Sunday, November 22, 2015

အက်ဝင် နှင့် သချာင်္




အက်ဝင် P1 စတက်တော့ သင်္ချာ ကျူရှင်မထားပါဘူး။ဘာလို့လဲ ဆိုတော့ ကလေးကို ကျူရှင်အတွက် အချိန် မကုန်စေချင်တာရယ် P1 သင်္ချာလောက်တော့ ကိုယ်လဲ သင်နိုင်တ ဆိုပြီးတော့ပေါ့။တကယ့် တစ်ကယ် သင်ကြည့်တော့ ထင်သလောက်မလွယ်ပါဘူး။သင်္ချာ အပေါင်း အနုတ် အမြှောက် အစားများဘာကွာလို့လဲ ထင်ပါလိမ့်မယ်။ကွာပါတယ် သင်ပုံသင်နည်း။K2 မှာသူတို့ ကျောင်းက သင်တာနဲံ အပြင်ကနေစာအုပ်ဝယ် ပြီးလေ့လာကြည့်တဲ့ အခါ အပေါင်းဆို count more/add more လို့သင်ပြီး အနုတ်ကို count back/take away လို့သင်တယ်။ဥပမာပေါ ၅-၂ ဆို ၅ အထိရေး ပြီးမှ အနောက်ကို ၂ ခုပြန်ဆုတ် အဖြေက ၃ (ဒါမှမဟုတ်) အနုတ်ခံရမယ့် ၂ ကို လက်၂ချောင်းထောင်ထား ပြီးရင် နုတ်မယ့် ၅ ကနေ အနောက်ကို ပြန်ရွတ် ၅ပြီးတော့ ၄ ဆိုပြီး လက်တစ်ချောင်းကို ချိုးလိုက် နောက် ၄ပြီးတော့ ၃ ဆိုပြီး ဒုတိယလက်တစ်ချောင်းကို ချိုးလိုက် အဖြေက ၃ ဖြစ်ရော။မြန်မာလို(မြန်မာပြည်မှာ ငယ်ငယ်ကသင်သလိုဆို)လက်ငါးချောင်းထောင် ၂ ချောင်းနုတ် ၃ ချောင်းကျန် အဖြေက ၃ ဒါပဲ။အပေါ်က စလုံးနည်းနဲ့ နုတ်တဲ့အက်ဝင်ဟာ ကျောင်းကအနုတ်သင်တဲ့အချိန်မှာသူရဲ့ လေ့ကျင့်ခန်းစာရွက် လေးတွေမှာအမှားလေးတွေ ပါလာတာတွေ့၇တော့ သူဘာ့ကြောင့်လွယ်လွယ်လေးတွေ မှားလာလဲ စဉ်းစားလို့မရဘူး။သူတို့ ကျောင်းက လုံးဝ အိမ်စာမပေးဘူး ကျောင်းမှာ အပြီး အိမ်ရောက်ရင် လုံးဝ ဖရီးပဲ။


နောက်ပြီး အက်ဝင်ဟာ အနည်းအများ ကောင်းကောင်းမသိဘူး။ဥပမာ သူ့မှာ မုန့်၅ ခုရှိတယ် လင်းလင်းမှာ ၆ ခု၇ှိတယ် ဘယ်သူပိုများလဲဆို သူ ချက်ချင်းမဖြေနိုင်ဘူး။အဲ့တော့ သူ့ရဲ့ သင်္ချာဟာ စိုးရိမ်အမှတ်ရောက်နေပြီ လို့ အမေလုပ်သူက သတ်မှတ်ပြီး ငြီးတော့ အဖေလုပ်သူက ဘာမှ သချာင်္ညဏ် မရှိတာမဟုတ်ဘူးသင်တဲ့သူ မဟုတ်လို့တဲ့။သင်္ချာဆိုတာ အခြေခံပိုင်ရင်ဘယ်လိုလိုလာလာတဲ့ကိုယ်သင်တဲ့အချိန်သူကအနားမှာ၇ှိတော့ကိုယ်သင်တဲ့စလုံးနည်းကိုသူသဘောမကျဘူး။မြန်မာနည်းပဲသင်သင့်တယ်ထင်နေတာ။အဲ့ဒါနဲ့ ဒါဆိုဒယ်ဒီပဲ သင်တော့ဆိုပြီး လွဲပေးလိုက်တယ်။လွှဲမပေးခင်နှစ်ဝက် မိဘဆရာ တွေ့ပွဲမှာ အက်သင့် form teacher က အက်ဝင် အနုတ် နုတ်တာ တစ်မျိုးပဲ သူသင်တာ နဲ့ မတူဘူးတဲ့။အက်ဝင် တီချယ့်ကို ၅-၂(ဥပမာ) လုပ်ပြဆိုတော့ ကိုယ်တော်ကအနုတ်ခံရမယ့် ၂ ကို လက်၂ချောင်းထောင်ထား ပြီး  နုတ်မယ့် ၅ ကနေ အနောက်ကို ပြန်ရွတ် ၅ပြီးတော့ ၄ ဆိုပြီး လက်တစ်ချောင်းကို ချိုးလိုက် နောက် ၄ပြီးတော့ ၃ ဆိုပြီး ဒုတိယလက်တစ်ချောင်းကို ချိုးလိုက်တော့ အဖြေက ၃ ဖြစ်ရော။ ဆရာမ တွေ့လား တီချယ်တို့က ၅-၂ ဆို နုတ်မယ့် ၂ကို ခေါင်းထဲမှတ် ပြီး ၂ပြီးတော့ ၃,၄,၅ ပြီး ၅ထိရောက်အောင် ရေသွားပြီး လက်ချောင်းလေးလိုက်ထောင်လိုက် ဟောအဖြေက ၃ တဲ့။အဲ့မှာသဘောပေါက်လိုက်တယ် အက်ဝင်မှတ်ထားတာနဲ့ကျောင်းနဲ့လွဲနေပြီ။

သူ့အဖေစသင်မယ်ဆိုတော့ကျောင်းကစာအုပ်တွေကို လေ့လာတယ်။လေ့လာပြီးတဲ့အခါ သူသဘောပေါက်သွားတယ် မြန်မာပြည်ကကိုယ်သင်ဖူးတာနဲ့ တွက်ပုံချင်းကွာတယ်ဆိုတာ။အနုတ်မျာတင် ၂မျိုးလောက်၇ှိတာ။regroupingလုပ်ရမယ်ဆိုတာက၇ှိသေး။

အဖေလုပ်သူကလေ့လာတယ်။ကြိုးစားသင်ပါတယ်။သားဖြစ်သူကယက်ကန်ယက်ကန်ပဲ။ညဘက်ရောက်ပြီအလုပ်ကပြန်လာလို့ထမင်းစားပြီးပြီဆိုသားလုပ်သူကဒယ်ဒီသင်္ချာသင်မယ်လေဆိုအဖေလုပ်သူက နေပါအုံးကွာဒယ်ဒီအရင်လေ့လာပါရစေအုံးဆိုပြီး ၂ ပတ်မြောက်မှာတော့ ကျူရျင်ပဲ ထားလိုက်ပါကွာ သူတို့သင်တာနဲ့ ကိုယ်တို့သင်ခဲ့တာ တူမှမတူပဲဆိုပြီးရပ်လိုက်တော့ ကိုယ်တော် အက်ဝင်တစ်ယောက် သူ့ဘာသာ စခန်းသွားရော။

အမေလုပ်သူကတော့ ညနေ အလုပ်ကပြန်လာရင် လွယ်အိတ်စစ် လက်မှတ်ထိုးစရာပါရင်ထိုးရတော့ သူ့သင်္ချာ worksheetလေးတွေပေါ် အမှားတွေ့တိုင်းဘာလို့မှားလဲ စပ်စုရတာပေါ့။အဲ့အခါကျရင် သားတို့ကျောင်းမှာဆရာမကဒါကို ဘယ်လို သင်သလဲအရင်မေးရတယ်။အရင်စနည်းနာ၇တယ်။အမှန်တော့ သူမှားလာရင် လွယ်တာတွေမှားလာတာများတယ်။လျှမ်းတဲ့သဘော။

တစ်ခါ checkpoint ဖြေလာတာ သုံးလုံးဆင့် ပေါင်းတာ ဥပမာ ၅+၉+၁၀ လိုမျိုးကိုေ၇ှ့မျာ ၂ပုဒ်ပေါင်းအကုန်မှန် နာက်ဆုံး စာနဲ့မေးတဲ့ work problem ၂ပုဒ်မှာ နောက်ဆုံး၁ပုဒ်မှာ၂ခုပဲပေါင်းလာလို့ မှားလာခဲ့တယ်။ပေါင်းဖို့မေ့ကျန်ခဲ့တာလေ။အိမ်မှာ သင်္ချာသင်တဲ့ သင်တဲ့ကိုယ်တွေကပဲ ပုံစံမကျလို့လားမသိကိုယ်က၇ှင်းလေ သူက နားမလည်လေ ပိုမှားလေပဲ။အဲ့ဒါနဲ့ လွှတ်ပေးထားလိုက်တယ်။အင်း သင်္ချာတော့ ဒီကောင် အခြေနေဆိုးမှာပဲလို့တွက်ထားတာ 94 နဲ့  grade 1 ၇တော့ အတော်အံ့သြသွားတယ်။
ရှေ့နှစ် P2 ကိုဘယ်မှာ ကျူရှင် ထားရမလဲ မသိသေးဘူးကိုယ်တော့ သင်နိုင်မယ်မထင်ဘူး။


Tuesday, November 3, 2015

မေလင်းလင်း နှင့် နှာခေါင်းထဲက ကြယ်သီး


မာမီ မေလင်း နှာခေါင်း နဲနဲ နံသလိုပဲ  ဒါပေမယ့် နှာခေါင်းထဲ ဘာမှ ထည့်ဘူးနော်တဲ့.
 ဒေါက်တာ တန်ဆီ   သွားစရာမလိုဘူး တဲ့.သူ သိပ်ကြောက်သွားပြီလေ။
လွန်ခဲ့တဲ့ ၈ လလောက်တုန်း က သူ့ ညာဖက်နှာခေါင်းက အပုပ်နံ့
ထွက်လိုမျိုး ထွက်တော့ အထဲ ကိုကြည့်တော့အထဲမှာအသီးလိုမျိုးတွေ့တယ်။
သူကကြည့်ရင်အကြည့်မခံဘူး။လှပ်တပျက်ပဲ ကြည့်ရတာ။ သူကလဲ နာတယ်
 မပြော အမေကလဲအလုပ်ရှုပ် ဆိုတော့ ၁လ လောက်ကြာတော့
သူက မာမီ နှာခေါင်းက နာသလိုပဲ ဆိုတော့ အတင်းဖြဲကြည့်တော့
 အထဲမှာ အသီးလို ဟာက ပိုကြီး လာသလို ထင်ရတယ်။

ကဲလင်းလင်း ရေ မာမီတို့တော့ ဆေါ်ခန်းသွားမှ ပဲ ဆိုပြီး ခရီးသွားနေတဲ့ သူ့အဖေကို အကြောင်းကြား
ကိုယ် ပါးစပ်တွေ အနာဖြစ်တုန်းက အော့ချက် paragon က ENT အထူးကု ဆေးခန်း ကိုပြေးတယ်။
ဆေးရုံ မသွားပဲ ဘာလို့ အဲ့သွားလဲဆိုတော့ အဲ့ဆေးခန်းက အင်ရှုးယန့် ဘယ်လို ကလိန်းလို့ ရတယ်။
ကလိန်းလို့ လဲ အဆင်ပြေလို့။မေလင်း က အဲ့တုန်းက ရိုးရိုး hospitalization plan (premium plan)
ပဲဝယ်ထားပေမယ့်။scope တို့ CT scan တို့ ဆို ဆေးရုံ မတက် ရလဲ အကြုံးဝင်တယ်လေ။ကိုယ့်တုန်းက
ရခဲ့တဲ့ အတွေ့အကြုံပေါ့။ဆေးခန်းရောက် ကိုယ့်အလှည့်ရောက်တော့ ဖြစ်ကြောင်းကုန်စင်ပြောပြ။
ဆရာက သေချာနားထောင်။ပြောပြ ရအုံးမယ် ဒီက အထူးကုတွေ သိပ်ဖော်ရွှေ တာ။လူနာ နာမည်ခေါ်
တာက အစ သူတို့ ကိုယ်တိုင်လုပ်တာ။လာပြတာ ချမ်းသာတဲ့ သူတွေ ချည်းပဲ။

ကိုယ် follow up ပြနေတဲ့ ဆရာမ ဆို တစ်ခါ consultant fee က စလုံး ၁၀၀ ပဲ။ကိုယ္ခံစားရသမ်
အေးဆေးပြော လက်မှာ ကြွက်နို့တွေ ပွားလာ တာက အစပြောပြ အကြံတောင်းတော့ ဘယ်မှာ
ဘယ်လို ဆေးဝယ် ဆေးဘူးက ဘယ်လိုပုံ ဘယ်လို လိမ်းရမယ်ဆိုတာ စာရွက်ပေါ် မှာတောင် ပုံဆွဲ
ပေးလိုက်သေး(သူကုနေတာနဲ့ ဘာမှမဆိုင်ပဲနဲ့)။

ဟိုတောလောက CNA မှာ ကိုယ်ပြဖူးတဲ့ infection doctor ကို
interview တောင်တွေ့လိုက်သေး အိမ်ကလူ အတင်းခေါ်ပြလို့။
အဲ့ ဆရာဆို အခု ကိုယ်ပြနေတဲ့ဆရာမ ဆီ လွှဲပေးတုန်းက 
အင်ရှုးယန့် ကိုယ့်အတွက် မကလိန်းပေးလို့ ဆို ပြီး ဖုန်းဆက်ပြီး ပြောပေး။
ကိုယ့်ရောဂါ ဘာလဲ ဆိုတာ သေချာ နားလည်အောင်မြန်မာဆရာဝန်
တစ်ယောက်ကို ဖုံးခေါ်ပြီး ရှင်းခိုင်းသေးတာ။အဲ့ဒါလဲ ပြခ ၁၀၀ ပဲ။

စောနက ဟာကို ပြန်ဆက်ရရင် ဆရာဝန်က ခုံပေါ်ကို အမေလုပ်တဲ့သူကို ထိုင် မေလင်းကို
အမေ့ပေါင်ပေါ်ထိုင်ခိုင်းပြီး နှာခေါင်းထဲကြည့်တော့ သေချာတာပေါ့ နှာခေါင်းထဲ
တစ်ခုခု ထည့်ထားတာ။ကြည့်ပြီးတော့ဆရာက သူငြိမ်ငြိမ်နေလို့ အခုဒီမှာပဲ ထုတ်ရင် သိပ်မကုန်ဘူး။
မေ့ဆေးနဲ့ ဆေးရုံမှာ ထုတ်ရမယ်ဆို ၆၀၀၀ လောက်ကုန်မယ်တဲ့။
ထုတ်ကြည့် မယ်ဆိုပြီး သူ့ခေါင်းကို အမေလုပ်သူက ကိုင်ထားပြီး ဆရာက scope နဲ့ ကြည့်ပြီး
 ညှပ်နဲ့ ဆွဲထုတ်လိုက်တော့ ကြယ်သီး ကြီး ဖြစ်နေတာ အောက်မှာ ဆေးခန်းက
အလကားပေးလိုက်တဲ့ scope ကနေ record လုပ်ထားတဲ့ video မှာ ကြည့်ကြည့်။

ထွက်လာတဲ့ ကြယ်သီး




 ဆွဲ တုတ်ပုံ ဆရာ record လုပ်ထားတာ ပေးလိုက်တာ



ရှင်းတော့ ၈၁၀ ကျတယ်။အင်ရှုးယန့်ပြန်ကလိန်းတော့ ၁၀ ရက်ပဲ ကြာတယ်။အကုန်ပြန်ရတယ်။
အခုတော့ လင်းလင်း တစ်ယောက် မှတ်သွားပြီ။သူက သူဘယ်တုန်းကမှမထည့်ပါဘူး။လုပ်သေးတယ်။
ဘယ်အချိန်များ ထည့်လိုက်ပြီး အသက်ရှု နိုင်နေသေးတာ ကံကောင်းလို့ပေါ့။



 

Monday, November 2, 2015

ကလေးတွေ အကြောင်း (၁၃)


အက်ဝင် က မနေ့က ထူးထူးခြားခြား ကွန်းပလိန်းတက်တယ်။Mommy ,you love may lin lin very much တဲ့။ဘာဖြစ်လို့လဲဆိုတော့ မေလင်း ဓာတ်ပုံတွေ ပဲ ရိုက်လို့တဲ့။ဖေ့ဘုတ်ဖွင့်တော့လဲ  မေလင်းလင်း ပုံတင်ထားတာ တွေ့ တော့ ကွန်ပလိန်း တက်တယ်။သူ J ၀င် တတ်လာပြီတော့။

ကိုယ်ကတော့ ဟယ်သားလေးကလဲ မာမီက အတူတူ ချစ်တာပါပဲ။အမှန်ဆို မေလင်းလင်းက သွက်သလို အဖေ လုပ်သူကလဲ ပစား ပေးတော့ အမေလုပ်သူက ငါ့သားလေး အေးတယ်ဆိုပြီး ပိုတောင်ပိုသေး။
မေလင်းက အကို လုပ်သူ ကို ဘယ်လောက် ချစ်တယ် ဆို မဖော်ပြလို့ မသိပေမယ့် သူကတော့ ညီမလုပ်သူကို အတော် ချစ်တာ။

တစ်လောက အိမ်မှာ သူ့အဖေ မရှိတုန်း ရေခဲမုန့်စားကြကော စားနေရင်း သူတို့ကို ထိန်းတဲ့မမ က အရင်ကုန်တော့ အက်ဝင်က ရုတ်တရက် ထပြီး မမ အရင်ကုန်တယ် မမက first  winner ပဲတဲ့။အဲ့နောက် အမေလုပ်သူကုန်တော့ သူက မာမီက second winner ဟေ့တဲ့။ပြီးတော့ သူကုန်တော့ အက်ဝင် က third မေလင်းလင်းက ဆိုပြီး လှည့်အကြည့်မှာ သူ့ညီမ အကြောင်းရုတ်တရက် သတိရပြီး မေလင်းလင်း dont worry ...Daddy havent eat yet.Daddy is the looser ဆိုပြီး ဖြည့်ပြောတယ်။အမှန်တော့ သူ့ညီမကို looser ဆို ဟိုက ငိုမှာ ဆိုးလို့လေ။

အိမ်မှာ ကလေးတွေကို အိုင်ပတ် တို့ ဘာတို့ ၀ယ်မပေးထားဘူး။ကွန်ပြူတာကနေ youtube နဲ့ သူကြိုက်တဲ့ The Tube ကြည့်တယ်။ဟိုရက် school holiday မှာ သူ ကွန်ပြူတာ ကြည့်တာများတော့  မျက်လုံး မှိတ်တုတ် မှိတ်တုတ်လုပ်တယ်။အဲ့တော့ သူတို့ ဒယ်ဒီက ကွန်ပြူတာ အကြာကြီး  မကြည့်ရဘူးလို့ ပြောထားတယ်။ကြည့်နေတုန်း သူ့ဒယ်ဒီ ပြန်လာသံ ကြားရင် မေလင်းက ဒယ်ဒီလာနေပြီ လို့alert လုပ်တယ်။

အက်ဝင့်ကို အခု ကျောင်းကို မုန့်ဖိုး တစ်ကျပ်ခွဲ ထည့်ပေးတော့ နေ့တိုင်း အိမ်ပြန်ရောက်ရင် သားဒီနေ့ ဘာဝယ်စားလဲ အမြဲမေးတယ်။ဟိုတလောက သူက သူ့သယ်ငယ်ချင်းတစ်ယောက်က သူ့ဆီက ပိုက်ဆံ တောင်းတယ်တဲ့။သူမုန့်စားလို့ ပိုတဲ့ ပိုက်ဆံ ပေးလိုက်တယ် တဲ့။အမေ လုပ်သူက ဘာလို့ပေးရတာလဲ နောက်နေ့ မပေးရဘူး မှာလိုက်တယ်။နောက်နေ့ သူက မပေးဘူး ပြောတာ အတင်းတောင်းသတဲ့.ဒါနဲ့ အဲ့ ကျောင်းသူလေး အမေ ကို မက်ဆေ့ ပို့ပြီး ဖြစ်ပုံကို ပြောပြတော့ ကောင်မလေး အမေက သူ့သမီးကိုလဲ မေးတယ်။သူ့သမီးက borrow လုပ်တာပါတဲ့။သူ့အမေက သူ့သမီး ယူတဲ့ ပိုက်ဆံ နောက်နေ့ သူ့သမီးနဲ့ ပြန်ပေးမယ် ဆိုတော့ တို့ နေပါစေ မပေးပါနဲ့ လို့ပြောတာ မရဘူး။She must take responsibility for her action ဆိုပြီး ပြန်ပေးမယ်တဲ့။

ကဲဒါဆိုလဲ သားအက်ဝင် နောက်နေ့ သူပြန်ပေးရင်  ယူလာခဲ့နော် သေချာ မှာလိုက် တာ ကျောင်းက ပြန်လာတော့ ယူလာလားမေးတော့ ဟိုက ပေးတာကို It's okay..Never mind
ဆိုပြီး အားနာလို့ မယူလာဘူးတဲ့တော်။ဟိုကလေးမလေးက အလည်လေ။အေး မယူရင်လဲ တို့တွေ မုန့်အတူ ၀ယ်စားတာပေါ့ ဆိုပြီး မုန့်ဝယ်ပြီး သူ့ကို နဲနဲ ကျွေးသတဲ့။

ထည့်ပေးသမျှခဲတံ လှလှ ခဲဖျက် အကောင်း ဆို တစ်ခါမှ ပြန်ပါမလားဘူး။သူ့ အတန်းထဲက အလည်လေးတွေက သူတို့ နာမည်ရေးပြီး သူတို့ဟာ လုပ်ပလိုက်ကော။ရိုးရိုး ခဲတံ ခဲဖျက်(မလှတဲ့ ဟာ) ထည့်ပေးမှပဲ ပြသနာ အေးကော။

 P1 ဆိုပေမယ့် အားကစား တစ်ခုခု ယူရမယ်ဆိုတော့ သူ့ဒယ်ဒီ က table tennis ဆိုလို့ တင်းနစ်တာ စစချင်း ဘတ်တံ ပျောက်ပါရောလား။အဲ့နောက်ပိုင်း ဘတ်တံကော ပင်ပေါင်မှာပါ Permanent Marker နဲ့စ နာမည်ရေးရကော။ကိုယ့်ပစ္စည်းကို အာရုံမထား မှတ်မထားတာ။

သူ့ပစ္စည်း တစ်ခုခု ပျောက်တယ် ကျိုးတယ်ဆို ၇တယ်။အသစ်ဝယ်စရာမလိုဘူး ရတယ် မာမီ အဟောင်းတွေ သုံးလို့ရသေးတာပဲတဲ့။တစ်ခါက သူရဲ့ pupil's diary စာအုပ်ပျောက်လာတယ်။ အဲ့တာ ကျောင်းမှာပြန်ဝယ်တော့ တစ်နှစ်တစ်ခါပဲ ရောင်းတာတဲ့။

ကဲသား ဘယ်လို လုပ်မလဲ နောက်နေ့ ဆရာမ ပြောတာတွေ ဘာနဲ့ မှတ်မလဲ ဆိုတော့ ကိစ္စမရှိပါဘူး မာမီတဲ့ plain paper မှာ ရေးမယ်တဲ့။Date တွေ  Day တွေ သူ့ဘာသာရေးမယ်တဲ့။မှတ်ပလေ့စေ ဆိုပြီး ပစ်ထားလိုက်တယ်။အဲ့ စာရွက်လွတ်လေးမှာ မှတ်လာတယ်။ကျောင်းစ တက်တော့ school shoes ၂ စုံ ၀ယ်တယ်။အခု လက်ရှိတော်တဲ့ ဆိုဒ်ရယ်၊သူ့ထက် တစ်ဆိုဒ်ကြီးတာရယ် သူတို့ ခြေထောကတွေက ကြီးတာမြန်တယ်လေ။မိုရွာလို့ ရေစိုရင် အလဲအဖယ်ရအောင်။ဟိုတလောက ဖိနပ်က နောက်ပိတ်က ပြားနေပြီး သိပ်မကောင်းလို့ အသစ် စီးဖို့ ထုတ်ပေးတာ မစီးဘူး။မာမီ အဲ့ဒါ P2 ကျ ရင် စီးဖို့လေတဲ့။

အမှန်တော့ စလုံးမှာ ဖော်ရိန်နာ တစ်ယောက်အနေနဲ့ ကျောင်းတက်ရတာ သိပ်တော့မလွယ်ဘူး။အနိုင်ကျင့်
ချင်တဲ့သူတွေ ရှိတယ်။ကိုယ့်ကလေးက ပါးနပ်ပြီး smart ဖြစ်မှ။သိပ်တော့ မလွယ်ဘူး ကြိုးစားရတာပေါ့။


Sunday, November 1, 2015

၇ရှိသော သင်ခန်းစာ ထူးခြားသော တိုက်ဆိုင်မှု



အိမ်မှာ အက်ဝင်တို့က library ကနေ စာအုပ်တွေ ငှားတယ်။မေလင်းကတော CD ငှားတယ်။
ပုံမှန်ဆို Member တစ်ကဒ် ဆို CD အပါအ၀င် ၈ အုပ် ငှားလို့ရတယ်။school holiday ဆို 
တစ်ခါငှား စာအုပ်က ၁၂ အုပ် CD က ၈ ခွေ(ကိုယ့်ကဒ်ကို...အက်ဝင့်ကဒ်ကတော့ အဲ့လောက်မရ)  ပေးငှားတယ်။အဲ့တော့ ငှားလိုက်ပြန်အပ်လိုက်ပေါ့။ငှား စာအုပ်ငှားတဲ့ စက်မှာ စာအုပ်လေးတွေတင် ကိုယ့် ကဒ်လေးစကင်ဖတ် ပြီးရင်စက်ကနေ စာအုပ် ဘယ်နှစ်အုပ်
 CD ဘယ်နှစ်ခွေ နာမည် တွေနဲ့ list ထွက်လာ။reference အနေ နဲ့ အဲ့ဒါလေး သိမ်းရင်သိမ်း မသိမ်းချင်ရင်လဲ ငှားပြီးတာနဲ့ library ကနေ ပို့ပေးတဲ့ e mail ကို ပြန်အပ်ခါနီးဆို ကြည့်ပြီး CD ကတော့ ဘယ်နှစ်ခွေ စာအုပ်ကတော့ ဘယ်နှစ်အုပ်ဆိုပြီး စစ်ပြီးထည့် ပြီးရင် Libraryအရှေ့က Book Drop ကနေ စာအုပ်တွေကို ပစ်ချပြီး စာအုပ်တွေကို  return  လုပ်တယ်။

ပုံမှန် အဲ့လို return လုပ်ပြီး Library ထဲ ၀င် စာဖတ် ငှားမယ့်စာအုပ် ရွေး ဘာညာနဲ့ 
တစ်နာရီလောက်ဆို ကိုယ်ံရဲ့ မန်ဘာကဒ်ထဲက Borrow လုပ်ထားတဲံ list ဟာ clear ဖြစ်သွားပြီး အသစ်ပြန်ငှားလို့ရပြီ။အသစ်ပြန် မငှား ခင် အမြဲ စစ်တယ် အကုန် clear ဖြစ်လားလို့။တစ်ရက်တော့ ကဲစာအုပ် သွားအပ်မယ်ဟေ့ ဆိုပြီး စာအုပ်တွေစစ် စီဒီတွေ စစ် ပြီး အိတ်ထဲကို ထည့်တယ်
 အက်ဝင်တို့ကို ထိန်းတဲ့မမ ကလဲ ကူစစ်နေကြ။အားလုံးစစ် ပြီး အိတ်ကို အိမ်ရှေ့က ခုံပေါ် တင်ထား။ထွက်ခါ နီးတော့ ဆွဲထွက်။Library ရောက် စာအုပ်ကို drop လုပ် အထဲဝင် စာအုပ်ရွေး ဖတ်လုပ်တာ ၁ နာ၇ီ ခွဲလောက်ကြာ။

စာအုပ်ငှားဖို့ စက်ရှေ့ရောက်တော့ ငှားလို့ရတဲ့ စာအုပ်နဲ့ စီဒီ အရေတွက်မှာ စီဒီ ၁ ခွေ လျော့နေတော့။
ဟင် ဘယ်လိုဖြစ်တာလိမ့်ဆိုပြီး သွားစစ်တော့ My little pony ဆိုတဲ့ CD က clear မဖြစ်သေးဘူး။
အက်ဝင်တို့ မမ ကို လှည်ပြီး ဟေ့ ငါတို့ ထည့်လာ အဲ့ အခွေပါတယ်နော် ငါသေချာ အခွေ အထဲမှာ 
CD ပါမပါ တောင် စစ်ထားသေးတာ ဆိုတော့ သူက ဟုတ်တယ်အမ ညီမ စစ်တာလဲ ပါတယ်တဲ့။

ဒါနဲ့ ကောင်တာ ဆီ ချီတက်ပြီး ကောင်တာက ၀န်ထမ်းကို ငါတို့ book drop ကနေ့ လွန်ခဲ့တဲ့ ၁ နာရီလောက်က Drop လုပ်ထားတာ ဒီအခွေ တစ်ခွေ clear မဖြစ်သေးဘူး။ဘာလို့လဲပေါ့။
ကောင်တာက မိန်းမက နင် Return လုပ်ရင် Clear ဖြစ်မှာပေါ့ မလုပ်လို့ပေါ့တဲ့။
ကိုယ်ကလဲ ငါ သေချာထည့်လာပါတယ်။စာအုပ်တွေ Drop လုပ်တော့ ကလေး ၂ယောက် အပြိုင်အဆိုင်ထည့်တာဆိုတော့ သတိမထား မိဘူး။ဒါပေမယ့် အိမ်မှာ မထွက်ခင်ထည့်လာတာတော့ အသေချာပဲ။ကိုယ်က dropလုပ်တယ်ပြောတော့ သူက သူအထဲ ၀င်ကြည့်ပေးမယ်ပြောပြီး
 book  drop အခန်းထဲ ၀င်ရှာတယ် အထဲမှာ လုပ်နေတဲံ ၀န်ထမ်းတွေကို မေးတော့ မရှိဘူးတဲ့.
သူတို့လဲ မတွေ့ ဘူးတဲ့။ကိုယ်ကလဲ အပြင်းအထန်ထည့်ပါတယ် လုပ်ပြီး နောက်ထပ်ပြီး ငြင်းတော့ သူက အေး ငါ ထပ်ပြီး ကြည့်ပေးမယ်။မရှိတာသေချာရင်တော့ နင်တို့ ပျောက်တာပဲ ဆိုပြီး ထပ်ဝင်ရှာပြီး ထွက်လာတော့ အဲ့ my little pony အခွေကြီးကိုင်လို့ နင်တို့ အခွေက အခုလေးတင်မှ drop ကျလာတာတဲ့။တို့ကလဲ ဟယ်မဖြစ်နိုင်တာ ငါတို့ထည့်ထားတာ ကြာပြီလို့ပြန်ပြောလိုက်တယ်။
အဲံအချိန်မှာာအကိဝင်တို့မမ က တို့နားမှာ ကလေး ၂ယောက်က သိပ်မဝေးတဲံ နားက စာအုပ်စင်မှာ။

အဲ့ဝန်ထမ်းမိန်းမက ငါ နင့် ဒီအခွေကို clear လုပ်ပေးမယ်ဆိုပြီး လုပ်ပေးလိုက်တယ်။
ဒါနဲ့ ငါကွဘာရမလဲ ဆိုပြီး ပြန်လာတာ အိမ်ရောက် တံခါးဖွင့်ဝင်တော့ အိမ်ရှေ့က စောစောက အိတ်တင်တဲ့ ခုံပေါ်မှာ အဲ့အခွေကြီး က မိန့်မိန့်ကြီး ဟယ် မမရေ(အက်ဝင်တို့ကလေးထိန်း) ငါတို့အခွေက ဒီမှာကျန်ခဲ့တာတော့ထည့်ပြီးမှ မေလင်းလင်းပြန်ထုတ်ကြည့်ပြီး ပြန်မထည့်ပဲ ထားခဲ့တာနေမှာ ဆိုပြီး တအံ့တသြပြော။ဟယ် ဒါဆို ငါတို့ငြင်းနေတုန်း လာထည့်တဲ့ အခွေက သူများငှားတဲ့ အခွေတူဖြစ်မှာ ပြသနာပဲမြန်မြန် သွားပြန်ထည့်မှ ဆိုပြီး နောက်တစ်ခေါက် သွားထည့်ရတယ်။

အံ့သြမှု ၁- တိုက်တိုက်ဆိုင်ဆိုင် ငြင်းနေတုန်ါ် title တူ အခွေလာထည့်(အတော်တိုက်ဆိုင်တာ)
အံ့သြမှု ၂-အခွေတူ title တူတွေမှာ serial no တွေ ခွဲမထားဘူးလား။

ရရှိသော သင်ခန်းစာ >>>>၂ ခါ စစ်ပြီး မှ complain လုပ်ပါ။


Wednesday, July 15, 2015

ကလေးတွေ အကြောင်း ၁၂


ကလေးတွေ ဘယ်အချိန်မှာ အိမ်မက် စမက်တတ်တယ် အိမ်မက် မက်တာ သူတို့ ဘယ်လိုသိတယ်ဆိုတာ

သေချာမသိ မလေ့လာမိဘူး။ပြီးခဲ့တဲ့ လက သူတို့ အဖေ ခရီးသွား နေတုန်း တစ်မနက် အက်ဝင်ကပြော

လာတယ် မာမီ အက်ဝင် bad dream မက်တယ်တဲ့။ဒယ်ဒီနဲ့ သူနဲ့ အပြင်သွားတာ ဒယ်ဒီ က hole ထဲကျ

သွားလို့ဆိုပြီးလာပြောတော့ အော် အက်ဝင်တောင် အိမ်မက် မက်တတ်နေပြီတော့ လို့ စိတ်ထဲ မှာအမှတ်

ထင်ထင် မှတ်မိတယ်။

သူက ညဏ်ကောင်းတယ် စာကို တစ်ခေါက်လောက်မြင်ရင် မှတ်မိတော့ စာရေးပြီး လေ့ကျင့်ခန်းမလုပ်

ချင်ဘူး ပျင်းတယ်။တရုတ်စာ ဆိုလဲ မကျင့် ချင်ဘူး။အမေ လုပ်သူက အက်ဝင် စာကို သေချာလုပ်မယ်

အင်္ဂလိပ်စာကိုလည်း လက်ရေးလှလှ ရေးမယ်ဆို Samsung pad တစ်လုံး ၀ယ်ပေး မယ်လို့ ပြောထား

တယ်။အဲ့ဒါကို စွဲတယ်ထင်ပါရဲ့ ဒီနေ့ မာမီ အက်ဝင် ညက မာမီ အက်ဝင့်ဖို့ Samsung pad ၀ယ်လာတယ်

လို့ အိမ်မက် မက်တယ်တဲ့။လင်းလင်းကတော့ မမက်တတ်သေးလို့လား မသိ ဘာမှမပြောသေးဘူး။

Friday, July 3, 2015

ကလေးတွေ အကြောင်း ၁၁


အမေလုပ်သူ အိမ်ပြန်ရောက်တယ်  ဆို ဆီးပြီးပြောတယ် sorry mommy...sorry mummy နဲ့ပြောရင်

သိပေတော့ ရေးခိုင်းထားတဲ့ spelling မပြီးသေးလို့ ပဲ။အမေ ပြန်လာခါ နီးမှ စာအုပ်လေး ဆွဲ ခုံလေးဆွဲထိုင်

ရေးတော့ ဘယ်မှာ ပြီးမလဲ။မပြီးရင် ဆူမှာစိုးလို့ ကြိုပြီး ဆောရီး ပြောထားတာ။အိမ်မှာ ၂ယောက် ဆိုတော့ ၂

မျိုး။စားနေကျ အစာ မဟုတ်ပဲ အသစ်တစ်ခု စမ်းကျွေးရင် တစ်ယောက် က စပြီး မကြိုက် ဘူး ဆိုရင်

နောက် တစ်ယောက်က ကောင်းမှကောင်းပဲ။၏



အကိုလုပ်သူက အမေလုပ်သူ ရဲ့ဖုန်းကို ယူပြီး words search game ဆော့နေရင် မေလင်းလင်း မနာလိုဘူး။

ကိုကိုး လာဆော့မယ်လေ။မြန်မြန် လာနော် စောငိ့နေမယ်နော်။အကိုလုပိသူက တော်တော်နဲ့ မပြီးနိုင်သေး

ရင် ဘေးကနေ ခဏ ခဏ လာပြောနေရော။အကိုလုပ်သူက နားအေးပြီး ရောဆိုပြီး လိုက်မယ်လို့ ဆိုပြီးထ

ဖုန်းလေးကိုင်ပြီး လိုက်သွားရင် ဖုန်းပြန်သွားထား လိုက် ကိုကိုး။ဖုန်းနဲ့ ဆော့လို့မရဘူးဆိုပြီး သွားပြန်ထားခိုင်း

သေးတာ။အကို လုပ်သူက ကုပ်ကုပ်နဲ့ ထွက်လာပြီး ဖုန်းကို ခုံပေါ်ပြန်လာတင်တယ်။အမေလုပ်သူက

မေလင်းလင်းက ဆရာကြီး သားရဲ့ဆိုတော့ အက်ဝင်က ပြုံးစိစိ နဲ့ ဘာမှ မပြောရှာဘူး။ဒါ သူဆော့ချင်လို့။

အကိုလုပ်သူက ဆော့ချင် ပြီး သူက မဆော့ ချင်ဘူး ဆိုရင်တော့ ဘယ်လို ခေါ်ခေါ် မဆော့ဘူးပဲ။

အက်ဝင် က အခုနဲနဲ ကြီးလာတော့ ဆော့လာတယ်။အရင်လို သိပ်မငြိမ်တော့ဘူး။အက်ဝင်က အသံ

ကျယ်သလောက် မေလင်းလင်းက တစ်ခါတစ်လေ ဘာပြောနေမှန်းတောင် မကြားရဘူး။မိန်းကလေး

ပီသတယ် ပြောရမယ်။ဒါပေမယ့် ဒီလို မျောက်ကတော့ ဆော့တတ်တယ်။




သူတို့ ဒယ်ဒီက သူတို့ကို ဆူလေ့ မရှိတော့ သူတို့ ဒယ်ဒီ အသံနဲနဲမျြင့်ပြောရင် စိတ်ဆိုးနေတယ် ထင်ကြတယ်။

သူတို့ရှေ့မှာ လင်မယား ၂ ယောက် စကားအခြေတင်ဖြစ်ဖူးတယ်။အဲ့ဒါဆို သူတို့ကလေးတွေက အဖေလုပ်သူ

လွန်တယ်ပဲ ထင်ကြတယ်။တစ်ရက် သူ့အဖေ ခရီးသွားနေတုန်း ညဖက်ရောက်တော့ မေလင်းကရုတ်တရက်

Mommy, are you happy while daddy not around?အမေလုပ်သူက သူ့မေးခွန်းကို အတော်လေးအံ့အားသင့်ပြီး

why? လို့ပြန်မေးတော့ daddy cant scold you?တဲ့။


အက်ဝင်ကျတော့ တစ်မျိုး အဲ့လို အဖေ လုပ်သူ ခရီးသွားရင် အမေလုပ်သူကို အဖေလုပ်သူက အော်လို့ အမေ

လုပ်သူက အဝေးကို ပို့ ပလိုက်တယ်ထင်နေတာ။အက်ဝင်က အခု P1။မေက K1.



(ထမင်းစားချိန် ရုံးမှာ ရေးသည်။)



Saturday, May 16, 2015

ကလေးတွေ အကြောင်း ၁၀


အက်ဝင် ဒီနှစ် ကျောင်းကြီး စတတ်ရတယ်။အိမ်နားက ကျောင်းမှာရတယ်။ကျောင်းစတက်တက်ချင်း ပထမ တစ်လကတော့ အမေရော သားရော ပျာယာခပ် ပဲ။ဒီက ကျောင်းတွေရဲ့ ထုံးစံကို နားလည်အောင် လုပ်နေရလို့။ကျောင်းတက်တော့ ကျောင်းက မုန့်ဖိုး ထည့်ပေးရင် 1.50 dollar ပေး မထည့်ပေးရင် snack box ထည့်ပေးပေါ့။အမေလုပ်သူက မုန့်ဖိုး 1ကျပ်ခွဲ ကော snack box ကောထည့်ပေးတယ်။သူက ပေးတဲ့ မုန့်ဖိုးကို မသုံးဘူး။ထည့်ပေးတဲ့ မုန့်ပဲ စားတယ်။ပိုက်ဆံက အမြဲ ပြန်ပါလာတယ်။တစ်ရက်ကျတော့ သူပြန်ပါလာတဲ့ ပိုက်ဆံကိုစစ်တော့ 1 ပဲ ပြန်ပါလာတော့ ပြား50 ပျောက်နေရော။

သားမုန့်ဝယ်စားလားဆိုတော့ မစားဘူးတဲ့ သူ့သူငယ်ချင်း က မုန့်စားဖို့ ပိုက်ဆံပါမလာဘူးဆိုလို့   ပေးလိုက်တာတဲ့။သူ့ကို သူ့မိဘတွေက မုန့်ဖိုးပေးမှာပေါ့ ပါမလာဘူးလားမေးတော့
သူ့သူငယ်ချင်းက သူမှ မုန့်စားဖို့ ပိုက်ဆံမပေးရင် ငိုမယ်ဆိုလို့ သူက ငိုတော့ မငိုနဲ့ ပေးမယ်ဆိုပြီး
 ပေးလိုက်တာတဲ့။အမေလုပ်သူက ဒီနေ့ပေးတာတော့ ထားလိုက်တော့ နောက်နေ့တွေ
 တောင်းရင်မပေးနဲ့သူ့မိဘတွေလဲ သူ့ကို မုန့်ဖိုး ပေးမှာပဲ လို့ဆိတော့ သူက သူ့သူငယ်ချင်းငိုမယ်ဆို သူက ပေးရမှာပဲတဲ့။ဒါမှမဟုတ်ရင် မာမီ မုန့်ဖိုး ထည့်မပေးလိုက်နဲ့ တဲ့။အဲ့ဒါနဲ့ နောက်နေ့ကစပြီး မုန့်ဖိုးထည့်မပေးတော့ဘူး။

နောက်တစ်ပတ်နေတော့ ရေဘူး ပျောက်တယ်။တစ်လအကြာမှာ အဲ့ရေဘူး ပြန်ရတယ်။ဘယ်တော့မှ
 ကျောင်းသွားခါနီး ကိုယ့်လွယ်အိတ်မစစ်ဘူး။တစ်ခုခု ကျန်ခဲ့တာတို့ ဘာတို့ဆို အမေလုပ်သူပဲအပြစ်
တင်တယ်။မာမီ သူ့ကို ထည့်ပေးဖို့ မေ့တာဆိုပြီးတော့။ကံကောင်းတာ တစ်ခုက အပေါင်းသင်းတွေနဲ့
အဆင်ပြေတော့ ကျောင်းပျော်တယ်။

ဟိုတစ်လောက သူ့ကိုထည့်ပေးထားတဲ့ ခဲတံ လျော့နေလို့မေးတော့ သူ့ သယ်ငယ်ချင်းလိုချင်လို့ ပေးလိုက်
တယ်တဲ့။သူကဘာလို့ လိုချင်တာလဲ သား ခဲတံက လှလဲမလှပဲနဲ့ဆိုတော့။သူက မပေးရင် သူငယ်ချင်း မလုပ်ဘူး ဆိုလို့တဲ့။နောက်ကို မပေးရဘူးလို့ မှာထားတယ်။အခန်းထဲမှာ English Team leader တာဝန်
ယူထားတယ်ဆိုတော့ အတော်ကို အံ့သြနေတာသူ့ဟာသူတော့ အဆင်ပြေသားပဲ။

အက်ဝင်က စာအုပ်ကြီးသမား။စည်းကမ်းဆိုရင်လဲ အတိအကျ လိုက်နာသလို။သူ့နားက လူတွေကလဲ
သူ့အတိုင်းလိုက်နာမှ ကြိုက်တယ်။အမေလုပ်သူက သူ့ကိုစာသင်ပြီးရင် သူက အမေလုပ်တဲ့သူ သူ့ကို
သင်တဲ့အတိုင်း ပြန်မေးခွန်းထုတ်ပြီး ဖြေခိုင်းလေ့ရှိတယ်။အခုအချိန် ၇ နှစ် ပြည့်ခါနီးအထိ ဟန်ဆောင်ပြော
တာ၊မုသားပြောတာ မလုပ်တတ်သေးဘူး။ဥပမာ...ပစ္စည်းတစ်ခုခု ပျက်လို့ မေလင်း လုပ်တာလားလို့ မေးရင်
သူလုပ်တာပါလို့ အတင်းဝင်ပြီး သူ့ အပြစ်ကို ၀န်ခံတယ်။

အက်ဝင်ဟာ မကြုံတွေ့ရသေးတဲ့ အရာတွေကို ကြိုပူပန်တယ်။မြန်မာပြည်ပြန်မယ်ဆိုတော့ သူ မော်ကျွန်း
ရောက်ရင် ဟိုကလူတွေက သူ့စကား နားလည်ပါ့မလားတို့ ဘာတို့ပေါ့။ပြီးရင် မာမီ သူ အသက် ၁၀၀ ဆို ဘာဖြစ်မလဲ။မာမီကော အသက် ၁၀၀ ဆို ဘာဖြစ်မလဲ မေးပြီးပူတတ်တယ်။
အစားအသောက်နဲ့ပတ်သက်ရင်တော့ အချိုကြိုက်တယ်။မြန်မာကြံသကာ၊ထန်းလျှက် ကြိုက်တယ်။ စာအုပ်နဲ့
ပတ်သက်ရင် အပြင်းအထန်ဝါသနာပါတယ်။စာအုပ်ပဲဝယ်တယ်။ကစားစရာမ၀ယ်ဘူး။



 ဘာလိုလိုနဲ့ 1st June ဆို ၇ နှစ်ပြည့်ပြီ။


Thursday, May 14, 2015

ကလေးတွေအကြောင်း ၉

သားအမိ ၂ယောက် ကားဂိတ်မှာ ကားစောင့်ရင်း သူက စပြောတယ် Mommy why I cried when I start K1C?(သူ K1C စတတက်တုန်းက ငို တယ်)။အမေလုပ်သူက ဘာလို့လဲ မေးတော့  I dont like the friends from K 1C တဲ့။အခုကောလို့ မေးတော့ Now is better than before တဲ့။အရင်က မနက်ပိုင်း အတန်းတတ် တာကနေ အကို လုပ်သူ က afternoon school ဆိုတော့ သူ့ကို နေ့ခင်းပိုင်း အပြောင်းမှာ အပေါင်းအသင်း မတူလို ၁ ပတ်လောက် ငိုတော့ အံ့သြ လိုက်တာ ကျောင်းစတတ်တတ်ချင်း
တုန်းကတောင် ပထမဆုံးနေ့ အမေ လိုက်စရာမလို ပျော် မှပျော် ဆို သူ ကျောင်းမှာ မပျော်ဘူးဆိုတာ အတော် အံ့သြ နေတာ။နောက်ကျတော့လဲ နေမကောင်းလို့ ကျောင်း မတတ်ပါနဲ့ ဆိုတာတောင် ကျောင်း မသွားရလို့ ရစ်သေးတာ။




ကျောင်းရောက်ပြီဆိုတာနဲ့  စတွေ့တဲ့ သူငယ်ချင်းတွေနဲ့ ထွေလီကာလီပြောတော့တာပဲ။ အမေလုပ်သူကို အရမ်း ခင်တယ်။အဖေလုပ်သူကသူ့နားလာအိပ်ပါဆို မအိပ်ဘူး။ဒယ်ဒီက ဟောက်လို့တဲ့။မာမီနဲ့ပဲ အိပ်မယ်တဲ့။မာမီ က မဟောက်ဘူးလားဆိုတော့ မဟောက်ဘူးတဲ့။မဟောက်ဆို သူအိပ်ပြီးမှ အိပ်ရတော့ ဟောက်လဲ သူဘယ်သိမလဲ။

သူမအိပ် ခင် အမေလုပ်သူ မအိပ်ရဘူး မျက်စိမှိတ်လိုက်တာနဲ့ မာမီ အိပ်ပလား မအိပ်သေးနဲ့နော်ဆိုပြီး
လာနှိုးသေးတာ။အကို လုပ်သူက ဒါလုပ်ရင် သူကလဲ ထပ်တူနီးပါးလုပ်လိုက်ရမှ။အကိုလုပ်သူ ကွန်ပြူ
တာသုံးရင် အတိအကျမှတ်ထားတာ သူလဲ သုံးချင်လို့။ပုံဆွဲ တာကောင်းကောင်းဆွဲတတ်တယ်။သူ့ အရုပ်လေးတွေကို ထမင်းကျွေးတမ်းဆော့တယ်။အရုပ်လေးတွေထဲက အရုပ်တစ်ရုပ် မျက်လုံးကို
ဆော့တဲ့play dogh နဲ့ပိတ်ပြီး တူတူ ပုန်းတမ်းဆော့တယ်တဲ့။ဒီပြင့် အရုပ်တွေက ပုန်းပေါ့။ညအိပ်ခါနီးဆို
သူက စောင်တွေ ထုတ်တယ်။ဒါ သူ့တာဝန်ပဲ။စောင်ကိုသူက ဒီည ဘယ်သူကတော့ ဒီစောင် နဲ့ အိပ်ရမယ်ဆို ဘယ်စောင်နဲ့မှ အိပ်မယ်ဆိုတဲ့ အကို တောင်ဘာမှ မပြောသာဘူး။အိပ်ခန်းထဲ ၀င်ရင် သူ့
ရေဘူး ကို သယ်လာ သူ့ ခြေရင်းမှာ အတိအကျထားအိပ်တာ သောက်ချင်ရင် အဆင်သင့် သောက်ရအောင်
လေ။

ကြာဇံ အရမ်းကြိုက်တယ်။တရုတ်စာကြိုက်တယ်။အချဉ် နဲ့ အသီးတွေကြိုက်တယ်။ဘယ်အရာမဆို
 ကိုယ့်အားကိုယ်ကိုး သူ့ဘာလုပ်ချင်တယ်။မိန်းကလေးပီသတယ် အလှကြိုက်တယ်။
အသစ်အဆန်းလေးတွေကြိုက်တယ်။


အလကားနေ မာမီကို လင်းလင်းက ချစ်တယ်နော်ဆိုပြီး ခဏ ခဏ ပြော တတ်တဲ့ ကလေးလေး ဘာလိုလိုနဲ့ ၅ နှစ်ပြည့်ခဲ့ပြီ။



Saturday, August 23, 2014

ကိုယ်နဲ့ အသက်အာမခံ


ဟိုးလွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကပေါ့ အိမ်ရှေ့မှာ TV ကြည့်နေတုန်း GE က insurance  ရောင်းတဲ့

ကောင်လေးတွေ တံခါးလာခေါက်ပြီး insurance လာရောင်းတယ်။အမှန်ဆို အဲ့အချိန်က Insurance

ဆိုတာ လုံးဝ စိတ်မ၀င်စားဘူး ၀ယ်လဲဝယ်မထားဘူး။လာရောင်းတဲ့ထဲက ကောင်လေး တစ်ယောက်က

ရှင်းပြပေမယ့် စိတ်မ၀င်စားတော့ ဒီဘက်နားက၀င် ဟိုဘက်က ထွက်ပဲ။မ၀ယ်ဘူးလို့နေပေမယ့် အဲ့တုန်း

က အိမ်မှာ အိမ်ငှားနေတဲ့ အမ က မာမား ၀ယ်သင့်တယ်။ဝယ်လိုက်ပါလားဆိုပြီး တိုက်တွန်းလို့ မ၀ယ်

ချင်ဝယ်ချင်နဲ့ ကိုယ့်အတွက်ပဲ ၀ယ်ထားခဲ့တာ။မ၀ယ်ချင်တာကလဲ အိမ်ကလူ အလုပ်လုပ်တဲ့ company

က family insurance ရှိတော့ ၀ယ်ဖို့ မလိုဘူးထင်တာလဲပါတယ်။ကိုယ်ဝယ်ပြီး နောက် ၄ လလောက်ကြာ

တော့ အိမ်ကလူလဲ အဲ့ အလုပ်ကနေ ထွက်ဖြစ်မလားဆိုပြီး In-case ဆိုပြီး သူဖို့ နဲ့ ကလေး ၂ယောက်

ဖို့ ထပ်ဝယ်ခဲ့တယ်။ဝယ်ပြီးတော့လဲ ပြစ်ထားလိုက်တာပဲ တစ်ခါမှ Policy စာတွေ ရောက်လာရင် ကိုယ့်

Plan ဟာ ဘာပလန် ဘာတွေ အကြုံးဝင်တယ်ဆိုတာလဲ မဖတ်ပါဘူး ရှုပ်လွန်းလို့။insurance ဆိုတာ

အရမ်းရှုပ်တာကလား။အဲ့ ကိုယ်ဝယ်ထားတဲ့ insurance adviser က ခဏ ခဏ pizza hut တို့ ဘာတို့

အစားကူပွန်လေးတွေ ပို့သဗျဒအဲ့လိုဆို ရင်တော့ဝမ်းသာအားရ သွားစားလိုက်တာပဲ။ဒီလိုနဲ့ သူပို့တဲ့

policy ကို ချောင်ထိုးလိုက် ကူပွန်လေးတွေ သွားစားလိုက်နဲ့ ၃ နှစ်လောက်ရှိလာပါရော..ကြားထဲမျာ

အဲ့ကောင်လေးက သူ့ customer care အနေနဲ့ နှစ်ကူးမှာ အိမ်ကို လက်ဆောင်လာပေးတာတို့ ကိုယ်

ဝယ်ထားတဲ့ ပလန် မှာ upgrade ထပ်လုပ်တာတို့ဆိုရင် အိမ်က်ု လာရှင်းပြတယ်။သူ့ကို သဘောကျ

တာက follow up လုပ်တာရယ်  သူ တစ်ခြားပလန်တွေ ကိုယ်ဝယ်သင့်တယ်လို့၇ှင်းပြပေမယ့် ကိုယ်

မ၀ယ်ချင်ရင်လဲ အတင်း မရောင်းဘူး။


ဒီလိုနဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကိုယ့်ရဲ့ လျှာတွေ မှာ အနာတွေပေါက် အာတွေကွဲ နှုတ်ခမ်းတွေကွဲ

မစားနိုင် မသောက်နိုင်အထိဖြစ်ခဲ့တယ်။အစက အပူများလို့ဖြစ်တာ ထင်ပေမယ့် နောက်ပိုင်း ခဏ ခဏ

ဖြစ်လာတယ်။မျက်နှာ အရေခွံတွေကွာ နှုတ်ခမ်း ခရမ်းရောင်ပြောင်း လက်တွေ ထုံ ခေါင်းမှာ ယားနာ

တွေထွက် ဖြစ်လာရော...အိမ်နား ဆရာဝန်ဆီမှာ သွားပြတယ်...ခဏ ခဏဖြစ် တော့ အိမ်ကလူက

ဆရာဝန်ကို မေကြည့်ပါလား ဆိုလို့ ဆရာဝန်ကို ငါ ခဏ ခဏ ဖြစ်နေတာ ဘာဖြစ်လို့လဲ အထူးကုနဲ့ပြစရာ

လိုလားဆိုတော့ မလိုဘူးတဲ့။ဒါနဲ့ တစ်ရက် အလုပ်က ပြန်လာတော့ ကိုယ်ပူ လည်ပင်းမှာ အကျိတ်ထွက်

လျှာတွေ အာတွေကလဲ ကွဲနေဆဲဆိုတော့ အရင်သွားနေကျဆေးခန်းကို မသွားပဲ နောက် ဆရာဝန်မ

တစ်ယောက်ထဲ သီးသန့် ထိုင်တဲ့ ဆေးခန်းကို ပြောင်းပြတယ်။အဲ့ဆေးခန်းကိုလဲ ၂ ပတ်တစ်ခါ လောက်

သွားရတယ်။သွားပြလိုက် ဆေးသောက်လိုက် ပျောက်လိုက် ပြန်ဖြစ်လိုက် ချာလည်လည်ဖြစ်နေတော့

နောက်ဆုံး ဆရာမ က နင် အခုလို ခဏ ခဏ ဖြစ်နေတာ မကောင်းဘူး အထူးကုနဲ့ သွားပြသင့်တယ်

လို့ပြောတယ်။ကိုယ်က ပီအာဆိုတော့ ၂လမ်းရှိတယ် poly ကနေသွားမလား private နဲ့ သွားမလားပေါ့။

poly ကနေဆို သက်သာတယ် private ဆိုဈေးကြီးတယ်ပေါ့။ဒါနဲ့ အိမ်ကလူကိုမေးကြည့်တော့ private

နဲ့ပဲ သွားတဲ့ poly ဆိုကြာတယ်တဲ့။


ဒါနဲ့ ဆရာမရေးပေးတဲ့ refer letter လေးကိုင်ပြီး သူညွှန်းတဲ့ အထူးကုဆီကို ချီတတ်ခဲ့တယ်။အထူးကုဆီ

ရောက်တော့ နား၊နှာခေါင်း၊လည်ချောင်း ကို scope ကြည့်တယ် မျက်နှာကို CT scan ရိုက်တယ်။ပြီးတော့

ရောဂွ အကြောင်းရှင်းပြတယ် ဆေး ၂ပတ်စာပေးတယ် ပြန်ချိန်းတယ်။၉၀၀ ကျော်ကျတယ်။ပိုက်ဆံပေး

တော့ မေးတယ် insurance ရှိလားတဲ့။ကိုယ်လဲ ၀ယ်တော့ ၀ယ်ထားတယ် ဒါ အကျုံးဝင် မ၀င်ဆိုတာ

မသိဘူး တို့ဝယ်ထားတာ hospitalization ပဲထင်တယ်ပြောတော့ သူတို့က ဘာပဲဖြစ်ဖြစ် insurance

form ဖြည့်ခဲ့ဆိုတော့ ဖြည့်ခဲ့တာပေါ့။စိတ်ထဲမတော့ ရမယ်မထင်ဘူး။ကိုယ်ပြတာလဲ private ဆေးခန်း။

ကြုံတုန်း ဒီက အထူးကုတွေများ လူနာကို ဘယ်လောက် careလုပ်လဲ လူနာ တစ်ယောက်ကို မီးနစ် ၃၀

ကနေ ၄၅ အထိ သေချာစစ်ဆေး ရှင်းပြ အရေးတယူပဲ။သူ့မှာ လူနာတွေ အများကြီးနေိာ။စမ်းသပ်ခက

First time က ၁၃၀...follow up ဆို ၉၀။၉၀၀ ကျော်ကျတာက scope,CT scan နဲ့ ဆေးဖိုးများတာ။

သူဆေးပေးထားတဲ့ ၂ ပတ်အတွင်းမှာ ဆေးသောက်နေရင်း ရောဂါ ကပိုဆိုးလာတယ် အကျိတ်တွေက

ထွက်လာတာ မပျောက်၊လျှာက ဘာအရသာမှကို မရတော့ပဲ အာခေါင်မှာလဲ အဖုတွေ ထပ်ထွက်

အတော်ကို ဆိုးတာလား။

ချိန်ထားတဲ့ ၂ ပတ်ပြည့် ပြန်သွားပြတော့ ဆရာဝန်က ကိုယ့် အခြေနေကိုကြည့်ပြီး ဟာ နင်အခြေနေ

အတော်ဆိုးလာတာပဲ အကျိတ်တွေ အဲ့လို အကြာကြီး ထွက်နေတာ ငါမကြိုက်ဘူး။နင် insurance ရှိလား

ဆေးရုံတတ်လိုက်ပါ။ဆေးရုံတတ်လိုက် ငါ ၂ရက် ဆေးရုံမှာ treatment ပေးကြည့်မယ် မသက်သာရင်

ရက်ထပ်တိုးရမယ် နင့်အမျိုးသား ဖုံးနံပါတ်ပေး ငါဖုံးဆက်မယ်ဆိုပြီး အိမ်ကလူကို ဖုံးဆက်ပြီး ရောဂါ

အခြေနေက ဘယ်လို ဘယ်လို ပေါ့ ဆေရုံ တတ်သင့်တယ်ပေါ့ပြောတယ်။ပြီးတော့ insurance ကို

ဖုံးခေါ် ခိုင်းတယ် Mount Elizabeth Novena မှာ single room တတ်လို့ရလားမေးခိုင်းတာနဲ့ အဲ့

ကောင်လေး Randy ကို ဖုံးခေါ်တော့ ရတယ်ဆိုတာနဲ့ ဆေးခန်းက ဆေးရုံကို booking လုပ်ပေးတယ်။

ဒီဆရာဝန်ကပဲ သူရဲ့ inpatient အနေနဲ့ ဆက်ကုမှာဆိုတော့ private မှာပဲ တတ်ရတာပေါ့။အိမ်ကလူ

ကလဲ ပိုက်ဆံကို ပူမနေနဲ့ ဒီ insurance က cover မဖြစ်လဲ သူ့ကုမ္မဏီက family insurance ရှိသေးတယ်

ဘာမှ cover မဖြစ်လဲ ဖြစ်လာပြီ ဆိုမှ ကုရမှာပေါ့။တော်သေးတာက ကိုယ်တို့မှာ ကလေး ၂ယောက်ရှိ

တော့ တစ်ခုခု ဆိုရင် ဆိုပြီး saving money လေးထားထားလို့ပဲ။


ဆက်ပြောရရင် ဆေးခန်းမှာ ဆရာဝန်က ကိုယ့်အကျိတ်ကနေ တစ်သျှူးစထုတ်ချင်တယ်ဆိုလို့ ထိုင်စောင့်

ရသေးတယ် အိမ်ကလူက ၅ နာရီမှ သဘောင်္ကျင်းကထွက်လို့ရမှာမလို့ ချက်ချင်း မလာနိုင်ပါဘူး။အဲ့အချိန်

မှာပဲ insurance ကောင်လေး randyက ဖုံးဆက်ပြီးရောက်ချလာပါတယ်။မင်းမင်း မရောက်သေးဘူးလား

မင်းမင်း လာတဲ့အထိ စောင့်ပေးမယ်ဆိုပြီး ဆေးခန်းမှာ တစ်သျှူ စထုတ်အပြီး ဆေးရုံသွားတဲ့အထိ

အိမ်ကလူ မလာသေးလို့ ဆေးရုံကိုလိုက်ပို့ အိမ်ကလူနဲ့ ဆေးရုံမှာတွေ admission အထိ လိုက်ပို့ပြီး

မှ ပြန်သွားတာ။

 Mount Elizabeth Novena ကဟော်တယ်ကြီး အတိုင်းပဲ ဈေးကလဲ အော်နေတာ။တစ်နေ့ကို ရိုးရိုး

လူနာဆို single  room ဆို အခန်းခနဲ့ ပြုစုခက SGD 2782 (ဆရာဝန်ခမပါ ဆေးဖိုးမပါ)။admission

ရောက်တော့ deposit တစ်ရက်စာပေးရတယ်။GE ကနေ insurance ၀ယ်ထားတာဆိုတော့ အဲ့ဖောင်

မှာ လက်မှတ်ထိုး medi save အတွက် လက်မှတ်ထိုး။officer က insurance claim ပြီးလို့ ပိုက်ဆံ

ပြန်ပေးရင် အကောင့်ထဲကို လွှဲပေးဖို့ bank account တောင်းတော့ ရီရတယ် လင်မယား ၂ယောက်စလုံး

ကိုယ့် bank account နံပါတ်တွေ အလွတ်မရဘူး။ဒါနဲ့ ချက် နဲ့ပဲ ယူမယ်လို့ပြောလိုက်ရတယ်။
  

အခန်းရ တော့ သူတို့လာခေါ်လိုက်သွား ဟိုရောက်တော့ ရှုးပေါက်ချင်လို့ အိမ်သာဝင်တော့ ကိုယ့်မှာ

အိမ်သာ ပါကင် အရင်ဖြည်ရသေးတယ်...


ဆေးရုံ စ၀င်တော့ ည ၈ နာရီလောက်ပေါ့။အဲ့ည တော့ ကိုယ့်အထူးကု ဆရာဝန်မလာတော့ဘူးထင်နေ

တာ(သူနဲ့ဆေးခန်းမှာ တွေ့ပြီးပီလေ) ည ၁ နာရိလောက်ကြီးရောက်ချလာပါလေရော။သူက တစ်ဆင့်

ထပ်လွှဲထားတဲ့ ID အထူးကု ဆရာဝန်လဲလာတယ်။သူတို့ ၂ယောက်  ပူးပေါင်း အဖြေရှာမယ်ပေါ့။

ဘာကြောင့် ဒီရောဂါ ဒီလိုတွေ ဖြစ်ရတယ်ဆိုတာ..ကိုယ့် နား နှာခေါင်းလည်ချောင်း အထူးကုကတော့

သူနဲ့ ဆိုတဲ့ လည်ပင်းအကျိတ်ကို အဓိက ..ဟို ID ဆရာဝန်က Infectious Disease  အဓိက....

လက်ကနေ ဆေးသွင်း ပြီး အကျိတ်ရောင်တာကို ၃ ရက်လောက် ချတယ် အကျိတ်က အရောင်မကျ

ဘူး။ကြားထဲမှာသွေး ၁၂ မျိုး စစ်တယ် ဆီးစစ်တယ်။အကျိတ်အရောင် မကျတော့ ဆရာဝန်က စိုးရိမ်

ပြီး neck,abdomen ကို CT scan ၇ိုက်တော့ အကျိတ်တွေဟာ ကြီးတဲ့ အတွက် ခွဲထုတ်ပြီး biosy 

လုပ်သင့်တယ်လို့ အဖြေထွက်တယ်။အကျိတ်ကင်ဆာ ကို စိုးရိမ်ရတယ်ပေါ့။lymphoma ဖြစ်မှာ

စိုးရိမ်းတယ် ခွဲစစ်လိုက်တော အကောင်းဆုံးပဲ ဆိုတော့လည်း ခွဲပေါ့လည်းပင်း အကျိတ်လေးခွဲ

တာ ခဏလေး ဘယ်လောက်မှ မကြာဘူးပြောကြတာ...၈ နာရီ ခွဲခန်းထဲဝင် မေ့ဆေးပေး ၁၀နာရီခွဲ

Recover room ရောက် အခန်းထဲ ၁၁ နာရီမှ ပြန်ရောက်တယ်။recover room မှာကိုယ်သတိရတဲ့အထိ

ကိုယ့် နား နှာခေါင်းလည်ချောင်း အထူးကု(Dr Tan)ကိုယ်နားမှာ ရှိနေတုန်းပဲ။ကိုယ်သတိရမှပြန်သွားတာ။


အဲ့ဆေးရုံမှာနေတုန်း deposit လေး ပဲယူထားပြီး operation လုပ်တော့လဲ ပိုက်ဆံ ထပ်လာမတောင်းတော့

လင်မယား ၂ယောက် သို့လော သို့လောလဲ ဘယ်လောက် ကျလဲ မသိ insurance ကလဲ ဘယ်တော့မှပြန်

ရမယ်မသိ ဆေးရုံတတ်တာကလဲ ၄ ရက်လောက်ရှိပြီ ဆရာဝန်က ၂ရက်ပဲ တတ်ရမယ် estimate

၁၀၀၀၀ လောက် ကျမယ်ထင်တာ ၄ ရက်ဆိုတော့ ၂ သောင်းလောက်တော့ ကျမှာပေါ့ဆိုပြီး ပေးစရာ

credit card ကလဲ တစ်ကဒ်ထဲဆိုတော့ ၂သောင်းကို ပေးလို့ရမှာ မဟုတ်..ဆိုတော့ အိမ်ကလူက နေ့တိုင်း

ATM ကနေ ပိုက်ဆံ Limit ရသလောက်ထုတ် ဆေရုံက မီးခံ သေတ္တာထဲထည့်။မီးခံ သေတ္တာထဲထည့်တော့

ပြောရသေးတယ် စာရေးဆရာမနုနုရည်အင်းဝ ဘန်ကောက် ဟိုတယ်မှာ မီးခံသေတ္တာာထဲ ပိုက်ဆံ ထည့်သ

လိုဖြစ်နေအုံးမယ်လို့။ Net ကလဲ ၂၀၀၀ ပဲဖြတ်လို့ရတယ်တဲ့။


သွေးစစ်တဲ့ တစ်ချို့အဖြေတွေ မရသေးလို့ Dr Tan က နောက် ထပ် ၃ရက်လောက်နေစေချင်သေးပေမယ့်

မနေနိုင်တော့လို့ ၅ ရက်မြောက်မှာ ဆင်းချင်တယ် ဆရာ့ ဆေးခန်းမှာ လာတွေ့ပါမယ်ပြောတော့ ပေးဆင်း

တယ်။ အဲ့ အချိန်မှာ ရောဂါ ရဲ့ ၈၀ % လောက်သိရပါပြီ အကျိတ်ကို ကင်ဆာလား တီဘီလား စစ်ထားတာ

မသိရသေးတာက လွဲလို့ပေါ့။ဆေးရုံတတ်နေတုန်း randy လာတော့ ကိုယ့် insurance plan က

SGD 600,000 ထိ cover ဖြစ်ကြောင်း လာတွေ့ရင်းပြောပါတယ်။အိမ်ကလူ ရုံးက GM ကလဲ လာ

တွေ့ပြီး ကုပ္ပဏီ HR ကို ပြောထားကြောင်း Insurance claim ဖို့ စာရွက် စာတမ်းတွေ ယူလာပေးတယ်။

ဒါပေမယ့် randy က သူ့ GE ကနေ အရင် claim တာ မြန်ကြောင်း company ဖက်ကနေဆို နှေးမယ်

ဆိုလို့ company insurance ကို လစ်လျှူ ရှုလိုက်တယ်။randy ပြောတာကတော့ သူ့ GE က နောက်မှ

company insurance ဖက်ကို ပြန် claim မယ်...အဲ့အခါ ကျရင် ကိုယ်တို့ကို GE က gift voucher

ပေးမယ့် အပြင် ကိုယ့် Premium လဲ မရော့ တော့ ဘူးပေါ့တဲ့။


ဒါနဲ့ ဆေးရုံကဆင်းတော့ လင်မယား ၂ယောက် ပိုက်ဆံ ထုတ် ပိုက်ပြီး ရင်တထိတ်ထိတ် နဲ့ကောင်တာကို

ချီတတ် ခဲ့တယ်။အိမ်ကလူက ငါတို့ရဲ့ cash ကို လက်ခံပါ့မလားမသိဘူး.ထုတ်ထားတာလဲ ၅၀ တန်တွေ

ချည်းပဲ......ကောင်တာရောက်တော့ Insurance က SGD 10000 ကိုယ့်အတွက် တစ်သောင်း deposit

တင်ထားတယ်တဲ့ အောက်မှာကြည့်

 ကိုယ်က လောလောဆယ် 14391.37 ပေးရတယ်..ကိုယ့် medisave ကနေ 2801.72 ဖြတ်တယ်။

cash 11589.65 ထပ်ပေးရမှာ deposit 2782 ပေးထားတော့8807.65 ထပ်ပေးရတယ်။အောင်မလေး

ပျော်လိုက်တာ ကိုယ့်မှာ ၂ သောင်းကျော်လောက်ပေးရမယ်ထင်တာ....၃ ရက်နေ့ ဆေးရုံဆင်းတာ အဲ့

ပေးထားတဲ့ 11589.65 ဟာ ၁၅ ရက်နေ့မှာ ချက်နဲ့ အကုန်ပြန်ရတယ်။medisave ကိုလဲ top-upပြန်ထည့်

ပေးတယ်။




အဲ့ ချက်မတိုင်ခင် အရင်ပြထာတဲ့ ၉၀၀ ကျော်လဲ ချက်နဲ့ပဲပြန်ရတယ်။ဆေးရုံက ဆင်းပြီး ၂ရက်နေတော့

Dr Tan နဲ့ရော ID doctor နဲ့ရော appointment ရှိတော့ သွားရတယ်။ID doctor နဲ့ အရင်တွေ့ရတယ်

သူ့ဆီရောက်တော့ သွေးအဖြေတွေက အကုန်ရနေပြီး ဘာရောဂါလဲ ဆိုတော့ အတိအကျ သိနေပြီ

ID doctor က ရောဂါကို သေချာနားမလည်မှာစိုးလို့ သူ့အသိမြန်မာ ဆရာဝန် တစ်ယောက်ကို ဖုံခေါ်

ပေးပြီး ရှင်းပြတယ်။နောက်ပြီး သူနဲ့မဆိုင်တော့လို့ ကိုယ် ပြရမယ့် နောက် ဆရာဝန်ကို Dr Tan ဆီဖုံးဆက်

ပြီး ဘယ်သူနဲ့ လွဲပေးရင် ကောင်းမယ်ဆိုတာ တိုင်ပင်ပြီး လွဲစာရေးပေးတယ်..သေသေချာချာကို လုပ်

ပေးတာ။နောက်လွဲတဲ့ ဆရာဝန်ကိုလဲ သူတို့ပဲ appointment ယူပေးတယ်။၉၀ပေးရတယ်။


အဲ့ဒါနဲ့ Dr Tan နဲ့က ညနေမှ ပြရမှာဆိုတော့ ကိုယ့်ရောဂါကို အဓိက ကုမယ့် ဆရာဝန်မဆီကိုအရင်သွား

ပြရတယ်။သွေးထပ်စစ်တယ်  ဆေး ၃ ပတ်စာ ပေးတယ်။1330 ကျတယ်။


ညနေကျတော့ Dr Tan နဲ့ သူခွဲထားတဲ့ လည်ပင်းက အနာ ကိုကြည့်တယ်။Result ကိုေ၊ပြာတယ်။ကင်ဆာ

မဟုတ်ဘူး။ကင်ဆာ မဟုတ်ပေမယ့် happy လုပ်လို့မရတဲ့ရောဂါ long treatment လုပ်ရမယ့်ရောဂါတဲ့။

ဒါဘာဆေး ဘာဆေး တွေ သောက်ရမယ်။အခုကိုင်မယ့် ဆရာဝန်မက ဘာဆေးတွေ ပေးထားလဲ မေး

လို့ ဟိုဆရာဝန်မပေးတဲ့ ဆေးတွေကို ပြ ဆေးဖိုးပါတဲ့ ဘောက်ချာ စာရွက်လေးပါ ပြလိုက်တောု 1330

ဆိုတာကို သူမြင်သွားတယ်။Dr Tan က ဟင် 1330 ကျ တာ နင်တို့ အဲ့ဆရာမက insuranceဘာမှ

မလုပ်ပေးဘူးလား နင်တို့ plan က outpatient အနေနဲ့ Claim လို့ရလား ဒီလို 1000 ကျော်ဆို မနက်

ဆေးရုံလာ ညနေ ဆေးယူပြန်ဆင်းပြီး insurance  claim လို့ရတဲ့ဟာမျိုး။ကိုယ်တို့လည်း Outpatient

claim လို့ ရမရ မသေချာလို့ ဆရာမကို ဘာမှ မပြောခဲ့ကြောင်း ကိုယ့် Insurance အကြောင်းလဲ သေချာ

မသိကြောင်း ပြောတော့...နင်တို့ကို ငါ အကူအညီပေးလို့ရမလားတဲ့။ဟာ ရတယ် ပေးပါ ပေးပါ ဆိုပြီး

လင်မယား၂ယောက် တက်ညီ လက်ညီ ပြန်ဖြေတာပေါ့။ဒါဆို ငါ ID doctor ကို ဖုံးဆက်ပေးမယ်

ဒီဆရာဝန်မက သူ့အသိ ဆိုပြီး ID doctor ကို ကိုယ့်ရှေ့မှပဲ ဟေ့ ဒီလူနာက long treatmentနဲ့ သွားရ

မယ့်လူနာ  1300 ကျာ်ဆိုတာ သူတို့အတွက် too muchဖြစ်တယ် နင့်ဆရာဝန်မ ကို မေးပေး သူတို့

outpatient အနေနဲ့ insurance claim လို့မရရင် ဘာလုပ်ပေးနိုင်မလဲလို့ ဒိနေ့ညနေ မတိုင်ခင် ပြန်ခေါ်

ဆိုပြီး ဖုံးဆက်ပေးတယ်။ကိုယ်တွေမှာ သူ့ကို ကျေးဇူး တင်လိုက်တာ။မြန်မာပြည်က ဆရာဝန်တွေနဲ့ကွာ

တာ အဲ့ဒါပဲ ရောဂါတင် မဟုတ်ဘူး ငွေရေးကြေးရေးပါ အကုန် လိုက်ကြည့်ပေးတယ်။ကျေးဇူးတင်လိုက်

တာဆရာရယ် ဆိုတော့။ဒါ သူ့ဖက်က သူ့လူနာကို ကူညီ နိုင်သလောက် အစွမ်းကုန် ကူညီတာပါပဲတဲ့။

သူကူညီနိုင်တာ ဒါပဲ ရှိတာပါတဲ့။



သူ့ဆီက ပြန်လာတော့ လမ်းမှာ ကိုယ့်ရောဂါ ကိုင်တဲ့ ဆရာမဆီက ဖုံးဝင်လာပြန်ရော သူက Dr Tan

ကပြောလို့ insurance မလုပ်ပေးလိုက်ဘူးဆိုလို့။ကိုယ်တွေက insurance အကြောင်း ဘာမှ မပြောတော့

သူက outpatient အနေနဲ့ claim လို့ ရမယ်ထင်လို့ပါ။Insurance ကို  မေးကြည့်ပါ တစ်ချို့ ပလန်တွေက

ဆေးရုံက ဆင်းပြီး ရက် ၁၂၀ ကို follow up treatments တွေ claim လို့ရတယ်။တစ်ချို့ကတော့မရဘူး။

တကယ်လို့ မရခဲ့ရင် သူ့ကို ဖုံးပြန်ခေါ် သူ Inpatient အနေနဲ့ claim ပေးလို့ရတယ်တဲ့ တောင်းတောင်း

ပန်ပန်ပြောရှာတယ်။ကိုယ်လဲ ဟာ ဆရာမ ကျေးဇူး ပါပဲပေါ့ claim လို့မရလဲ ပြသနာ မရှိဘူပေါ့..Dr Tan

က ငါ့ရောဂါ က long treatment ဆိုတော့ သူက စိုးရိမ်လို့ပါ ပြန်ပြောရတာပေါ့။


ဒါနဲ့ randy ကို ဖုံးခေါ်တော့ ကိုယ့် ပလန်က ဆေရုံ မတတ်ခင် ရက် ၁၂၀ နဲ့  တတ်ပြီး ရက် ၁၂၀ အတွင်း

ဘယ်ဆေးခန်းသွားသွား covered ဖြစ်တယ်တဲ့။ဟယ် အဲ့ဒါဆို ငါ ဆယ် ဆေးခန်းမှာ မှ insurance form

မဖြည့်ခဲ့ဘူး ဘယ်လို Claim ရမလဲ ဆိုတော့ မပူနဲ့ receipt  တွေ အကုန်သိမ်းထား သူလာယူမယ်ဆိုပြီး

နောက်နေ့လာယူသွားလေ၇ဲ့။သူလာမှ ကိုယ့်ပလန်ကို သေချာမေးရတယ်။တစ်နှစ်အတွင်း ဆေါ်ရုံ တတ်

ချင်သလောက် တက် ၆ သိန်း မပြည့်မချင်း claim လို့ရတယ်။follow up ကတော့ ရက် ၁၂၀ ကျော်ရင်

ကိုယ့်ဘာသာပေးရတော့မယ်။ဒါပေမယ့် များရင် ဆရာမက inpatient အနေနဲ့ လုပ်ပေးမယ်တဲ့။

တော်သေးတာပေါ့ insurance ၀ယ်ထားမိလို့။ဝယ်သာဝယ်တာ ဘာမှန်းမသိ ညာမှန်းမသိ အခုဖြစ်မှ

သေချာသိ...၀ယ်ထားတာ premium P Plus တဲ့... 

လူကြီး Medisave 354+Cash 448
ကလေး medisave207+Cash384

ပေးရတယ်...အခုမှပြန်ကြည့်မိတာ....


Saturday, July 26, 2014

မြန်မာအတန်း သူငယ်တန်း..


ပြီးခဲ့တဲ့ ဇွန်လ လယ်တုန်းက သူငယ်ချင်း ကဖုံးဆက်တယ် မြန်မာသံရုံးမှာ မြန်မာကျောင်း အအပ်ခံနေပြီ

အပ်မလားတဲ့။သူ့သမီးလေးနဲ့ အက်ဝင် နဲ့ကရွယ်တူဆိုတော့ အတူတူ အပ်ရအောင်ပေါ့။ဒါနဲ့ သူ့ပါပါး

ကိုမေးတော့ အေးလေ ပိုပိုလိုလို အပ်ထားတာပေါ့ ဆိုပြီး သွားအပ်တယ်။အားပါးပါး လူတွေမှ အများကြီး

၉ နာရီလောက်က တန်းစီတာ ၁ နာရီလောက်မှ ပြီးတယ်။မေလင်းလင်း ဆို ပြန်မယ်ချည်းပြောနေတာ။

အရင်တုန်းက အခွန်ဆောင်ရင် တန်းစီသလိုပဲ။ ဇွန် ၁ မှာ ၅ နှစ်ပြည့်တဲ့ ကလေးတွေ အပ်လို့ရတယ်။

နောက်ကို ၂ ပတ်ပဲ နောက်ကျတာ လက်ခံတယ်။ဥပမာ ဇွန်၁၅ ရက်မွေးတဲ့ ကလေးအထိပဲ လက်ခံတယ်။

july မှ ၅ နှစ် ပြည့် ဆို မရဘူး။အမှန်က အက်ဝင် က ၆ နှစ် ပြည့်နေပြီ မြန်မာမှာဆို ပထမတန်းပေါ့။

ဒါပေမယ့် မနှစ်က သူငယ်တန်း မအပ်မိတော့ သူငယ်တန်းအောင်လက်မှတ်က မရှိဘူး။အဲ့တော့ကာ

သူငယ်တန်းပဲအပ်ခဲ့ရတယ်။မအပ်ခင်မှာ အတော်လေး အလုပ်ရှုပ်သွားတယ်။အရင်အပ်တဲ့သူတွေက

reregistration fees  USD 50 ကို သံရုံးက ၅၀ တန်မှ လက်ခံတ်ာတဲ့။၂၀ တန် ၂ရွက်နဲ့  ၁၀တန်

၁ ရွက် မရဘူးတဲ့။ဒါနဲ့ မသွားခင် ၅၀ တန် ရှာဖွေရေးလုပ်လိုက်တာ choa chu kang တစ်ခွင်money

changerွှကုန် ကုန် ဘယ်မှာ မှ မရဘူး။နောက်ဆုံးတော့ အေးလေ အခု တိုးတက်နေပြီဆိုတော့

အရင်လို အဲ့လို မရစ်လောက်တော့ပါဘု ဆိုပြီး ၂၀ တန် ၂ရွက် ၁၀ တန် ၁ရွက်လေးကိုင် ရင်တမမ

နဲ့သွားရတာပေါ့။ဟိုရောက်တော့ ရှေ့ကလူတွေ မေးကြည့်တော့ ပြောင်းသွားပြီးတဲ့။နက်မောက်လမ်းမှာ

စုံစမ်း(မြန်မာပြည်ဖက်က) စာရင်း ထွက်မှ METB မှငွေသွင်းတဲ့(ပိုပြီး ရှုပ်လေသည်)




ရန်ကုန်မှာလူမရှိတဲ့ တို့တွေအတွက်တော့ မလွယ်ဘူး။အဲ့အတွက် သယ်ငယ်ချင်းကိုပဲ အကူအညီတောင်း

ရတယ်။july လကုန်မှ သွားစုံစမ်းရမယ်ဆိုလို့ သယ်ရင်း အဖေ သွားစုံစမ်းတော့ နာမည်တွေတော့ရောက်

နေပြီ စာမထုတ်ပေးဘူး။နောက် တစ်ပတ်လောက်ကြာမှ MFTB မှာ ငွေသွားသွင်းပါတဲ့။အဓိက ဒီကျောင်း

အပ်တာကလဲ စာမေးပွဲပဲဖြေရတာပါ စာတွေက ကွကိုယ်သင်ရတာ။ဘာပဲဖြစ်ဖြစ် ထားလိုက်ရင် သူ့ကို

မြန်မာစာ ပိုသင်ဖြစ်တယ် ဆိုပြီးထားလိုက်တာပဲ။မြန်မာဆိုတော့ မြန်မာစာ အရေးအတ်တော့ ကောင်း

ကောင်းတတ်ရမှာပေါ့။ဘာသာ စကား တစ်ခုကို အရေးအဖတ် ပိုတတ်ထားတာ မမှားဘူးပေါ့။ပြောတာက

တတ်ဖို့ လွယ်တယ် ဖတ်တာ ရေးတာ ကခက်တယ်။ကြီးသွားရင် သင်ယူဖို့ စိတ်ဝင်စားမှာ မဟုတ်တော့ဘူး။


စိတ်ထဲမှာ သူငယ်တန်းကို  မြန်မာ၊အင်္ဂလိပ်စာ၊သင်္ချာ သုံးဘာသာပဲ ရှိတယ်ထင်နေတာ။သဘာဝ သိပ္ပံဆို

တာရှိသေးတယ်ဆိုလို့ မြန်မာပြည်ကို သူငယ်တန်းစာအုပ် တစ်စုံလှမ်းမှာလိုက်တော့ ဟိုက လေးအုပ်

ပို့တယ် သဘာဝ သိပ္ပံ ပါ အပါဝင်ပေါ့။ဟော သံရုံးက အခု စာထွက်တော့ ၆ ဘာသာတောင်။ကျန်တဲ့

၂ဘာသာ ဘယ်မှာသွားရှာရမလဲမသိဘူး လူကြုံလဲ ကုန်ပြီ။

အောက်တိုဘာမှာ မေးမှာတွေ။





ဒါ ဘယ်မှာရနိုမလဲဟင်။ကူညီပါ



စာမေးပွဲဖြေပြီးရင် ပို့စ်ထပ်တင်မယ်နော်.........

Tuesday, May 27, 2014

ကလေးတွေ အကြောင်း ၈


Mommy I want to eat banana.ဟယ် အိပ်တော့မယ်လေ စားအုံးမလို့လား။Yes,today I played a lot

and forgot to eat banana.Then I never eat banana for Today.အဲ့ဒါဆို မမ(ကလေးထိန်း)ဆီသွား

တောင်းလိုက်။သူ အခန်းပြင်ထွက်သွားတယ်။မမ banana စားမယ် လိုပပြောသံကြားတယ် ဟိုက မီးမီး

ဖို့ တစ်လုံး ကိုကိုး ဖို့ တစ်လုံး ဆိုပြီးပေးတာကို ကိုကိုး,သူမကြိုက်ဘူးလေ ဆိုပြီးယူမလာဘူး။အခန်းထဲ

ရောက်တော့ အဲ့အသံတွေကြားနေတဲ့ အဖေလုပ်သူက ဘာလို့ ကိုကိုး ဖို.ယူမလာတာလဲသမီးဆိုတော့

Because he dont like banana တဲ့။အကိုလုပ်သူက I want to eat ဆိုတော့ ပြန်ထွက်သွားတယ်။

မမ banana ပေးအုံး ကိုကိုးပြောတယ် သူ စားမယ်တဲ့။မေလင်းလင်းက အခု အဲ့လိုကလေး အဖေ အမေ

အကို ကိုတွေ့၇င် အီး လိုပြောတယ် သူ့မမ ကိုဆို မြန်မာလို။


သားအမိတွေ ညဖက် အိပ်ယာဝင်တော့ သူ့ ကုလားအုပ် အရုပ်လေးကိုရှာတယ်။မတွေ့တော့ mommy,I 

cant find my giraffe anywhere?ဆိုပြီး ရှာတယ်။တွေ့တော့ အိပ်ဖို့လုပ်တယ်။အမေလုပ်သူက ပန်းရောင်

စောင်တစ်ထည်ယူပြီး ခြုံပေးလိုက်တယ်။စောင်က နဲနဲ နံနေတော့ စောင်တွေ နံနေပြီ လျော်ရအုံးမယ် ပြော

မိတယ်။မချောက Okay mommy,Tomorrow morning I will ask ma ma "ma ma,Can you help 

to wash this pink blanket ,please".အမေလုပ်သူ စိတ်ထဲကနေ အမလေးဟဲ့ သူ့လဲ ဘာမှမပြောပဲ

လုပ်ပြန်ပီ မေလင်းလင်းတို့ကတော့လို့မှတ်တယ်။သူက ဆက်ပြောသေးတယ် mommy,tomorrow I 

will not play first when I wake up.If not,I will forgot to tell ma ma to wash blanket.တဲ့။

မနက်ရောက်တော့ ကိုယ်လဲ အလုပ်သွား ညနေ အလုပ်က ပြန်လာ အဲ့ကိစ္စမေ့တောင်နေတယ်။ည အိပ်ရာ

ဝင်တော့ သူက mummy I asked ma ma to wash pink blanket တဲ့။အဲ့တော့မှဟယ် ဟုတ်ပါလား

အပြင်မှာစောင်တစ်ထည်လှမ်းထားတာ တွေ့မိတယ် အမှတ်မဲ့ဆိုတော့ သတိမထားမိဘူး။ချက်ချင်းပဲု အခန်း

ပြင်ထွက်ပြီး မမ ရေ မမကို မေလင်းလင်း စောင်လျော်ခိုင်းလို့လားဆိုတော့ ဟုတ်တယ်အမ မေလင်းလင်း

အိပ်ရာက နိုးနိုးချင်းအဲ့စောင်ကြီး ညီမ အခန်းဆီသယ်လာပြီး မမ  မာမီကဒီစောင် လျော် မယ်တဲ့ ဆိုပြီး

လာပေးတယ်။မီးလေး ဘာတွေပေသွားလို့လဲဆိုတော့ နံနေလို့တဲ့။တော်ကို အံ့သြသွားတယ်။သူ့ကို

တကယ်လျော်ခိုင်းမယ်ထင်မမထားဘူး။အဲ့ဒါကတော့ ကျမတို့ ၄ နှစ်သမီးမေလင်းလင်းပါရှင်။



(အက်ဝင်ဆို စောင်နံရင်လျော်ရမယ်ဆိုတာမသိဘူး။သိရင်တောင် ဘယ်သူ့ကို လျော်ခိုင်းသင့်တယ်

ဆိုတာ သိမှာမဟုတ်ဘူး)



Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။