Friday, September 4, 2009

သားလေး နဲ့ မေမေ










CCK Poly Clinic ကနေအိမ်ကအတူနေတဲ့ အမရယ်၊ကိုယ်ရယ်၊ကိုယ်ကသားကလေးကိုချီပြီး ထွက်လာတယယ်။

ကိုယ်တို့ အိမ်က ဘတ်စ်ကားစီးရင်သိပ်မဝေး ပေမယ့် သားလေးပင်ပန်းမှာစိုးလို့တက္ကစီငှားဖို့ဆုံးဖြတ်လိုက်တယ်။

တက္ကစီ တစ်စီးလာနေတာတွေ့တာနဲ့ အတူပါလာတဲ့ အမက တားလိုက်တယ်။ကားထဲဝင်ထိုင်တယ် ဆိုရင်ပဲ

ဒရိုင်ဘာက အင်ဒိုနီးရှားလား လို့မေးတော့ ဘေးမှာထိုင်နေတဲ့ အမက မြန်မာလို့ ဖြေလိုက်တယ်။အဲဒီ့

အမက စွပ်ကျယ်သား အင်္ကျီ နဲ့ ဘောင်းဘီ ဆင်တူဝမ်းဆက် ၀တ်ထားပြီး ကိုယ်က အပြင်သွားရင် ၀တ်လေ့

ရှိတဲ့ ဂါဝန် နက်ပြာ ကိုဝတ်ထားတယ်။ကားစမောင်းပြီးသိပ်မကြာခင် ကိုယ်က အမကို ကိစ္စ တစ်ခု မြန်မာ

လိုပြောမိတော့ ဒရိုင်ဘာက ကိုယ့်ကိုစောင်းကြည့်ပြီး ဟင် နင်လဲမြန်မာပဲလား နင့်ကို employer မှတ်နေ

တာတဲ့။ကိုယ်လည်းအဖော်လိုက်လာပေးတဲ့ အမကိုအားနာပြီး ငါတို့က friends တွေလို့ပြောလိုက်တော့

နင်တိုမြန်မာတွေက တစ်ခုခုဆိုရင် share ကျတယ်နော်တဲ့။နင်တို့ဒီရောက်နေတာ ဘယ်လောက်ကြာ

ပြီလဲဆိုတော့ အမ က ၂နှစ်လောက်ရှိပြီဆိုတော့ ကိုရွှေ ဒရိုင်ဘာက ဒီcontract ၂နှစ်ပြီးရင် မြန်မာပြည် ပြန်ပေါ့

နောက်မှ အလုပ်အသစ်ထပ်ရှာပေါ့တဲ့
။ကိုယ်တို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်

ကြည့်ပြီး အင်းသူတော့ ငါတို့၂ယောက် ကို maid ထင်နေပြီ။ပြောရင်းဆိုရင်းပဲ အိမ်နားကိုရောက်လာတော့

ဒရိုင်ဘာက recipe ယူမလားတဲ့ ကိုယ်တို့က ဘာလုပ်ဖို့လဲဆိုတော့ နင် တို့ boss ဆီမှာပြန်claim ရအောင် တဲ့

သူ့ကလေးကို ဆေးခန်းသွားပြတာမလားတဲ့
။ကဲ ကောင်းလေရော။


ပြီးခဲ့အပတ်ကလည်း အိမ်က အဲဒီ အမက ROM ကို ကိစ္စ တစ်ခုနဲ့သွားတော့ ကိုယ်တိုးသားအမိလဲ လမ်းကြုံ

လို့ လိုက်သွားမိတယ်။ကိုယ်က အောက်က ကွာတားဘောင်းဘီ၊အပေါ်ကT ရှပ်နဲ့။ဟိုရောက်တော့ အမက

Q သွားစီနေတုန်း ကိုယ်နဲ့သားလေးကအပြင်မှာထိုင်နေတယ်။သားလေးက လျှောက်ဆော့နေတယ်။

အဲဒီမှာလက်မှတ်လာထိုးတဲ့ အတွဲ က သားလေးကိုသဘောကျပြီး ကိုယ်တို့နားလာပြီးသားလေး

ကို လာမြူတယ်။ပြီးတော့ so cute ဆိုပြီး သားလေးကို ဓာတ်ပုံရိုက်တယ်။ပြီးတော့ ကိုယ့်ကို where is his mom?

တဲ့။This is my son လို့ပြန်ပြောလိုက်တော့ sorry sorry ဆယ်ခါလောက်ပြောသွားတယ်။:(


သားလေးနဲ့ သွားတိုင်းအဲလိုပဲ ကိုယ့်သားဆိုရင် လူတွေက ယုံတမ်းပုံပြင်ကြားရသလိုပဲ။၇ ခါ၊၈ ခါ ထက်မနည်း

ကြုံရတယ်။သူနဲ့ကိုယ်နဲ့ ဥပဓိ ရုပ်တော်တော်ကွာနေလို့လား။ကိုယ်ကပဲ ဖြစ်သလိုဝတ်၊ဖြစ်သလို နေ နေလို့လား။

သားလေး အသားတော်တော်ဖြူတယ် ဖြူစွတ်နေတာ။ကိုယ်ကတော့ သာမန်ဖြူပဲ။အခု ကိုယ် နဲ့ အဲဒီ့ အမ

စဉ်းစားနေတယ် ဘာလုပ်ရရင်ကောင်းမလဲ။spa သွားရရင်ကောင်းမလား။

20 comments:

  1. ဟားဟား ရမယ်ရှာတာ ဖိုးသားလေးကို အကြောင်းပြပြီးးP
    ဖိုးသားလေးပုံမြင်လို့ ၀င်လာတာ။ တကယ်ချစ်စရာကောင်းတယ်

    ReplyDelete
  2. ဟွန်းနော် spa သွားချင်တာ သားသားလေးကို အကြောင်းပြတယ်ပေါ့လေ၊
    မေမေက မေမေပါ ကွယ်၊ ဒီက လူတွေ ကလေးချီတာ တွေ့တိုင်း အဲ့လို ထင်နေကြတာလား မသိဘူးနော်၊ ခက်လိုက်တာ

    ReplyDelete
  3. ကျော့က ကလေးအမေနဲ့ မတူဘဲ အပျိုလေးနဲ့ တူနေလို့ ဖြစ်မှာ ... spa သွားပြီး လန်းဆန်း အမောပြေသွားရင် ဒီထက်တောင် နုပျိုနေဦးမယ် :) သားလေးကတော့ တကယ် ချစ်စရာကောင်းတယ်။

    ReplyDelete
  4. ဟုတ်သားပဲ.... ကလေးက ချစ်စရာလေးကိုး။

    တက္ကစီသမားပြောတာ လွန်သလားဆိုတာ သေချာအောင် အမေဓါတ်ပုံကိုလည်း အပြေးအလွှား ကြည့်လိုက်ရသေးတယ်။ လွန်တယ်... ဒီလူ။ (လမ်းမှာ တွေ့ရင် မုန့်ဝယ်ကျွေးရမယ်)။း-)

    ReplyDelete
  5. hi sis dont worry and dont care :D

    ReplyDelete
  6. ကလေးကတရုတ်လေးနဲ့ တူလို့ ပါ ဟိဟိ

    ReplyDelete
  7. မမီယာပြောသလို မအိုသေးတဲ့သူ အပျိုလေးနဲ့တူလို့ မှတ်လိုက်ပါလေ။
    သားသားကတော့ ရောက်လေရာမှာ မျက်နှာပွင့်တယ် ထင်တယ်။

    ReplyDelete
  8. ဟုတ်ပါတယ်.. မမီယာပြောသလိုပါ။း)

    ReplyDelete
  9. ခုတည်းက သားသားက မျက်နှာပွင့်နေပြီးနော်...


    ချစ်စရာလဲတယ်ကောင်းကိုး...


    လာရင်လာတွေ့မယ်


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  10. ကိုယ်လည်း သားသားနဲ့သွားရင်ကလေးထိန်းဘဲထင်ကြတယ်...
    သားသားလည်းကျော့ သားလိုဘဲ...ဖွေးနေတာပဲ..
    ကိုယ်က သာမန်ရုပ်ရည်ပဲဆိုတော့လေ...
    အင်းအဖော်ရှိသွားပြီဆိုတော့..အားမငယ်ပါနဲ့ :)

    ReplyDelete
  11. ချွတ်ဆေး ရှိတယ်။
    Bleaching Powder အကောင်းစား သုံးပါ။ သိမ်ကြီးဈေးက ရောင်းတာတွေ မဝယ်ပါနဲ့ သူက အက်စစ်ပါတယ်။

    ReplyDelete
  12. Spa မသွားပါနဲ့။ ဗြူတီဆလွန်း သွားပါ။
    စင်ကာပူက Spa တွေက နာမည်ခံပြီး နောက်ကွယ်မှာ မဟုတ်တရုတ် လုပ်နေတာ ၉၀ ရာခိုင်နှုန်းကျော်ပါတယ်။

    အမည်မဖော်တာပဲ ကောင်းပါတယ်လေ။ :)

    ReplyDelete
  13. Same thing happen to me also. My son look like chinese. So they thought I'm a maid. ha...ha..ha...

    ReplyDelete
  14. ဒီပို့စ် ကိုဖတ်ပြီး နောက်တခါ ကလေးနဲ့ အပြင်ထွက် ရင် သတိထား ဖို့ ဆင်ခြင်မိ တယ်

    ReplyDelete
  15. Ma......2ther ka so cute koe ma yae...no need to go spa par..ma le hla tar be...

    ReplyDelete
  16. သားလေးက တကယ်ချစ်ဖို့ကောင်းတယ်... အစ်မ..

    ReplyDelete
  17. သားက အရမ်းချစ်စရာကောင်းတယ်။ မိဘကွေကို အားကျတယ်။

    ReplyDelete
  18. အားမသငယ်ပါနဲ့လေ။ တူတူဘဲ။

    ReplyDelete
  19. သားသားက ချောလို့ပါ.. အဲ့လိုပဲ နှစ်သိမ့်လိုက်

    တို့လဲ အမေက တရုတ်ရုတ်နဲ့ဆိုတော့ အိမ်တံခါးဖွင့်ရင် အိမ်ရှင်ဘယ်မှာလဲ လို့ အမေးခံရတယ်၊ ဘဝတူ

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။