Saturday, May 14, 2011

MAY

မနှစ်ကဒီလိုအချိန်ပေါ့ ပူပြင်းလှတဲ့ ရန်ကုန်နွေရဲ့ အောက်မှာသမီးလေးကို ဆာကူရာဆေးရုံမှာ မနင် ၆ နာရီ

မှာမွေးခဲ့တယ်။သားလေးကို စလုံးမှာမွေးထားတော့၊သမီးလေးကို မြန်မာပြည်မှာမွေးတာ ဘာတွေကွာလဲဆိုရင်

တော်တော်ကွာပါတယ်။ပေးရတဲ့ ငွေကြေးလဲကွာတယ်၊ပြုစုကုသပုံချင်းလဲ ကွာတယ်၊အယူအဆချင်းလဲကွာ၊

အကုန်ကွာပါတယ်။သမီးလေး မမွေးခင် ဘိုက်ကြီးနဲ့ တုံးက ဒီမှာ ၆လအထိပြပြီး မြန်မာ ပြည်မှာ အထူးကုနဲ့

ဆက်ပြီးပြပါတယ်။တစ်ရက် ဆေးပြဖို့စောင့်နေတုန်း ဘေးနားက မိန်းမ တစ်ယောက်ကို ဒီဆရာ ဘယ်လို

နေလဲ မွေးတဲ့ ၊ဖွားတဲ့ နေရာမှာ အဆင်ပြေလား စပ်စုကြည့်တော့ ဒုတိယခလေးကို ဒီဆရာနဲ့မွေးတာတော့

အဆင်ပြေတယ်တဲ့။ပထမ သားဦး ကို ဒိပြင့် ဆရာဝင်နဲ့ မွေးတုံးက ထုံးဆေးမထုံသေးခင် ဘိုက်ခွဲလိုက်

တာ သေလောက်အောင်နာပါသတဲ့။အောင်မလေး ကြက်သီးထလိုက်တာ။အဲဒါကြောင်း ဘလော့

တစ်ချို့ မှာဖတ်ဖူးတယ် မျက်စိခွဲနေတုန်း ထုံဆေးပြယ်သွားလို့ နာတာတို့၊အူအတတ်ခွဲတာ ထုံးဆေးမထုံသေးခင်

ဘိုက်ခွဲလိုက်လို့ ဘယ်လိုခံစားရတာတို့ ။


တကယ်လဲ ဖြစ်မှာ၊ဘာလို့လဲဆိုတော့ စလုံးမှာ သားလေးကိုမွေးတုန်းက ခွဲခန်းထဲမှာ ထုံဆေးထိုးပြီးတော့

ဆရာဝင်တစ်ယောက်က ရေခဲအိတ်လိုဟာမျိုးနဲ့ ခြေထောက်ကနေ တစ်ဖြေး ဖြေး အေးတာ သိလား သိနေလား

နဲ့ တစ်ဆင့်ခြင်းမေးလာတာ မျက်နှာနားထိ။အေးတာမသိတော့ဘူး ဆိုမှခွဲတာ။သမီးလေးကို မြန်မာပြည်မှာ

မွေးတုန်းကတော့ ခွဲခန်းထဲရောက် ထုံဆေးထိုးပြီးတာနဲ့ ဆတ်ခနဲ့ ခွဲချလိုက်တာ၊ထုံလာ မထုံလားတောင်

မမေးဘူး။ခွဲခန်းထဲဝင်တာကနေ မွေးပြီး ဘိုက်ပြန်ချုပ်ပြီး ၁၅ မီးနစ်ပဲ။အဟုတ်။


နောက်တစ်ခုက အသားဝါ ကိစ္စ ပဲ။သားလေးကိုဒီမှာမွေးတုန်းက ဂျွန် နဲနဲပါတယ်။poly မှာသွားစစ်ပြီး ဆရာဝန်က

နို့ကို ရေကျဲကျဲဖျော်တိုက်။အမေနို့ဆိုရင် အမေက အသီးများများစား။ဒါမှ ခလေးက ဆီးများများသွားပြီး အ၀ါ

မြန်မြန်ကျမှာ။အဲဒီအတိုင်းလုပ်ခဲ့ တာသားလေး လုံးဝ မီးချောင်းမပြရပါးဘူး။ သမီးလေးမှာ တော့

သားလေးလောက်တောင်မ၀ါပဲ မိခင် နို့ပဲ တိုက်ရမယ်၊ နို့မှုန့် မတိုက်ရဘူးဆိုတဲ့ ကလေးအထူးကု က မထွက်တဲ့

နို့ကို အတင်းတိုက်ခိုင်းပြီး၊နပ်စ်မတွေကလဲ ဆရာမဆူမှာကြောက်လို့ နို့မှုန့် ခိုးမတိုက်ရဲဘူး ဆိုတာတွေကြောင့်

အသားနဲနဲ ၀ါလာတဲ့ အချိန်မှာ မီးချောင်း ၈ ချောင်းတောင်ပြလိုကတယ်။စိတ်တိုလိုက်တာ။မမွေးခင်က အဲဒီ

ဆရာမ ကလာမေးတယ် ကမ္မဇ လေနှင်ဆေးသောက် လားတဲ့။ကိုယ်လဲ သောက်တယ်လို့ ဖြေလိုက်တော့

ဘယ်သူတိုက်လို့ သောက်တာလဲမေး တယ်။ကိုယ်လဲ ကိုယ့်ဖာ့သာသောက်တာလို့ ဖြေလိုက်တယ်။သူမက

ကျွန်မတို့ က အဲဒီဆေးမသောက်ဖို့ တိုက်ဖျက်နေတာ နောက်မသောက်နဲ့တဲ့။တကယ်ဆို တိုက်ဖျက်မနေပဲ

ဆေးဝါးသုတေသနတို့၊ဘာတို့တင်ပြပြီး တစ်ခါထဲလိုင်စင် ပိတ်လိုက်ပါလား။ဒေါသတွေပါကုန်ပြီ။သမီးလေး

အသားဝါနဲနဲ ပြလာတော့ သူမကပြောတယ် ကမ္မဇ သောက်တာကိုး ၀ါမှာပေါ့တဲ့။


ကိုယ်နဲ့ ရှေ့ဆင့် နောက်ဆင့်မွေးတဲ့ လင်ညီအမ ကျတော့ သူ့ နပ်စ်မကဆရာမ အထာ ကိုသိနေတော့

ကြိုပြီး သူ့ကိုမှာထားတယ်။ဒီဆရာမက ကမ္မဇ သောက်လားမေးရင် မသောက်ဘူးလို့ ဖြေဆိုလို့ သူက

မသောက်ဘူးလို့ဖြေလိုက်တယ်။ကံကောင်းခြင်တော့ သူက နို့အရမ်းကောင်းတယ် ၊သူးခလေးကလဲဘာစို့

သလဲ မမေးနဲ့ ၊ဒီလောက်စို့တာတောင် နို့က တောက်တောက်ကျနေတာ။သူ့ ခလေးက အ၀ါမတတ်ဘူး။

ဒီတော့ ကိုယ့်ခလေးက ကမ္မဇ သောက်လို့ ၀ါတယ်။သူ့ခလေးက ကမ္မဇ မသောက်လို့ အ၀ါမတတ်ဘူး ပေါ့။


ကိုယ့်ရဲ့လူပြိန်းအသိကတော့အ၀ါ တတ်တာဟာ သူ့ limit မကျော်ရင်အရည်များဝင်အောင်သာတိုက်၊ဆီးများများ

သွားပြီး အ၀ါမြန်မြန်ကျတယ်။မီးချောင်းပြစရာတောင်မလိုဘူး။Anyway,ရောမရောက်တော့ရောမလိုပေါ့........

ကြုံတာလေးတွေ share တာပါ။သမီးလေးဟာမွေးတုန်းက ၆ပေါင် ၂ အောင်စရှိတယ်။နို့ကိုအခုထိ

တစ်ခါဖျော် ၁၂၀ ml ကို ၄ နာရီလောက်သောက်ရတယ်။မွေးခါစကလေးသောက် နှုန်းပဲ ရှိတယ်။

လူကတော့ထွားပါတယ်။ကဲလဲကဲပါတယ်။တတ်လို့ရတဲ့ နေရာ အကုန်ဖက်တတ်တယ်။တွေ့တာ အကုန် လွှင့်ပစ်

တယ်။စကားများတယ်။မေလင်းလေး ရေ လို့ခေါ် ရင်"ရှင် ရှင့်'လို့ထူးတတ်နေပြီ။လိုချင်ရင် "ပေး"လို့ တောင်း

တတ်နေပြီ။ဘိုက်ဆာရင် "မန် မန်",စကားတစ်ချို့ ကို မပီကလာနဲ့ လိုက်ပြီးပြောနေပြီ။သူမလုပ်ချင်တာ၊မစားချင်

တာဆိုရင် ခေါင်းကို အတင်းခါပြီးငြင်းတတ်နေတဲ့ သမီးလေး ဒီနေ့ တစ်နှစ်ပြည့်ပါပြီ။

ဒီနေ့ မနက် clementi ဘုန်းကြီးကျောင်းမှ သံ့ဃာ ၁၂ ပါးကို နေ့ဆွမ်း၊အချိုပွဲနဲ့ ဝထ္တုငွေ ကပ်လှူပါတယ်။သား

လေးမွေနေ့ ကလဲရောက်တော့မှာမလို့ တစ်ခါတည်းပေါင်းလှူပါတယ်။





တစ်နှစ်ပြည့်ဖို့ လေးရက်အလို ရေကူးကန်မှာ။ရေအရမ်းကြိုက်တယ်။



Fri, May 13, 2011



HAPPY BIRTHDAY MY PRINCESS !!!!

မွေးနေ့ ဖြစ်တဲ့ မနေ့ က တင်ဖို့ ဘလော့ထဲ ၀င် မရလို့။

8 comments:

  1. face book uက ကွန့်မန့်တွေ မလာတယ်။

    ReplyDelete
  2. Sayar Htin Lin Happy birthday, May Lin Lin! Wish you everything you wish, together with your lovely parents and brother!
    12 hours ago · UnlikeLike · 1 person

    ReplyDelete
  3. Nay Thwin HAPPY BIRTHDAY!! Many happy returns of the day....!!
    12 hours ago · Like

    Myat Win Happy Birthday May Lin Lin!Happy until later many years with your family.
    11 hours ago · Like

    Thet Nandar Happy Birthday Princess May Lin Lin !
    10 hours ago · Like

    Aung Myo Tun Happy Birthday sweetie !!!!
    10 hours ago · Like

    Luo Mei Hua Happy birthday May
    8 hours ago · Like

    Myomonyee Oo Happy Birthday, သမီးလေး မေ
    12 hours ago


    Theint Theint Aye Happy birthday, tha mee lay
    5 hours ago · LikeUnlike

    ReplyDelete
  4. Theingi Maw Happy Birthday...tha mee lay.
    13 hours ago · Like

    ReplyDelete
  5. ချစ်စရာ မေကလေး
    ပျော်စရာမွေးနေ့

    ReplyDelete
  6. ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ မွေးနေ့ပေါင်း မြောက်များစွာကို မိသားစု သိုက်သိုက်ဝန်းဝန်း နဲ့ အတူတူ ဖြတ်သန်းနိုင်ပါစေ။
    ထူးချွန် ထက်မြက်သော သမီးအလိမာလေးတစ်ယောက်ဖြစ်ပါစေ။
    Happy Birthday to Princess May :)

    ReplyDelete
  7. သားသားက သမီးထက် ၃လ ပဲကြီးတာ စကားလုံးဝ မပြောသေး ဘူး။ ပြောတော့ ပြောတယ်။ ၁လုံးမှကို နားမလည်တာ။ သားသားက အကုန်လုံးတော့ နားလည်တယ်

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။