Wednesday, September 29, 2010

ပြည်တော်ပြန် အတွေ့ကြုံတွေထဲကတစ်ခု

ဒီတစ်ခေါက် မြန်မာပြည် ပြန်တုန်းက မြန်မာနိုင်ငံ စင်ကာပူသံရုံးကို သွားဖို့ ကိစ္စပေါ်လာတယ်။စလုံး ကမပြန်ခင်

အိမ်တွေ့လို့ HDB မှာ appointment ယူတော့ first appointment date က MARCH လ ထဲမှာ။အဲဒိ့ အချိန်ဆို

ကိုယ်မြန်မာပြည် ပြန်ရောက် နေမှာမလို့ ကိုယ့်CPF နဲ့ အခြားလိုအပ်တဲ့ နေရာမှာလက်မှတ်ထိုးရအောင်

အမျိုးသားကို POWER OF ATTORNEY (SPECIAL POWER) လွှဲခဲ့တယ်။အဲ ဖြစ်ချင်တော့FIRST APP

ရက်နားမှာ အမျိုးသားက OVERSEA သွားရပါလေရော။အဲဒီနေ့ မှာပြန်ရောက်မယ် ဆိုတာမသေချာတော့

ကိုယ့်ကို စလုံးမှာပြန်လာမွေးမလားပေါ့။ဒါပေမယ့် ကိုယ့်ရဲ့ကိုယ်ဝန်ကလေယာဉ်စီးလို့မရတော့တာရယ်၊

မွေးမယ့်အချိန်မှာ ဒီမှာ သားလေးကို လာကြည့်ပေးမယ့်သူမရှိတာရယ်၊သူကလဲ ခဏ ခဏOVERSEA

သွားနေရတော့ မွေးချိန်မှာ ရှိဖို့ မသေချာတော့ မြန်မာပြည်မှာ ပဲမွေးဖို့ဆုံးဖြတ်လိုက်တယ်။APP နေ့မှာ

လက်မှတ်ထိုးဖို့ သူ့ညီ ၀မ်းကွဲ ကို PA ထပ်လွှဲ ဖို့လုပ်တော့ ရှေ့နေက ကိုယ် ပါဝါ လွှဲကြောင်းလက်မှတ်ကို

မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူသံအမတ် ရှေ့မှာထိုးရမယ်။PR ကဒ် TRUE COPYလည်း လုပ်ရမယ်ဆိုလို့

စင်ကာပူသံရုံး ရှိရာ ရန်ကုန်ကိုချီတတ်သွားပါတယ်။



ရန်ကုန်ရောက်တော့ ဒေါ်သန်းသန်းနု ဆီသွား စလုံးကပို့လိုက်တဲ့ စာချုပ်ယူရတယ်။နောက်ဆုံးစာမျက်နှာ မှာ

ထိုးရမှာ။ပြီးတော့ သံရုံးကိုရောက်တော့ အပြင်မှာ သိပ်တန်းမစီရပါဘူး ။အထဲရောက်တော့ INQUIRY မှာ

ကိုယ့်နံပါတ်ခေါ် တော့ အကျိုးအကြောင်းပြောပြတော့ ခဏနေတော့ ၀န်ထမ်းအမျိုးသမီးတစ်ယောက်

ရောက်လာပြီး ကိုယ့်ကိုအခန်းတစ်ခုထဲခေါ်သွားတယ်။ပြီးတော့ ကိုယ့်ဆီက စာချုပ်ရယ်၊PR ကဒ်ရယ်

ယူသွားပြီး ကိုယ့်ကိုခဏ စောင့်ခိုင်းတယ်။



စောင့်နေတုံးအခန်းထဲကို ကောင်မလေးတစ်ယောက် ပတ်စပို့ သုံးလေးအုပ် နဲ့ ဗီဇာလျှောက်တဲ့ ဖောင်တွေရယ်

နဲ့ စင်ကာပူသံအမတ် ကြီးပါဝင်လာတာတွေ့တယ်။ကိုယ့်ရဲ့ ဟိုဖက်ကစားပွဲမှာထိုင်ကြတယ်။အခန်းထဲမှာ

သုံးယောက်ထဲ ဖြစ်တာရယ်၊ကိုယ်လဲ ထိုင်နေရင်းစပ်စုချင်တော့ နားစွင့်မိတယ်။သံအမတ်ကြီးက ကောင်းမလေး

ကို Can you speak English?မေးလိုက်တော့ ကောင်မလေးက အူကြောင်ကြောင်နဲ့ ။ကောင်မလေးက ၂၇၊၂၈

လောက်ရှိမယ်ထင်တယ်။သူတို့ ကိုကြားထဲက ဘာသာပြန်ပေးမယ့်သူက ကိုယ့်ရဲ့ ဟာကိုလုပ်ပေးနေတော့

မအားဘူး။ကိုယ်လည်းမနေနိုင်တာနဲ့ ကောင်မလေးကို ညီမလေးကို English လိုပြောနိုင်လားလို့မေးနေတာ။

လို့ ပြောမိတယ်။ဇတ်လမ်းကအဲ.ဒီမှာစတာပဲ။သံအမတ်ကြီးက ကိုယ့်ကိုလှမ်းပြီး ပြောတယ်။သူ့(ကောင်မလေးကို)

ကိုရှင်းပြပေးပါ။သူလာလျှောက်တဲ့ ဗီဇာ ကို စပွန်ဆာပေးတဲ့ စပွန်ဆာ letter က PR ရဲ့ sign က အတုဖြစ်နေ

တယ်တဲ့။ကိုယ်လဲ ကောင်မလေးကို ညီမလေး ရဲ့ sponsor letter ရဲ့ PR ရဲ့ sign က အတုဖြစ်နေတယ်ပေါ့။

သူမက ကိုယ့်ကို မဟုတ်ဖူးအမ အစစ်ပါတဲ့။သံအမတ်ကြီးက သူ့လက်ထဲက ကိုင်ထားတဲ့လွန်ခဲ့တဲ့ ၂ပတ်၊

၃ပတ်လောက်က ဗီဇာလာလျှောက်ထားတဲ့ sponsor letter ကိုပြတယ်။sponsor နာမည်တူ၊IC နံပါတ်တူ။

PR ရဲ့ sign က တော်တော်ကို ကွဲနေတာ။ဒါပေမယ့် ကောင်မလေးက သူ့ sponsor letter ရဲ့ PR ရဲ့ sign က

အစစ် သံအမတ်ကြီးလက်ထဲက ကိုင်ထားတဲ့PR ရဲ့ sign က အတုဆိုပြီးခံငြင်းနေတယ်။သံအမတ်ကြီး က ကဲ

PR ရဲ့ sign က အစစ် ဆိုရင် သူ့ကိုသိသလား သိရင် ဖုံးနံပါတ် ပြောပြဆိုတော့ မပြောနိုင်ဘူး။သံအမတ်ကြီး က

ကိုယ့်ကို ပြောတယ် သူ့ကိုပြောပေး သူ့ကိုဘယ်သူခိုင်းတာလဲ ?သိတယ်မလားတစ်ချို့တွေက ငွေရဖို့လုပ်တာ။

PR ကဒ် ကော်ပီကိုတစ်နေရာကနေ ရပြီး sponsor letter မှာsponsor နာမည်၊IC နံပါတ်ဖြည့်ပြီး sign အတု

ထိုးတာ။သူ့ကိုခိုင်းတဲ့လူကို ပြောရင် သူ့ကို အရေးမယူဘူး။မပြောရင်တော့ SHE WILL BE TROUBLE

တဲ့။ပြီးတော့ ကိုယ့်ကိုမေးသေးတယ် နင်တို့နိုင်ငံကရဲက ဒီအမှုမျိုးကိုဘယ်လို အရေးယူလဲတဲ့။အဲဒါတော့ ကိုယ်လဲ

မသိဘူးလို့ဖြေလိုက်တယ်။


အဲဒီ့ အချိန်မှာပဲ ၀န်ထမ်းအမျိုးသမီး ပြန်ဝင်လာပြီး ကိုယ့်စာချုပ်မှာ ကိုယ်ရယ်၊သံအမတ်ကြီးရယ်ကို sign ထိုး

ခိုင်းပြီး ကိုယ့်ကိစ္စ ပြီးတာနဲ့ မြန်လာခဲ့တယ်။ ကောင်မလေးတော့ ဘယ်လိုဖြစ်တယ်မသိ။PR ကဒ် ကော်ပီ က

၇ဖို့တော်တော်လွယ်တယ်။ဥပမာ....ကိုယ်ဆိုရင် စလုံးကိုပြန်လာဖို့ လေယာဉ်လက်မှတ်ဝယ်ဖို့(ONE WAY)

မလို့ PR ကဒ် ကော်ပီ လိုတယ်ဆိုလို့ မြို့က အင်တာနက်ဆိုင်ကနေ စကင် ဖတ်ပြီးပို့ ရသေးတာ။ဆိုင်က ကိုယ့်

PR ကဒ် စကင်ကို DELETE လုပ်မလုပ် ကိုယ်မှမသိနိုင်တာ။


အခု ENTRY VISA ကို ONLINE လျှောက်လို့ရတာ တော်တော်အဆင်ပြေတယ်။ကိုယ့် SIGN PASS နဲ့

လျှောက်လိုက်ယုံပဲ။ONE WORKING DAY ဆိုပေမယ့် ၁နာရီ ကျော်ကျော်လောက်ဆို ကျရော။ဟိုတလောက

သူငယ်ချင်း၂ယောက်အလည်လာမယ်ဆိုလို့ ကိုယ့် စပွန်ဆာအောက်ကလျှောက်ပေးလိုက်တယ်။၁နာရီကျော်

ပဲကြာတယ်.၂ယောပ်စလုံး APPROVED။ နောက်၃ရက်လောက်ကြာတော့ အမျိုးတစ်ယောက်က သူ့ အစ်ကို

၂ယောက်လာမယ်လို့ လျှောက်ပေးပါဆိုလို့ ပထမ ၂ယောက် ကိုလွန်ခဲ့၃ရက်လောက် ကလျှောက်ပေးခဲ့တာ

မေ့ပြီး လျှောက်ပေးလိုက်မိတယ်။SUBMIT ကိုကလစ်လုပ်ပြီးမှသတိရတယ်။PENDING ဖြစ်နေတာ

၁ရက်ခွဲကြာတယ်။ကိုယ့်မှာ ဟာ ICA က ငါ့ကိုလုပ်စားတယ်များ ထင်နေမလားနဲ့ ၁ ရက်လောက်

အအိပ်ပျက်၊အစားပျက်ဖြစ်သွားတယ်။

7 comments:

  1. အိုင်စီအေက မသင်္ကာရင် လေဆိပ်မှာ ဖုန်းဆက် မေးတတ်တယ်။ အဲဒီတော့ ကိုယ်စပွန်ဆာ ပေးထားတဲ့ သူတစ်ယောက်ယောက် လေဆိပ်ကို ဝင်မယ့် အချိန် သိရင် ဖုန်းအနားမှာ Standby နေတာ ကောင်းတယ်။

    ReplyDelete
  2. မသိလို့နော်... ပီအာလက်မှတ်အတုနဲ့ visa လျှောက်တဲ့ဟာကို မြန်မာနိုင်ငံကရဲက ဘယ်လိုအရေးယူပေးရမလဲ.. ဒါစင်ကာပူသံရုံးရဲ့ အပိုင်းမဟုတ်ဘူးလား..

    ReplyDelete
  3. CPF ဘယ်လိုပေးလဲဟင် CPF ကြောင့် ဒုတ်ခ ရောက်နေလို့

    ReplyDelete
  4. myo mon yee oo-တို့မှာအလုပ်လုပ်ထားတုန်းက cpf တွေရှိတယ်လေ။

    ReplyDelete
  5. Anonymous-ဥပဒေ အကြောင်းတော့ သိပ်နားမလည်ဘူး။ဒါပေမယ့် အတုထိုးသူက စလုံးပီအာ မဟုတ်ပဲ မြန်မာကလုပ်စားတဲ့သူဆိုတော့ ပီအာ ဖြစ်သူကို အရေးယူလို့မရတာတော့ ကျိန်းသေတယ်။လိမ်တဲ့သူကို သူကို ဘယ်လိုအရေးယူမလဲ ဆိုတာတော့ မသိဘူး။

    ReplyDelete
  6. ကျမလည်း အွန်လိုင်းဗီဇာ ဖောင်ဖြည့်မလို့လုပ်နေတာ ဒါပေမဲ့ machine readable zone id နေရာမှာ ဘယ်နံပါတ်လေးလုံးကိုဖြည့်ရမှန်းမသိလို့ကူညီပါအုန်းနော်
    ကျေးဇူးတင်လျက်

    ReplyDelete
  7. တို့တော့ machine readable zone id ကိုမဖြည့်ဘူး။မဖြည့်လည်းရတယ်။အဲဒါက အခုနောက်ထုတ်တဲ့ မြန်မာ PASSPORT အသစ်တွေမှာမှပါတာ။မြန်မာPP မှာတော့ လေးလုံးမကဘူး။

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။