Saturday, October 27, 2012
Edwin နှင့် သူ့မားမား အလွဲများ
Edwin ဟာ စကားပြောနောက်ကျတော့ သူစကားစပြီးနဲနဲများများ ပြောတဲ့အချိန် မှာ playgroup ထားဖြစ်
လိုက်တော့ အခုစကားပြောရင် အင်္ဂလိပ်ဖက် သန်တယ်။ကိုယ်ကိုယ်တိုင်ကလဲ သူကျောင်းမှာ အဆင်ပြေ
အောင် ဆိုပြီးအိမ်မှာနေ့စဉ်သုံးလေးတွေ ကို အင်္ဂလိပ်လိုပြောပေးလေ့ရှိတာကြောင့်လဲပါမယ်ထင်တယ်။
အခု နဲနဲကြီးလာတော့ အိမ်ကလူတွေ ပြောတဲ့ မြန်မာ စကားကိုပါ လိုက်ပြောလာတယ်။အဲဒီမှာ အမေနဲ့
သား ခဏ ခဏ လွဲတာပဲ။
ဟိုတစ်လောက အပြင်မှာ ညစာသွားစားတော့ သူကစားပွဲကနေ ထထွက်သွားတယ်။အမေလုပ်သူကသွား
လိုက်ခေါ်တော့ ပြန်လာပြီး ခုံအောက်မှာ ဆောင့်ကြောင့်လေးထိုင်နေတယ်။အမေလုပ်သူက သားလေးက
ခုံပေါ်တတ်ထိုင်လေ ဘာဖြစ်လို့လဲ မေးတော့ သူက တစ်စုံတစ်ခု ပြန်ပြောတယ်။ကိုယ့်နားထဲမှာ သူပြောနေ
တာ အင်္ဂလိပ်လို(Banana) ဘနားနား လို့ ထင်လိုက်တယ်။ဘနားနား ဘယ်ကရမလဲ   သားရယ်။မားမား
နောက်နေ့ကျရင် ၀ယ်ကျွေးမယ် လို့ပြောလိုက်တယ်။အဲနေ့က ထမင်းလဲ သူ သိပ်မစားဘူး။ပြန်တော့ လဲ
ရထားပေါ်မှာ တစ်ခါ ထပ်ပြောတယ်။အမေလုပ်သူကလဲ ဘနားနားပဲ ကြားတယ်။သားရယ် အခု မရှိပါဘူး
ဆို။မနက်ဖန်မှစား ဆိုပြီး ပြောလိုက်တယ်။သူလဲ မကြည်မသာ နဲ့လိုက်လာပြီး အိမ်ရောက်လို့ အိမ်တံခါးလဲ
ဖွင့်ပြီးရော  စောနက ရှေ့မှာပြောခဲ့ သလိုပြောပြီး အိပ်ခန်းထဲက အိမ်သာကို တန်းပြေးတော့ တို့လဲ လိုက်ပြီး
သားဘာဖြစ်လို့လဲ ဆိုတော့ အီးအီးပါ ဗိုက်နာ ဗိုက်နာ တဲ့။သူ့ခင်ဗျာ အီအီးပါချင်လို့ ဗိုက်နာပြောတာ အမေ
က ဘနားနား ကြားတဲ့အဖြစ်။လမ်းမှာပါမချတာ ကံကောင်း။ထိုင်တာနဲ့ထွက်တာပဲ။သူက ဗိုက်နာလို့သုံးလေ့
မရှိတော့ အမေလုပ်သူက အင်္ဂလိပ်လို ဘနားနားပြောတယ်ထင်တာပေါ့။သူပြောတဲ့ အချိန်မှာ ပတ်ဝန်းကျင်
ကလဲ နဲနဲဆူနေတာရယ်၊အရင်က အီအီးပါမယ် ပဲပြောဖူးတော့။ဗိုက်နာ ပြောမယ်ဘယ်ထင်မလဲ...........
 တစ်ခါတစ်လေ လမ်းမှာ ခွေးလေးတွေ တွေ့လို့ သူက အမေလုပ်သူကို မာမား what is this?လို့မေးရင်
အမေလုပ်သူက puppy လေသားရဲ့ ဆို သူက မာမား အဲဒါ ခွေးကလေး တဲ့။အမှန်တော့ သူသိရဲ့သားနဲ့
မေးတာ။
အိမ်မှာ တို့နဲ့ သမီးလေး မေ မှာလက်သန်းမှာ အဆစ်လေးဆစ်ပါလို့ အိမ်ကအတူနေ အမက မေ့ကိုချစ်စနိုး
နဲ့ သမီးရယ် ပြပါအုံး လေးဆစ် ဆိုမေက သူ့လက်ကိုဖြန့်ပြတယ်။အဲဒါ သူ့စိတ်ထဲမှာ လက်ကိုပြောတယ်
ထင်ပုံမရဘူး။သူကလဲ အဲဒီအမကို အန်တီ edwin ကိုပြ ဆိုတော့ အမ က မားမားမှာလဲရှိတယ် သွားမေး
ဆိုပြီး လွှတ်လိုက်တာ သူက အမေဆီရောက်တော့ မားမား where is Lizar(လစ်ဇတ်) ?တဲ့။သူ့စိတ်ထဲ
မှာ လေးဆစ် ကို အင်္ဂလိပ်လို Lizard ပုတ်သင်ညိုလို အကောင်မှတ်လို့ လိုက်မေးနေတာ...ရီလိုက်ရတာ
တစ်ရက် သူဆော့တော့ ချော်လဲပြီး ဒူးခေါင်းမှာ အနာရတယ်။အနာရတော့ အမေလုပ်သူက pain pain
လား။ကဲတာကိုးလို့ ပြောတော့ သူက မားမား ရေးချ ရေးချ  ဆိုပြီး လက်နဲ့လဲ   ဆွဲပြတယ်။ဘာလဲပေါ့။
ရေသောက်မလို့လား ဆိုတော့လဲ မဟုတ်ဘူး။ရေးချ ရေးချ ဆိုတော့ တို့လဲ သူ အင်္ဂလိပ်လို ပြောနေတာ
လား၊ဘာလဲ ပေါ့။ကဲ how to spell?    မေးလိုက်တော့ ရေးချ နာ..ရေးချ ...နာ တဲ့။အော် အဲ့တော့ မှ သူ
မြန်မာလိုပြောတာဖြစ်မယ် နငယ်ရေးချ နာလား သား ဆိုတော့။ဟုတ်တယ်တဲ့။ထွင်တာလေ အရင်ကလဲ
 ပိန်းပိန်းတို့ နာနာ တို့ပြောနေတာ။အခုမှ စာလုံးလာပေါင်းနေတော့ အမေလုပ်သူ ခေါင်းစားတာပေါ့....
နငယ် ကိုဘယ်လိုပြောရမလဲ သူမေ့နေတာလေ။ရေးချ တော့ မှတ်မိတယ် ကိုယ်တော်က....
အဲဒီလို အနာရတော့ အမေ လုပ်သူက အိမ်မှာရှိတဲ့ ပလာစတာ လေးကပ်ပေးတော့ သူသိပ်သဘောကျ
တယ်။နောက်နေ့ကျတော့ ပလာစတာ အဟောင်းက ကွာသွားတော့ အသစ်မရှိတော့လို့ အမေလုပ်သူ
က သားရယ် မာမား နောက်နေ့ ၀ယ်ပေးမယ်နော် အခုဒီအတိုင်းနေလိုက်အုံး  ပြောထားတာ။နောက်နေ့
အပြင်ထွက်တော့  မားမား ဟမ်းစတား ဟမ်းစတား ၀ယ်နော်တဲ့။ဟယ်တော့ ဘယ်က  ဟမ်းစတား တုန်း
သားက ဟမ်းစတားဘာလုပ်မှာတုန်း ဟမ်းစတား ဒီမှာ   မရာင်းဖူးဆိုတော့...သူ့ဒူးခေါင်းက အနာကိုပြပြီး
ဟမ်းစတား ဒီမှာကပ်လေတဲ့။အဲဒီတော့မှ သဘောပေါက်တယ်။သူအဲ့နေ့က စာလုံးပေါင်းဖတ်နေတာကို
တွေ့လိုက်တယ်။သူ့စိတ်ထဲမှာ  hansaplast ကို ဟမ်းစတားနဲ့ အသံထွက် ဆင်ဆင် မှတ်ထားလိုက်တာ
ဖြစ်မယ်...
အက်ဝင့်အကြိုက် hansaplast
သူများကလေးတွေ ချော်လဲလို့ အနာရရင် ငိုကြတယ်။အခု ကိုယ်တော်က ချော်လဲရင် မားမာ နာနာနော်
ဟမ်းစတား ကပ်မယ်နော် ဆိုပြီး ပျော်တောင်နေသေး...
သူ့ကို အခုချိန် အိမ်ဖော်တို့၊ဒီပြင့်လူတွေ နဲ့ ထားခဲ့ဖို့မပြောနဲ့ အမေလုပ်သူတောင် သူဘာကိုပြောနေတယ်
ဘာကိုဆိုလိုတယ်ဆိုတာ မနဲ ဆက်စပ် စဉ်းစားရတယ်။ဒါတောင် တရုတ်မလာသေးဘူး။
Monday, October 15, 2012
30+++
ကိုယ်လား ငယ်ငယ်က ခေါင်းမာတယ်။ကိုယ်လုပ်ချင်တာ ကို ဖြစ်အောင်လုပ်တတ်တယ်။ကိုယ့်ဘာသာလုပ်
ချင်တာလုပ်ရရင် စိတ်ချမ်းသာနေတာပဲ။မိဘတွေ အတွက်တော့ ပြောမကောင်း ဆိုမကောင်းတဲ့ သမီးပေါ့။
ဒါပေမယ့် ကိုယ် လမ်းမှန်ကို ရောက်အောင်တော့လျောက်နိုင်ခဲ့တယ်လို့ ထင်တယ်။ကိုယ်က Do or Die
သမား။ဆုံးဖြတ်ချက်မြန်တယ်၊စိတ်မြန်တယ်။နှေးတုံ့ နှေးတုံ့ လုပ်တဲ့သူတွေ တွေဝေ နေတဲ့သူတွေ ဆိုလုံးဝ
စိတ်မရှည်သူ။ချိန်းထားရင် ဘယ်တော့မှ နောက်မကျပဲ စောစောရောက်နေတတ်ပီး။အချိန်ထက် နောက်ကျ
ပြီးရောက်လာတတ်သူ များကို စိတ်တိုတတ်သူ။အဲဒီ အဖြစ်မျိုး သူငယ်ချင်းတွေနဲ့ ခဏခဏ ဖြစ်ရတယ်။
အဲ အိမ်ထောင်ကျလာတော့ အိမ်က လူက ကိုယ်နဲ့ ဆန့်ကျင်ဖက် အဲသလိုလူမျိုးဖြစ်လာကော။သူကတော့
ဘယ်အရာမဆို အကျိုးအမြတ် တွက်ပြီး အဆုံးရှုံး နဲအောင် အချိန်ယူလုပ်တတ်သူ။သူအပြင်သွားလို့
ပြန်လာပြီလား မေးလို့ on the way ဆိုရင် နောက်ထပ် ၂ နာရီလောက်။အဲသလောက် ကြာတတ်သူ။
အသွင်မတူ အိမ်သူ မဖြစ် ဆိုပေမယ့်လဲ အခုတော့ ကိုယ့် စိတ်ကို တဖြေးဖြေး လျော့ထားခဲ့ရတဲ့  သူ
ဖြစ်လာတဲ့ ကျမ။သားလေး လုပ်တာ ကိုင်တာ နှေးရင် အမေလုပ်သူ ဒီလောက် လှစ်လှစ် ဖြစ်နေရဲ့သား
နဲ့ နှေးရမလား အဖေတူလေးတွေ ဆိုပြီးမချင့်မရဲ ဖြစ်နေတတ်တဲ့ ကျမ။ကလေးတွေနဲ့ အပြိုင် သူတို့အဖေ
ရဲ့ အကြင်နာကိုလဲ လုချင်သေးတဲ့ကျမ။အခုတလော ကိုယ့်လက်၇ှိအခြေနေကို သိပ်သဘောမကျဘူး။
2013 မှာ ဘ၀အတွက် တစ်ခုခုလုပ်ချင်နေသေးတယ်။အချိန်တွေ တဖြေးဖြေးကုန်လာပြီ။လွန်ခဲ့တဲ့အနှစ်
၂၀၊၃၀ ဆိုတာခဏလေးပဲ။
 ဒီနှစ်မတိုင်ခင်က ဒေါင်ဒေါင်မြည် ဆေးခန်းဆိုတာ မသွားဘူးခဲ့သလောက် ဒီ လပိုင်းတွေမှာ ရောဂါတွေ
တစ်မျိုးပြီးတစ်မျိုး သောက်လိုက်ရတဲ့ဆေးတွေကလဲ မနည်းမနော။အစတုန်းကတော့ ဘာမှမဖြစ်ဖူးဆိုပြီး
ပေနေခဲ့တာ သူငယ်ချင်းတွေက ဟဲ့နင့်ယောင်္ကျားရှာတာ သူများ စားသွားမယ်ဆိုမှ ဆေးခန်းသွားပြတယ်။
အရင်တုန်းက အအေးကြိုက်တဲ့ကျမ။ရေဆို ရေခဲရေကိုကြိုက်၊ထမင်းဆိုလဲပူနေရင်မကြိုက်။ဟင်းချိုပူပူတွေ
လုံးဝမကြိုက်ခဲ့တဲ့ ကျမ....အခုတော့ ရေခဲရေ လုံးဝ မသောက်တော့ပဲ ရေနွေးကို ကြိုက်တတ်ခဲ့နေပြီ။
ထမင်းကိုလဲ ပူပူနွေးနွေး စားချင်လာတယ်။ဒီနှစ်အတွင်းမှာ ပြောင်းလဲလာတာတွေ ပေါ့။
၃၃ ဆိုပေမယ့်လဲ မရင့်ကျက်သေးပဲကလေးဆန်ချင် နေသေးတဲ့ ကျမ။ခုချိန်မှာအားကိုးရတဲ့ လက်တွဲဖော်
နဲ့အတူ ကိုယ်က ချစ်မငြီးချစ်ရတဲ့ သားလေးတစ်ယောက်၊သမီးလေးတစ်ယောက်ရှိတယ်။ကျမကိုမွေးခဲ့
ပေးတဲ့ ကျေးဇူးရှင်မိဘတွေ ရှိနေသေးတယ်။ကြွေးဟောင်းဆပ်မကုန်သေးခင် ကြွေးသစ် ဒီရတနာလေး
တွေ လူလား မြောက်ပြီးအဆင်ပြေပြေ အခြေချနိုင်တဲ့အထိ ပြုစု ပျိုးထောင်ပေးနိုင်ဖို့ နောင် မွေးနေ့ပေါင်း
၃၀ လောက်ကို အေးအေးချမ်းချမ်း ဖြတ်သန်းခွင့်ရရင် တော်လောက်ပါပြီ......
(အမှန်တော့ ကြွေးသစ် မဟုတ်ပါ.သူတို့ဆီက ဘာမှ ပြန်ရယူဖို့ မမျှော်လင့်ပါ)
Wednesday, October 10, 2012
ကျော်ပေါင်း
ဒီနေ့ပဲ ဖေ့ဘွတ် မှာ share ထားတဲ့ 7 Days News Journal  မှာ စာရေးဆရာ မောင်သာချို ရေးထားတဲ့
တိုက်စစ် ဆောင်းပါးကိုဖတ်ပြီးတော့ ကျောင်းနဲ့ ပတ်သတ်တဲ့ ကိစ္စလေးတွေ ပြောချင်စိတ်တွေဖြစ်လာ
တယ်။ကိုယ်တို့ အိမ်က ပညာရေးကို အားပေးပါတယ်။ဒါပေမယ့် မောင်နှမတွေအားလုံး ၁၀ တန်းရောက်
မှသာ မလိုက်နိုင်တဲ့ ဘာသာရပ်တွေ ကျူရှင်ယူပါတယ်။ကျန်တဲ့ အတန်းတွေမှာ လုံးဝ အိမ်က ကျူရှင်
မထားပါဘူး။တို့ခေတ်တုန်းကတော့ ကျူရှင်ဆိုတာ ကောင်းကောင်း မပေါ်သေးပါဘူး။၁၀ တန်းကို
တောင် ၀ိုင်းတွေ၊ဂိုက် တွေ မပေါ်သေးဘူး။section တွေဆီပြေးတတ်ရတာပါ။မော်ကျွန်းမှာ ၀ိုင်းမရှိ
လို့ ဘိုကလေးက ဆရာတွေခေါ်သင်တဲ့ ၀ိုင်း မှာ သွားတတ်ဖူးတယ်။နောက် ပိုင်း section တွေ
မှာ အင်္ဂလိပ် နဲ့ သင်္ချာ တတ်တယ်။တို့က စာကျက်သိပ်ပျင်းတယ်။ဖတ်စာတွေ ဆို အချက်အလက်လေးတွေ
ပဲမှတ်ထားပြီး ကိုယ့်ဘာ့သာ ဟိုစပ် ဒီစပ်ရေးလေ့ရှိတယ်။ကိုယ်ငယ်ငယ်  လေးတန်းကျောင်းသူတုန်းက
 စာမေးပွဲက တစ်မြို့လုံး မေးခွန်း ၁ခုထဲ ဖြေရပြီး မြို့နယ်အဆင့် ဆုရဖူးပါတယ်။လေးတန်းဖြေပြီး နွေရာသီ
ကျောင်းပိတ်ရက် ဗုဒ္ဒဘာသာ သင်တန်းမှာလဲ ဒုတိယဆု ရဖူးပါတယ်။ဒါပေမယ့် ၅ တန်းကနေ စပြီး
၈တန်း၊၉တန်းအထိ နှစ်ပတ်လည် ဆုတွေ ဘာတွေ ဘာမှမရတော့ဘူး။လပတ်တွေမှာတော့ အမြဲ အဆင့်
၁၊၂ ၀င်နေတာပဲ။စာမေးပွဲကြီးဝင်ရင် အမြဲပြုတ်ပြုတ် သွားတယ်။ဘာဖြစ်လို့လဲ ကိုယ် စဉ်းစားလို့မရနိုင်ခဲ့
ဘူး။
(ကိုယ့်တုန်းက မြန်မာစာ၊သမိုင်း တဲ့ မြန်မာလိုေ၇းရတဲ့ ဘာသာတွေ ဆို များသောအားဖြင့် အချက်အလက်ပဲ
မှတ်ထားပြီး ကိုယ့်ဘာသာ ကွန့်ေ၇းလေ့၇ှိတယ်။english လို essay လဲ အလွတ်ကျတ်လေ့မရှိဘူးမှတ်မိတာကတော့ 
အလယ်တန်း၊အထက်တန်း ကျောင်းစစ်တွေမှာ ဘယ်တော့မှ ပထမ၊ဒုတိယ ဆုတွေမရခဲ့ဘူး။အဲဒီဆုတွေ အမြဲ 
နံပါတ်အသေယူထားသူတွေ ကို ၁၀ တန်းမှာ ကိုယ်ကျော်ဖြတ်ခဲ့တယ်။ငယ်ငယ်တုန်းက ငါလဲဖြေနိုင်ရဲ့သားနဲ့ 
ဘာလို့ဆုမရလဲ တွေးဖူးတယ်။အဲလို တိုတ်စစ် ကြောင့်လဲ ဖြစ်နိုင်တယ်။)
နောက်ပိုင်း ကိုယ့် အောက်အငယ်တွေ လက်ထက်ကျတော့ ကိုယ် တစ်ချို့ ကိစ္စတွေကို သိလာရတယ်။
ကိုယ့် အောက် တစ်ယောက်ကျော် ဒုတိယညီမ ၁၀ တန်းရောက်တော့ ထူးချွန်ထက်မြတ် ဖြေဖို့ မြို့နယ်
အဆင့်ပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ အရွေးခံရတယ်။မြို့နယ် အဆင့်ဆိုတော့ တောကတွဲဖက်အထက်တန်းကျောင်း
က စာတော်တဲ့ သူတွေလဲ လာဖြေကြတာပေါ့။အကုန်းလုံးထဲကနေ ဇကာတင်ရွေးမှာလေ။အိမ်ကညီမလေး
လဲ အာကြိုးမာန်တတ် ကြိုးစားရှာတယ်။ဒီလိုနဲ့ ဘာသာစုံဖြေလိုက်တာ မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊
သိပ္ပံတွဲ မှာ သူ ပထမရပြီး ခရိုင်အဆင့် တတ်ဖို့အရွေးခံရပေမယ့် လူမှုရေးဘားသာ(ပထီ၊ဘောဂ၊သမိုင်း)
မှာတော့ ဒုတိယပဲရလို့ အဲဒီဘာသာ အတွက် အရွေးမခံရဘူး။ဒီပြင့် ဘက်စုံ အားကစား၊ဗဟုသုတ ဘာညာ
လဲ ပါသေးတာပေါ့လေ။ညီမလုပ်သူ က သူ လူမှုရေးဘားသာမှာ ပထမ မရလို့ တစ်ငိုငိုနဲ့ရယ်ပေါ့။
သူ အသေအချာဖြေနိုင်ရဲ့သားနဲ့ မဖြစ်နိုင်ဘူး ချည်းပြောနေတယ်။တို့ အဖေက ကဲကဲ ဒီလိုဆို သမီးရဲ့
အဖြေလွှာ ကို သွားတောင်းကြည့်ပေးမယ်။ဝမ်းနည်းမနေနဲ့လို့ပြောပြီး ပညာရေးမှုးရုံက အသိတစ်ယောက်
အကူအညီ နဲ့ သူ့အဖြေလွှာနဲ့ ပထမရသွားတဲ့ တောကတွဲဖက် ကလာတဲ့ ကျောင်းသားကောင်းလေ အဖြေ
လွှာကို တောင်းကြည့်ခဲ့တယ်။လုပ်ပေးတဲ့ သူက တကယ်လို့ တစ်ခုခု ဆို သူပြတာဘယ်သူမှမသိပါစေနဲ့
ဆိုလို့ ပြသနာမရှာခဲ့ဘူး။ညီမလေးအဖြေလွှာ မှာဘာလုပ်ထားလဲသိလား။သူပြောသလို အကုန်ဖြေနိုင်တယ်
ဆိုတာလဲ မှန်တယ်။အမှတ်တွေကလဲ ကောင်းတယ်။အပုဒ်ကြီးတစ်ပုဒ်စာ အမှတ်ကို ကျော်ပေါင်းထား
တယ်ခင်ဗျ။ဥပမာ ၁၀ မှတ်တန် ကို သူဖြေထားတာ ၈ မှတ်ရတယ်။အဲဒါကို ထဲ့ မပေါင်းဘူး။ကျော်ပစ်
 ခဲ့တာ။အဲဒါဆိုပြောကျမှာပေါ့ မေ့ပီး မပေါင်းမိတာနေမှာပေါ့လို့။နိုး နိုး နိုး အကြောင်းစုံကို သိရအောင်
ဟိုလူ၊ဒီလူ တောက်လိုက်တော့ တွဲဖက် ကျောင်းအုပ်က အ.ထ.က ၁ ကျောင်းအုပ်ရဲ့ ဆရာဖြစ်နေလို့
သူတို့ တွဲဖက်ကျောင်းက တစ်ယောက်ပါအောင်လို့ လုပ်ပေးတာတဲ့ဗျ။အဲဒီ ကိစ္စ နဲ့ ပတ်သတ်ပြီး
ပါဝင်ခဲ့တဲ့ ဆရာတွေကိုတောင် တို့အဖေနဲ့ ခပ်တန်းတန်း ဖြစ်လိုက်သေး။တကယ်ဆို အဲဒီ ၈မှတ်မပါ
တောင် ညီမလေးက ၂ မှတ်လောက်ပဲကွာတာ။အဲလို ကျော်ပေါင်းလဲ လုပ်လို့ရတယ်နော်...
နောက်တစ်ခါ ညီမလေးရဲ့ သူငယ်ချင်း အသိတစ်ယောက်လဲ နှစ်စဉ် ပတ်လည်ဆုဝင်တယ်ပေါ့။တစ်နှစ်ကျ
တော့ ပတ်လည်ဆု စာရင်းထုတ်တဲ့ အချိန်မှာသူမပါတော့ မကျေနပ်ပဲ အဖြေလွှာ တောင်းကြည့်တယ်။
သူ့အဒေါ်ကလဲ ဆရာမဆိုတော့။တောင်းကြည့်တော့မှ အမှတ်ပေါင်းတာ မှားနေလို့ ပြန်ပေါင်းပြီး
ပြန်တင်ပေးလိုက်တော့ ပထမ ထုတ်ထားတဲ့ ပတ်လည်ဆုကလဲ ပြန်ဖြုတ်လို့မရ နဲ့ တစ်ဆုတိုးပေးလိုက်
ရတယ်။တွေ့ကြုံခဲ့တာလေးတွေပါ။ဆရာတိုင်း ကျောင်းတိုင်း ကိုမဆိုလိုပါဘူး။
အခုများကျူရှင် ကျူရှင် ဘယ်လောက်ခေတ်စားနေလဲ။ပြီးခဲ့တဲ့ မတ်လပြန်တုန်းက နွေရာသီတောင်
အိမ်ကလူ တူ ၅ နှစ် ဇွန်လမှ သူငယ်တန်းတတ်မယ့် လူက စာကျူရှင် တတ်နေတဲ့ အပြင် စနေ၊တနင်္ဂနွေ
ဆို ကွန်ပြူတာ သင်တန်းဆိုလား သွားတတ်လို့ အံ့သြနေတာ။သားရဲ့ ကွန်ပြူတာ သင်တန်းက ဘာတွေ
တုန်းပြောပါအုံး ဆိုတော့ မောက်စ် ဘယ်လိုကိုင်တယ်၊ကွန်ပြူတာ ဘယ်လိုဖွင့်တယ်၊ပိတ်တယ်၊ပြီးတော့
ကွန်ပြူတာထဲမှာ ဂိမ်းဆော့ နည်း၊အရုပ်ဆွဲ နည်းသင်တယ်တဲ့။သူ့အဖေကတောင် ၅ နှစ်သား သူ့သား
ကြီး ကွန်ပြူတာ သင်တန်းသွားရင် ယူသွားဖို့ လက်တော့ပ် တစ်လုံးတောင် ၀ယ်ပေးသေးတာ....
Monday, October 8, 2012
သမီးလေး အကြောင်း
မာမား where is pa pa? 
ပါးပါးအလုပ်သွားတယ်လေ သမီးလေး၊သမီးလေးက ပါးပါးကိုချစ်လား
မေလင်းလင်း ပါးပါးချစ်
မားမားကိုရော
မားမား မချစ်ဖူး၊မေလင်းလင်း ပါးပါးချစ်
ဒါဆိုလဲ သွားအေ ကျုပ်ဆီမှာ မုန့်လာမတောင်း နဲ့
ပြောပြီး တို့ မီးဖိုချောင်ဖက် ၀င်လာတုံး ဟယ်လို ဟယ်လို အသံကြားတာနဲ့ ဘာများလဲလို့ ဧည့်ခန်းကို
ခေါင်းပြူပြီး ကြည့်လိုက်တော့ အိမ်ဖုန်းကို ယူပြီး သူက ဖုံးဆက်နေလေရဲ့။ဘာပြောနေလဲ အသာနားစွင့်
လိုက်တော့
ဟဲလို ပါးပါး မေလင်းလင်း ပါးပါး ချစ်၊မားမား ချစ်ဖူး၊မေလင်းလင်း ဆိုးတဲ့
အဖေလုပ်သူဆီဖုန်းဆက်နေတာ။အမှန် သူဖုန်းနံပါတ်လဲ သိတာမဟုတ်ဖူး။သူက အဖေလုပ်သူကိုသိပ်
ချစ်တယ်။
 မီးဖိုချောင်ကနေ လှမ်းရိုက်ထားတာ
အမေလုပ်သူ မီးဖိုချောင်ကနေထွက်လာရင် ဘောကန်သလိုဘာလိုနဲ့ ဖုန်းချပြီး ဘောကန်တယ်။
အမေလုပ်သူ ပြန်ဝင်သွားနဲ့ ပြန်ဆက်တယ်။
သူဆော့တဲ့ A-Z ဘလော့တုံးလေးတွေရှိတယ်။သစ်သားပြားမှာကပ်ရတဲ့ဟာလေ။သူ၂နှစ်မပြည့်ခင်တုန်းက
ဒီမှာ ဗီဒီယိုလေး ရိုက်တုန်းကဟာပေါ့။အဲဒီမှာ အခု A ဘလော့တုံးပျောက်နေတာ ကြာပြီ။၇ှာမတွေ့ဘူး။
သူက အမြဲမေးတယ် A ကို။တို့က ၇ှာမတွေ့ဘူးသမီးရယ်လို့ပြောရတယ်။ဒီနေ့တော့ သူက
မားမား ဒီမှာ A မားမားကိုင် တဲ့ ဆိုပြီး သူ့လက်ကိုဆုပ်ပြီး တိုလက်ထဲ အတင်းထည့်တယ်။
တို့လဲ ဟယ် သူ A ကို ဘယ်ကတွေ့လဲပေါ့။ဘယ်ဟုတ်မလဲ ဘာမှမရှိတာကို A ဆိုပြီး ၇ှိချင်ယောင်
အမေလက်ထဲထည့်တယ်။ပြီးတော့ မားမားပြော မားမားပြောတဲ့..သူဆိုလိုတာ what is this?လို့မေးခိုင်း
တာ။တို့က ဘာမှမ၇ှိတာကို ရှိချင်ယောင်ဆောင် ကိုင်ထားပြီး မေးရတယ်။အဲဒီတော့ သူက
this is A,A for Alligator လို့ပြောပြီး အမေလက်ထဲက မ၇ှိတဲ့ Aကို ၇ှိချင်ယောင်ဆောင်ယူပြီး သစ်သား
ပြားက A အကွက်မှာထဲ့တယ်။အံသြရော...သူဘယ်လိုများ ဒီလို ဆော့နည်းသိပါလိမ့်။
သမီးလေးဟာ ၁၉လ ကတည်းက A-Z တော်တော်များများ သိတယ်။ဒီမှာ တင်ဖူးတယ်။(ဖဘ)
မိန်းကလေး မို့လားမသိ ခဏ ခဏ စိတ်ကောက်တယ်။စိတ်ကောက်ရင် ဘယ်သူ့ကိုမှ မကြည့်တော့ဘူး
ဘာမှလဲပြောလို့မရဘူး။သူတစ်နှစ်ကျော် လောက်ထဲက diaper ကို အိပ်ချိန်ပဲ ၀တ်ပေးတာ။သူက
ရှုးပေါက်၊အီးပါ ပြောတတ်နေတော့။အခု အိပ်ချိန် diaper ၀တ်ပေးရင် မကြိုက်ဖူး။ချွတ်မယ်တကဲကဲ။
နေ့ခင်းဖက် diaper မပါပဲ သိပ်တာ ၂ရက်၇ှိပြီး ရှုးမပေါက်ချဘူး။ဒီနေ့နေခင်း အိပ်ကျတော့ အကိုလုပ်
သူက နိုးလာပြီး နေမကောင်းလို့ အမေလုပ်သူက ချွေးတွေ သုတ်ပေးလိုက်၊ဖက်လိုက်လုပ်နေတာကို
နိုးလာတော့ တွေ့သွားပြီး မနာလိုဖြစ်ပြီးစိတ်ကောက်တာ ၁၅ မီးနစ်လောက်ကြာတယ်။သမီးလေး လာ
ရှုးသွားပေါက်မယ် ခေါ်တာလဲ မလိုက်ဘူးပေကပ်နေတယ်။
                                             စိတ်ကောက်နေတာ
အိမ်ပြန်ဖို့ခေါ်တာ မလိုက်ဘဲ အမေကိုပြောင်ပြနေတာ
 ကစားကွင်းကနေပြန်ဖို့ခေါ်တာကိုပြန်မလိုက်ဘဲ ဖိနပ်ကို ချွတ်ပြီးကန်လိုက်တယ်။
သမီးလေးက စိတ်ကောက်တတ်ပေမယ့် အကိုလုပ်သူကိုချစ်တယ်။သူ မီးဖိုချောင်ထဲ ၀င်လာလို့ အမေ
က သကြားလုံးပေးလိုက်ရင်၊ ကိုးကိုး ဆွိ စားမယ်ဆိုပြီး အကိုလုပ်သူကို သူ့လက်ထဲကဟာပေးပြီး
အမေလုပ်သူဆီ သူ့အတွက်လာတောင်းတယ်။အမေလုပ်သူနဲ့သူနဲ့ ဟိုတနေ့ က ပြောင်းဖူးစားနေတာ
အကိုလုပ်သူက ခုံပေါ်မှာ စာဖတ်နေတာ လာမစားဘူး။အဲဒါသူက ပြောင်းဖူးစေ့တွေယူပြီးတော့
ကိုးကိုး စားနော် ရော့ ဆိုပြီး edwin ပါးစပ်ထဲ သွားထည့်ပေးတယ်။နောက်နေ့ ဖရဲသီးစားတော့လဲ
အဲဒီအတိုင်းပဲ။မနက်အိပ်ယာထလို့ အမေလုပ်သူက မုန့်ကျွးနေတုန်း အဖေလုပ်သူ အိပ်ခန်းထဲက
ထွက်လာရင် သူ့အဖေ ကို ပါးပါး လာလာ မုန့်မုန့် စားမယ် တဲ့။အိမ်မှာနေရတာပျင်းလာရင် KFC
သွားမယ်ဆိုပြီး သော့ဆွဲတော့တာပဲ။
အဲ အမေ လုပ်သူက အကိုလုပ်သူကို ဆူနေရင်တော့ မာမား ကိုကိုး ဆိုးနော် လင်းလင်း ကွိုင်းကွိုင်းနော်
လုပ်တတ်သေးတာ။ရှေ့နှစ်တော့ play group ထားရတော့မယ်။ဒီနှစ်တော့ သူ့ပါးပါးက ငယ်သေးလို့တဲ့။
(လာမယ့် အောက်တိုဘာ ၁၃ မှာ၂နှစ် နဲ့ ၅လ)
Thursday, October 4, 2012
04-10-2012
အခုတလော Edwin တစ်ယောက် family ဆိုတဲ့ စကားလုံးကို ခဏ ခဏ ပြောတယ်။လမ်းမှာ ယောက်ျား၊
မိန်းမ၊ကလေးတွေ အစုလိုက်တွေ့ရင် မားမား this is family တဲ့။ဟိုအရင်တုန်းကသူငယ်ချင်းတစ်ယောက်
ကပြောဖူးတယ်။သူ့အသိ သမီးလေးက ကျောင်းကပြန်လာတော့ မေမေ family ဆိုတာမေမေ၊ဖေဖေ
သားနဲ့သမီး ကိုပြောတာ။သမီးတို့မှာ သားမရှိတော့ family ဘယ်ခေါ်မလဲ။သားလေးတစ်ယောက်မွေးပါလို့
အမေလုပ်သူကို ပြောတယ်ကြားဖူးတယ်။Edwin ကတော့ ညီမလေးလဲရှိတော့ အဲလိုတော့ မပြောဘူး။
အိမ်ကလူ ခရီးသွာတာ ၃ပတ်နီးပါး၇ှိပြီ တစ်ခါမှ အဖေလုပ်သူကိုမမေးဘူး။မေလင်းလင်းကတော့ တစ်နေ့ကို
အခါ၂၀လောက်မေးတယ်။ဒီညနေတော့ KFC မှာ သူ့ကို မုန့်ဝင်ကျွေးတော့ ဘေးကခုံမှာ မိသားစုတစ်စု
စားနေတယ်။အဖေရယ် အမေရယ် ကလေး၂ယောက်ရယ်ပေါ့။အဲဒီတော့ ကိုရွှေချောက သူတို့ကို
လက်ညှိးထိုးပြပြီး မားမား အဲဒါ family နော်။Where is Edwin's family?..where is Daddy?တဲ့။
ထူးထူးဆန်းဆန်း ဒီနေ့ပဲ အဖေလုပ်သူကိုမေးတယ်။
ဝီကီ ကနေယူထားတာ
From the perspective of children, the family is a "family of orientation": the family serves to locate children socially and plays a major role in their enculturation and socialization.
 From the point of view of the parent(s), the family is a "family of procreation," the goal of which is to produce and enculturate and socialize children.
Wednesday, October 3, 2012
ခံစားချက်
တစ်ခါတစ်လေကျရင် စိတ်ထဲမွန်းကျပ်တယ်။တစ်စုံတစ်ခုကို အလိုမကျသလိုခံစားရတယ်။ကိုယ့်ဘ၀ကို
အခုထိ မကျေနပ်ဘူး။သူငယ်ချင်းတွေက ပြောတယ်..ကျော့ဘ၀က အေးချမ်းလိုက်တာ..အလုပ်လုပ်စရာ
မလိုဘူးတဲ့။တို့ကျတော့လဲ အလုပ်လဲ လုပ်နိုင် ကလေးလဲမွေးနိုင် တဲ့သူတွေကို သဘောကျတယ်။
ကလေးတွေကို အိမ်ဖော်နဲ့ထားဖို့ကျတော့လည်း ဖြစ်ပါ့မလားစိုးရိမ်။တစ်နေကုန်ကျောင်းထားဖို့ကျတော့လဲ
သနားနေတာနဲ့ အခုထိ ကိုယ့်ဘ၀က ရေရာသေချာမှု မရှိသေးဘူး။ဈေးဆိုင်လေးဖွင့်ရရင်ကောင်းမလား။
ဒါဆိုကလေးတွေလဲ အနည်းအများ ကြည့်လို့ရတာပေါ့ ဆိုပြီးဆိုင်ခန်းငှားခ ဈေးတွေလိုက်ကြည့်ပြန်တော့
ဝှုးးးငါ့နှယ် ဆိုင်ငှားခရအောင်တောင်ရှာနိုင်ပါ့မလားနဲ့။၃၃ နှစ်ပြည့်တော့မယ် ဟောက်စ်ဝှိုက် ဘ၀က
မတတ်သေး။
သူ့ကိုလဲအားနာတယ်။အမှန်တော့ သားလေးဘိုက်ကြီးတုန်းက အလုပ်မထွက်ပဲ ဆက်လုပ်ဖို့ကောင်းခဲ့တာ။
သူနဲ့ကိုယ်နဲ့ စလုံးကို ရှေ့ဆင့်နောက်ဆင့် ရောက်ခဲ့တာ။ကျောင်းလခ၊နေစရိတ် စားစရိတ် အကုန်တာဝန်ယူ
ခဲ့တာ။မှတ်မိသေးတယ် အဲတုန်းက သူ ကတစ်လ လေးရာ တို့ကိုပေးတယ်။NTU မှာ အဆောင်လခက
၂၂၅ ပေးရတယ်။၁၇၅ ကျန်တာကို အသုံးစရိတ်။ရောက်ရောက်ခြင်း ကိုယ့်ကို ဟန်းဖုံးတစ်လုံးဝယ်ပေး
တယ်။မှတ်မိသေးတယ် ဆိုနီ အဖြူလေး။သူကတော့ ရောက်ပြီး တစ်နှစ်ကျော်တဲ့ အထိ ဖုံးမကိုင်ဘူး။
အဲလိုပဲ တို့ ပရောဂျက်လုပ် ဖို့ဆိုပြီး ကွန်ပြူတာ တစ်လုံးဝယ်ပေးတယ်။၁၀၀၀ကျော်ပေးရတယ်။
ကျောင်းတတ်နေတုန်းကလဲ Dissertation ယူလို့ တစ်နှစ်နဲ့ အပြတ်ပြီးအာင်လုပ်ရလို့ သူများတွေ
လို part time မလုပ်ဖြစ်ဘူး။ကျောင်းပြီးလို့ အလုပ်ရှာမှသာ အလုပ်မရခင် လုပ်ဖြစ်တာ။
အခုတော့ သူ့ကိုအနည်းငယ် ကူလုပ်ပေးယုံကလွဲပြီး ဘာမှမလုပ်နိုင်။ကိုယ့်ရဲ့မရှိမဲ့ရှိမဲ့ အရည်အသွေးလေး
တွေ ဒီ HDB အခန်းထဲမှာ ကုန်ဆုံးသွားမှာ နှမျောလှတယ်။တစ်ခုခုတော့ လုပ်မှဖြစ်ပေတော့မယ်။
(ဖတ်ကြည့်ပြီး စိတ်မညစ်သွားနဲ့အုံးနော်)
Monday, October 1, 2012
အကြံအဖန် အိမ်နောက်ဦးစီး
အိမ်မှာ အခု အိမ်နောက်ဦးစီးလုပ်နေလေတော့။အဓိကကြုံရတာ တစ်နေ့ တစ်နေ့ ဘာချက်ရမလဲဆိုတာပဲ။
ဘယ်လို ဟင်းစပ်တည့်အောင် ချက်ရမလဲ။တစ်မျိုး နဲ့တစ်မျိုး မရိုးရလေအောင် စီမံရပါတယ်။ဒါတောင်
အိမ်ကလူက ချေးများတတ်သူ မဟုတ်ပဲ အကုန်စားတတ်သူ မလို့ပေါ့။သိပ်မကြိုက်ရင် နဲနဲပဲစား။ကြိုက်ရင်
အားပါးတရ တွယ်တာပဲ။အခု ကလေးတွေရလာတော့လဲ ကလေးတွေအတွက် အဟာရလဲဖြစ်၊၀မ်းလဲမချုပ်
အောင်တစ်မျိုးတိုး စဉ်းစားရတာပိုလာရော။လူကြီးကော ကလေးပါ စားလို့ အဆင်ပြေအောင်ချက်ဖြစ်ပေ
မယ့် စားလို့အဆင်မပြေရင် တစ်မျိုး စီစဉ်ရသေးတာ။
အိမ်ကလူက အိမ်ဟင်း ထမင်း သိပ်မက်တယ်။မြန်မာဟင်းကို ဆိုလိုတာ။ခရီး ခဏ ခဏ သွားနေရတော့
ဒီမှာနေရင် ဘယ်တော့မှ ပေါင်မုန့်တို့၊ဘာဂါတို့၊ပီဇာ တို့ မစားဘူး။မုန်းလို့တဲ့။ပေါင်မုန့်စားတဲ့ တိုင်းပြည်ဖက်
များသွားရင် ပြန်လာဖို့ ဟိုဘက်ကနေ လေယာဉ်ပေါ်မတတ်ခင် အာဖျံရေ ထမင်းချက်ထား ငါဒီမှာ ပေါင်မုန့်
စားရလို့သေတော့မယ် လို့ ဖုန်းဆက်ရင် ကိုယ့်မှာ အပြေးအလွှား စီစဉ်ရတယ်။သူက ငါးပိရည်၊တို့စရာ၊
ဟင်းချို တစ်ခွက်ပါရင် အသားဟင်းတောင် သိပ်မလိုဘူး။သူ ခရီးသွားရင်တော့ ဖရီးပေါ့။ဟင်းကို
ကလေးတွေ အတွက်ပဲ စီစဉ်ပြီး ကိုယ်ကတော့ ကြုံသလိုစားတယ်။ကလေးတွေ အတွက်ချည်းပဲ ချက်တာ
တောင် တစ်နေ့ တစ်နေ့ ဦးနှောက်ခြောက်ရတယ်။ဒီညကျန်တဲ့ ကြက်သား လေးကို မနက်ဘာနဲ့ရော
ချက်ရရင်ကောင်းမလဲ စဉ်းစားနေရင် မစန္ဒာ ၀တ္ထုလေး သွားသတိရလို့ ပြန်တင်လိုက်တာ။တစ်ပုဒ်လုံး
မဟုတ်ဘူး။ Burmeseclassic  ကနေယူတာပါ။
Chat box
ဘယ်ကလာလည်နေတယ် ဆိုတာ။