သားလေးရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အဓိက ပြသနာကတော့ ၀မ်းချုပ်တာပါပဲ။ငယ်ငယ်ကတည်းက
ဝမ်းအရမ်းချုပ်တယ်။နို့မှုန့် တိုက်တဲ့ ကလေးတွေ ကပိုပြီးတော့ ၀မ်းချုပ်တတ်တယ်ဆိုပေမယ့်
သူကတော့လွန်တယ်။နို့မသောက်တော့တဲ့ အချိန်လဲချုပ်တယ်။ငယ်ငယ်လေး လသားတုန်းကဆို ၀မ်းချူဖို့
ကွမ်း၇ိုးလိုက်ရှာရတာ cityhall သွားရှာလဲ မရ။ဒီမှာကွမ်းတွေကအကုန်အရိုးညှပ်ပြီးသားချည်းပဲ။
တော်တော် ခေါင်းခဲရတယ်။သမီးလေးလဲ နို့မှုန့်ပဲ ဒါပေမယ့် ၀မ်းမှန်တယ်။ဝမ်းချုပ်တယ်ဆိုလို့ ၂ရက်
၃ရက်မထင်လေနဲ့ ၅ရက်ကနေ ၈ရက်အထိ ချုပ်တာ။အဲလို ချုပ်တဲ့သူက သမီးလေးကို မြန်မာပြည်
ပြန်မွေးတုန်းက ၅လမှာလေးခါ ၀မ်းလျောပါရော။ဝမ်းလျောတော့ ပဲနို့မှုန့်တိုက်တာကနေမကြိုက်လို့
လုံးဝ သူ့ဘာသာ မသောက်တော့တာကနေ နို့ပြတ်သွားတာ၁နှစ်၈လမှာ။ ဒီကို ၂နှစ်ကျော်လောက်
ပြန်လာကတည်းက ချုပ်လိုက်တာ တခါတလေ ၇ ရက် မှတခါ။၅ရက်ဆိုတာအစောဆုံး ပဲလေ။ဒီလောက်
အောင်းထားတော့ အီးလဲပါရော ညှစ်လို့ မထွက်တော့ဘူး။အိမ်သာက ခွေပေါ်ထိုင်ပြီး ဆို ငိုလိုက်ရတာ။
ဖင်ကွဲ၊သွေးထွက်။ပါရင်လဲ အီးတုံးတွေက ဆိတ်ချေးတုံး လို မဲနေပြီးကျောက်တုန်းတွေလိုမာနေရော။
ကြာတော့ ကလေးက အီးပါရမှာတောင်ကြောက်လာရော။ဝမ်းနူးစာ မစားဘူးလားမမေးနဲ့။အကုန်စားတယ်။
ဖအေနဲ့အမေ မှာလဲ သူအီးပါအောင် အကုန်ကျွေးတာပဲ။လိမ္မော်သီး တနေ့တည်း ၆လုံးစားလဲ စားစား အီးပါ
မလားကြည့် မပါဘူး။ဖရဲသီး၊လိမ္မော်သီး၊ ငှက်ပျောသီး၊ဒိန်ချဉ်၊သဘောင်္သီး(သိပ်မကြိုက်လို့ချော့ကျွေး)၊
မကျဉ်းဖျော်ရည် တိုက်ဖို့ မြန်မာပြည်ကနေ မကျဉ်းသီးမှည့်၊ထန်းလျက်မှာရတယ်။အဲဒါကိုရေစိမ်တိုက်လဲ
လုံးဝပဲ ဘာဝမ်းခိုင်သလဲမမေးနဲ့။ဖအေ လုပ်သူဆို cityhall က အင်းလေး မှာထမင်းစားတာတောင် အအေး
ကို မကျည်းဖျော် ရည်ပဲမှာတယ် သားတော်မောင် ကိုသောက်ရအောင်။သားလေးက သောက်တယ်။
ဖန်ခွက်အကြီးနဲ့ ဆို တခါထဲ အကုန် တခွက်သောက်တာပဲ။တို့ဆို တခါတလေ ဒီလောက်ဖြစ်လှတာဆိုပြီး
အသုပ်ကို ငရုတ်းသီးထည့် သုပ်လဲ ဒုံရင်းပါပဲ။
ဒါနဲ့ ဆရာဝန်နဲ့ သွားပြတယ်။ဆရာဝန်က ၀မ်းနှုတ်ဆေးလို မျိုး အရည် တနေ့ ၂ကြိမ်နဲ့ တစ်ပါတ်စာပေးလိုက်
တယ်။အဲဒီဆေးတိုက်တော့ တိုက်နေတုန်းမှာ တည ကို နဲနဲ နဲနဲစီသွားတယ်။နဲနဲမှ တကယ့် နဲနဲပဲ။ဆေးလဲ
ကုန်ရော နဂိုအတိုင်းပြန်ဖြစ်ရော။ဒီမှာက ၀မ်းချူတောင့်ကလဲ ၇ှာလို့မရ။သူ ၀မ်းမသွားတာ ၇ ရက်လောက်
ဆို သူတော့ မသိ လူကြီးတွေမှာ စိတ် မချမ်းသာဘူး။မြန်မာပြည်က ကလေးဝမ်းချူတောင့် ကို မှာပြီး တော့
ရ-ရက်၊၈ ရက်မှ မပါရင် ချူရတယ်။သူ့အဖေဆို ခရီးသွားနေလို့ ဖုန်းလှမ်းဆက်ရင်း သားအီးပါလားပဲ အရင်
မေးတာ။ဒီကလဲ သားလေးသူ့ဘာ့သာ မချူရပဲ အီးပါရင် တကူးတက ဖုန်းဆက်ပြောရသေးတာ။ကလင်ဒါ
မှာလဲ သူအီးပါတဲ့ ရက်ကို မှတ်ထားရတယ်။
ပြီးခဲ့တဲ့ မတ်လက မြန်မာပြည်ပြန်တုန်းက ၁၆ ရက်မှာ ၂ခါပဲ သွားတယ်။ဒါတောင် တစ်ခါက ချူရတာ။
အဲဒါ ယောက္ခမ က ၀မ်း အရမ်းချုပ်တာ မကောင်းကြောင်း အူထဲမှာ အစာဟောင်းတွေ ကြာနေရင် အူကို
ဒုက္ခပေးတတ်ကြောင်း စလုံး ပြန်ရောက်ရင် အထူးကုနဲ့ ပြဖို့ မှာလိုက်တယ်။ဖုံးဆက်တိုင်းလဲ ပြောတယ်။
မြန်မာပြည်ပနေ ကလေးဝမ်းပျော့ဆေး လို့ဟာတွေ ၀ယ်လာ တိုက်လဲ မထူးခြား။ခေါင်းခဲရတယ်။ဒါနဲ့ ပဲ
ဟိုတလောက နိုင်းနိုင်းစနေ ဘလော့ ဒီမှာ( ကန်စွန်းဥမှာ Cellulose နှစ်မျိုးပါဝင်တာကြောင့်
ကိုလက်စတောတိုးမြင့်ခြင်း၊ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အူနံရံမှာ အညစ်အကြေးတွေ
ဂျိုးကပ်ပြီး ဝမ်းချုပ်နေသူတွေအတွက် ကန်စွန်းဥဟာ အကောင်းဆုံးအစားအစာဖြစ်တယ်။)ဖတ်မိပြီး။
အင်း ကန်းစွန်းဥ စမ်းကျွေးကြည့်ရင် ကောင်းမယ်ဆိုပြီး ရွှေကန်းစွန်းဥ ၀ယ် ၂လုံးပြုတ်၊ပြုတ်ပြီးတော့
အစိတ်လေးတွေစိတ် ပဲဆီလေးစမ်း၊ဆားကလေးဖြူးပြီး ကျွေးတာ စားလိုက်တာ။နောက်နေ့လဲ ကြရော
မျက်လှည့် ပြသလိုပဲ ၀မ်းမှန်သွားတာ။အဲဒီနောက်ပိုင်း ၁ရက်ခြားတခါ အခုထိ ၁လ ရှိပြီ မှန်နေရော။
ဝမ်းလဲ ကောင်းလာတယ်။နေ့တိုင်းတော့ မကျွေးဘူး ၂ရက်တခါ ၊၃ရက်တခါပေါ့။အခုလေ အမေလုပ်သူ
သားရေ ဒီနေ့ အီးအီးမပါရသေးဘူး သွားပါလိုက်အုံးဆို သွားပါတာ ရတာပဲ။အခုမှ ပဲ လင်မယား ၂ယောက်
ပြုံးနိုင်တယ်။
ဒီကယူတယ်။
ကန်းစွန်းဥ နဲ့သူ့ကိုယ်က ဓာတ် အဆင်ပြေလို့ဖြစ်မယ်။ဘလော့ဂင်းကျေးဇူးပေါ့။မနိုင်းနိုင်းကို လဲကျေးဇူး
အထူးတင်ပါတယ်။
(ကြုံတုန်းပြောရအုံးမယ် သားလေး၂နှစ်ကျော်လောက် က ချောင်းဆိုးပြီး ဗိုက်ကနာသလိုဖြစ်လို့ ဆရာဝန်
သွားပြတော့( မပြခင် တချို့ က ကလေး သန် ရှိလို့ များလား မသိဘူးပြောလို့  )သန်များ ၇ှိနေသလား မသိ
ဘူးလို့ ဆရာဝန်ကို လျာရှည်မိတာ ဆရာဝန်က Singapore no worm တဲ့။နောက် ဆရာဝန် တစ်ယောက်
ကိုလဲမေးဖူးတာ အဲလိုပဲပြောတယ်။ သားလေး ကို အခုထိ တခါမှ သန် မချဖူးသေးဘူး)
Tooth Decay
သားလေး က ၁နှစ်မှာ သွား ၁၁ ချောင်းပေါက်နေပြီ။ဒီမှာ ရေးဖူးတယ်။သွားပေါက်စောတဲ့ ကလေးတွေဟာ
သွားသိပ်မခိုင်ဘူး ပြောကြတယ်။သားလေးဟာ ၂နှစ်ခွဲ မှာ(၂၀၁၀ ဒီဇင်ဘာမှာ) ရှေသွားတစ်ချောင်းဟာ
မဲနေတာတွေ့တယ်။ပိုးစားတာပေါ့။သူက အဲသွားကိုနာတယ်ဆိုပြီး လက်ညိုးပြပြီးပြောတော့ yewtee mrt
မှာ ၇ှိတဲ့ vista လား အဲဒီဆေးခန်းကိုသွားပြတယ်။အဲဒီဆေးခန်း က ကလေးလက်မခံဘူးဆိုတာနဲ့။ဘူးဂစ်
ဘာ့တုတ် မှာ၇ှိတဲ့ Q&M မှာ သွားပြတယ်။အဲဒီအချိန်မှာ သူ့သွားက သိပ်မနာတော့ ဆရာမတွေ ကဘာမှ
မဖြစ်ပါဘူး။ကလေးက ငယ်သေးတယ် ခြစ်လို့လဲ မရသေးဘူးဆိုပြီး ပြောလိုက်တယ်။
အဲဒီကပြန်လာပြီး၂ရက်လောက်ပဲ ရှိသေးတယ် အဲဒီသွားအပေါ်သွားဖုံးမှာ အဖုကြီး ထွက်လာပါလေရော။
ဒါနဲ့ ယူတီးပွိုင့် က ရိုးရိုးဆေးခန်း ကိုသွားပြတော့ ဆရာဝန် က သူ့တို့ဆေးခန်းက သွားဆေးခန်းကို လွတ်
တယ်။ဒါနဲ့ အဲဒီရောက်တော့ ဆရာမလေးတွေ က ကလေးက အရမ်းငယ်ကြောင်း ဒီမှာလုပ်လို့ မရကြောင်း
National Health Promotion Board (Outram park) ကိုလွှတ်တယ်။ဒါနဲ့ HPB ကိုသွား work in ၀င်
တယ်။ဆရာဝန် က သားလေးက သူတို့နဲ့ cooperate လုပ်မှ အဆင်ပြေမှာဖြစ်ကြောင်း၊ပိုးစားတာကို ခြစ်
ပစ်ရမယ်တဲ့။သားလေးက ငယ်တော့ တို့ပါ ခုံပေါ်လိုက်တတ်ရတယ်။အလင်းကာမျက်မှန်တွေ ဘာတွေ
တပ် ၊ပါးစပ်ဟပြီး ဟိုလုပ်ဒီလုပ် လုပ်တော့ မခံတော့ဘူး ၇ုန်းတာပဲ။ဆရာဝန်က မရဘူး နင်သားကိုမေ့ဆေး
ပေးပြီး မှလုပ်လို့ရမယ်။အဲဒါ ဒီမှာလုပ်လို့မရဘူး NUH ကိုသွား ဆိုပြီး လွှတ်ပြန်ရော။စာပါပေးလိုက်တယ်
NUH ကို။
ဒါနဲ့ NUH ကိုဖုံးဆက် appယူပြီးသွားတော့ ကလေးတွေ ပဲကြည့် တဲ့ဆရာမ ကတ်သရင်းဟို နဲ့တွေ့တော့
HPB က စာပြတော့ ကြည့်တောင်မကြည့် ဘူး။သားလေးသွားကို ကြည့်ပြီး နင့်သားသွားက မေးဆေးပေး
ပြီးခြစ် လဲ ပြန်ဖြစ်နိုင်တယ်။အပေါက် ဘယ်လောက်ကြီးလဲ သိရအောင် X -ray သွား၇ိုက် ခိုင်းလို့ သွား
ရိုက်တယ်။၁လက်မလောက် ၇ှိတဲ အပြားလေးကို ကိုက်ခိုင်းထားပြီး အမေလုပ်သူကို အပြင်ထွက်ခိုင်းပြီး
၇ိုက်တာ၊တော်သေးတယ် သားလေးကကိုက်ထားပြီး ငြိမ်ငြိမ်နေလို့။၇ိုက်တဲ့ သူက နင့်သားကတော်တော်
တော်တယ်။တချိုဆို မရဘူးတဲ့။X-ray result အပြားလေးယူပြီးပြန်သွားတော့ ဆရာဝန်မက နူတ်ကို
နှုတ်ရတော့မယ်။ဒါငယ်သွားပဲ ရ နှစ်နေရင် ပြန်ထွက်မှာ ဆိုပြီး တခါထဲ ထုံဆေးထိုးပြီး ဆွဲနှုတ်လိုက်တာ
မြန်ချက်များ။နောက်ပြီး အံသွားလေးတွေမှာလဲ အမဲ စက်လေးတွေ တွေ့ကြောင်း clean လုပ်ရမယ် ဆိုပြီး
app ထပ်ပေးလိုက်တယ်။အဲဒီကတည်းက edwin တို့ ဖိုးသဂြိုး ဖြစ်နေရကြောင်းပါ။
အဲဒီကတည်းက ၁လ ၁ခါ appအတိုင်းသွားလိုက် အမဲစက်တွေကို ဟိုဆေးထည့်၊ဒီဆေးထည့်လေး
လုပ်လိုက်နဲ့ ၁နှစ်နီးပါးဖွတ်ကလိ ၇၀၀၊၈၀၀ လောက်ကုန်ပြီးချိန်မှာ app ကို ကိုယ့်ဘာသာ
terminate လုပ်လိုက်တယ်။ မလုပ်လို့လဲမရဘူး ခဏ လာနေပေးတဲ့ အမေကလဲပြန်၊NUH dental clinic
က weekday ပဲဖွင့်တော့ ကလေး၂ယောက်နဲ့ ဘယ်လိုသွားမလဲ။သားလေးနဲ့ ခုံပေါ်တတ်နေရင် အငယ်မ
ကို ဘယ်လိုထားမလဲ။weekend ဆိုတော်သေး။အခု သူ့သွားတချောင်း မဲနေပြန်ပြီ။
သမီးလေးက လဲ နို့ပိုးစားတာ ရှေးသွား၂ချောင်း။နို့ကို ညဘက်ကျရင် ဇိမ်ဆွဲပြီးစို့တာလေ။ဖြုတ်လို့မရဘူး။
အဲဒါပြရအုံးမယ်။