Saturday, September 19, 2009

င ငါးသလောက်ပေါင်း

ဒီနေ့ အိမ်နားကယိုးဒယားဈေးကနေ ငါးသလောက်ဝယ်လာတယ်။ငါးသလောက်ကို ရှာလကာရည်၊ကြက်သွန်ဖြူ၊

နီ၊စပါးလင်၊အချိုမှုန့်၊ငါးပြာရည် ထည့်ပြီး ဆီနည်းနည်း ထည့် နယ်တယ်။ပြီးတော့လက်ဆေးရည်လေး ကို ငါးတုံး

တွေ မြုပ်တဲ့အထိ ထည့်ပြီး ပရက်ရှာကွေကာ နဲ့ နာရီဝက်လောက်တည်လိုက်တယ်။အခုပဲ မီးဖိုပေါ် ကချတယ်။

ပူပူလောလော သုံး ဆောင် သွားပါအုံး။


ငါးသလောက်က အမ ဥပါ ပါတယ်။

29 comments:

  1. အရမ်းကြိုက်တယ်၊ ငါးသလောက်ပေါင်းအကြိုက်ဆုံး မို့လို့ အဲဒါလေး ပေါင်းတတ်အောင် သင်ထားတယ်၊ တနလာင်္နေ့ ပေါင်းမှာ တို့လဲ၊ ခုတော့ သားရည်ကျသွားတယ်ကွယ်၊ သားသားနဲ့ မေမေ နေကောင်း အဆင်ပြေပါစေး)

    ReplyDelete
  2. ဒါဆို ငါးက အပျို မဟုတ်ဘူးပေါ့။
    :D

    ReplyDelete
  3. လက်ဆေးရည်ဆိုတာက..
    သေချာပြောပြပေးပါ..
    ငါးသလောက်ပေါင်းမစားရတာ..တော်တော်ကြာပြီ..
    ဒီနိုင်ငံမှာတော့ ရမယ်မထင်ပါဘူး..

    ReplyDelete
  4. ယိုးဒယားဈေးက YweTee မှာလည်း ရှိသလား... ဂျွန်ဝမ်းတို့ အဲ့မှာနေသလားလို့....။

    ReplyDelete
  5.ှုငါးသလောက်ကို english လိုဘယ်လိုခေါ်လဲအမ။ ငါးမြင်ရင်မသိလို့ ပါ။ :)

    ReplyDelete
  6. SDL:ရှိတယ်.အိမ်ကနေ ၁၀မီးနစ်လောက်လျွှောက်ရတယ်။
    သောကြာ၊စနေ ဆိုရင် ညနေပိုင်းလူကိုကြိတ်ကြိတ်တိုးနေတာပဲ။
    ပူစီနံ၊မျစ်၊ဆူးပုပ်၊ထိကရုန်း၊မျစ်ချဉ်၊ချဉ်ပေါင်၊ငှက်ပျောအူ၊ငှက်ပျောဖူး
    တော်တော်များများ မြန်မာစာတွေရှိတယ်။တော်တော်စုံတယ်။

    ReplyDelete
  7. စုဗူး

    ဟိဟိ မသိပါ။ငါးကိုမြင်တာနဲ့ သိနေလို့။

    ReplyDelete
  8. ငါးသလောက်စားချင်တယ်ကျော့ရေ... ရိုးရိုး မန်ကျီးမှဲ့နဲ့ ချက်တာလည်း စားချင်တယ်.. ငါးကို ပါဆယ်ပို့ပေး.. :D

    ReplyDelete
  9. ဟာ..ငါးသလောက်ပေါင်းဆိုလို့ ပြီးခဲ့တဲ့အပတ်ကဖမ်းရတဲ့ငါးတွေပို့ လိုက်ပါတယ်၊ နေဦး ငါးသလောက်ရာသီရောက်မှ ကိုဒူကဘာ တို့ဘက်သွားဖမ်းဦးမယ်..

    ReplyDelete
  10. စားချင်နေတာ ကြာပြီ ရန်ကုန်ပြန်တုန်းက မစားခဲ့ရဘူး။ pressure cooker လက်တည့်စမ်းချင်တာလည်း ပါတယ်

    ReplyDelete
  11. ကြိုက်တယ်ခင်ဗျ။ တည့်တော့မတည့်ဘူး ငါးသလောက်ဥကျော်စားချင်တယ်။ :) အခုတော့ မျှော်ငေးဆွေးပေါ့

    ReplyDelete
  12. ငါးသလောက်ကင်... စားချင်တယ်။
    ပုသိမ်ဘက်တ၀ိုက်မှာ ရတယ်နော်။
    mm

    ReplyDelete
  13. အစ်မဝမ်း အိပ်ငိုက်မှာ မကြောက်ဘူးလားး)

    ReplyDelete
  14. စားချင်တယ်.. ငါးသလောက်ကြိုက်တယ်..

    စကာင်္ပူလာလည်တဲ့အချိန် ငါးသလောက်တွေရှိရင်ကောင်းမယ်..ထမင်းပူပူနဲ့ သံပုရာသီးလေးညှစ်ပြီး ခုချက်ထားတဲ့ဟင်းနဲ့စားလိုက်ရရင်တော့.. ဟင်းးးးးး


    သွားရည်ကျသွားပါတယ်..

    သားလေးလဲ ကျန်းမာပါစေဗျာ..

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  15. ကျေးဇူးပါ အစ်မ..
    သေချာလာပြောပြပေးလို့..

    ပေါက်

    ReplyDelete
  16. စားချင်တယ်... စားချင်တယ်... ဒွတ်ခပါပဲ...း(

    ReplyDelete
  17. Hi sister,m please tell me how to go thai wet mart, i aslo stay near yew tee.
    My block is near Limban mart.
    I'd like to go there.

    ReplyDelete
  18. အားးးးးးးးးး
    အစားအသောက်တွေချည်း လာတိုးနေတယ်နော်
    တင်းလာပြီ

    ReplyDelete
  19. ANOYs:Limban မှာနေတာဆိုရင် Limban ဘက်အခြက်းကနေ street 53,54ဘက် choa chu kang north 5လမ်းမကြီးအတိုင်းလျှောက်ရင် cck swiming pools ကိုတွေ့လိမ့်မယ်။အဲဒါကိုဖြတ်ပြီးရင် လုံးချင်းတိုက်ပုလေးတွေကို ဆက်ပြီးတော့ဖြတ်။မျက်နှာချင်းဆိုင်မှာ အခြားဖက်မှာ regent secondary schoolရှိတယ်။အဲဒီ့ကျောင်းရဲ့အဆုံးမှာ
    ကွန်ဒို၁ခုရှိတယ်။အဲဒီကျောင်းနဲ့ကွန်ဒိုနဲ့အစပ် အခုလျှောက်နေတဲ့ တိုက်ပုလေးတွေအဆုင်္မှာ မီးပွိုင့် ရှိတယ်။(လမ်းမှာလည်းမီးပွင်း ၃ခုလောက်ဖြတ်ရသေးလို့မှားမှာစိုးလို့)အဲဒီရောက်ရင် ညာဘက်ကိုချိုးလိုက်
    ချောင်းတစ်ခုကိုဖြတ်ဆောက်ထားတဲ့ တံတားတွေ့လိမ့်မယ်။ဆက်လျှောက်ရင် မီးရထားသံလမ်း ကိုတွေ့လိမ့်မယ်။ပြီးရင် ခွေးထရိန်နင်စင်တာကတွေ့ရင် အဲဒီဘက်အချမ်းကို ကူးပြီး အဲဒါကိုကျော်တာနဲ့ ဘယ်ဘက်ကိုချိုးရင် Caltaxဓတ်ဆီဆိုင်တွေ့ရင် အဲဒီ့ဆိုင်အဆုံး ဘယ်ဘက်ကိုချိုးတာနဲ့ yewtee industrial estate ဆိုတာကိုတွေ့ရင် ရောက်ပြီ။ဆိုင်ကြီး၎ ဆိုင်ရှိတယ်။
    မနက်ဖက် မရောင်းဘူး။ညနေ ဘက်ပဲရောင်းတာ။တို့က ကျောင်းနာမှာနေတာဆိုတော့နီးတယ်။

    ReplyDelete
  20. Ok. ama, i try to go there. Thanks for your information.

    ReplyDelete
  21. မဂျွန်ဝမ်းရေ..
    ဆော်ဒါကို soda လို့ ပြောပြီးဝယ်ရမယ်ထင်တယ်..
    တရုတ်ဆိုင်ဆိုရင်တော့..蘇打粉 (ဆူးသာဖိန်) လို့ ပြောဝယ်ကြည့်လေ..
    အဆင်ပြေပါစေ..


    ပေါက်

    ReplyDelete
  22. အော်.. ထမင်းစားပြီးချိန်မှာ လာတွေ့လို့ တော်တော့တယ်...
    လက်ရာလေးက စားချင်စရာလေး...
    ကျွမ်းကျင် အဆင့် ၁ ထင်ပါရဲ့...

    ReplyDelete
  23. စားချင်လိုက်တာ ငါးသလောက်ပေါင်း ... မစားရတာ ၁၀နှစ်ကျော်ပြီ ... အိမ်ကလူက သွေးတက်လို့ မစားရဲဘူးဆိုလို့ .... သူမရှိတုံး ပေါင်းစားမယ် ... ရှယ်ပေးတာ ကျေးဇူး။

    ReplyDelete
  24. အိမ်အလည်ခေါ်ပါလားဟင် မမ
    ငါးသလောက်ပေါင်းနဲ့နေ့ကျခေါ်လေနော်။
    အဟီးးးး

    ReplyDelete
  25. ငါးသလောက်=HALSA FISH

    ReplyDelete
  26. ငါးသလောက်ပေါင်း သိပ်ကြိုက်တယ် ငါသလောက်ဥကြော်လည်း အလွတ်မပေးတတ်ဘူး

    မြင်တာနဲ့ စားချင်သွားပြီ

    (ဒီကိုလာ အိမ်ကနေ TW ဆိုလို့ ရောက်လာတာ ထိုင်ဝမ် ကပဲထင်လို့လေ

    ဒီရောက်တော့ ဟင်းမြင်တာနဲ့ လာရင်းကိစ္စမေ့သွားတယ်)

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။