Showing posts with label May. Show all posts
Showing posts with label May. Show all posts

Tuesday, November 3, 2015

မေလင်းလင်း နှင့် နှာခေါင်းထဲက ကြယ်သီး


မာမီ မေလင်း နှာခေါင်း နဲနဲ နံသလိုပဲ  ဒါပေမယ့် နှာခေါင်းထဲ ဘာမှ ထည့်ဘူးနော်တဲ့.
 ဒေါက်တာ တန်ဆီ   သွားစရာမလိုဘူး တဲ့.သူ သိပ်ကြောက်သွားပြီလေ။
လွန်ခဲ့တဲ့ ၈ လလောက်တုန်း က သူ့ ညာဖက်နှာခေါင်းက အပုပ်နံ့
ထွက်လိုမျိုး ထွက်တော့ အထဲ ကိုကြည့်တော့အထဲမှာအသီးလိုမျိုးတွေ့တယ်။
သူကကြည့်ရင်အကြည့်မခံဘူး။လှပ်တပျက်ပဲ ကြည့်ရတာ။ သူကလဲ နာတယ်
 မပြော အမေကလဲအလုပ်ရှုပ် ဆိုတော့ ၁လ လောက်ကြာတော့
သူက မာမီ နှာခေါင်းက နာသလိုပဲ ဆိုတော့ အတင်းဖြဲကြည့်တော့
 အထဲမှာ အသီးလို ဟာက ပိုကြီး လာသလို ထင်ရတယ်။

ကဲလင်းလင်း ရေ မာမီတို့တော့ ဆေါ်ခန်းသွားမှ ပဲ ဆိုပြီး ခရီးသွားနေတဲ့ သူ့အဖေကို အကြောင်းကြား
ကိုယ် ပါးစပ်တွေ အနာဖြစ်တုန်းက အော့ချက် paragon က ENT အထူးကု ဆေးခန်း ကိုပြေးတယ်။
ဆေးရုံ မသွားပဲ ဘာလို့ အဲ့သွားလဲဆိုတော့ အဲ့ဆေးခန်းက အင်ရှုးယန့် ဘယ်လို ကလိန်းလို့ ရတယ်။
ကလိန်းလို့ လဲ အဆင်ပြေလို့။မေလင်း က အဲ့တုန်းက ရိုးရိုး hospitalization plan (premium plan)
ပဲဝယ်ထားပေမယ့်။scope တို့ CT scan တို့ ဆို ဆေးရုံ မတက် ရလဲ အကြုံးဝင်တယ်လေ။ကိုယ့်တုန်းက
ရခဲ့တဲ့ အတွေ့အကြုံပေါ့။ဆေးခန်းရောက် ကိုယ့်အလှည့်ရောက်တော့ ဖြစ်ကြောင်းကုန်စင်ပြောပြ။
ဆရာက သေချာနားထောင်။ပြောပြ ရအုံးမယ် ဒီက အထူးကုတွေ သိပ်ဖော်ရွှေ တာ။လူနာ နာမည်ခေါ်
တာက အစ သူတို့ ကိုယ်တိုင်လုပ်တာ။လာပြတာ ချမ်းသာတဲ့ သူတွေ ချည်းပဲ။

ကိုယ် follow up ပြနေတဲ့ ဆရာမ ဆို တစ်ခါ consultant fee က စလုံး ၁၀၀ ပဲ။ကိုယ္ခံစားရသမ်
အေးဆေးပြော လက်မှာ ကြွက်နို့တွေ ပွားလာ တာက အစပြောပြ အကြံတောင်းတော့ ဘယ်မှာ
ဘယ်လို ဆေးဝယ် ဆေးဘူးက ဘယ်လိုပုံ ဘယ်လို လိမ်းရမယ်ဆိုတာ စာရွက်ပေါ် မှာတောင် ပုံဆွဲ
ပေးလိုက်သေး(သူကုနေတာနဲ့ ဘာမှမဆိုင်ပဲနဲ့)။

ဟိုတောလောက CNA မှာ ကိုယ်ပြဖူးတဲ့ infection doctor ကို
interview တောင်တွေ့လိုက်သေး အိမ်ကလူ အတင်းခေါ်ပြလို့။
အဲ့ ဆရာဆို အခု ကိုယ်ပြနေတဲ့ဆရာမ ဆီ လွှဲပေးတုန်းက 
အင်ရှုးယန့် ကိုယ့်အတွက် မကလိန်းပေးလို့ ဆို ပြီး ဖုန်းဆက်ပြီး ပြောပေး။
ကိုယ့်ရောဂါ ဘာလဲ ဆိုတာ သေချာ နားလည်အောင်မြန်မာဆရာဝန်
တစ်ယောက်ကို ဖုံးခေါ်ပြီး ရှင်းခိုင်းသေးတာ။အဲ့ဒါလဲ ပြခ ၁၀၀ ပဲ။

စောနက ဟာကို ပြန်ဆက်ရရင် ဆရာဝန်က ခုံပေါ်ကို အမေလုပ်တဲ့သူကို ထိုင် မေလင်းကို
အမေ့ပေါင်ပေါ်ထိုင်ခိုင်းပြီး နှာခေါင်းထဲကြည့်တော့ သေချာတာပေါ့ နှာခေါင်းထဲ
တစ်ခုခု ထည့်ထားတာ။ကြည့်ပြီးတော့ဆရာက သူငြိမ်ငြိမ်နေလို့ အခုဒီမှာပဲ ထုတ်ရင် သိပ်မကုန်ဘူး။
မေ့ဆေးနဲ့ ဆေးရုံမှာ ထုတ်ရမယ်ဆို ၆၀၀၀ လောက်ကုန်မယ်တဲ့။
ထုတ်ကြည့် မယ်ဆိုပြီး သူ့ခေါင်းကို အမေလုပ်သူက ကိုင်ထားပြီး ဆရာက scope နဲ့ ကြည့်ပြီး
 ညှပ်နဲ့ ဆွဲထုတ်လိုက်တော့ ကြယ်သီး ကြီး ဖြစ်နေတာ အောက်မှာ ဆေးခန်းက
အလကားပေးလိုက်တဲ့ scope ကနေ record လုပ်ထားတဲ့ video မှာ ကြည့်ကြည့်။

ထွက်လာတဲ့ ကြယ်သီး




 ဆွဲ တုတ်ပုံ ဆရာ record လုပ်ထားတာ ပေးလိုက်တာ



ရှင်းတော့ ၈၁၀ ကျတယ်။အင်ရှုးယန့်ပြန်ကလိန်းတော့ ၁၀ ရက်ပဲ ကြာတယ်။အကုန်ပြန်ရတယ်။
အခုတော့ လင်းလင်း တစ်ယောက် မှတ်သွားပြီ။သူက သူဘယ်တုန်းကမှမထည့်ပါဘူး။လုပ်သေးတယ်။
ဘယ်အချိန်များ ထည့်လိုက်ပြီး အသက်ရှု နိုင်နေသေးတာ ကံကောင်းလို့ပေါ့။



 

Wednesday, July 15, 2015

ကလေးတွေ အကြောင်း ၁၂


ကလေးတွေ ဘယ်အချိန်မှာ အိမ်မက် စမက်တတ်တယ် အိမ်မက် မက်တာ သူတို့ ဘယ်လိုသိတယ်ဆိုတာ

သေချာမသိ မလေ့လာမိဘူး။ပြီးခဲ့တဲ့ လက သူတို့ အဖေ ခရီးသွား နေတုန်း တစ်မနက် အက်ဝင်ကပြော

လာတယ် မာမီ အက်ဝင် bad dream မက်တယ်တဲ့။ဒယ်ဒီနဲ့ သူနဲ့ အပြင်သွားတာ ဒယ်ဒီ က hole ထဲကျ

သွားလို့ဆိုပြီးလာပြောတော့ အော် အက်ဝင်တောင် အိမ်မက် မက်တတ်နေပြီတော့ လို့ စိတ်ထဲ မှာအမှတ်

ထင်ထင် မှတ်မိတယ်။

သူက ညဏ်ကောင်းတယ် စာကို တစ်ခေါက်လောက်မြင်ရင် မှတ်မိတော့ စာရေးပြီး လေ့ကျင့်ခန်းမလုပ်

ချင်ဘူး ပျင်းတယ်။တရုတ်စာ ဆိုလဲ မကျင့် ချင်ဘူး။အမေ လုပ်သူက အက်ဝင် စာကို သေချာလုပ်မယ်

အင်္ဂလိပ်စာကိုလည်း လက်ရေးလှလှ ရေးမယ်ဆို Samsung pad တစ်လုံး ၀ယ်ပေး မယ်လို့ ပြောထား

တယ်။အဲ့ဒါကို စွဲတယ်ထင်ပါရဲ့ ဒီနေ့ မာမီ အက်ဝင် ညက မာမီ အက်ဝင့်ဖို့ Samsung pad ၀ယ်လာတယ်

လို့ အိမ်မက် မက်တယ်တဲ့။လင်းလင်းကတော့ မမက်တတ်သေးလို့လား မသိ ဘာမှမပြောသေးဘူး။

Friday, July 3, 2015

ကလေးတွေ အကြောင်း ၁၁


အမေလုပ်သူ အိမ်ပြန်ရောက်တယ်  ဆို ဆီးပြီးပြောတယ် sorry mommy...sorry mummy နဲ့ပြောရင်

သိပေတော့ ရေးခိုင်းထားတဲ့ spelling မပြီးသေးလို့ ပဲ။အမေ ပြန်လာခါ နီးမှ စာအုပ်လေး ဆွဲ ခုံလေးဆွဲထိုင်

ရေးတော့ ဘယ်မှာ ပြီးမလဲ။မပြီးရင် ဆူမှာစိုးလို့ ကြိုပြီး ဆောရီး ပြောထားတာ။အိမ်မှာ ၂ယောက် ဆိုတော့ ၂

မျိုး။စားနေကျ အစာ မဟုတ်ပဲ အသစ်တစ်ခု စမ်းကျွေးရင် တစ်ယောက် က စပြီး မကြိုက် ဘူး ဆိုရင်

နောက် တစ်ယောက်က ကောင်းမှကောင်းပဲ။၏



အကိုလုပ်သူက အမေလုပ်သူ ရဲ့ဖုန်းကို ယူပြီး words search game ဆော့နေရင် မေလင်းလင်း မနာလိုဘူး။

ကိုကိုး လာဆော့မယ်လေ။မြန်မြန် လာနော် စောငိ့နေမယ်နော်။အကိုလုပိသူက တော်တော်နဲ့ မပြီးနိုင်သေး

ရင် ဘေးကနေ ခဏ ခဏ လာပြောနေရော။အကိုလုပ်သူက နားအေးပြီး ရောဆိုပြီး လိုက်မယ်လို့ ဆိုပြီးထ

ဖုန်းလေးကိုင်ပြီး လိုက်သွားရင် ဖုန်းပြန်သွားထား လိုက် ကိုကိုး။ဖုန်းနဲ့ ဆော့လို့မရဘူးဆိုပြီး သွားပြန်ထားခိုင်း

သေးတာ။အကို လုပ်သူက ကုပ်ကုပ်နဲ့ ထွက်လာပြီး ဖုန်းကို ခုံပေါ်ပြန်လာတင်တယ်။အမေလုပ်သူက

မေလင်းလင်းက ဆရာကြီး သားရဲ့ဆိုတော့ အက်ဝင်က ပြုံးစိစိ နဲ့ ဘာမှ မပြောရှာဘူး။ဒါ သူဆော့ချင်လို့။

အကိုလုပ်သူက ဆော့ချင် ပြီး သူက မဆော့ ချင်ဘူး ဆိုရင်တော့ ဘယ်လို ခေါ်ခေါ် မဆော့ဘူးပဲ။

အက်ဝင် က အခုနဲနဲ ကြီးလာတော့ ဆော့လာတယ်။အရင်လို သိပ်မငြိမ်တော့ဘူး။အက်ဝင်က အသံ

ကျယ်သလောက် မေလင်းလင်းက တစ်ခါတစ်လေ ဘာပြောနေမှန်းတောင် မကြားရဘူး။မိန်းကလေး

ပီသတယ် ပြောရမယ်။ဒါပေမယ့် ဒီလို မျောက်ကတော့ ဆော့တတ်တယ်။




သူတို့ ဒယ်ဒီက သူတို့ကို ဆူလေ့ မရှိတော့ သူတို့ ဒယ်ဒီ အသံနဲနဲမျြင့်ပြောရင် စိတ်ဆိုးနေတယ် ထင်ကြတယ်။

သူတို့ရှေ့မှာ လင်မယား ၂ ယောက် စကားအခြေတင်ဖြစ်ဖူးတယ်။အဲ့ဒါဆို သူတို့ကလေးတွေက အဖေလုပ်သူ

လွန်တယ်ပဲ ထင်ကြတယ်။တစ်ရက် သူ့အဖေ ခရီးသွားနေတုန်း ညဖက်ရောက်တော့ မေလင်းကရုတ်တရက်

Mommy, are you happy while daddy not around?အမေလုပ်သူက သူ့မေးခွန်းကို အတော်လေးအံ့အားသင့်ပြီး

why? လို့ပြန်မေးတော့ daddy cant scold you?တဲ့။


အက်ဝင်ကျတော့ တစ်မျိုး အဲ့လို အဖေ လုပ်သူ ခရီးသွားရင် အမေလုပ်သူကို အဖေလုပ်သူက အော်လို့ အမေ

လုပ်သူက အဝေးကို ပို့ ပလိုက်တယ်ထင်နေတာ။အက်ဝင်က အခု P1။မေက K1.



(ထမင်းစားချိန် ရုံးမှာ ရေးသည်။)



Thursday, May 14, 2015

ကလေးတွေအကြောင်း ၉

သားအမိ ၂ယောက် ကားဂိတ်မှာ ကားစောင့်ရင်း သူက စပြောတယ် Mommy why I cried when I start K1C?(သူ K1C စတတက်တုန်းက ငို တယ်)။အမေလုပ်သူက ဘာလို့လဲ မေးတော့  I dont like the friends from K 1C တဲ့။အခုကောလို့ မေးတော့ Now is better than before တဲ့။အရင်က မနက်ပိုင်း အတန်းတတ် တာကနေ အကို လုပ်သူ က afternoon school ဆိုတော့ သူ့ကို နေ့ခင်းပိုင်း အပြောင်းမှာ အပေါင်းအသင်း မတူလို ၁ ပတ်လောက် ငိုတော့ အံ့သြ လိုက်တာ ကျောင်းစတတ်တတ်ချင်း
တုန်းကတောင် ပထမဆုံးနေ့ အမေ လိုက်စရာမလို ပျော် မှပျော် ဆို သူ ကျောင်းမှာ မပျော်ဘူးဆိုတာ အတော် အံ့သြ နေတာ။နောက်ကျတော့လဲ နေမကောင်းလို့ ကျောင်း မတတ်ပါနဲ့ ဆိုတာတောင် ကျောင်း မသွားရလို့ ရစ်သေးတာ။




ကျောင်းရောက်ပြီဆိုတာနဲ့  စတွေ့တဲ့ သူငယ်ချင်းတွေနဲ့ ထွေလီကာလီပြောတော့တာပဲ။ အမေလုပ်သူကို အရမ်း ခင်တယ်။အဖေလုပ်သူကသူ့နားလာအိပ်ပါဆို မအိပ်ဘူး။ဒယ်ဒီက ဟောက်လို့တဲ့။မာမီနဲ့ပဲ အိပ်မယ်တဲ့။မာမီ က မဟောက်ဘူးလားဆိုတော့ မဟောက်ဘူးတဲ့။မဟောက်ဆို သူအိပ်ပြီးမှ အိပ်ရတော့ ဟောက်လဲ သူဘယ်သိမလဲ။

သူမအိပ် ခင် အမေလုပ်သူ မအိပ်ရဘူး မျက်စိမှိတ်လိုက်တာနဲ့ မာမီ အိပ်ပလား မအိပ်သေးနဲ့နော်ဆိုပြီး
လာနှိုးသေးတာ။အကို လုပ်သူက ဒါလုပ်ရင် သူကလဲ ထပ်တူနီးပါးလုပ်လိုက်ရမှ။အကိုလုပ်သူ ကွန်ပြူ
တာသုံးရင် အတိအကျမှတ်ထားတာ သူလဲ သုံးချင်လို့။ပုံဆွဲ တာကောင်းကောင်းဆွဲတတ်တယ်။သူ့ အရုပ်လေးတွေကို ထမင်းကျွေးတမ်းဆော့တယ်။အရုပ်လေးတွေထဲက အရုပ်တစ်ရုပ် မျက်လုံးကို
ဆော့တဲ့play dogh နဲ့ပိတ်ပြီး တူတူ ပုန်းတမ်းဆော့တယ်တဲ့။ဒီပြင့် အရုပ်တွေက ပုန်းပေါ့။ညအိပ်ခါနီးဆို
သူက စောင်တွေ ထုတ်တယ်။ဒါ သူ့တာဝန်ပဲ။စောင်ကိုသူက ဒီည ဘယ်သူကတော့ ဒီစောင် နဲ့ အိပ်ရမယ်ဆို ဘယ်စောင်နဲ့မှ အိပ်မယ်ဆိုတဲ့ အကို တောင်ဘာမှ မပြောသာဘူး။အိပ်ခန်းထဲ ၀င်ရင် သူ့
ရေဘူး ကို သယ်လာ သူ့ ခြေရင်းမှာ အတိအကျထားအိပ်တာ သောက်ချင်ရင် အဆင်သင့် သောက်ရအောင်
လေ။

ကြာဇံ အရမ်းကြိုက်တယ်။တရုတ်စာကြိုက်တယ်။အချဉ် နဲ့ အသီးတွေကြိုက်တယ်။ဘယ်အရာမဆို
 ကိုယ့်အားကိုယ်ကိုး သူ့ဘာလုပ်ချင်တယ်။မိန်းကလေးပီသတယ် အလှကြိုက်တယ်။
အသစ်အဆန်းလေးတွေကြိုက်တယ်။


အလကားနေ မာမီကို လင်းလင်းက ချစ်တယ်နော်ဆိုပြီး ခဏ ခဏ ပြော တတ်တဲ့ ကလေးလေး ဘာလိုလိုနဲ့ ၅ နှစ်ပြည့်ခဲ့ပြီ။



Tuesday, May 27, 2014

ကလေးတွေ အကြောင်း ၈


Mommy I want to eat banana.ဟယ် အိပ်တော့မယ်လေ စားအုံးမလို့လား။Yes,today I played a lot

and forgot to eat banana.Then I never eat banana for Today.အဲ့ဒါဆို မမ(ကလေးထိန်း)ဆီသွား

တောင်းလိုက်။သူ အခန်းပြင်ထွက်သွားတယ်။မမ banana စားမယ် လိုပပြောသံကြားတယ် ဟိုက မီးမီး

ဖို့ တစ်လုံး ကိုကိုး ဖို့ တစ်လုံး ဆိုပြီးပေးတာကို ကိုကိုး,သူမကြိုက်ဘူးလေ ဆိုပြီးယူမလာဘူး။အခန်းထဲ

ရောက်တော့ အဲ့အသံတွေကြားနေတဲ့ အဖေလုပ်သူက ဘာလို့ ကိုကိုး ဖို.ယူမလာတာလဲသမီးဆိုတော့

Because he dont like banana တဲ့။အကိုလုပ်သူက I want to eat ဆိုတော့ ပြန်ထွက်သွားတယ်။

မမ banana ပေးအုံး ကိုကိုးပြောတယ် သူ စားမယ်တဲ့။မေလင်းလင်းက အခု အဲ့လိုကလေး အဖေ အမေ

အကို ကိုတွေ့၇င် အီး လိုပြောတယ် သူ့မမ ကိုဆို မြန်မာလို။


သားအမိတွေ ညဖက် အိပ်ယာဝင်တော့ သူ့ ကုလားအုပ် အရုပ်လေးကိုရှာတယ်။မတွေ့တော့ mommy,I 

cant find my giraffe anywhere?ဆိုပြီး ရှာတယ်။တွေ့တော့ အိပ်ဖို့လုပ်တယ်။အမေလုပ်သူက ပန်းရောင်

စောင်တစ်ထည်ယူပြီး ခြုံပေးလိုက်တယ်။စောင်က နဲနဲ နံနေတော့ စောင်တွေ နံနေပြီ လျော်ရအုံးမယ် ပြော

မိတယ်။မချောက Okay mommy,Tomorrow morning I will ask ma ma "ma ma,Can you help 

to wash this pink blanket ,please".အမေလုပ်သူ စိတ်ထဲကနေ အမလေးဟဲ့ သူ့လဲ ဘာမှမပြောပဲ

လုပ်ပြန်ပီ မေလင်းလင်းတို့ကတော့လို့မှတ်တယ်။သူက ဆက်ပြောသေးတယ် mommy,tomorrow I 

will not play first when I wake up.If not,I will forgot to tell ma ma to wash blanket.တဲ့။

မနက်ရောက်တော့ ကိုယ်လဲ အလုပ်သွား ညနေ အလုပ်က ပြန်လာ အဲ့ကိစ္စမေ့တောင်နေတယ်။ည အိပ်ရာ

ဝင်တော့ သူက mummy I asked ma ma to wash pink blanket တဲ့။အဲ့တော့မှဟယ် ဟုတ်ပါလား

အပြင်မှာစောင်တစ်ထည်လှမ်းထားတာ တွေ့မိတယ် အမှတ်မဲ့ဆိုတော့ သတိမထားမိဘူး။ချက်ချင်းပဲု အခန်း

ပြင်ထွက်ပြီး မမ ရေ မမကို မေလင်းလင်း စောင်လျော်ခိုင်းလို့လားဆိုတော့ ဟုတ်တယ်အမ မေလင်းလင်း

အိပ်ရာက နိုးနိုးချင်းအဲ့စောင်ကြီး ညီမ အခန်းဆီသယ်လာပြီး မမ  မာမီကဒီစောင် လျော် မယ်တဲ့ ဆိုပြီး

လာပေးတယ်။မီးလေး ဘာတွေပေသွားလို့လဲဆိုတော့ နံနေလို့တဲ့။တော်ကို အံ့သြသွားတယ်။သူ့ကို

တကယ်လျော်ခိုင်းမယ်ထင်မမထားဘူး။အဲ့ဒါကတော့ ကျမတို့ ၄ နှစ်သမီးမေလင်းလင်းပါရှင်။



(အက်ဝင်ဆို စောင်နံရင်လျော်ရမယ်ဆိုတာမသိဘူး။သိရင်တောင် ဘယ်သူ့ကို လျော်ခိုင်းသင့်တယ်

ဆိုတာ သိမှာမဟုတ်ဘူး)



Sunday, May 25, 2014

အက်ဝင် နှင့် မေ



သားလေးတစ်ယောက် သမီးလေးတစ်ယောက်ဆိုတော့ ဆန့်ကျင်ဖက်ကလေး မွေးထားတာပေါ့။မောင်နှစ်မ

ပေမယ့် အတော်များများ ဆန့်ကျင်ဖက် အက်ဝင်က အပူဆို နဲနဲနွေးရင်တောင် အော်နေတာ မေကတော့

အနွေးကြိုက် အအေးလုံးဝ မကြိုက်။မေက ကြာဇံကြိုက်တယ် ပေါင်မုန့်မကြိုက်။အက်ဝင်က ပေါင်မုန့်ကြိုက်

ပြီး ကြာဇံဆို နှာခေါင်းရှုံ့သူ။အက်ဝင်က အချိုကြိုက် မေက အချဉ်ကြိုက်သူ။





မေက ကျောင်းသွားရတာကို ပျော်သူ အက်ဝင်က ကျောင်းမသွားပဲ အိမ်မှာနေရတာကိုပျော်သူ အပြင်မထွက်

ချင်သူ။ကစားကွင်းနဲ့စာကြည့်တိုက် တစ်ခုပဲသွားရမယ်ဆို အက်ဝင်က စာကြည့်တိုက်ရွေးပြီး မေကတော့

ကစားကွင်းက တစ်ပြားမှမလျော့။မေက ဖရဲသီး၊သဘောင်္သီး၊ငှက်ပျောသီး ကြိုက်ပြီး အက်ဝင်က အဲ့ဒါတွေ

ကျွေးရင် မျက်ခုံးရှုံ့သူ။မေက ကိုယ့်အားကိုယ်ကိုးချင်သူဖြစ်ပီး အက်ဝင်ကတော့ သူများအားလေးကို မှီလို့

ရရင်မှီချင်သူ။စာမှာကျတော့ အက်ဝင်က မေ့ထက်ပို စိတ်ဝင်စားသူ။ကစားတဲ့ နေရာမှာတော့ မေက

ကျွမ်းကျင်အရာရှိ။လူမှုရေးမှာတော့ မေဟာ အက်ဝင့်ထက် ကျွမ်းကျင်သူ။အော် ဘာလိုလိုနဲ့ မေတောင်

၎ နှစ်ပြည့်ပြီး အက်ဝင်တောင် ဇွန် ၁ ဆို ၆ နှစ်ပြည့်တော့မယ်။

နောက်မှ ထပ်ရေးမယ်နော်..

Monday, February 10, 2014

ကလေးတွေအကြောင်း ၇.....



အိမ်မှာတော့ မေဟာ စတားပဲ။အငယ်လဲဖြစ် မိန်ကလေးလဲ ဖြစ် သွက်လဲသွက်တယ်လေ။အက်ဝင်ကတော့

ခပ်အေးအေးသမားပဲ မေ့ကို နမ်းလို့မကလို ဖက်နေနေ ချစ်တယ်လို့ပြောပြော ဘယ်လိုမှမနေဘူး။မေလင်း

ကတော့ အကိုလုပ်သူကို အင်္ကျီလေး ၀တ်ပေးတာ အကိုလုပ်သူကို သားလေး ခေါ်တာ နမ်းတာ ချစ်တယ်

ပြောရင် ဘေးနားကနေ မျက်နှာ ပုပ်ကြီးနဲ့ How about may lin lin ဆိုပြီး အတင်လာမေးတော့တာ။

အကိုလုပ်သူကို နမ်းရင်လဲ မကြိုက်ဘူး အတင်းသူ့ပါးလာထိုးပေးတာပဲ။မေ့မှာ အကျင့်ကောင်းလေးတွေ

က ဘာမဆို သူ့အားသူကို ချင်တာပဲ။ဘာမဆို I can do myself ပဲ။ကျောင်းသွားချိန် မထသေးရင်

လင်း ကျောင်းမတတ်တော့ဘူးလား ဆိုတာနဲ့ အတင်းကုန်းထတာပဲ။စနေ၊တနင်္ဂနွေတောင် ကျောငိး

တက် ချင်နေသေးတာ။ကျောင်းမှာ အင်္ဂါ နေ့ဆို gym ရှိတယ်လေ။သူ သိပ်ပျော်ပေါ့။အဲ့နေ့ မရောက်ခင်

တနင်္လာနေ့ ကတည်းက မာမီ I want to go to exercise room.Can I say to teacher "I want  to

go exercise room"တဲ့။သူက ဖော်ရွှေတယ်။အပေါင်းအသင်းမင်တယ်။ဒါပေမယ့် တစ်ခါ တစ်လေ

ဂျစ်ကန်ကန်။ဆင်ခြေ၊ဆင်လက် ကလဲ များသေးတယ်။ဟိုတလောက သယ်ရင်းကလေးတွေ လာလည်လို့

ဆော့တယ် ပြန်သွားတော့ အမေလုပ်သူက သူ့ကို အရုပ်တွေပြန်သိမ်းခိုင်တာ ဘာပြောတယ်မှတ်လဲ

ကျယ်ကျဲ ဆော့သွားတာတဲ့။သူဆော့တာမဟုတ်ဘူးတဲ့။သူမဆော့လို့ မသိမ်းနိုင်ဘူးဆိုတဲ့သဘော။








မေဟာ အမေလုပ်သူကို သိပ်တွယ်တာ။တစ်ခါတစ်လေ သူနဲ့ကိုယ် ၂ယောက်ထဲ ဆို အမေလုပ်သူကိုလာ

ပြီး ပါကလေးဖျစ်လိုက် လာနမ်းလိုက် ဆံပင်လေးတွေ လာသပ်တင်လိုက်နဲ့ လာလာပြီး လူကို ကြွေအောင်

လုပ်နေတာ။


အက်ဝင်ကတော့ တစ်ခါတစ်လေ အမေလုပ်သူက နမ်းရင်တောင် မာမား ဘာလို့နမ်းတာလဲ ဆိုတာမျိုး။

အက်ဝင်တစ်ယောက် အခုတစ်လော တရုပ် လိုသိပ်ပြောချင်တယ် မာမီ မခေါ်တော့ဘူး။မာမားတဲ့ တော်။

တရုပ်လိုတွေလဲ အင်္ဂလိပ်ကြားညှပ်ရဲ့။ဒီကြားထဲ မြန်မာလိုကလဲ ညှပ်သေး။ကစားကွင်းမှာ မြန်မာတွေ တွေ့

ရင် မြန်မာလိုပြောချင်တယ်။ဖုန်းထဲမှာ တရုပ်လို ရေးပြီး အင်္ဂလိပ်လို ပြန်တဲ့ application မှာ မြန်လိုရေးချင်

လို့တဲ့ သူလိုက်ရှာသေးတယ်။သူက မြန်မာလိုရေပြီး အင်္ဂလိပ်ကိုပြန်ချင်တာ။အက်ဝင်ဟာ ဘယ်အရာမဆို

သင်လွယ်တယ် မကောင်းဘူးလို့ ပြောထားတဲ့ဟာဆိုလဲ မကောင်းဘူးဆိုပြီး အပီ မှတ်ထားတာပဲ။သူ့ညီမ

လုပ်တာတွေ့ရင်လဲ ပြောလို့မဆုံးတော့ဘူး။

ဒါပေမယ့် အကြီးမလို့လားမသိဘူး ကိုယ့်ကိုယ် မလုပ်ချင်ဘူး အရာရာတိုင်း အမေအားကိုးချင်တယ်။ဥပမာ

သွားတိုက်ဆေး ညှစ်တာလေးကအစ။အမေ လုပ်သူက သားဖာ့သာ သားလုပ်ဆိုတော့ ကြိုးစားပြီး ညှစ်

တယ် မထွက်ဘူး။ညီမလုပ်သူက ရေချိုးခန်း အ၀ သွားပြီး ကိုကိုး ဒီလိုညှစ်လေ ဒီလိုဆိုပြီး လက်နဲ့ညှစ်တဲ့

ပုံစံလုပ်ပြတယ်။အကိုလုပ်သူက ညီမ လုပ်သူဆီ လှမ်းပေးတယ်။ညီး မလုပ်သူက ဘာပြောတယ်ထင်လဲ။

No ko ko, you must do yourself တဲ့။သူက ညှစ်တတ်လို့ သွားတောင် တိုက်ပြီးပီလေ အကိုလုပ်သူက

ညှစ်မရသေးဘူးလေ။မေလင်းလင်း အမေ လေသံကို လိုက်တာ။ခွေးမလေး.............


အက်ဝင်စိတ်ကောက်ရင်ရီရတယ်။နှုတ်ခမ်းကိုထော်ထားတာပဲ။ဘယ်လိုမှ ချော့လို့မရဘူး။သွားမချော့နဲ့နော်။

အဲ သူ စိတ်ပြေရင် မာမီ အက်ဝင် စိတ်ကောက်တော့ဘူးလို့ စိတ်ကောက်ပြီးပီလို့ တရားဝင်ကြေငြာတယ်။

ဒီပုံ ကြည့်




အခုတလော သူ့ရဲ့ ဆိုက်ကိုက သူ့ ဥဥ(သူ့အပြော)/ရွှေပန်းကို ဘယ်နည်းနဲ့မဆို ထိတာ မကြိုက်ဘူး။

တစ်ရက် အမေလုပ်သူက အင်္ကျီ လဲပေးရင် လက်နဲ့ မတော်တစ်ဆ ထိမိသွာားတာကို စိတ်ကောက်လိုက်

တာ မပြီးတော့ဘူး။အခုနောက်ပိုင်း သူ့ကို အ၀တ်လဲပေးရင် သူ့ဥဥကို လက်နဲ့ဖုံးထားတယ်။အမေလုပ်သူ

လက်နဲ့ ထိမှာစိုးလို့တဲ့။

အခုတစ်လောကျောင်းမှာ healthy foods တွေ အကြောင်းသင်တော့ Vege လုံးဝ မစားတဲ့သူက အခု

အရွက်တော်တော် များများ စားလာတာ ၀မ်းသာစရာပဲ။

(နောက် အချိန်ရရင် ဆက်ရေးအုံးမယ်)


အက်ဝင်

 ဒါ facebook မှာတင်ဖူးတာ Blog မှာပြန်တင်တာ

အက်ဝင်

November 3, 2013 at 1:21am
အက်ဝင် ဟာ စကားပြောနောက်ကျတယ်။၂ နှစ်မှာ A-Z ကို ကောင်းကောင်းဖတ်နိုင်ပေမယ့် စကား သိပ်မပြောဘူး။ပါပါး မာမားတော့ ခေါ်တယ်။ယောက္ခမ ကပြောတယ် ပါပါး မာမားလဲ ခေါ်တယ် စာလဲ ဖတ်နိုင်တယ်ဆိုတော့ အ အတော့ မဖြစ်နိုင်ဘူးတဲ့။ယောက္ခမလဲ စကားပြောအောင် ကြက်ဖင်ဆီဘူးတွေလဲ ကြော်ကျွေးတာပဲ မထူးခြားဘူး။အဲ့ အချိန်တုန်းက မေလင်းလင်း မွေးဖို့ပြန်နေချိန်။နောက် ကျတော့ ယောက္ခမက ပြောတယ် သက်ဦး စကားပြောနောက်ကျရင် စီးပွားကောင်းတယ်တဲ့ ဆိုပြီး လက်လျော့လိုက်တာ။

၂ နှစ်ခွဲလောက်ကျတော့ စပြောတယ်။အခုလဲ ကျရော ရေပက်မ၀င် နားကို ငြီးနေတာပဲ။ကလေးပဲ မလို့လားသိဘူး သူ့ တွေးခေါ်ပုံဟာ တစ်မျိုးပဲစာဆိုရင် သူရနေတဲ့ စာလုံးကို သူ့ကို ပိုသိအောင် ရေးခိုင်းတာတို့ ဖတ်ခိုင်းတာတို့ ဆိုရင် စိတ် မ၀င်စားဘူး အသစ် အသစ်ပဲ တတ်ချင်တယ်။ညအိပ်ခါနီးကျလို့ စာမလုပ်ပဲ အိပ်ယာဝင်ရင် သူ study time မလုပ်ရပဲ အိပ်ရလို့ရစ်သေးတာ။နဲနဲတော့ လုပ်လိုက်ရမှ။မြန်မာစာလဲ တော်တော် ဖတ်တတ်နေပြီ။တစ်ချို့ဟာတွေဆို အဓိပ္ပါယ် မသိပေမယ့် အသံထွက်မှန်အောင် ဖတ်နိုင်တယ်။ဟိုနေ့က အနားမှာရှိတဲ့ စာအုပ်ကိုတွေ့လို့ သူဖတ်လိုက်တာ..ခင်ခင်ထူး..ခမည်းကြိုးတဲ့...အသံထွက်က တန်းနေတာပဲ..

အခု တရုတ်စာကျူရှင် ကျောင်း ထားတယ်။ Term 1 တုန်းက နောက်ဆုံး အပတ်မှာ စာမေးပွဲပြန်စစ်တာ မသိတော့ ဒီအတိုင်းပဲ လွှတ်လိုတာ ၆၀ မှာ ၄၅ ရတယ်။Term 2 ကျတော့ စာမေးပွဲဖြေရမဲ့အချိန်မှာ တရုတ် ကဗျာ ဆိုရတယ်။၁ပုဒ် ၁၀ မှတ်။၎ ပုဒ်မှာ ကိုယ်ကြိုက်တာ ၁ပုဒ် ဆိုရတာ။အဲ့မှာ ကိုယ်တော်က ပလွတ် ပလွတ်ရတဲ့ အပုဒ်တွေ ပါရဲ့သားနဲ့ ထစ်နေတဲ့ အပုဒ်ကိုမှရွေးဆိုခဲ့တယ်။ကျန်တာတွေ အကုန်မှန် ကဗျာ ၁မှတ်လျော့ နဲ့ ၆၀ မှာ ၅၉ ရတယ်။T3 မှာ မြန်မာပြည်ပြန်နေလို့ မဖြေလိုက်ရဘူး။Term 4 အခု အပတ်ကျတော့ အမေ လုပ်သူက သားလေး ကဗျာကို ကိုယ်ရတာပဲ ဆိုနော်လို့မှာလိုက်တာကို အရင်အတိုင်းပဲ ၄ ပုဒ်ထဲမှာ ဒေါင်းဒေါင်းပြေးရတဲ့
အပုဒ်ကို မဆိုဘဲ ထစ်နေတဲ့ အပုဒ်ကို ဆိုခဲ့ အမေလုပ်သူက သား ဘြာဲဖစ်လို့ ရတဲ့ အပုဒ်တွေ မဆိုခဲ့တာလဲဆိုတော...........

မာမား edwin already good at the other three.I am not good at ရှောင်ဝှားမောင်းတဲ့။ရှောင်းဝှားမောင်းကို သူ ကောင်းကောင်း မရလို့ ဆိုခဲ့တာတဲ့။သူ့စိတ်ထဲမှာ အဲ့ဒါ ဆိုလို့ ထစ်နေရင် ဆရာမက ထောက်ပေးမယ်ထင်နေတာလား။သူ့ရဲ့ ထုံးစံ အတိုင်း မရသေးတဲ့
အသစ်ကိုပဲ စိတ်ဝင်စားလို့လား မသိဘူး။အဲ့ အပုဒ်ကို သူ ထစ်နေလို့ ကိုယ့်မှာ ရှေ့အပတ်က သူ့ဆရာမကိုတောင် သူထစ်နေတဲံ နေရာ မေးပြီး မှတ်လိုက်ရသေးတာ ပြန်သာ မကျင့်ပေးဖြစ်တာ။အခြစ်ရေတာ ၁ပုဒ်မှား နဲ့ ကဗျာ ၁မှတ်လျော့ ၆၀ မှာ ၅၈ ပဲရခဲ့တယ်။ဒီအပတ်သူ့ကို သေချာ မလုပ်ပေးဖြစ်တာရယ် စာလုံးတွေက သံတူ ကြောင်းကွဲတွေများနေလို့ အဲ့လောက်တောင်ရမယ် မထင်ထားတာ အမှန်ပဲ။အဲ့လောက်ရတော့လဲ ဘာလို့ ဒီကဗျာ ဆိုခဲံတာလဲ။ဟို အခြစ်မှားတာလဲ မမှားသင့်ဘူးဆိုပြီးတော့ မပြောသာ ပြောသာ ပြောလိုက်သေးတယ်။


 (စကားပြောနောက်ကျတဲ့ ကလေး အတိုးချပြောသလားမှတ်ရတယ် မျက်စိ နှစ်လုံး ပွင့်ကတည်းက အကြောင်းရာမျိုးစုံကို မနားမနေ မာမီ မာမီ ဆိုပီး ခေါ် ခေါ်ပြီးပြောလိုက်တာ ခေါင်းတောင်မူးတယ်။ပြောယုံတင်မကဘူး မေးခွန်းတွေကလဲ ပါသေးတယ်။စားလုံး တစ်လုံးရရင်တော့ တစ်နေကုန် အဲ့ အကြောင်းပဲ တစ်နေကုန်ပြောတော့တာပဲ။ဒီလပိုင်းတွေ ပိုဆိုးလာတယ်။ကစားကွင်းမှာ မြန်မာ အချို့ကိုတွေ့လို့ ရှိရင်လဲ ညေပးလာပြီးပြောသေးတယ် တအံ့တသြနဲ့ မာမား They know how to speak myanmar တဲ့။မနေ့ညက ခရီးသွားငါးယောက်ရဲ့ သီချင်းနားထောင်တော့ အဲ့ အထဲက ဘ၀ ဆိုတာကို နားထောင်မိတော့ ထူးဆန်းတယ်ထင်ပ မာမီ what mean of ဘ၀ ?တဲ့ အမေလုပ်သူ ဘယ်လောက်တော်လဲ ဘ၀ ဆိုတာ Life ကိုပြောတာပေါ့ သားရဲ့။ဆက်မေးတယ် so what is life...နဲနဲ ခေါင်းစားသွားတယ်။အင်း ဘ၀ ဆိုတာယ်ြလိုပြေရမလဲ From birth to death ပေါ့သားရယ် ပြီးစလွယ်ဖြေခဲ့တယ်။..အမေလုပ်ရတာ ချက်ပြုတ်ကျွေးမွေး ပြုစု ယုံတင်မက သူတို့ မေးတာတွေဖြေဖို့ GK ကလဲ ရှိရအုံးမှာပါလားလို့ အခုမှ သဘောပေါက်တယ်။(အက်ဝင်))

Monday, October 14, 2013

ကလေးတွေအကြောင်း(၆)



ဒီတစ်ခါ မေ့ အကြောင်းဖြစ်မယ်။မေ ဟာ သွက်တယ်။အတုမြင် အတတ်သင် သိပ်မြန်တယ်။ ၃ နှစ် ၅လ

အရွယ်မှာ အင်္ဂလိပ်လိုကို တော်တော် သွက်သွက် ပြောနိုင်တယ်။မြန်မာလိုလဲရတယ်။အခု ကျောင်းထား

တာ ၂လ၊၃လ လောက်ရပြီဆိုတော့ အခု ဘယ်သူနဲ့မဆို ပေါင်းတတ်တယ်။ကျောင်းတတ်ရတာပျော်တယ်။

ဟိုတလောက အကိုလုပ်သူကို ကျောင်းသွားပို့ ပြီးပြန်အလာ အသိအမ နဲ့တွေ့တော့ အဲ့အမက သူ့သမီးလဲ

အဲ့နေ့က ကျောင်းမတတ်ရဘူး သမီး မေလင်းလင်း အိမ်လိုက်လည်ပါလားဆိုတော့ မချောက No,Lin Lin

have to go school 10'o clock.ထင်တောင် ထင်မထားဘူး။အရင်က အဲ့လိုခေါ်ရင် လိုက်နေကြဆိုတော့

လိုက်မယ် မှတ်တာ။


သူကလေးဟာ အတုခိုးတာ လွယ်တော့  မကောင်းတဲ့ အကျင့်လေးတွေလဲ အလွယ်တကူ အတုခိုး

တတ်တယ်။အကို လုပ်သူကို ကိုကိုး လို့ ခေါ်နေတာကနေ အက်ဝင် လို့ ခေါ်လို့ အဲ့လိုခေါ်တာ မကောင်း

ဘူး ဆိုပြီး မနည်း ကြပ်မတ်လိုက်မှ ကိုကိုးပြန်ဖြစ်သွားတယ်။မြန်မာပြည်က အလည် ပြန်လာ ပြီးကတည်း

က သူ့ကိုယ်သူ ငါ လို့ သုံးတယ်။မာမား ငါ ရှုးရှုး သွားပေါက်လိုက်အုံးမယ်နော်တဲ့။ငါ ရေသောက်မယ်တဲ့။

တို့က ဘယ်လို ဘယ်လို နောက် ငါ လို့ မသုံးရဘူး။လင်းလင်း က အိမ်မှာ အငယ်ဆုံး ငါ ဆိုတာ ရိုင်းတယ်။

naughty girl တွေမှ သုံးတာ။လင်းလင်းက naughty girl လား ဆိုတော့..နိုးတဲ့။ဒါဆို ဘယ်လိုပြောရမလဲ

ဆိုတော့  လင်းလင်း၊သမီး၊အိုင်တဲ့ သူ သိသားပဲ။အမေလုပ်သူက လင်းလင်း ရေဆိုတော့ ဟင် ဘာလဲတဲ့။

အမေ လုပ်သူက ဟယ် လင်းလင်း ပြန်ပြောစမ်းပါအုံး ဆိုတော့ sorry mommy,I must say ရှင်တဲ့။

ရှင် မာမီ ရှင်မာမီ ဆိုပြီး ပြောင်ချော် ချော် နဲ့လာနောက်တယ်။အစုတ်ပလုပ်မလေး သူသိနေတာပဲကို။

အခုလောလောဆယ် ဖျောက်ဖို့ ကျန်တဲ့ အကျင့်လေးက လေတတ်တာပဲ သူက ဘာစားပြီးပြီး လူကြီး

တစ်ယောက်လို လေတတ်ပြတယ်။ချောကလက်ကလေး စားလိုက်တာကအစပဲ။




သူ့ရဲ့ လက်သုံးစကားကတော့ sorry နဲ့ thank u ပဲ။သူဘာလေးပဲ လုပ်ချင် လုပ်ချင် ဥပမာ ရေသောက်မလို့

ကို အမေ လုပ်သူက အဖုံးလေး ဖွင့်ပေးတာတို့။သူ့ကို မုန့် ထုပ်တွေ ပြေပေးတာတို့၊အ၀တ်လဲပေးတာတို့

အဲလိုမျိုးတွေ ဆို Thank u mommy ဆိုတာမျိုး အမြဲကြားရတယ်။အမေလုပ်သူမှ မဟုတ်ပါဘူး။သူပြော

ရမဲ့ သူဆိုရင် သူ ပြောဖို့ မမေ့ဘူးပဲ။အကိုလုပ်သူ ဒုက္ခ ရောက်နေတယ် ထင်ရင် သွားကူတာပဲ။အကိုလုပ်သူ

နဲ့သူ စက်ဘီး စီးတယ်။ကုန်းတတ် မှာ အကို လုပ်သူ တတ်မရတာတွေ့တော့ သူ့ဘီး ပေါ်ကဆင်းပြီး

သွားကူတွန်းတယ်။အကိုလုပ်သူ ဖိနပ် ချွတ်ရတာ ခက်နေရင် သူက အတင်းသွား ၀ိုင်းချွတ်တော့တာပဲ။

ကူညီချင်တယ်။အကိုလုပ်သူကို အမေက သား Math လုပ်မယ်။ဒါလေးတွေ ပေါင်းထားဆိုပြီး ပေးလိုက်ရင်

သူက ဘေးကနေ ကိုကိုး မမှားစေနဲ့နော် မမှားစေနဲ့ တဲ့(ဆရာဝင်လုပ်သေးတာ)။အကိုလုပ်သူ စာလုပ်နေ

ရင် သူက ဘေးကနေ နားထောင်နေတယ်။ပြီးတော့ ပြောသေးတယ် မာမား May lin lin dont know

English,Maths,Chinese. နော် ။May Lin lin only know abc. တဲ့။မြန်မာပြည်ပြန်လည်တုန်းကဟိုက

လူတွေက မေလင်းလင်း ဘယ်မှာနေတာလဲ ဆိုတော့ ချော်ချုကန်မှာတဲ့။ဘာပဲပြောပြော သမီးအငယ်လေး

ဆိုတော့ သွက်လဲသွက်တော့ ချစ်ရတာပါပဲ။




ဟိုတနေ့က အပြင်ကပြန်လာတော့ သူ့အဖေက အိမ်မှာအရင်ရောက်နေတာ တံခါးဖွင့်ပေးတော့ ထအော်

တယ်။ဟာ ပါပါး hair cut  ပါပါး Hair  cut တဲ့။သူ့အဖေ ဆံပင် ညှပ်ထားတာ သူ ချက်ချင်းသိတယ်။

ကိုယ်တောင်  သူ့အဖေ ဆံပင် ညှပ်ရင် တစ်ခါတစ်လေသတိမထားမိဘူး သူ့ကြည့်ရတာ တစ်ခုခု ထူးခြား

ပါတယ် ထူခြားပါတယ် ဆိုပြီး အဖြေရှာကြည့်မှသိတာ။


စာကြွင်း

မြန်မာပြည်ပြန်တော့လေ ရန်ကုန်ရောက်တော့ အက်ဝင်က မာမား ရှင်၊ခင်ဗျာ ပြောရမယ်လား လို့ပြော

ရှင်၊ခင်ဗျာ ပြောရမလား ပြောတာ ကိုယ့်နားထဲ ရှင်ဘုရား ရှင်ဘုရား ပဲကြားနေတယ်။ဘယ့်နှယ့် ရှင်ဘုရား

သူပြောနေတာတုန်း မနည်း စဉ်းစားပြီးနောက်ဆုံး နောက်ဆုံး သူ့ကို သေချာမေးမှ မေလင်းလင်း ရှင်

ပြောရမယ်။အက်ဝက် ခင်ဗျာ ပြောရမယ်လေတဲ့။  :) 

Monday, June 10, 2013

ကလေးတွေအကြောင်း(၄)



မေဟာ အုခိုးမြန်တယ် အတတ်မြန်တယ်။အကိုလုပ်သူနဲ့အတူ ယူကျူတွေကြည့်နေကြဆိုတော့ အင်္ဂလိပ်လို

လဲပြောလေ့ရှိတယ်။အမေလုပ်သူက မြန်မာလို ပြောတာတောင် သူက အင်္ဂလိပ်ဗားရှင်းကို ပြန်ပြောင်းတယ်

သူအရုပ်တွေဆော့တာ ပွနေလို့ လင်းလင်း အရုပ်တွေကို ဒီခြင်းတောင်း ထဲပြန်သိမ်း။သေသေချာချာထည့်

လို့ပြောလိုက်တာကို သူက I must put properly ...dont be throw..တဲ့။သူပြောတတ်သလိုပြောတာ။

သူ့မှာ အကောင်းမြင်တတ်တာလေးတွေရှိတယ်။အကိုလုပ်သူကို ပစ္စည်း ၁ခု ၀ယ်ပေးလိုက်လို့ သူ့ကို

မ၀ယ်ပေးရင်(သူ့အတွက်မလိုသေးလို့) မားမား လင်းလင်းကို နောက်ကျရင်ဝယ်ပေးမှာနော်တဲ့။


မနေ့ညက အိပ်ခါနီး အက်ဝင်က ည၀တ် အင်္ကျီလဲတော့ သူက စူပါမင်း အင်္ကျီဝတ်မယ်တဲ့။အဲ့အင်္ကျီက

အက်ဝင် ငယ်ငယ်က အဒေါ်လုပ်သူဝယ်ပေးထားတာ။ကဲကဲ ၀တ်ပေါ့ဆိုပီး ထုတ်ပေးလိုက်တော့ အက်ဝင်

က စူပါမင်း ၀တ်စုံဝတ်ပြီး စူပါမင်း ဆိုပီး အော်တယ်။အဲ့တော့ သူကမေးတယ်။မာမား where is Lin Lin's

super man တဲ့။လင်းလင်း မှာမရှိဘူး။သွား သွားတိုက် ပြီးရင် အိပ်ဖို့ အ၀တ်လဲဆိုပီး အောက်က အ၀တ်

ထုတ်ပေးပြီး ၀တ်ပေးတော့ မချောက မမျှော်လင့်တဲ့ စကားတစ်ခွန်းပြောတယ်။မာမား you see,I have

this...I have T...တဲ့ သူ့ အင်္ကျီမှာ Super man ကS အစား T ပါတာကိုပြောတာ။လင်းလင်းလဲ လှတယ်

တဲ့။သူပြောတာ အံ့သြလွန်းလို့ ဟယ် ငါ့သမီးလေးက ကိုယ့်ကို ကို ရှိတာနဲ့ နှစ်သိမ့်တတ်တယ်တော့

လို့ သူ့ပါပါးကို လှမ်းပြောပီး ရယ်နေမိတယ်။

ဒါ အက်ဝင်ဝတ်တာ




















ဒါ သူ့ကိုဝတ်ပေးတာ




















 ဒီမနက် မိုးလင်းတော့ မာမား လင်းလင်းနေမကောင်းဘူးတဲ့။ကိုယ်စမ်းကြည့်တော့ မပူဘူး။ဒါနဲ့ ဈေးတောင်

ခေါ်သွားသေးတယ်။နေ့ခင်းအိပ်ယာက နိုးတော့ ထပ်ပြောတယ်။စမ်းကြည့်တော့ ကိုယ်ပူနေတယ်။ထမင်း

လေးနဲနဲကျွေးပြီး ဆေးတိုက်မလို့ ထမင်းကျွေးနေတုန်း မာမား Lin lin very tired.I cannot sit.I want

to lying down ဆိုပီး ခုံပေါ်မှာသွားလှဲနေတယ်။အင်္ဂလိပ်လိုပဲ တောက်လျှောက်ပြောသွားတယ်။ခက်ပြီ။




Monday, May 13, 2013

မေ (မှတ်တိုင် ၃)






မေကလေးအသက် ၃နှစ်ပြည့်လေပြီ။သူမကလေးက အကိုထက်စာရင် လည်ပေတယ်။မိန်းကလေးမို့လား

တော့မသိ သူ့ပစ္စည်းဆို အသေသိတယ်။သူ့ခေါင်းအုံးပေါ်သွားအိပ်ရင် မကြိုက်ဖူး။မိဘတွေ အချစ်တွေကို

အကုန်နီးပါး သူလိုချင်တယ်။အကို လုပ်သူကိုယုယရင် မကြိုက် မနာလိုတယ်။စိတ်ကောက်ရင် စကားလုံးဝ

မပြောပဲ အမူအယာနဲ့ပဲပြောတယ်။အကိုလုပ်သူကို ကျောင်းသွားပို့ရင် where is lin lin's school?လို့မေး

လေ့ရှိတယ်။ရုပ်ပြောင်တယ်။အကိုလုပ်သူကို အမေလုပ်သူက စာလုပ်ပေးနေရင် ဘေးကနေ မနာလိုဖြစ်

နေကော။ငှက်ပြောသီး၊သဘောင်္သီး၊ဖရဲသီး သိပ်ကြိုက်တယ်။အလူးကြော်ကြိုက်တယ်။ပေါင်မုန့်မကြိုက်ဘူး၊

ခေါက်ဆွဲကြိုက်တယ်။ပြောင်းဖူး သိပ်ကြိုက်တယ်။


ဝမ်းမှန်တယ်။အမေလုပ်သူမို့ အလုပ်ရှုပ်ပြီဆို မာမား အီအီး ပါမယ် အီအီးပါမယ်ဆိုပြီး လာအော်တယ်။

ကတာဝါသနာပါတယ်။တီးတာမှုတ်တာလဲ ၀ါသနာပါတယ်။စာနဲ့ ပတ်သတ်လို့ကတော့ ညဏ်မဆိုးဘူး။

A_Z ကို ၁၉ လသမီးကတည်းက အကုန် အသေး အကြီး သိလို့ အများက အကို့ထက်သာမယ်လို့ထင်ပေ

မယ့် အဆော့ဖက်ကို အားသန်သူ။စာရေးဖို့ကို စိတ်မ၀င်စားသူ။အကိုလုပ်သူ ရေးဖတ်နေတာကို ဘေးက

နေကြည့်ပြီး သူရနေတယ်။အင်္ဂလိပ်၊မြန်မာ ၂မျိုးစလုံး သွက်သွက် ပြောနိုင်တယ်။အင်္ဂလိပ်က အကိုဆီက

ကော်ပီ ယူထားတော့ အကိုပြောသလောက်ပေါ့။ဒါပေမယ့် ကျောင်းတတ်ရင်တော့ အဆင်ပြေလိမ့်မယ်။

လာမဲ့ ဂျူလိုင်မှာ(pre nursery) ကျောင်းတတ်မယ်။ကျောင်းသိပ်တတ်ချင်တယ်။အဲ့ဒါ စာသင်ချင်လို့

မဟုတ်ဘူး ကျောင်းမှာ ဆော့စရာတွေ တွေ့လို့ဆော့ချင်လို့။







ဘယ်အ၀တ်က အိမ်နေရင်းဝတ် ဘယ်အ၀တ်ကတော့ အပြင်ထွက်ရင်ဝတ်တာဆိုတာ သူသိတယ်။အမေ

က ဟေ့ ဒါမလုပ်နဲ့ ဆို ရှေ့ကိုတော့ နဲနဲ တိုးလုပ်ချင်တယ်။တစ်ရက် အပြင်သွားမယ်ဆိုပြီး မိုးရွာတာနဲ့

မသွားဖြစ်ဖူး။နောက် ၁၅ မီးနစ်လောက်ရှိတော့ မာမား သွားလို့ရပြီ သွားလို့ရပြီ ရှော့ပင်သွားလို့ရပြီ

လို့ သူလာပြောတော့ ပထမ သူဘာပြောပါလိမ့်လို့။နောက်မှ အော...မိုးတိတ်သွားသကိုး။ဒါ့ကြောင့်

ရှော့ပင်းသွားလို့ရပြီ လာပြောတာ။အခြေနေတစ်ခု အပြောင်းလဲဖြစ်တာကို သူသတိထားမိတယ်။







အကိုလုပ်သူ ဖုံးဆော့နေတုန်း ဖုံးလာရင် အမေလုပ်သူက ဖုံးကို ယူပြီးဖုံးပြောတယ်။အဲ့အချိန် အက်ဝင်

ကတော့ သူ့ဟာနဲ့သူ တခြားအာရုံရောက်သွားပြီ သူကလဲ တစ်ခုခုဆော့နေတယ်။ဖုန်းပြောပြီးလို့ နားက

ခွာရုံရှိသေး ကိုကိုး မာမား ဖုန်းပြောပြီးပြီ ကိုကိုး ယူဆော့တော့ ရပြီတဲ့။ဆော့နေပေမယ့် တို့ဖုန်းပြော

တာကို စဉ်ဆက်မပြတ်လေ့လာနေတာ။ပြောရင်တော့ ကုန်နိုင်မယ်မထင်ပါဘူး။



ချစ်သမီးငယ်လေး ၃ နှစ်ပြည့်မွေးနေ့မှ မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ပါစေ...

(ပါပါး မာမား ကိုကိုး)





Sunday, May 5, 2013

ကလေးတွေအကြောင်း(၄)


မာမား လှတယ်ကွာမာမား ဗြူးတီးဖိုးကွာ ညဉ်းကလဲအေ ဟုတ်လို့လား ရက်စ် မာမားလှလှ လင်းလင်းကစ်

ဆိုပြီး အပြင်ထွက်ဖို့ အ၀တ်လဲနေတဲ့ အမေကို အဲ့လို မြှောက်တတ်သေးတာ။အပြင်ထွက်တာနဲ့ မာမား 

လင်းလင်း rainbow ချောကလက် ဒိုးနပ်စားမယ်နော်တဲ့။ဒိုးနပ်အကွင်းအပေါ်မှာ ရောင်စုံ ချောကလက်

လေးတွေ ကျဲထားတာလေ(chocolate rice )ခေါ်မလား။အပြင်ထွက်တိုင်း သူအဲ့ဒါစားတယ်။အပေါ်က

ချောကလက်တွေကုန်သွားရင် အောက် ဒိုးနပ်အသားတွေကို မစားတော့ဘူး။နဲနဲပဲကိုက်ပြီး မာမား ရော့

လင်းလင်းပြီးပီ ဆိုပြီး အမေလုပ်သူကို ထိုးပေးလိုက်တော့ အမေလုပ်သူလဲ စားချင်တဲ့အခါစား မစားချင်တဲ့

အခါ လွှင့်ပလိုက်တာ သူသိပုံမရဘူး။တစ်ပတ်မှာ ၃ ရက်လောက် စားတယ်။တရက်တော့ သူစားလို့ပိုတာ

ကို အမေလုပ်သူကို ပေးတယ်။အမေလုပ်သူလဲ အနားမှာ ခိုလေးတွေတွေ့တာနဲ့ စိတ်ကူးပေါက်ပြီး သမီးရေ

ဒီပေါင်မုန့်ကို ငှက်ကလေတွေ ကျွေးလိုက်မယ်နော်ဆိုပြီး သူ့အဖြေမစောင့်ပဲ  ခိုတွေကို ချကျွေးလိုက်တယ်။

ခိုလေးတွေအလုအယက်စားနေတာတွေ့တော့ သူပျော်မှာပဲလေ ဆိုပြီး ကြည့်စမ်း ခိုလေးတွေ စားနေတာ

ပျော်စရာကြီးဆိုပြီး ပြောနေတုန်း မာမား လင်းလင်း bread စားမှာ စားအုံးမှာ bird bird တွေမကျွေးဘူး

ပြန်းပေး ပြန်ပေးတဲ့ ဒုက္ခော...ဒီပြင့်မုန့်နဲ့ အစားထိုးချော့လိုက်ရတယ်။နောက်တစ်ရက် သူအဲဒါ စားပြန်ရော

အပေါ်က ချောကလက်တွေစာပြီး အောက်က ပေါင်မုန့်သားကို မစားဘူး ဒါပေမဲ့ အမေလုပ်သူကို မပေးဘူး

ဒီအတိုင်း ကိုင်ထားတယ်။လုံးဝ မစားတော့တာနော်။အမေလုပ်သူက သူ့စိတ်သိချင်လို့ သမီးရေ မစားမဲ့

တူတူ ငှက်ကလေးတွေ ကျွေးလိုက်လေပြောတော့။လင်းလင်း Bird Bird မကျွေးဘူး။လင်း စားမှာ စားမှာ

ဆိုပြီး ဒီအတိုင်းမစားပဲ ကိုင်ထားတယ်။အမေလုပ်သူက ကဲ မကျွေးဘူးဆို ကုန်အောင်းစားနော် ဆိုတော့

နာရီဝက်လောက်ကြာအောင်ဟိုလုပ်ဒီလုပ်နဲ့ မစားဘူး။နောက်ဆုံးအမေလုပ်သူကငှက်တွေကျွေးမယ်ပြောမှ

နဲနဲစီစားပြီး ပါးဖောင်းအောင် ငုံထားတာပဲ မ၀ါးပဲနဲ့။






မေလင်းလင်းက ကပ်စေးနဲတယ်။အိမ်မှာ မုန့်တွေ အများကြီးရှိရင်တော့ သူမုန့်စားရင် အကိုလုပ်သူဖို့ပါယူ

လာပေးတယ်။ဒါပေမယ့် သူ့လက်ထဲကဟာဆိုရင်တော့ အမေလုပ်သူတောင် ကိုက်ခွင့်မရဘူး။အက်ဝင်က

တော့ အဲ့လိုမဟုတ် သူ့ဆီက မုန့်ကို ကိုက်လို့မကလို့ အကုန်နီးနီးပဲစားစား။


မေကတော့ အဲလိုဟုတ်ဖူး တွန့်တိုတယ်။တစ်ရက် သူ မုန့်ထဲ့ထားတဲ့ အံဆွဲထဲကနေ နို့ခဲ သကြားလုံး ၁လုံး

ယူလာပြီး အမေလုပ်သူကိုခွာခိုင်းတယ်။တို့လဲ ခွာပေးပြီး လတ်သေးလား သိချင်လို့ နဲနဲ ကိုက်ကြည့်လိုက်

တော့ ပျော့နေတယ်။သမီးလေး ဒါမကောင်းဘူး နောက်တစ်ခု သွားယူလို့ ခိုင်းတော့ နောက်၁ခုယူလာတယ်

တို့လဲ ကိုက်ကြည့်ပြန်တော့ လတ်သေးတာတွေ့တာ နဲ့ ဒါကောင်းတယ်စားဆိုပြီး ပေးလိုက်တော့ မာမားစား

လိုက်ပြီ လင်းလင်းစားတော့ဘူးဆိုပြီး စိတ်ကောက်သွားရော။သူ့ကို သကြားလုံး အပဲ့ကျွေးလို့။စိတ်ကောက်

တတ်တယ်။မနာလိုတတ်တယ်။သူ့ကိုပဲ ချစ်စေချင်တယ်။အကိုလုပ်သူကို ယုယုယယနေရင် အမေလုပ်သူ

ကို နောက်နေ ကုပ်ပိုးကို ဆွဲထားတာ။ဒါပေမယ့် မိန်းကလေးမို့လားမသိဘူး။အမေလုပ်သူ အရိပ်အခြေကို

သိတယ်။သူတို့ အိပ်ခန်းထဲမှာ မအိပ်ခင် အဲကွန်းကြိုဖွင့်ထားတော့ တို့က ချမ်းသလိုလိုဖြစ်လာတာနဲ့

လက်စက လောက်လက်ရှိတဲ့ ဘလောက်စ်ကို ယူဝတ်လိုက်တော့ သူက ဆော့နေတာကနေလှမ်းမြင်လိုက်

ပုံရတယ်။မာမား နေမကောင်းဘူးလားတဲ့ လှမ်းမေးတယ်။ကောင်းပါတယ်အေ ချမ်းလို့ပါ ဆိုတော့ မချောက

အေးနေလား အဲကွန်းနဲနဲလျော့လိုက်လေတဲ့။:)

အနုပညာ ၀ါသနာပါတယ်။မိုက်ကို ချကိုမချဘူး။ရတာကလဲ ABCD။



အင်းဒီသမီးတစ်ကောင် ဘယ်လိုထိမ်းရပါ့မလဲ သိဘူး။သူအဖကတော့ I don't know how to handle her

တဲ့။(သူ့ဆီကို သူ့သမီးအကြောင်း တစ်ခါက မက်ဆေ့ပို့တုန်းက ပြန်လာတာ)


အောက်က  ဆရာမ ခင်နှင်ယုရဲ့ နွားတစ်ထောင်ပါ။PDF ဖိုင်ကို ဖေ့ဘုတ်မှာ ရှဲထားတာတွေ့လို့ ဒေါင်းလုပ်

လုပ်ထားတာ ပျောက်သွားမှာစိုးလို့ ဘလော့ပေါ်တင်ထားတာ။သမီးရှင်များ ဖတ်ချင်ရင် zoom in လုပ်

ပြီးဖတ်ရမယ်ထင်တယ်။သေးနေတယ်။အခုခတ်နဲ့ နဲနဲကွာ ပေမယ့် အဓိကတော့ အမေ တစ်ယောက်ရဲ့

စိုးရိမ်ပူပန်ရတဲ့ သောကလေးတွေ ကို ခံစားမိတယ်။

(Credit to mmcybermedia.com)































































Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။