Friday, December 24, 2010

သူ

ဟိုအရင်တုန်းက မကေ ရဲ့ ဒီပိုစ့် ကိုဖတ်မိကတည်းက ရေးချင်နေတာ။သူနဲ့တို့ ရည်းစားဖြစ်ထဲ က အခုသားသမီး

၂ယောက်ရတဲ့အထိ ဆိုတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံလာတာ၁၀နှစ်ကျော်။အကြောင်းတော်တော်သိနေ

ပြီဆိုပါတော့။သူလား အမျိုးထဲမှာ အရမ်းကပ်စီးနဲသူလို့ နာမည်ကြီးသူ။အ၀တ်အထည် ဘယ်တော့မှ

ကိုယ့်ဘာသာမ၀ယ်သူ။အ၀တ် ၃ စုံလောက်ရှိရင် လုံလောက်ပြီဟုပြောသောသူ။ မိန်းမ ကလဲ

အ၀ယ်အခြမ်းတော်တော့ဂျင်းဘောင်းဘီ ၀ယ်ရင် ကြီးလိုက်၊သေးလိုက် ဖြစ်။ကြီးရင် ခါးပတ်ပတ်ပြီး၊သေးရင်

ဗိုက်ရှပ်ဝတ်တတ်သူ။စလုံး မှာနေတာ ၅ နှစ်ကျော်သော်လည်း ပင်နီဇွဲလားပဲ ကောင်းကောင်းသွားတတ်သူ။

ဘီယာသောက်ဖို့ ဟော်ကာမှာထိုင် ၃နာရီ၊၄နာရီ မပျင်းမရိထိုင်သော်လည်း၊မိန်းမနှင့် ဈေးဝယ်လျှင်

၁နာရီလောက်ဆို မျက်နှာပျက်လာသူ။မိန်းမ ရဲ့ ဖုန်းနံပါတ် တစ်မျိုးထဲ ၃နှစ်လောက် ကိုင်သော်လည်း

ဘယ်တော့မှအလွတ်မရသူ။ကိုယ့်ဖုန်း နံပတ်ကို သူများက မေးလာလျှင် အိမ်ထဲလှည့်ပတ်ပြီး

သူ့ visiting card ကိုရှာပြီးမှ ပေးနိုင်သူ။company ကပေးတဲ့ ဖုန်းကို ၁နှစ်အတွင်း၂ခါပျောက်ပြီးနောက်

ကိုယ့်ဘာသာ ဟန်းဆက်ဝယ်သောအခါ ၄၀၊၅၀ တန် ကင်မရာမပါ၊ဘီလူးတု မပါ၊ေ၇ှးဟောင်းဖုန်းကို

ဝယ်လာသူ။ဖုန်းရဲ့ အဓိက အလုပ်က ဒီဘက်ကပြောရင် ဟိုဘက်ကကြား၊ဟိုဘက်ကပြောရင် ဒီဘက်က

ကြားရ ရင် ပြီးပြီ ဟုယူဆထားသူ။


ရန်ကုန်ပြန်ရင် အပါင်းအသင်းများကို ၁ရက်မှာ နာရီ ၂၀ လောက် ပေါင်းသင်းသူ။ကလေးတွေမရခင်က

သူ့အပေါင်းသင်းတွေကလည်းတို့နဲ့ ရင်းနှီးတော့ ဘယ်သွားသွား တို့က ပါပြီးသား။အခုကလေးတွေ နဲ့ မို့ အရင်လို

မလိုက်နိုင်တော့ ကျိတ်ပြီး happy ဖြစ်နေသူ။အခုလည်း Chinese new year မှာ တို့ကို ကလေးတွေနဲ့

ဒီမှာထားပြီး မြန်မာပြည်ပြန်ဖို့ သူငယ်ချင်းများနဲ့ ဟတ်ပီးစွာ အချိန်းအချက်လုပ်နေသူ။(တို့မိဘတွေက အဲဒီ့

ရက်ဒီမှာရှိမှာမလို့ တို့ ကမပြန်နိုင်)။ကံကဆိုးချင်တော့ သူ့အရင်းနှီးဆုံး သူငယ်ချင်း၂ယောက်က နိုင်ငံခြား

ရောက်နေလို့ ပြန်မလာနိုင်။


အလုပ်ကိစ္စနဲ့ oversea မကြာခဏ သွားရသောကြောင့် နိုင်ငံတော်တော် များများေ၇ာက်ဖူး လို့ တို့က

မနာလိုဘူး လို့ပြောတော့ မပူနဲ့ အသက်ကြီးလာရင် ကမ္ဘာပတ်မယ်ပြောသူ။အဲလိုပြော သော်လည်း

အသက်ကြီးလာ ရင်လည်း ပိုက်ဆံ ကို ဘယ်လိုချွေတာရမယ်။နာမကျန်းဖြစ်ရင် သုံးဖို့ စုရမယ်။မဖြုန်း

နဲ့ဟု ပြောလိမ့်မည့်သူ။


အရင်တုန်းက အာဖျံမှအာဖျံ ဆိုသော်လဲ အခု EDWIN မှEDWIN ဖြစ်နေသူ။သူ့ PAY SLIP များကိုပေး

ပြီးဒီနှစ် ၀င်ငွေဘယ်လောက်ရှိတယ် ၊အခုဘဏ်ထဲမှာဘယ်လောက်၊သုံးတာဘယ်လောက် တွက်ခိုင်းသော်

လဲ မိန်းမတွက်ပြီးပြချိန်တွင် စိတ်မ၀င်စားသူ။ဒီနှစ်ဘာဖြစ်ရမယ်၊ဘာတိုးတက်ရမယ် ၊နောင်နှစ်ဘာဖြစ်ရ

မယ် ပလန်ထားသော်လဲ ၂၀၁၁ အတွက် ပလန်မထုတ်သေးသူ။CREDIT CARD ကို သုံးရင်လဲ ဒီနေ့သုံးပြီး

နောက်နေ့ဆို ဘေ မထွက်သေးပဲ ADVANCE ကြိုပြီးဆောင်တတ်သူ။မိန်းမရဲ့မွေးနေ့ ကို ၂၀၀၇ တုန်းက

ရက်မှားပြီး HAPPY BIRTHDAY လုပ်ခဲ့သူ။


မိန်းမက ဟိုဟာကဟိုလို၊ဒီဟာက ဒီလိုဟု ဧည့်ခန်းထဲ သူထမင်းစာနေတုန်းပြောရင် ထမင်းထပ်ထည့်သလိုလို

နဲ့ မီးဖိုခန်းကထမင်းစားပွဲကို ပြောင်းစားတတ်သူကြီး အတွက် ၃၀ ++ မွေးနေ့လက်ဆောင်ပိုစ့်ဖြစ်ပါတယ်။

(နောင်နှစ်ပေါင်းများစွာ ဒီအတိုင်းပဲကျင့်သုံးနိုင်ပါစေ)

အာဖျံ၊သားသား၊မီးမီး

9 comments:

  1. ရီရတယ် ကျော့ရေ.. ဘယ်တုန်းကတည်းက တေးထားတာလဲဝေ.. ရေးတတ်လိုက်တာ.. ကျော့ကို အာဖျံလို့ခေါ်တာလား.. :D သမီးလေးလည်း ၀တုတ်နေတာပဲ.. ချစ်စရာကြီးနော်.. :)))

    ReplyDelete
  2. 24 Dec 10, 04:31
    mm: commentလုံးဝ မတက်လို့..ဒီမှာပဲ ဆုတောင်းပေးခဲ့တယ် Happy Birthdayအာဖျံရဲ့သူ..

    ReplyDelete
  3. Happy Birthday to your beloved hubby!!!

    ReplyDelete
  4. happy birthday fri!!!

    ReplyDelete
  5. အို သူပြောစကားနားထောင်. ကြီးပွားလိမ့်မယ်။

    ReplyDelete
  6. happy birthday ဂျွန်ဝမ်းချစ်သူ

    ReplyDelete
  7. ညီမ ရေ.. တို့ဘလော့ လင့်ခ် ကလေး ကနေ လိုက်လာ လည်တာ။း)
    နုစံ တို့ မခင်ဦးမေ တို့ တွေ့ လို့.. ဒီ အနီးအနား ရပ်ကွက်ထဲကပဲ ဖြစ်မယ် ထင်တယ်။

    အိမ်သား အတွက်..ချစ်စရာ မွေးနေ့ လက်ဆောင်လေး တွေ.. ပေး နိုင်တာ.. တို့ တွေ..ဘလော့ ရေးလို့ ကွ.. ( နော...)
း)

    ReplyDelete
  8. ပျောက်လှချည်လား.. မနေ့ညနေက Jurong Point မှာတွေ့လိုက်တယ်.. ၀င်ကလေးရော မေကလေးရောနဲ့.. လှေကားပေါ်တက်နေရင်းကမှ တွေ့လိုက်တာမို့ မခေါ်လိုက်ရဘူး..း)

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။