Tuesday, May 27, 2014

ကလေးတွေ အကြောင်း ၈


Mommy I want to eat banana.ဟယ် အိပ်တော့မယ်လေ စားအုံးမလို့လား။Yes,today I played a lot

and forgot to eat banana.Then I never eat banana for Today.အဲ့ဒါဆို မမ(ကလေးထိန်း)ဆီသွား

တောင်းလိုက်။သူ အခန်းပြင်ထွက်သွားတယ်။မမ banana စားမယ် လိုပပြောသံကြားတယ် ဟိုက မီးမီး

ဖို့ တစ်လုံး ကိုကိုး ဖို့ တစ်လုံး ဆိုပြီးပေးတာကို ကိုကိုး,သူမကြိုက်ဘူးလေ ဆိုပြီးယူမလာဘူး။အခန်းထဲ

ရောက်တော့ အဲ့အသံတွေကြားနေတဲ့ အဖေလုပ်သူက ဘာလို့ ကိုကိုး ဖို.ယူမလာတာလဲသမီးဆိုတော့

Because he dont like banana တဲ့။အကိုလုပ်သူက I want to eat ဆိုတော့ ပြန်ထွက်သွားတယ်။

မမ banana ပေးအုံး ကိုကိုးပြောတယ် သူ စားမယ်တဲ့။မေလင်းလင်းက အခု အဲ့လိုကလေး အဖေ အမေ

အကို ကိုတွေ့၇င် အီး လိုပြောတယ် သူ့မမ ကိုဆို မြန်မာလို။


သားအမိတွေ ညဖက် အိပ်ယာဝင်တော့ သူ့ ကုလားအုပ် အရုပ်လေးကိုရှာတယ်။မတွေ့တော့ mommy,I 

cant find my giraffe anywhere?ဆိုပြီး ရှာတယ်။တွေ့တော့ အိပ်ဖို့လုပ်တယ်။အမေလုပ်သူက ပန်းရောင်

စောင်တစ်ထည်ယူပြီး ခြုံပေးလိုက်တယ်။စောင်က နဲနဲ နံနေတော့ စောင်တွေ နံနေပြီ လျော်ရအုံးမယ် ပြော

မိတယ်။မချောက Okay mommy,Tomorrow morning I will ask ma ma "ma ma,Can you help 

to wash this pink blanket ,please".အမေလုပ်သူ စိတ်ထဲကနေ အမလေးဟဲ့ သူ့လဲ ဘာမှမပြောပဲ

လုပ်ပြန်ပီ မေလင်းလင်းတို့ကတော့လို့မှတ်တယ်။သူက ဆက်ပြောသေးတယ် mommy,tomorrow I 

will not play first when I wake up.If not,I will forgot to tell ma ma to wash blanket.တဲ့။

မနက်ရောက်တော့ ကိုယ်လဲ အလုပ်သွား ညနေ အလုပ်က ပြန်လာ အဲ့ကိစ္စမေ့တောင်နေတယ်။ည အိပ်ရာ

ဝင်တော့ သူက mummy I asked ma ma to wash pink blanket တဲ့။အဲ့တော့မှဟယ် ဟုတ်ပါလား

အပြင်မှာစောင်တစ်ထည်လှမ်းထားတာ တွေ့မိတယ် အမှတ်မဲ့ဆိုတော့ သတိမထားမိဘူး။ချက်ချင်းပဲု အခန်း

ပြင်ထွက်ပြီး မမ ရေ မမကို မေလင်းလင်း စောင်လျော်ခိုင်းလို့လားဆိုတော့ ဟုတ်တယ်အမ မေလင်းလင်း

အိပ်ရာက နိုးနိုးချင်းအဲ့စောင်ကြီး ညီမ အခန်းဆီသယ်လာပြီး မမ  မာမီကဒီစောင် လျော် မယ်တဲ့ ဆိုပြီး

လာပေးတယ်။မီးလေး ဘာတွေပေသွားလို့လဲဆိုတော့ နံနေလို့တဲ့။တော်ကို အံ့သြသွားတယ်။သူ့ကို

တကယ်လျော်ခိုင်းမယ်ထင်မမထားဘူး။အဲ့ဒါကတော့ ကျမတို့ ၄ နှစ်သမီးမေလင်းလင်းပါရှင်။



(အက်ဝင်ဆို စောင်နံရင်လျော်ရမယ်ဆိုတာမသိဘူး။သိရင်တောင် ဘယ်သူ့ကို လျော်ခိုင်းသင့်တယ်

ဆိုတာ သိမှာမဟုတ်ဘူး)



2 comments:

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။