Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Wednesday, March 20, 2013

ငယ်ငယ်ကဆော့နည်းများ




အခု အိမ်က ကလေးတွေ ကျောင်းတစ်ပတ်ပိတ်တော့ ဘယ်သွားရမလဲ ဘယ်ကို ပို့ပေးရမလဲ စဉ်းစားရတာ

အလုပ်တစ်ခု။ဆန်တိုစာဆိုတာလဲ ခြေရာချင်းထပ်ခဲ့ပြီ။အနီးနားက playground တွေကလဲ မိုးရွာလိုက်

နေပူလိုက်ဆိုတော့ လျှောတွေက မခြောက်။အိမ်မှာပဲနေဆိုတော့လဲ အချိန်ကုန် ကွန်ပြူတာ ကြည့်လိုက်၊

ဖုံးဆော့လိုက် နဲ့ သူတို့ကိုကြည့်ရတာ စိတ်ဆင်းရဲတယ်။စဉ်းစားမိတယ်  ငါတို့ငယ်ငယ်တုန်းကဆို

ကျောင်းပိတ်ရက်ဆို မိဘတွေက ဆော့ဖို့ အထူးတလည် စီစဉ်ပေးပါဘူး။ကိုယ့်ဘာ့သာ ကြုံတာဆော့တာ

ပဲ။


 မှတ်မိသေးတယ်။မိုးရွာတဲ့ရက်တွေဆို အိမ်ထဲမှာ ဖျာလိပ်ထောင်ပီး ဖျာတွေ၊တံခါးတွေ ကြားမှာ တူတူပုန်း

တမ်းဆော့တယ်။စာအုပ်လှန်ပြီး ဂဏန်းတွေ အလိုက် အရုပ်လေးတွေ မှာ ကိုယ်၊လက်၊ခြေထောက် တပ်

တယ်။သူတစ်လှည့် ကိုယ်တစ်လှည့်ပေါ့။ပြီးရင် သေနတ်တပ်...ကျည်ဆန်တပ်ပီး တစ်ဖက်လူရဲ့ အရုပ်ကို

ပစ် တမ်းဆော့တယ်။


 ဒါမှမဟုတ် ဇယ်တောက် တမ်းဆော့တယ်။နဲနဲကြီးလာတော့ တောက်ခုံတောင် တောက်လိုက်သေးတာ။

၈ တန်း၊ကိုးတန်း ရောက်တော့ မိုးရွာပြီဆို ၀တ္ထု စာအုပ် တစ်အုပ်နဲ့ နှပ်တော့တာပေါ့။ကျောင်းတတ်ရင်လဲ

ဆော့သေးတာ။ကျောင်းက သစ်သားခုံတွေမှာ အိမ်ကယူလာတဲ့ ဖယောင်းတိုင်ကိုပွတ်၊ပြီးရင် အဲ့အပေါ်မှာ

စာရွက်ကို လေးထောင့်(သို့)အ၀ိုင်း ဖြဲပြီး ကပ်၊စာရွက်ပေါ်ကနေ ကော်ပေတံ နဲ့ ဖိပွတ်ပေးရင် စာရွက်က

ခုံမှာကပ်သွားရော။အဲတော့မှ ကျောင်းရှေ့မှာ ပွင့်နေတဲ့ ဒန်းပွင့်လေးတွေ ခူး စောနက စာရွက်ပေါ် အရည်

ညှစ်ချလိုက်တယ်(ထန်းလျှက်ရည် အတုပေါ့)၊ပြီးရင် ဖယောင်းတိုင်ကို ဓားနဲ့ ခြစ်ပြီး အုန်းသီး မှုန့်အတုလုပ်

လိုက်ပြီး ဖြူးလိုက်တယ်။အားလုံးပြီးရင် ကောပေတံလေးနဲ့ စာရွက်ကလေးကို ထိုးထိုးကော်ပြီး မုန့်ရောင်း

 တမ်းဆော့တယ်။ဘာမုန့်လဲ သိတယ်ဟုတ်။


 တစ်ဗန်း၊နှစ်ဗန်း လင်ဗန်းပြားလဲ ဆော့ပါ့။ ခေါင်းပုတ်တမ်းလဲဆေားတယ်။အဲ ဒိုးဆက် ဆက်တမ်း၊မိုနိုပိုလီ

မကျန်စေရဘူး။Edwin playgroup တတ်တုန်းက ကျောင်းက အောက်က ဒိုးဆက်လို ဘောက်စ်လေးရ

လာလို့ အခု သူတို့မောင်နှမ ကို ဒိုးဆက် ဆက်နည်းသင်ပေးထားတာ မောင်နှမ ၂ယောက် သဘောတွေ

ကျနေတာ။အားရင်း မာမား fruit ဒိုးဆက်ဆော့မယ်ချည်းပဲ။အမေလုပ်သူ မအားသေးရင် ညီမလုပ်သူကို

မေလင်းလင်း ကိုကိုး fruit ဒိုးဆက် ဆော့ပေးမယ်နော် ဆိုပီး ညီမလုပ်သူကို အတင်းခေါ် ဆော့တာပဲ။







တို့ငယ်ငယ်က နွေဖက်ဆို အိမ်အောက်မှာ (နယ်မှာနေတော့ အိမ်တွေက အောက်က ဘုတ်တိုင်နဲ့ဆောက်)

ဆင်းပြီးဆော့တယ်။မုန့်ရောင်းတမ်း၊ထမင်း၊ဟင်းချက်တမ်းပေါ့။အဲ သရက်ပင်က သစ်ရွက်တွေ ခူးလို့မှီရင်

ရှင်ပြုတမ်းဆော့မယ်ဆိုပြီး ခေါင်းပေါင်းတို့၊စလွယ်တို့ ကို သစ်ရွက်နဲ့လုပ်ဆော့သေးတာ။သော်တာဆွေလို

လင်မယားလုပ်တမ်းတော့ မဆော့ခဲ့ပေါင်။ဆရာသော်တာဆွေက သူ့ပါးက ပါးချိုင့်ဟာ သူငယ်ငယ်က

လင်မယားလုပ်တမ်းဆော့တုန်းက ရန်ဖြစ်ပြီး ရလာတာတဲ့(ဖတ်ဖူးတာ)။ဒီအောက်က ပုံလေးကတော့

ဒီမှာ မေလင်းလင်းကို အဲလိုမျိုး သူ့ပါးပါး လုပ်ပေးတာ။ကြည့်ရတာ သူလဲ အဲ့လို ဆော့ပုံပဲ။အုန်းလက်အရွက်

တွေဆိုလဲ လက်ပတ်နာရီလုပ်ဆော့တယ်။






အုန်းလက်အခွံခြောက်တွေ အပင်ပေါ်က ကျရင်လဲ တစ်ယောက်တစ်လှည့် ဆွဲကြေး၊စီးကြေးဆော့ကြတယ်

ဟိုတလောက အိမ်နားက ကစားကွင်းမှာ အုန်းလက်ကြွေတွေ့လို့ သူတို့ပါပါးက ဒီလိုဆော့ရတယ်ဆိုပီး

ဆော့ပြသေးတယ်။






 အောက်က မေလင်းလင်း ကိုင်ထားတဲ့ ပု ဏ္ဏရိတ်ပန်းရဲ့ အသီးလေးတွေဆိုလဲ ငယ်ငယ်က ပန်းသီးဆိုပီး

ခူးစားတယ်။အပွင့်လေးတွေကို ရိုးတံ အဆုံးကနေစုပ်ကြည့်လိုက်ရင် ချိုလို့ တစ်ပွင့်စီ ဖြုတ်စုပ်တယ်။




 အိုး ပြန်စဉ်းစားကြည့်တော့  တော်တော် ဆော့စ၇ာများတာပဲ။ထုပ်စီးထိုးတာ၊ရုပ်ရှင်ဖွဲ့တာ၊စိန်ပြေးတာ၊

ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဆော့တာ။ဖန်ခုန်တာ၊သရေကြိုးခုန်၊သရေးကွင်းပစ်...အစုံအစုံ တကယ့်

real world မှာကစားခဲ့တာပဲ...အခုတော့ ကိုယ်ကလဲ အွန်လိုင်းဆိုတဲ့ Virtual world မှာပျော်၊သူတို့

လဲ ဖုန်းတွေ၊ကွန်ပြူတာတွေနဲ့ ဆော့။အိမ်နားက ကစားကွင်းသွား။ဒါပဲရှိတယ်။ကိုယ်တို့လို ဆော့ရအောင်

ကလဲ အမေလုပ်သူ သင်ပေးမှပဲ သူတို့ဆော့ရတော့မယ်။အမေလုပ်သူကလဲ လူကြီးဖြစ်သွားပြီဆိုတော့

သင်ပေးဖို့ရာ ပျင်းသွားပြီ။အော် ဘ၀ ဘ၀...တစ်ဘ၀ နဲ့ တစ်ဘ၀ အတော်ကွာခြားပါလား....





Wednesday, January 23, 2013

ဈေးသွားခဲ့တယ်...




ဆယ်တန်းအောင်ပြီးစ ၁၉၉၆ တုန်းက ကျောင်းတွေကလဲ ပိတ်ထား၊ တက္ကသိုယ် တတ်ဖို့ စောင့်နေတုန်းဆဲ

ကာလဖြစ်တော့ အိမ်မှာ ကိုယ်က ဟင်းချက်တဲ့ တာဝန်ယူရတယ်။အမေက တစ်လ ဈေးဖိုး ဘယ်လောက်

ဆိုပီး ပေးတာပေါ့။ပေးတဲ့ ဈေးဖိုးနဲ့ လောက်အောင် ချက်ရတဲ့ အပြင် အကြိုက်ချင်း ညီမျှအောင်လဲ ချက်ရ

သေးတာပ။အရွက်ကြော်ကို နှုးနေမှ ကြိုက်တဲ့လူ ရှိသလို၊စိမ်းဆတ်ဆတ် မှ ကြိုက်တဲ့လူ ၇ှိတယ်။ငါးစား

တဲ့သူ ရှိသလို မကြိုက်တဲ့ သူလဲ၇ှိပြန်ရော။အဲ့တော့ ဈေးသွားရင် ဈေးကို ၂ ပတ်၊၃ ပတ် ပတ်၊ချာချာလည်

အောင်ပတ်ရတယ်။နီးနီးနားနား အိမ်နားက ဈေးပဲ သွားတယ်။ဈေးကလူတွေကလဲ ကိုယ့်ကို သိနေ၊ကိုယ်

ကလဲ သူတို့ကို သိနေတော့ အလေးတို့၊ဈေးနှုန်းတို့ဆိုတာ အထူးပြောစရာမလိုဘူး။


၂၀၀၀ ခုနှစ်မှာ ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းတတ်နေတဲ့ အချိန်ကျတော့လည်း အဆောင်နေတော့

ချက်စားတယ်။အဲ့ကျတော့လည်း ဈေးသွားရတာပါပဲ ဒီတစ်ခါတော့ ကိုယ့်တစ်ယောက်စာ ဆိုတော့ ကိုယ့်

အကြိုက် တွေချည်း ချက်ဖြစ်တော့ သိပ်စဉ်းစား စရာမလိုတော့ဘူး။အဆောင်မှာ ကိုယ်နဲ့ကပ်ရက်အခန်းက

သူငယ်ချင်းနဲ့ ပြည်က မြို့သစ်ဈေး လိုက်မိရင်တော့ ခြေတိုရောပဲ။သူက တစ်ဈေးလုံးပတ် ဈေးတွေ စနည်း

နာပီးမှ ဈေးလဲ ချို ပစ္စည်းလဲ ကောင်းဆိုတဲ့ ဆိုင်ကို ရှာပီးဝယ်တာ။သူမလို့ ဈေးသွားမယ်ဆို အဆောင်က

လူကုန် ဈေးမှာတာပဲ ဈေးသက်သာတယ်လေ။ဈေးကို မောနေအောင်ပတ်ပြီးရင် အဲ့ဈေးမှာရောင်းတဲ့

မုန့်လက်ဆောင်း ထန်းလျှက်ရည်နဲ့ ၁၅ ကျပ်  လားပေးရတယ်။မောမောနဲ့သောက်တာပဲ။


အိမ်ကလူ ရန်ကုန်မှာ ခဏနေတုန်းက သူနဲ့ ပုဇွန်တောင်ဈေးကို ဈေးဝယ်လိုက်ဖူးတယ်။သူလဲ ဒီဖက်ထိပ်

ကနေ ဟိုဖက်ဈေး အဆုံ ဈေးလိုက်မေးပြီးမှ ဒီဘက် ထိပ်မှာ ပြန်ဝယ်တာမျိုး။ ဒီကိုရောက်တော့ စူပါမား

ကတ်မှာ ဈေးနှုန်းကပ်ထားတာတွေကြည့်ပီး သင့်တော်တာဝယ်လိုက်တာပါပဲ။ဈေးစစ်စရာမလို။အလေး

ပြည့်သလားလဲ ချိန်ကြည့်စရာမလိုပါဘူး။ဒီတစ်ခေါက်မော်ကျွန်းကိုပြန်တော့ အမြဲချက်ကျွေးနေကြ

ယောက္ခမကြီးက ယောင်းမ ကလေးမွေးမှာမလို့ ရန်ကုန်ကိုသွားတော့ ၁၀နှစ်ကြာမှ ကိုယ့်မှာ ဈေးတစ်

ခေါက်ပြန်သွားရတာပေါ့။ဈေးကလဲ ကိုယ် နဂိုသွားနေကျ ဈေး မဟုတ်ဘူး။မြို့ထဲက ဈေးကြီး ဆိုတော့

ယောက္ခမ ကတစ်ရက်လိုက်ပီး ကြက်သား ဆိုရင် ဘယ်ဈေးသည်ကကောင်းတယ်၊အလေးမှန်တယ်။

ငါးဆို မြစ်ငါး ၀ယ်ချင်ရင် တောသယ်လေးတွေ ဆီမှာ ၀ယ် ။အသီးအရွက်ဆို ဘယ်ဆိုင်၊ငါးပိဆိုရင်လည်း

ဘယ်ဆိုင်ပေါ့ လိုက်ပြထားတယ်။အလေး ပြည့်အောင် ဘယ်လို CHECK လုပ်ရတယ်ဆိုတာလဲ သင်ပေး

လိုက်တယ်။လိုက်ဝယ်ကြည့်တော့ ရောင်းတဲ့လူတွေက အလေး၂မျိုး ရှိကြသကိုး။ကိုယ်လို မအူမလည်လေး

တွေဆို မပြည့်တဲ့ အလေးထည့် လိုက်ကော။ခေတ်စကားနဲ့ ဆို ဂျင်းတဲ့လိုက်တယ်ပေါ့။


မနက်မိုးလင်းတာနဲ့ လင်မယားနှစ်ယောက် ဘာချက်ရမလဲ စဉ်းစားရတာပေါ့။ကိုယ်ကတော့ ငါးပဲ အာရုံရ

တယ်။ကလေးတွေအတွက် အိမ်ကြက် ချက်ဖြစ်တာများတယ်။ဈေးမသွားကြာတော့ အူလည်လည် ဘယ်

လောက်ဖိုးဝယ်ရင် ဘယ်လောက်ရမှန်းမသိ။ငရုတ်သီးစိမ်းဆို ၅၀ ဖိုးဝယ်ရမလား၊၁၀၀ဖိုးဝယ်ရမလားမသိ။

ဈေးထဲရောက်ပြန်တော့ စလုံးမှာ မရှိတာတွေ တွေ့တော့ အကုန်ဝယ်ချင်ပြန်ရော။ရောဂါ ရောဂါ။


ငါးပိဝယ်ပြန်တော့ အွန်လိုင်းပေါ်မှာ ငါးပိထဲမှာ ငါးပိ အမြန် နပ်အောင် ယူရီးယား ဓာတ်မြေသြဇာရော

တယ်ဖတ်ထားမိလို့   အဲဒါနဲ့ မိမှာစိုးလို့ စနည်းနာရသေးတယ်။ငါးပိသည်က နွေ ကတည်းက ထဲ့ထားတဲ့

ငါးပိ အခုမှ ဖော်တာပြောလို့  မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ၀ယ်ခဲ့တယ်။အလေးပြည့်မပြည့်တော့ ပြန်မချိန်

ခဲ့ပါဘူး။ဈေးခြင်းတောင်း တစ်တောင်း ၁ ရက်စာ(လူကြီး၃၊ကလေး၂) ကို ၄၀၀၀ ကနေ ၇၀၀၀ အတွင်း

ကုန်တာပါပဲ... ဘဲဥ ဒီမှာမရှိလို့ ဘဲဥ ၀ယ်စားတယ်။တစ်လုံး၁၀၀။ထောပတ်သီး ဒီလို အလုံးကြီးက ၄၀၀..
























ဒါ ဂိုးဒင်းမိုင်း မှာ တစ်စည်း ၇ ကျပ်လောက်ပေးရတဲ့ ကြာရိုး။ဟိုမှာ ၅၀၊၁၀၀ပဲ။























ဟင်းသီးဟင်းရွက် လတ်လတ် ဆတ်ဆတ်။





















 တို့စရာစုံလင်။အိမ်ကလူက သူ့ဖို့ တို့စရာပဲ ၀ယ်ပါဆိုလို့။






 




















အိမ်ကလူအတွက်


















ဈေးခြင်းတောင်း။ယောက္ခမ ဈေးခြင်းတောင်းကို တစ်ပတ်လောက်  ကိုယ်စား ကိုင်ခဲ့တယ်။

ကင်ပွန်းချဉ်ရွက်၊၀က်လက်၊ငါးစင်ရိုင်း၊










 






အပေါ်က ခြင်းတောင်းထဲက ငါးစင်ရိုင်းကို ကင်ပွန်းချဉ်ရွက် နဲ့ ချက်ထားတာ...








































 



အချိုမှုန့်တွေ ဒီလိုရောင်းတာတွေ့တော့ အံ့သြရော...


၁၀နှစ်ကျာ်ကြာမှ ဈေးခြင်းတောင်းတစ်ခေါက် ကိုင်ရတာ  ပျော်စရာပါပဲ။








Friday, January 4, 2013

အိမ်အပြန်



ဒီအပတ် မော်ကျွန်းပြန်တာ အမြတ်ထွက်တာကတော့ Edwin တစ်ယောက် မော်ကျွန်းမှာ ပျော်သွားတာပါ။

ဒီမှာ ဘယ်လိုပဲနေနေ အချိန်တန် အရွယ်ရောက်ရင်တော့ ကိုယ့်ဘာသာ၊ကိုယ့်ဓလေ့ ကိုတော့ ရင်းနှီးသွား

အောင် သူ့ကို တစ်ဖြေးဖြေး ကျင့်ယူရမယ်။ဒီမှာနေတဲ့ သယ်ငယ်ချင်းတစ်ယောက်ရဲ့ ကလေး မော်ကျွန်း

ကို တစ်လကျော်လောက်ပြန်တုန်း ဟိုကမူလတန်းကျောင်းမှာ သူငယ်တန်း ကျောင်းပျော်ထားတာ တွေ့

တော့ ဒီနှစ်ပြန်ရင် Edwin ကို အဲလို ထားရရင်ကောင်းမယ် စဉ်းစားမိတယ်။ဒီမှာကျတော့ ကျောင်းမှာတင်

အင်္ဂလိပ်စာ၊တရုတ်စာတွေ နဲ့ ရှုပ်နေတာ့ မြန်မာစာဖက်ကို သင်ပေးဖို့ကို ကလေးကို သနားတာနဲ့သေချာ

မသင်ပေးရသေးဘူး။









သဘောင်္ပေါ်ကနေ ဇင်ယော်တွေ ကို ပေါင်မုန့်ကျွေးရတာ၊ညဖက် သင်္ဘောပေါ်ကနေ အပြင်ရှုခင်းတွေကို

ကြည့်ရတာ၊မော်တော် ဆိုင်ကယ်စီးရတာ သူတော်တော် ပျော်ပုံပဲ။စွန်လဲလွှတ်ခဲ့တယ်။ရန်ကုန်မှာတုန်း

ကလဲ အာလာဒင်၊မော်တင် ရှော့ပင်းစင်တာ၊Ocean က ကစားကွင်းတွေ တော်တော်များများလဲ လိုက်ပို့ခဲ့

တယ်။

မေကတော့ အသွားတုန်းက သင်္ဘောထဲမှာ ခြင်ကိုက်မှာစိုးလို့ ခြင်ထောင် ထောင်တာ ကြောက်လို့ ဆိုပီး

ခြင်ထောင်ထဲ မ၀င်ဘူး၊ငိုတယ်။ဒီကအသွားလဲ လေယာဉ်ပေါ်မှာ သူ ရှုးပေါက်ချင်လို့ အမေလုပ်သူက

အိမ်သာသွားရင် အဆင်မပြေမှာစိုးလို့ diaper ထဲမှာပေါက်ပါ ဆိုပီး diaper ၀တ်ပေးတာကို။အိမ်ကျမှ

ပေါက်မယ်ဆိုပီး မပေါက်ဘူး ဂျစ်မ။




မြန်မာလေဆိပ်ရောက်တော့ Edwin က မာမား where we going?လို့ မေးလို့ တို့က မြန်မာဆိုတော့

သူက  ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံ သရဏံ ဂစ္ဆာမိ၊သံဃာ  သရဏံ ဂစ္ဆာမိ  လားမားမားတဲ့။သူဆိုလိုတာက

အမေလုပ်သူ သူတို့ကို မျက်နှာသစ်တိုင်း ရွတ်ပေးနေကျ ဂါထာ ရှိတဲ့နေရာလားပေါ့...မော်ကျွန်းပြန်ဖို့

သင်္ဘောဆိပ်အဆင်း  ကမ်းနားလမ်းမှာ သစ်တင်တဲ့ ထရပ်ကား အကြီးကြီးတွေ  ၄၊၅ စီးရပ်ထားတာ

တွေ့တော့  မာမား why Myanmar have a lot of trucks?တဲ့။




ဟိုရောက်တော့ အပေါင်းသင်းများနဲ့လဲ ဆော့တတ်တယ်။တိုးတတ်လာတယ်။







ပြန်လာခါနီးမှာ အထက်လှန်အောက်လျောသဘော မျိုးဖြစ်လို့ ပါရမီ က ဆရာကြီးဦးသိန်းအောင်နဲ့ပြဆိုလို့

ပါရမီပြေးခဲ့ရသေးတယ်။ဦးသိန်းအောင် မစောင့်နိုင်လို့ သူ့လက်ထောက်နဲ့ပဲပြခဲ့တယ်။မြေကြီးနဲ့ထိရတဲ့

ကစားကွင်းဆိုပီး ကရ၀ိတ် ဥယျာဉ် ကစားကွင်းပို့ခဲ့တယ်။

Sunday, June 24, 2012

သူငယ်ချင်းများ(၁)


တို့ ငယ်ငယ်က မူလတန်းကိုအိမ်ရှေ့က မူလတန်းကျောင်းမှာ တတ်တယ်။၅တန်းရောက်တော့ အထက(၂)

မှာတတ်ရတယ်။တို့မြို့မှာ  အထက်တန်းကျောင်း၂ကျောင်းမှာ အ.ထ.က(၁)က မြို့လယ်ရပ်ကွက်တွေပဲ

လက်ခံတယ်။တို့နေတဲ့မြို့စွန် ရပ်ကွက် နဲ့ အနီးအနားရွာတွေက ကျောင်းသားတွေကတော့ ထ(၂) မှာပဲ

တတ်ရတယ်။တောကျောင်းဆိုပါတော့။ပိုက်ဆံမရှိသူတွေတတ်ကျောင်းပေါ့။တို့အဲဒီကျောင်းမှာ ၁၀တန်း

အထိတတ်ခဲ့တယ်။တောကျောင်းဆိုတော့ သူငယ်ချင်းတွေကလဲ အနီးရွာကနေ လာတတ်တဲ့ တောသူ

လေးတွေပဲပေါ့။ကျောင်း သုသာန်နားမှာ။တို့အိမ်ကနေ ကျောင်းကို မီးနစ်၂၀လောက်လမ်းလျောက်ရတယ်။

ကျောင်းနားရောက်ခါနီးရင် စပါးပင်စိမ်းစိမ်းတွေ၊မြေနီလမ်းတလျောက်ဘေးမှာ ကျူဖျာတွေနဲ့ ပုဇွန်တွေ

ကိုပြုတ်ပြီး ပုဇွန်ခြောက်လုပ်ဖို့လှမ်းထားတာတွေ ဟာမရိုးနိုင်တဲ့မြင်ကွင်းတွေပေါ့။တခါတလေ သုသာန်

ထဲက အကြော်ဖိုမှာ ပဲကြော်အကြေတွေသွားဝယ်ပြီး မုန့်စားဆင်ချိန်ဆို ကျောင်းနားက သူငယ်ချင်းတွေ

အိမ်မှာသုတ်စားကြသေးတာ။သူငယ်ချင်းတွေကရွာကဆိုတော့ မြို့မှာ အိမ်လုံးချင်းငှားပြီးစုနေကြတာ။



အဲဒီထဲမှာ ခင်ခင်မင်မင်ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေလဲ၇ှိတယ်။ဒါပေမယ့် ၁၀တန်းပြီးတော့ သူတို့လဲ ရွာပြန်

အလုပ်လုပ်ရင်း အဝေးသင်တတ်။ကိုယ်လဲ ကျောင်းတတ်ဖို့စောင့်ရင်း အိမ်ကို ကူနဲ့ သိပ်ပြီးမတွေ့ဖြစ်ကြ

တော့ဘူး။ကိုယ် ၉၆ က ၁၀တန်းအောင်တာ ၉၉ နှစ်ကုန်ခါနီးမှ BE ဘွဲ့ ကိုတတ်ဖို့ ၀ါးခယ်မ GTI၊အဲကနေ

ဝါးခယ်မမှာ မနေချင်ဘူးဆိုပြီး ပုသိမ်ပြောင်း။ပုသိမ်မှာ ဒုတိယနှစ်ပြောင်းတော့ ပြည်နည်းပညာ တက္ကသိုလ်

ကြီးကိုရောက်ခဲ့တယ်။



ကျောင်းနေခဲ့တဲ့အချိန်အတွင်း သူငယ်ချင်းတော်တော်များများနဲ့ ဆုံခဲ့တယ်။တက္ကသိုလ်မှာဆုံခဲ့တဲ့ သူငယ်

ချင်းတွေကတော့ အဆက်သိပ်မပြတ်ဘူး၊အနည်းဆုံးတော့ Online မှာအဆက်အသွယ်ရှိကြတယ်။အထက်

တန်းတုံးက သယ်ရင်းတွေကတော့ လုံးဝ ကို အဆက်ပြတ်သွားတာပဲ။အထက်တန်းကသူငယ်ချင်းတွေနဲ့

၇ိုက်ထားတဲ့ပုံ။



သူငယ်ချင်းတွေနဲ့

ဓာတ်ပုံနောက်ကစာ







အဲဒီထဲမှာ တို့ညာဖက်ပုခုံးအနောက်နားက သူငယ်ချင်း တစ်ယောက်ကလွဲရင် ကျန်တာတွေက မော်ကျွန်း

နားက ကျွန်းကြီးရွာ၊လှိုင်းဘုန်း၊၀ဲဒေါင့် ရွာမှာနေတဲ့သူတွေ။တို့ညာဖက်ပုခုံးအနောက်နားက သူငယ်ချင်းက

ကျတော့ တို့အိမ်နဲ့သိပ်မဝေးတဲ့ ယမုံနာ မြစ်ကမ်းဘေးလမ်းမှာနေပြီး သူတို့မိသားစု ကရေလုပ်ငန်း

လုပ်တယ်။ပိုက်ချတယ်။ငါးဖမ်းတယ်ပေါ့။မော်ကျွန်းက ရေပတ်လည်ဝိုင်းနေတာ။အများစုကရေလုပ်ငန်း၊

စိုက်ပျိုးရေးလုပ်ငန်းလုပ်တယ်။ပုဇွန်တို့၊ပုဇွန်ထုပ်တို့ဆို ရန်ကုန်ကနေတဆင့် export ပို့တာပေါ့။သူတို့

အိမ်မှာသူ အငယ်ဆုံး၊စာလည်းလိုက်နိုင်တော့ မိဘတွေက ပညာေ၇းအားပေးတယ်။အကိုတစ်ယောက်၊

အမတစ်ယောက် အိမ်ထောင်သည် တွေ။သူက ၁၀တန်းအောင်တော့ အဝေးသင်တတ်ပြီး ရန်ကုန်က

ကုမ္မဏီ တခုမှာဝန်ထမ်းလုပ်နေတယ်လို့ အရင်ကတို့ကျောင်းပိတ်လို့ အိမ်ပြန်ရင် အမေပြောသံကြား

တယ်။ကိုယ်ပြန်တဲ့အချိန် သူမရှိတော့ မတွေ့ဖြစ်ဘူး။



ပြီးခဲ့တဲ့ နာဂစ်ဖြစ်ပြီးလို့ပြန်တဲ့ နှစ် ကတော့ သူ့(အင်္ကျီစိမ်းပြာ လည်ပေါက် ဗွီရှိတ်)မိသားစုအကြောင်း

ကြားလိုက်ရတယ်။သူတို့အိမ်က မိသားစု ကပိုက်ဆင်းနေရင်း နာဂစ်နဲ့ပါသွားတာ သူမ တစ်ယောက်ပဲ

ကျန်ခဲ့တယ်တဲ့။သူမက ရန်ကုန်မှာအဲဒီအချိန်။ကျန်တဲ့သူတွေလဲ ဘယ်လိုနေလဲတော့မသိဘူး။အဆက်

ပြတ်နေတော့။

ဒါကနောက်သူငယ်ချင်း၂ယောက်။ရွာကပဲ။















တို့ကျောင်းမှာချယ်ရီပင်တွေသိပ်ပေါတာ အနောက်မှာချယ်ရီတွေပွင့်နေတာတွေ့လား။






















သူ့နာမည်က တင်တင်ရီတဲ့ စာတော်တယ်။အရမ်းဆင်းရဲတယ်။လက်ရေးသိပ်လှတယ်။ဖယောင်းတိုင်မ၀ယ်

နိုင်လို့ နေ့ခင်းဖက်ပဲစာကြည့်ရတယ်။ဆယ်တန်းအောင်ပြီးတော့ ဒီပြင့်မြို့ပြောင်းသွားတာ သတင်းမရတော့

ဘူး။ဒါအထက်တန်းတုန်းက အပေါင်းအသင်းအကုန်ပဲ။ကိုယ်တို့တုန်းက တစ်ခန်းပဲ၇ှိတာ။

BONUS


အိမ်ကလူ နဲ့ တို့နဲ့က တစ်မြို့ထဲ။ဒါပေမယ့် တစ်ခါမှမတွေ့ဖူးဘူး။သူက အ.ထ.က (၁)မှာတတ်ပြီး

၈တန်းကနေ ၁၀တန်းကို ပြင်ဦးလွင် စိုးစံ ဘော်ဒါမှာ ဘော်ဒါနေတာဗျ။တက္ကသိုလ် မှဆုံတာ။

စိုးစံမှာဘော်ဒါနေတော့ အဆင့်မြင့်တယ်ပေါ့ဗျာ။အပေါင်းအသင်းတွေကလဲ များသောအားဖြင့်

သူဌေးတွေပေါ့။တိုများတော့ စက်ဘီးလေးနဲ့ပြေးပြီး ကျူရှင်လေးတတ်ရတာ။ဒါတောင် ဘာသာစုံမဟုတ်

ဘူး။

ဟိုတလောက သူနဲ့အိမ်ကအတူနေတဲ့ အကို ထမင်းစားခန်းမှာ ဘီယာသောက်နေတုန်း တို့က အ၀တ်

လှန်းမယ်ဆိုပြီး အ၀တ်လှန်းခန်းကို သူတို့ရှေ့က ဖြတ်အသွား သူကလှမ်းပြီး အာဖျံ အာဖျံ ၁၀တန်းတုန်း

က အင်္ဂလိပ်စာ ဘာတွေသင်တယ် မှတ်မိသေးလားတဲ့တို့လဲ မမှတ်မိဘူးပြောလိုက်တာ့။အံမယ် သူက

ဟိုအကို ကို ကျနော်တို့တုန်းက  unit 1 က ဘာပုံပြင်၊unit 2 ဘာဆိုပြီးပြောနေလိုက်တာ။မြန်မာ စာတွေ

လဲ ဘာတွေသင်ရတယ်ဆိုတာ ကဗျာတွေ ရွတ်ပြနေလို့ တို့တောင် အံ့သြနေတယ်။ဟိုအကိုက တို့ထက်

၉နှစ်လောက်ကြီးတော့ခေတ်မတူဘူးလေ။အဲသင်္ချာအလှည့်လဲရောက်ကော အာဖျံ အာဖျံ နင် သင်္ချာ

အမှတ်ဘယ်လောက်ရလဲတဲ့။တို့လဲ အ၀တ်လှမ်းနေတာကနေ ၈၉ မှတ်ထင်တယ် ပြောတော့။သူက

ဟိုအကိုကို ကျနော် သင်္ချာ ၉၉ မှတ်တောင်ရတယ်အကိုရ၊ဓမ္မဓိဌာန် ၁ခုမှားသွားလို့ဆိုပြီးပြောနေတာ

ဒီက အမြင်ကပ်လာပြီး ဟေ့ ငါတို့လဲ သိပ္ပံတွဲကို ၉၅ မှတ်ရပါတယ်။၅မှတ်က bio ပုံဆွဲ ညံ့လို့ပါနော်လို့

ပြောပြီး သူ့ကို ကလိချင်တာနဲ့ ဟိုအကိုကို  အကိုရေ ကျမ က တောကျောင်းတတ်ပြီး မြို့အစုတ်လေးကနေ

၁၀တန်းအောင်တာလဲ BE ပဲ၊သူ စိုးစံ ကနေအောင်တာလဲ BE ပဲဗျလို့ ပြောပလိုက်တယ်။အဲဒီတော့ သူက

ဘာပြောလဲ သိလား

BE ချင်းတူပေမယ့် ရာဇ၀င်က စကားပြောတယ်။အခုအိမ်ထောင်ကို ဦးစီးနေတာ ဘယ်သူလဲတဲ့။

ဒီကလဲပြန်ပြောလိုက်တယ် ငါလဲ ကလေး၂ကောင်နဲ့ အိမ်နောက်ကို ဦးစီးနေတာ လို့။



Friday, June 24, 2011

24062011

ှဒီနေ့ဆို သမီးလေး ဆယ့်သုံးလ နဲ့ ဆယ့်တစ်ရက်။မနက်က ကိုယ်က သမီးလေးမုန့် စားပြီးပြီလား

မေးတော့။ပြီးပြီတဲ့ပြန်ဖြေတယ်။

ရေသောက်ချင်ရင် ရေဘူးယူလာပြီး ဖွင့်ပေးလို့ ပြောတယ်။စကားတော်တော်လိုက်ပြောလာပြီ။

နို့သောက်တော့ မလားမေးလို့သောက်ချင်ရင် တုံးလုံးလှဲချပြီး ဘေးနားက နို့သောက်ရင်ခံတဲ့ သဘက်ကလေးကို

ယူပြီး လည်ပင်းမှာပတ်တယ်။လမ်းမှာခွေးကလေးကို တွေ့ရင် ဒေါ့....ဒေါ့ တဲ့။ငှက်ကိုတွေ့ ရင် ဘတ်. .ဘတ် တဲ့။

ဒီနေ့ခင်း မုန့်စားပြီး လက်ပေတော့ အဘွားလုပ်တဲ့ သူလုံချည်ကို သုတ်တော့ အဘွားက နင် ငါ့ထမိန်ကို သုတ်

လား ပြောတော့ စားပွဲ ခုံဆီ သွားပြီး လက်သုပ်ပဝါ ကို ယူပြီးသုတ်တယ်။ဂျယ်လီလို့ ပြောတာ နဲ့ ရေခဲသေတ္တာဆီ

သွားတော့တာပဲ။သိပ်လည်တယ်။ဒီနေ့ မျက်မှန်တပ်ပေးပြီး ဓာတ်ပုံရိုက်တော့ အောက်က ပုံလေးတွေ ထွက်လာ

တယ်။သိပ်ပဲပေးတယ်။အကလဲ သိပ်ဝါသနာပါတယ်။




















ဒီပုံက မျက်မှန်ပြုတ်ကျနေလို့ တင်နေတာ။








မောင်နှစ်မ နှစ်ယောက်။

Wednesday, May 18, 2011

Flowers@kandawkyi park (PyinOoLwin)


ပုံတွေပြန်ကြည့်ရင်းနဲ့ ပန်းလေးတွေလှလို့တင်လိုက်တာ။ပန်းမကြိုက်တတ်တဲ့ကိုယ်တောင်

မနေနိုင်လို့၊ရိုက်ခဲ့တယ်။(ဓာတ်ပုံ)......

ပရော်ဖက်ရှင်နယ်မဟုတ်တော့ လှအောင်တော့မရိုက်တတ်ဘူး။သမီးလေးကိုလဲ တစ်ဖက်

ချီထားရသေးတယ်။လက်တစ်ဖက်ထဲနဲ့ရိုက်ခဲ့ရတယ်။





































ဒီပုံက ဥပိန်တံတား ကနေ နေဝင်ချိန်ကိုရိုက်ထားတာ။(မန္တလေး)





တစ်ပုံထပ်ဖြည့်လိုက်တယ်။ဥပိန်တံတား ကနေ ရိုက်ထားတာပဲ။





ကလေးတွေ ကြီးလာရင်တော့ ခရီးသွားရတာ ပျော်ဖို့ကောင်းမယ်။အခုငယ်သေးတော့ ပင်ပန်းတယ်၊စီတ်သွားတိုင်း ကိုယ်မပါဘူး။


Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။