Saturday, April 2, 2011
ဧပြီ အမှတ်တရ
ဒီနေ့သားလေး playgroup စတတ်တယ်။ကျောင်းသွားဖို့အိမ် ကထွက်တော့ စက်ဘီးယူမယ်ဆိုလို့
နောက်ကနေတွန်းရတဲ့ စက်ဘီးလေးနဲ့တွန်းသွားတယ်။ကျောင်းရောက် တော့ first day မလို့ မိဘ
ပါဝင်လို့ရတယ်ဆိုလို့ စက်ဘီးလေးအပြင်မှာထားပြီး ၀င်လိုက်သွားတယ်။ပြန်ထွက်လာတော့
စက်ဘီးမရှိတော့ဘူး။အနီးအနားဘယ်မှာမှမတွေ့ဘူး။ဒီအောက်ကပုံထဲကစက်ဘီးပေါ့။ကျောင်းမသွားခင်
ကရိုက်ထားလိုက်လို့ အမှတ်တရကျန်ခဲ့တာ။စလုံးမှာ ဒီလိုမျိုးတွေ လဲရှိသကိုးးးးးးးးးးးးစိတ်မကောင်းပါဘူး
စက်ဘီးလေးရယ်။
သားလေးကအစပိုင်းမနေပေမယ့် နောက်ပိုင်းနဲနဲ ပျော်လာပုံရတယ်။
လက်ဆေးဖို့တန်းစီနေတာ။
ထိုင်နေတာ။
ဘောလုံးကိုင်ပြီးဘာလုပ်ရမလဲမသိ ဖြစ်နေပုံ။
သားလေးကဒီနေ့ ၂နှစ်နဲ့ ၁၀လတိတိ။စာဖတ်ဝါသနာပါတယ်။သူများကလေးတွေလိုသိပ်မဆော့ဘူး။
မိုးလင်းတာနဲ့ စာအုပ်ဆွဲပြီးဖတ်တော့တာပဲ။အိမ်မှာ သူ့ကိုတပည့်ခံရတယ်။သူစာတိုင်တာလိုက်ဆို၇တယ်။
အသံထွက်မှားရင် စိတ်ဆိုးသေးတယ်။ဥပမာ...၇ ကို တရုတ်လို ...ချိ ..လို့အသံထွက်တာကိုသူကစကားမပီ
လို့ ...ကျိ...လို့ထွက်လို့ ကိုယ်က ...ကျိ..လို့ လိုက်ဆိုရင် မကြိုက်ဘူး၊သူက ...ကျိ..ပေမယ်. ကိုယ်က...ချိ..ရ
တယ်။သူဂျီကျရင် စာဖတ်မယ်သာပြောလိုက် တိတ်သွားတာပဲ။လမ်းသွားရင်လဲ တွေ့တဲ့ စာလုံးအကုန်ဖတ်တယ်။
ဥပမာ..လမ်းမှာ 'X"လို အမှတ်အသားတွေ့ ရင် မားမား မားမား အင်တူ...အင်တူ..တဲ့.။အမြှောက်ပေါ့။MRT
ကဒ်ဖြတ်တဲ့နေရာက ၀င်လို့မရတဲ့ အနီရောင် sign ပြထားတဲ့ ....(-) ကို မားမား မားမား မိုင်းနတ်တဲ့။အနုတ်ပေါ့။
ကိုယ်တို့ ငယ်ငယ်ကလည်း ၃နှစ် မူကြိုသွားရတာပဲ။
အောက်ကပုံက မူကြိုတက်တုန်းကရိုက်ထားတာ။ရှာကြည့်လို့ မှန်ရင်မုန့်ဝယ်ကျွေးမယ်။
တို့ငယ်တုန်းက
ဒီအောက်ကပုံလေးက သမီးလေး (သူသိပ်ကဲတာပဲ..အစ်ကို့လက်ထဲက ပစ္စည်းပဲလိုက်လုတယ်)
5 comments:
  1. သိတ်ချင်္စ် မွမွ.
    ReplyDelete
  2. ကျောင်းစတက်ပြီဆိုတော့ (ကိုယ်ပဲ ကျောင်းပျင်းလို့လားမသိ) စိတ်မကောင်းသလိုပဲ။ အက်ဒဝင်လေး ကျောင်းမှာပျော်ပါစေ။
    မီးမီးလေးက အမေတူ။
    ReplyDelete
  3. u were so cute in old photo
    ReplyDelete
  4. ပုံဟောင်းမှာ ရှာမတွေ့ဘူး.။
    တယောက်တည်းပုံ ချစ်စရာကောင်းတယ်။
    သားသားက ကျောင်းပျော်မှာပါ..။
    အိမ်က ခခ မူကြိုစပို့တဲ့နေ့ကို မှတ်မိသေးတယ်။
    သူနေတတ်ပါတယ်တဲ့...ကျနော်ကို ဇွတ်အတင်းအိမ်ပြန်ခိုင်း
    တယ်..။
    ပေါက်
    ReplyDelete
some feedback to me
Chat box
ဘယ်ကလာလည်နေတယ် ဆိုတာ။