည့်





Edwin က လက်ကို လွှတ်ဖို့ရုန်းတာ လုံးဝမလွှတ်ရေးချမလွှတ်။




သားလေးဟာ ဆော့ဖို့ထက် စာဖတ်၊စာရေးကို ပိုအားသန်တယ်။သူနဲ့အတူသာစာလိုက်ဖတ်ပေး သူ့မှာ၇ှိတဲ့

စာအုပ် ၁၄အုပ် ၁၅အုပ်ကို တစ်ထိုင်တည်း ဖတ်နိုင်တယ်။ကိုယ်က သား ငယ်ငယ်လေးရှိသေးတာ ဆော့ပါစေ

တော့ဆိုပြီး ကစားစရာတွေဝယ်ပေးထားလဲ မရပါဘူး၊အခုတစ်လောတော့ တစ်ချိန်ကုန်ပုံဆွဲနေတာပဲ။

ပုံတွေအကုန် မျက်လုံးနဲ့ပါးစပ်ထည့်တယ်။အောက်ကပုံကို This is mushroom တဲ့။




ဒီပုံကိုတော့ This is sun တဲ့။




ဒီပြင့်ပုံတွေကိုတော့ ရိုက်မထားလိုက်မိဘူး။ဟိုတစ်နေ့ ကလဲ မျဉ်းကြောင်း ၂ကြောင်း ကန့်လန့်ဖြတ်ဆွဲပြီး။

မားမား အော့ ......အော့..တဲ့။ကိုယ်လဲရုတ်တရက် ဘာလဲသား ဘာလဲ။ဘာအော့ လဲ မားမား နားမလည်ဘူး

ပြောတော့ အမေကိုနားလည်အောင်ပြောရှာတယ်။ ယိ...အော့.....ယိအော့ တဲ့။အဲဒီတော့မှ အော် Chinese လို

၂ ကို အော့ လိုခေါ်တာသွားသတိရပြီး သူ က Chinese လို ၂ ရေးတာကိုး။

ဒီနေ့ လဲ သူ ပုံတွေဆွဲလိုက် လာပြလိုက်လုပ်နေ တော့ ဗလာစာအုပ်နဲ့ခဲတံနဲ့ ပေးပြီး A

ဘယ်လိုရေးရတယ်ဆိုတာပြလိုက်ပြီး သားလေးရေးတော့ဆိုပြီး ပစ်ထားလိုက်တာ ၁၅ မီးနှစ်လောက်

ကြာတော့ သူ့ဆီက Edwin good job...Edwin ..A ..ရေးပြီ ဆိုပြီးလာပြတော့ အောက်မှာရိုက်ထားတဲ့

အတိုင်းရေးထားတာတွေ့ရတယ်။ပထမဆုံးရေးတာဆိုတော့ ဒီလောက်လဲဘယ်ဆိုးမလဲနော။




သားလေးက သူ့ကိုယ်သူ Edwin လို့ သူ့ကိုယ်ပြောလေ့ရှိသလို၊သူတစ်ခုခုလုပ်လို့ ပုံစံကျရင် Edwin did it

တို့Edwin good job တို့ပြောလေ့ရှိတယ်။အမှန်တော့ သားလေးဒီနေ့ A စေ၇းတာကို မှတ်တမ်းတင်ချင်လို့

ဒီပိုစ့်ဖြစ်လာတာပါ။

Bonusး
မောင်နှစ်မ နှစ်ယောက်

10 comments:

  1. သားလေးကတော်လိုက်တာဒီအသက်နဲ့ စာကိုစိတ်ဝင်စားတာ။
    တို့ဆို ဆော့ကောင်းတုန်း။မောင်နှမ ၂ယောက်ချစ်စရာလေး။

    ReplyDelete
  2. Good job, Edwin.
    You did it.
    You're smart boy.
    Kissssssssssss XOXO.

    ReplyDelete
  3. So smart, Edwin. You are a good boy.. Sis, I want a baby girl too while seeing the foto of Edwin and May. :)

    ReplyDelete
  4. ချစ်စရာကောင်းလိုက်တဲ့ မောင်နှမလေး ..။
    သားလေးကလဲတော်လိုက်တာနော် ။လက်ကို ကိုင်ထားတာ ရုန်းနေတဲ့ပုံကြည့်ပြီး အရမ်းသဘောကျတယ် ။
    တို့ မိဘတွေလဲ appeal တင်တာ ဂျက်လို့ မလေးကိုရှောင်ရဦးမယ်လေ။

    ReplyDelete
  5. It is a very beautiful post: I was smiling while reading it!
    Mon Petit Avatar

    ReplyDelete
  6. Edwin,you are too smart boy and i love you.....

    ReplyDelete
  7. ဖိုးစွံအက်ဒဝင်လေး
    =)

    ReplyDelete
  8. သား စကားပြောပုံက စာဖတ်သလို ပြောတာနော် ချစ်စရာလေး...

    ReplyDelete
  9. I love both of them..so sweet :P

    ReplyDelete
  10. အစ်မသါး ကလေးတောင် အတော်ကြီးလာပြီနော် ချစ်စရာလဲကောင်းလာတယ်

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။