Thursday, December 24, 2009

Happy Birthday



image link

ဟိုအရင် အလုပ်လုပ်တုန်းက Hardware Dep က စီနီယာ အမတစ်ယောက်က သူ့မွေးနေ့ နေ့တိုင်း

သက်သက်လွတ် အပတ်တိုင်းစားတယ်။တစ်ရက်တော့ အခြား Dep က စလုံးတစ်ယောက်က တို့ကို

မေးတယ်။" ---" က အပတ်တိုင်း သူ့မွေးနေ့ ရှိတယ်နော် ထူးဆန်းတယ်တဲ့။ကိုယ်တို့ မြန်မာ လူမျိုးတွေ

မှာ တနလာင်္၊အင်္ဂါ ....စသည်ဖြင့် ကိုယ်မွေးတဲ့ ရက်အပြင် နေ့ကိုလည်း အထူးတလည် မှတ်ပေမယ့်။

သူတို့ မှာတော့ မွေးတဲ့ ခုနှစ် ရယ်၊လရယ်၊ရက် ရယ်ပဲ မှတ်လေ့၇ှိတယ်။monday မှာမွေးတယ်၊ tueday

မှာမွေးတယ်လို့ မရှိဘူး။တို့မှာတော့ သားလေးမွေးတော့ တနင်္ဂနွေ သားဖြစ်လို့ "အ၊ဥ၊...."နဲ့ စအောင်

EDWIN/အေးမင်းထွန်းလို့ ပေးရတယ်။နာမည် မှည့်ရတာဘောင်ကျဉ်းတာပေါ့လေ။


သူတို့လို နေ့တွေ မမှတ်တော့လည်း တစ်ခုအကောင်းသား။ကိုယ့်လို အငြင်းပွားဖွယ်ရာကိစ္စ နဲ့ ကြုံရမှာ

မဟုတ်။ပြည် အဆောင်မှာနေတုန်းကပေါ့ ။တစ်ရက် ကိုယ်က မနက်ဖြန် သူ့မွေးနေ့ ရှိတယ်လို့ ပြောမိတော့

အနားမှာ ရှိနေတဲ့ ရခိုင်က သူငယ်ချင်းက "ဟယ် မနက်ဖြန် တို့မွေးနေ့၊မွေးနေ့ ချင်းတူနေပြီ' လို့ ပြောတော့

သူငယ်ချင်းရဲ့ မွေးနေ့ နှစ်၊လ၊ရက် က သူ့ရဲ့ နှစ်၊လ၊ရက် နဲ့ အတူတူ ပဲ။အဲ ထူးဆန်းတာကတော့ နေ့မတူတာပဲ။

သူငယ်ချင်း က စနေသမီး ဖြစ်ပြီး၊ သူ က ကြာသပတေးသားဖြစ်နေလို့ပဲ။တို့လည်း ဟယ် သူက ကြာသပတေး

သားအစစ် နာမည်တောင် "မင်း...."နဲ့ စပြီးမှည့်ထားတာဆိုပြီး ဘူးခံငြင်းတာပေါ့။သူငယ်ချင်းကလည်းခေသူ

မဟုတ်။သူမကလည်းအမြဲ ဗေဒင်မေးနေကြ သူ့မှာနှစ်တစ်ရာ ပြက္ခဒိန် ရှိတယ်ဆိုပြီး သူ့ အခန်းပြေးယူပြီးတော့

စနေ ဖြစ်ကြောင်း သက်သေပြတယ်။ဒါပေမယ့် ကိုယ်က ပြက္ခဒိန် မှားနိုင်တယ်ဆိုပြီး စောဒက တတ်တော့

အဆောင် အတူနေ နှစ်တူ၊လတူ၊ ရက်မတူ တဲ့ သူငယ်ချင်းကိုခေါ်ပြီး သူ့နေ့ကနေ စပြီးတော့ တွက်တော့

လည်း စနေပဲ။ကိုယ့်မှာ ၂မဲ၊၁မဲ မလို့ အားမတန်လို့ မာန်လျှော့ခဲ့ ရတယ်။

ဒါနဲ့ သားလေးမွေး တော့ သူ့မားမားလာတော့ 'မားမားသားက ဒီဇင်ဘာ ၂၄ မွေးတာ သေချာလား"မေးတော့

ဟုတ်တယ် ၂၄ ရက်မွေးတာတဲ့။ဒါဆို စနေသားဖြစ်ရမှာပေါ့ဆိုတော့ "မဟုတ်ပါဘူး၊ကြာသပတေးသားအစစ်

ပါတဲ့။":(:(


ကဲပါလေ အခုတော့လည်း ဒီကလူတွေလို နှစ်၊လ၊ရက် ပဲ ယူပြီးနေ့ ကိုမေ့လိုက်ကြတာပေါ့။အရင်နှစ်တွေတုန်း

ကတော့ အတူတူ ဆင်နွဲ နိုင်ပေမယ့်၊အခု သူခရီးသွားနေလို့ ဘလော့ပေါ်မှာပဲဆင်နွဲတော့မယ်။


"HAPPY BIRTHDAY TO MY HUSBAND"


ခရစ္စမတ် Eve မှာ မွေးနေ့နဲ့ အတူတူ ပျော်ရွှင်နိုင်ပါစေ။

မှ/

EDWIN & ME

9 comments:

  1. ထာဝရ ပျော်ရွှင်ဖွယ် မိသားစုလေး ဖြစ်ပါစေကြောင်း ဝင်ဆုတောင်းပေးသွားပါတယ်း)

    ReplyDelete
  2. "HAPPY BIRTHDAY TO June One's HUSBAND"

    ReplyDelete
  3. "HAPPY BIRTHDAY TO YOUR HUSBAND"

    ReplyDelete
  4. "HAPPY BIRTHDAY TO June One's HUSBAND"
    ( အဟီးး မယ်ဆင့် စာသားကော်ပီလိုက်တယ်နော်...
    ရင်ထဲကတော့ တကယ် ဆုတောင်းပါတယ်..ကော်ပီမဟုတ်)

    ReplyDelete
  5. HAPPY BIRTHDAY TO YOUR BELOVED


    ALL THE BEST WISHES


    WITH LOVE & PEACE

    PHOESEIN

    ReplyDelete
  6. မိသားစုနဲ့အမြဲပျော်ရွှင်ချမ်းမြေ့နိုင်ပါစေနော် :)

    ReplyDelete
  7. Happy Birthday Juneone's Hubby :P
    ချစ်သော မိသားစုဖြင့် ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေဗျား

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။