Friday, March 25, 2011

အလည်အပတ်အတွက် ပြည်တော်ပြန်ခဲ့တဲ့အခေါက်(၁)

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က မြန်မာပြည်ပြန်ဖြစ်တယ်။မပြန်ခင် passport သက်တမ်းကုန်ခါနီးလို့ သက်တမ်းတိုး

ရတယ်။စာအုပ်အသစ်မှာ 'မ' တော့ဘူး။ICA ကိုသွားပြီး PR ကဒ်မှာ 'မ'ဖြုတ်ရတယ်။'မ'ဖြုတ်ပေးဖို့ မြန်မာသံရုံး

ကစာ ၁စောင်ထုတ်ပေးတယ်။ICA ရောက်တော့ ICA က နင်တို့ မြန်မာသံရုံး ကစာမပေးလဲ ငါတို့ လုပ်ပေးတယ်

နာမည် ၂မျိုး ယူမလား၊ ၁မျိုး ယူမလား မေးတယ်။သူဆိုလိုတာက မကျော့---- (ခ)ကျော့---လား၊ကျော့---လား

မေးတာပါ။၁မျိုးပဲယူမယ်ပြောလိုက်တယ်။၆၀ ပေးရတယ်။ဓာတ်ပုံထပ်ရိုက်ရတယ်။ကဒ်အဟောင်းကို အပေါက်

ဖောက်ပြီး ပြန်ပေးတယ်။နာရီဝက် ချိန်းတယ်။နာရီဝက်စောင့်နေတုန်း RE ENTRY PERMIT အတွက်

PASSPORT ကို ကUP DATE သွားလုပ်ရတယ်။RE ENTRY PERMIT ကိုစာအုပ်မှာ တုံးမထုပဲ စာရွက်

နဲ့ ပရင့်ထုတ်ပေးလိုက်တယ်။သွားလေရာ သယ်သွားပေါ့။ပိုအလုပ်ဂှုပ်တယ်။အဲဒါမတ် ၂ရက်နေ့ပေါ့။၅ရက်နေ့

မနက်အစော FLIGHT နဲ့ ပြန်ဖြစ်တယ်။


လေယာဉ် ၄၅ မီးနစ် delay ဖြစ်လို့ ၁၀နာရီလောက်မှ ရန်ကုန်ရောက်တယ်။ရန်ကုန် လေဆိပ်ရောက်တော့

ထုံစံအတိုင်းတန်းစီတယ်။ကလေးတွေပါတော့ အင်မီဂရေးရှုင်း က officer တစ်ယောက် က လာလာဒီဘက်မှာ

တန်းစီဆိုလို့ သူပြောတဲ့ နေရာသွားစီလိုက်တာ ပိုဆိုးတယ်။ကိုယ်တို့အရှေ့မှာ ၁ ယောက်ပဲ ရှိတာ အဲဒီ ၁ယောက်

ကို မီးနစ် ၂၀လောက်ကြာတယ်။ဟာငါတို့ တော့ ရစ်တဲ့ လူနဲ့ တိုးပြီပေါ့။ကိုယ့်အလှည့် ရောက်တော့မှ ဘာ့ကြောင့်

ဆိုတာသိရတယ်။အဲဒီ့မှာထိုင်တဲ့ officer က ကွန်ပြူတာ မကျွမ်းဘူး။သားလေးနာမည် edwin ကို အီးဒီဝင်းလို့

ဖတ်တယ်။ကွန်ပြူတာ ထဲရိုက်ထည့်ဖို့ စာလုံးကို လက်ကွက်မှာ တစ်လုံချင်းတော်တော် ရှာရတယ်။ဒါ့ကြောင့်

လူ၁ယောက်ကိုတော်တော်ကြာနေတာကိုး။custom မှာ ချောကလက်တို့၊ဂျယ်လီတို့ လက်ဆောင်ထည့်

ထားတဲ့ အိတ် X ခြစ်ထားလို့ ဖွင့်ပြရသေးတယ်။အတူပြန်တဲ့ အမရဲ့ အိတ်ကျတော့ X ရာမပါပဲ အိတ် ၁လုံးထဲ

ကီလို ၃၀ ပါလို့ ဆိုပြီးဖွင့်ခိုင်းတယ်။အဲဒီ့ အမအိတ် ထဲမှာ သူလက်ဆောင်ရတဲ့ SKII sample ဘူး အသေးလေး

တွေ သုံး ၊လေး ဘူး ၁ ကဒ် ပါတာကို ၁ ဘူးပဲ မြန်မာပြည်ထဲ သယ်ခွင့်ရှိတယ်ပြောတယ်။သူများလူကြုံ ပါပြောမှ

အဆင်ပြေသွားတယ်။

ရောက်တဲ့နေ့ ပဲ ပဲခူးသွားတယ်။နောက်နေ့ ၆ ရက်နေ့ က အမျိုးသား အဘွားဆုံးတဲ့ နှစ်ပတ်လည်နေ့။


ဒီလိုကန်တော့တယ်။

စားစရာတွေကတော့ အလျှံပယ်စားရတယ်။အမျိုးတွေက စားသောက်ဆိုင်ဆိုတော့။ကလေးတစ်ဖက်နဲ့

စား၇တော့ ဓာတ်ပုံမရိုက်လိုက်ရဘူး။၆ရက်နေ့ မနက်ကန်တော့၊ပြီးတော့ ရန်ကုန်ပြန်ဆင်း ပြီး၆ရက်နေ့ ညကား

နဲ့ မန္တလေး တတ်တယ်။ရ-ရက်နေ့မနက်ရောက်တယ်။မန္တလေး ကိုရောက်တော့တည်းခိုဖို့ ဟိုတယ်

လိုက်ရှာတာ။ အကုန် အပြည့် ။တစ်ခန်းမှမလွတ်ဘူး။ဟိုတယ် ၁၀ ခုလောက် ရောက်ပြီးမှကံကောင်းစွာနဲ့၁ခန်း

၇တယ်။ ဟိုတယ်လိုက်ရှာတာ taxi ခ ၇၀၀၀ ပေးရတယ်။နားတယ် ၁ရက်။၈-ရက်နေ့မှာမန္တလေးက ဘုရားတွေ

သွားဖူးတယ်။

ရွှေကျောင်း။


Edwinနဲ့ညီအကိုဝမ်းကွဲတွေ ရွှေကျောင်းမှာ။

ဒီအောက်ကပုံက ရွှေကျောင်း နားကဘုရားပဲ။နာမည်မေ့သွားပြီ။








ဆက်ပါဦးမည် daw thet ye.(သူများတွေကိုအားကျလို့)

8 comments:

  1. ချစ်စရာလေးဟယ်မွမွ. အမေကိုပါပေးလိုက်တယ်။
ုkom

    ReplyDelete
  2. ဓတ်ပုံတွေကြည့်သွားတယ်။သားသားကချစ်စရာလေး သမီးပုံလေးတွေလည်းမပါဘူးနော်။ ရွှေကျောင်းနားကဘုရားက စန္ဒာမုနိနဲ့ တူတယ်။ အဲ့ ဒိဘုရားမှာ ကနောင်မင်းသားကြီးအုပ်ဂူလည်းရှိတယ်နဲ့ တူတယ်။ သေချာတော့မမှတ်မိတော့ဘူး မရောက်ဖြစ်တာ ၆ နှစ်လောက်ရှိသွားပြီ...

    ReplyDelete
  3. အက်ဒဝင်ဟာ ပို ပို ချစ်ဖို့ကောင်းတုန်း။ မီးမီးလေးရောပဲ။

    ReplyDelete
  4. သားသားပါးလေးတွေက ရဲလို့.. ပန်းသီးလုံးလေးတွေကျနေတာပဲ.. ချစ်စရာကောင်းလိုက်တာ.. ဆက်ပါဦးမည်ဆိုတော့ မျော်ပါဦးမည်ပေါ့.. ;)

    ReplyDelete
  5. အီးဒီဝင်းက ချစ်ချာလေး၊ အာဘွား..

    ReplyDelete
  6. ရန်ကုန်လေဆိပ်က လူဝင်မှုမှာ တန်းစီနေတုန်း အမတို့ မိသားစုကို လှမ်းမြင်ပါတယ်။ သားသားကို မြင်လို့ သိတာပါ။ နှုတ်ဆက်မလို့ လုပ်ပေမဲ့ အမတို့လဲ ကလေး၂ယောက်နဲ့ အထုတ်အပိုးတွေနဲ့မို့ အားနာပြီး မနှုတ်ဆက်ခဲ့ရဘူး။ ကျွန်တော်လည်း မန္တလေးကို ရောက်ခဲ့တယ်။

    ReplyDelete
  7. Please upload more photo of mandalay and food :D

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။