Wednesday, January 23, 2013

ဈေးသွားခဲ့တယ်...




ဆယ်တန်းအောင်ပြီးစ ၁၉၉၆ တုန်းက ကျောင်းတွေကလဲ ပိတ်ထား၊ တက္ကသိုယ် တတ်ဖို့ စောင့်နေတုန်းဆဲ

ကာလဖြစ်တော့ အိမ်မှာ ကိုယ်က ဟင်းချက်တဲ့ တာဝန်ယူရတယ်။အမေက တစ်လ ဈေးဖိုး ဘယ်လောက်

ဆိုပီး ပေးတာပေါ့။ပေးတဲ့ ဈေးဖိုးနဲ့ လောက်အောင် ချက်ရတဲ့ အပြင် အကြိုက်ချင်း ညီမျှအောင်လဲ ချက်ရ

သေးတာပ။အရွက်ကြော်ကို နှုးနေမှ ကြိုက်တဲ့လူ ရှိသလို၊စိမ်းဆတ်ဆတ် မှ ကြိုက်တဲ့လူ ၇ှိတယ်။ငါးစား

တဲ့သူ ရှိသလို မကြိုက်တဲ့ သူလဲ၇ှိပြန်ရော။အဲ့တော့ ဈေးသွားရင် ဈေးကို ၂ ပတ်၊၃ ပတ် ပတ်၊ချာချာလည်

အောင်ပတ်ရတယ်။နီးနီးနားနား အိမ်နားက ဈေးပဲ သွားတယ်။ဈေးကလူတွေကလဲ ကိုယ့်ကို သိနေ၊ကိုယ်

ကလဲ သူတို့ကို သိနေတော့ အလေးတို့၊ဈေးနှုန်းတို့ဆိုတာ အထူးပြောစရာမလိုဘူး။


၂၀၀၀ ခုနှစ်မှာ ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းတတ်နေတဲ့ အချိန်ကျတော့လည်း အဆောင်နေတော့

ချက်စားတယ်။အဲ့ကျတော့လည်း ဈေးသွားရတာပါပဲ ဒီတစ်ခါတော့ ကိုယ့်တစ်ယောက်စာ ဆိုတော့ ကိုယ့်

အကြိုက် တွေချည်း ချက်ဖြစ်တော့ သိပ်စဉ်းစား စရာမလိုတော့ဘူး။အဆောင်မှာ ကိုယ်နဲ့ကပ်ရက်အခန်းက

သူငယ်ချင်းနဲ့ ပြည်က မြို့သစ်ဈေး လိုက်မိရင်တော့ ခြေတိုရောပဲ။သူက တစ်ဈေးလုံးပတ် ဈေးတွေ စနည်း

နာပီးမှ ဈေးလဲ ချို ပစ္စည်းလဲ ကောင်းဆိုတဲ့ ဆိုင်ကို ရှာပီးဝယ်တာ။သူမလို့ ဈေးသွားမယ်ဆို အဆောင်က

လူကုန် ဈေးမှာတာပဲ ဈေးသက်သာတယ်လေ။ဈေးကို မောနေအောင်ပတ်ပြီးရင် အဲ့ဈေးမှာရောင်းတဲ့

မုန့်လက်ဆောင်း ထန်းလျှက်ရည်နဲ့ ၁၅ ကျပ်  လားပေးရတယ်။မောမောနဲ့သောက်တာပဲ။


အိမ်ကလူ ရန်ကုန်မှာ ခဏနေတုန်းက သူနဲ့ ပုဇွန်တောင်ဈေးကို ဈေးဝယ်လိုက်ဖူးတယ်။သူလဲ ဒီဖက်ထိပ်

ကနေ ဟိုဖက်ဈေး အဆုံ ဈေးလိုက်မေးပြီးမှ ဒီဘက် ထိပ်မှာ ပြန်ဝယ်တာမျိုး။ ဒီကိုရောက်တော့ စူပါမား

ကတ်မှာ ဈေးနှုန်းကပ်ထားတာတွေကြည့်ပီး သင့်တော်တာဝယ်လိုက်တာပါပဲ။ဈေးစစ်စရာမလို။အလေး

ပြည့်သလားလဲ ချိန်ကြည့်စရာမလိုပါဘူး။ဒီတစ်ခေါက်မော်ကျွန်းကိုပြန်တော့ အမြဲချက်ကျွေးနေကြ

ယောက္ခမကြီးက ယောင်းမ ကလေးမွေးမှာမလို့ ရန်ကုန်ကိုသွားတော့ ၁၀နှစ်ကြာမှ ကိုယ့်မှာ ဈေးတစ်

ခေါက်ပြန်သွားရတာပေါ့။ဈေးကလဲ ကိုယ် နဂိုသွားနေကျ ဈေး မဟုတ်ဘူး။မြို့ထဲက ဈေးကြီး ဆိုတော့

ယောက္ခမ ကတစ်ရက်လိုက်ပီး ကြက်သား ဆိုရင် ဘယ်ဈေးသည်ကကောင်းတယ်၊အလေးမှန်တယ်။

ငါးဆို မြစ်ငါး ၀ယ်ချင်ရင် တောသယ်လေးတွေ ဆီမှာ ၀ယ် ။အသီးအရွက်ဆို ဘယ်ဆိုင်၊ငါးပိဆိုရင်လည်း

ဘယ်ဆိုင်ပေါ့ လိုက်ပြထားတယ်။အလေး ပြည့်အောင် ဘယ်လို CHECK လုပ်ရတယ်ဆိုတာလဲ သင်ပေး

လိုက်တယ်။လိုက်ဝယ်ကြည့်တော့ ရောင်းတဲ့လူတွေက အလေး၂မျိုး ရှိကြသကိုး။ကိုယ်လို မအူမလည်လေး

တွေဆို မပြည့်တဲ့ အလေးထည့် လိုက်ကော။ခေတ်စကားနဲ့ ဆို ဂျင်းတဲ့လိုက်တယ်ပေါ့။


မနက်မိုးလင်းတာနဲ့ လင်မယားနှစ်ယောက် ဘာချက်ရမလဲ စဉ်းစားရတာပေါ့။ကိုယ်ကတော့ ငါးပဲ အာရုံရ

တယ်။ကလေးတွေအတွက် အိမ်ကြက် ချက်ဖြစ်တာများတယ်။ဈေးမသွားကြာတော့ အူလည်လည် ဘယ်

လောက်ဖိုးဝယ်ရင် ဘယ်လောက်ရမှန်းမသိ။ငရုတ်သီးစိမ်းဆို ၅၀ ဖိုးဝယ်ရမလား၊၁၀၀ဖိုးဝယ်ရမလားမသိ။

ဈေးထဲရောက်ပြန်တော့ စလုံးမှာ မရှိတာတွေ တွေ့တော့ အကုန်ဝယ်ချင်ပြန်ရော။ရောဂါ ရောဂါ။


ငါးပိဝယ်ပြန်တော့ အွန်လိုင်းပေါ်မှာ ငါးပိထဲမှာ ငါးပိ အမြန် နပ်အောင် ယူရီးယား ဓာတ်မြေသြဇာရော

တယ်ဖတ်ထားမိလို့   အဲဒါနဲ့ မိမှာစိုးလို့ စနည်းနာရသေးတယ်။ငါးပိသည်က နွေ ကတည်းက ထဲ့ထားတဲ့

ငါးပိ အခုမှ ဖော်တာပြောလို့  မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ၀ယ်ခဲ့တယ်။အလေးပြည့်မပြည့်တော့ ပြန်မချိန်

ခဲ့ပါဘူး။ဈေးခြင်းတောင်း တစ်တောင်း ၁ ရက်စာ(လူကြီး၃၊ကလေး၂) ကို ၄၀၀၀ ကနေ ၇၀၀၀ အတွင်း

ကုန်တာပါပဲ... ဘဲဥ ဒီမှာမရှိလို့ ဘဲဥ ၀ယ်စားတယ်။တစ်လုံး၁၀၀။ထောပတ်သီး ဒီလို အလုံးကြီးက ၄၀၀..
























ဒါ ဂိုးဒင်းမိုင်း မှာ တစ်စည်း ၇ ကျပ်လောက်ပေးရတဲ့ ကြာရိုး။ဟိုမှာ ၅၀၊၁၀၀ပဲ။























ဟင်းသီးဟင်းရွက် လတ်လတ် ဆတ်ဆတ်။





















 တို့စရာစုံလင်။အိမ်ကလူက သူ့ဖို့ တို့စရာပဲ ၀ယ်ပါဆိုလို့။






 




















အိမ်ကလူအတွက်


















ဈေးခြင်းတောင်း။ယောက္ခမ ဈေးခြင်းတောင်းကို တစ်ပတ်လောက်  ကိုယ်စား ကိုင်ခဲ့တယ်။

ကင်ပွန်းချဉ်ရွက်၊၀က်လက်၊ငါးစင်ရိုင်း၊










 






အပေါ်က ခြင်းတောင်းထဲက ငါးစင်ရိုင်းကို ကင်ပွန်းချဉ်ရွက် နဲ့ ချက်ထားတာ...








































 



အချိုမှုန့်တွေ ဒီလိုရောင်းတာတွေ့တော့ အံ့သြရော...


၁၀နှစ်ကျာ်ကြာမှ ဈေးခြင်းတောင်းတစ်ခေါက် ကိုင်ရတာ  ပျော်စရာပါပဲ။








Friday, January 4, 2013

အိမ်အပြန်



ဒီအပတ် မော်ကျွန်းပြန်တာ အမြတ်ထွက်တာကတော့ Edwin တစ်ယောက် မော်ကျွန်းမှာ ပျော်သွားတာပါ။

ဒီမှာ ဘယ်လိုပဲနေနေ အချိန်တန် အရွယ်ရောက်ရင်တော့ ကိုယ့်ဘာသာ၊ကိုယ့်ဓလေ့ ကိုတော့ ရင်းနှီးသွား

အောင် သူ့ကို တစ်ဖြေးဖြေး ကျင့်ယူရမယ်။ဒီမှာနေတဲ့ သယ်ငယ်ချင်းတစ်ယောက်ရဲ့ ကလေး မော်ကျွန်း

ကို တစ်လကျော်လောက်ပြန်တုန်း ဟိုကမူလတန်းကျောင်းမှာ သူငယ်တန်း ကျောင်းပျော်ထားတာ တွေ့

တော့ ဒီနှစ်ပြန်ရင် Edwin ကို အဲလို ထားရရင်ကောင်းမယ် စဉ်းစားမိတယ်။ဒီမှာကျတော့ ကျောင်းမှာတင်

အင်္ဂလိပ်စာ၊တရုတ်စာတွေ နဲ့ ရှုပ်နေတာ့ မြန်မာစာဖက်ကို သင်ပေးဖို့ကို ကလေးကို သနားတာနဲ့သေချာ

မသင်ပေးရသေးဘူး။









သဘောင်္ပေါ်ကနေ ဇင်ယော်တွေ ကို ပေါင်မုန့်ကျွေးရတာ၊ညဖက် သင်္ဘောပေါ်ကနေ အပြင်ရှုခင်းတွေကို

ကြည့်ရတာ၊မော်တော် ဆိုင်ကယ်စီးရတာ သူတော်တော် ပျော်ပုံပဲ။စွန်လဲလွှတ်ခဲ့တယ်။ရန်ကုန်မှာတုန်း

ကလဲ အာလာဒင်၊မော်တင် ရှော့ပင်းစင်တာ၊Ocean က ကစားကွင်းတွေ တော်တော်များများလဲ လိုက်ပို့ခဲ့

တယ်။

မေကတော့ အသွားတုန်းက သင်္ဘောထဲမှာ ခြင်ကိုက်မှာစိုးလို့ ခြင်ထောင် ထောင်တာ ကြောက်လို့ ဆိုပီး

ခြင်ထောင်ထဲ မ၀င်ဘူး၊ငိုတယ်။ဒီကအသွားလဲ လေယာဉ်ပေါ်မှာ သူ ရှုးပေါက်ချင်လို့ အမေလုပ်သူက

အိမ်သာသွားရင် အဆင်မပြေမှာစိုးလို့ diaper ထဲမှာပေါက်ပါ ဆိုပီး diaper ၀တ်ပေးတာကို။အိမ်ကျမှ

ပေါက်မယ်ဆိုပီး မပေါက်ဘူး ဂျစ်မ။




မြန်မာလေဆိပ်ရောက်တော့ Edwin က မာမား where we going?လို့ မေးလို့ တို့က မြန်မာဆိုတော့

သူက  ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံ သရဏံ ဂစ္ဆာမိ၊သံဃာ  သရဏံ ဂစ္ဆာမိ  လားမားမားတဲ့။သူဆိုလိုတာက

အမေလုပ်သူ သူတို့ကို မျက်နှာသစ်တိုင်း ရွတ်ပေးနေကျ ဂါထာ ရှိတဲ့နေရာလားပေါ့...မော်ကျွန်းပြန်ဖို့

သင်္ဘောဆိပ်အဆင်း  ကမ်းနားလမ်းမှာ သစ်တင်တဲ့ ထရပ်ကား အကြီးကြီးတွေ  ၄၊၅ စီးရပ်ထားတာ

တွေ့တော့  မာမား why Myanmar have a lot of trucks?တဲ့။




ဟိုရောက်တော့ အပေါင်းသင်းများနဲ့လဲ ဆော့တတ်တယ်။တိုးတတ်လာတယ်။







ပြန်လာခါနီးမှာ အထက်လှန်အောက်လျောသဘော မျိုးဖြစ်လို့ ပါရမီ က ဆရာကြီးဦးသိန်းအောင်နဲ့ပြဆိုလို့

ပါရမီပြေးခဲ့ရသေးတယ်။ဦးသိန်းအောင် မစောင့်နိုင်လို့ သူ့လက်ထောက်နဲ့ပဲပြခဲ့တယ်။မြေကြီးနဲ့ထိရတဲ့

ကစားကွင်းဆိုပီး ကရ၀ိတ် ဥယျာဉ် ကစားကွင်းပို့ခဲ့တယ်။

Friday, December 14, 2012

13-12-2012


မာမား မာမား အဟင့် အဟင့်...

ဟယ် ဘာဖြစ်လို့လဲ သမီးလေး  ထမင်းခူးနေတာကနေ မီးဖိုချောင်ထဲ ငိုပီးဝင်လာတဲ့ မေ့ ကို မေးလိုက်တာ။

အဟင့် အဟင့် ဆိုပီး ဘယ်ဖက် နှာခေါင်းပေါက်ထဲ လက်ညိုး ထည့်ငိုနေတာနဲ့ လက်ကို ဆွဲထုတ်လိုက်ပီး

ဘာဖြစ်လို့လဲ မေးလဲ မဖြေပဲ ငိုပဲနေတယ်။သူ နဲ့ Edwin နဲ့ အခန်းထဲမှာ vcd ကြည့်နေတာကနေ ဗြုန်းစား

ကြီး ငိုလာတာ...မေးလို့လဲ မရ ဖြစ်နေတုန်း ဘယ်ဖက်နှာခေါ်င်း ပေါက်အ၀ကနေ နှာချေးတွေ နဲ့အတူ

ငွေရောင် အစေ့ (ငရုတ်ကောင်းအစေ့သာသာ) ထွက်လာတာတွေ့တာနဲ့ အမြန်ယူလိုက်တော့မှ သူဘာဖြစ်

တယ်ဆိုတာ သိတော့တယ်။အဲ့ အစေ့ကို သူဘယ်ကနေရှာတွေ့ပီး နှာခေါင်းထဲ ထည့်သလဲမသိဘူး။

တော်သေးတာ ပြန်ထွက်လာလို့။နမို့ဆို ဘာဖြစ်မှန်းသိမှာ မဟုတ်ဘူး။အဲ့ အစေ့ ဘယ်ကအစေ့ လဲဆိုတာ

ကိုယ်လိုက် ရှာတာ လုံးဝ စဉ်းစားလို့ မရဘူး။ရှာရှာဖွေ ဖွေ သူဘယ်ကတွေ့လဲ မသိဘူး။စိတ်တိုလို့ လေ

နောက် နှာခေါင်းထဲ ထည့်အုံးမလားဆိုပီး ၂ ချက်ရိုက်လိုက်တယ်...



ဟိုတလောက ဘောပင်နဲ့ အိမ်နံရံတွေလိုက်ခြစ်လို့ အမေလုပ်သူက ဆေးဘူးဝယ်သုတ်လိုက်ရတယ်။အဲဒါ

ဒီရက်ပိုင်းကလေးပဲ နံရံကို ထပ်ခြစ်တာ အကြီးကြီးပဲ စိတ်တိုလာတာနဲ့ ကော်တုတ်လေး ယူပီးတော့ သူ့ကို

မေလင်းလင်း ဒီကိုလာအုံးလို့ ခေါ်ပီး သူခြစ်ထားတာပြလိုက်တော့ ချက်ခြင်းပဲ

မေလင်းလင်း အဲလိုခြစ် မားမား မကြိုက်ဖူးနော် ဆိုပီး ဆူမှာဆိုးလို့ သူကအရင်ကာတယ်..အလည်မ..


အခု ရထားစီးရင် နေရာရမှ။ရထားထဲဝင်တာနဲ့ ထိုင်မယ် ထိုင်မယ် ဆိုပီး ခုံနေရာယူတော့တာပဲ။နေရာမရ

တော့ရင် I want to sit ဆိုပီးအော်တော့ Reserved Seat နေရာကလူတွေက သူ့ကို နေရာပေးရကော။

သူက နေရာရပီး အကိုနဲ့အမေက မတ်တတ်ရပ်နေရင်း တစ်နေရာလွတ်သွားရင် ကိုကိုး ဟိုမှာထိုင်ထိုင်ဆိုပီး

လက်ညိုးထိုးပီး ပြောတော့တာပဲ။တစ်နေ့ သွားရင်း သူ့ဘေးခုံက လူက ထလိုက်တော့ နေရာ လွတ်သွား

တယ်။အဲ့အချိန်မှာ အဲ့နားက လူတစ်ယောက်က ထိုင်မလို့ ဖင်ကုန်းနေတုန်း သူက လွတ်သွားတဲ့နေရာကို

သူ့လက်နဲ့လှမ်းနေရာဦးထားပီး မားမား လာလာ ထိုင်ထိုင် နဲ့အတင်းအော်ပြောတော့ ဟို ထိုင်မဲ့လူက

ထိုင်ရတော့မလိုလို  ကုန်းကုန်းကွကွ ဖြစ်သွားပီး ဘေးကလူတွေက သူ့ကိုဝိုင်းရယ်ကြကော..


သူက အဖော်မင်တယ် Edwin က သူနဲ့ သိပ်မဆော့။ဆော့ပြန်ရင်လဲ အရွယ်သိပ်မကွာတော့ သိပ်မတည့်

ဘူး။အစ်ကို ၀မ်းကွဲ ကျားကျွင့် နဲ့ကျတော့ ၅ နှစ်လောက်လဲ ကွာ၊သူ့ကိုလဲ ဟိုက ချီလိုက် လက်ကလေး

ကိုင်လိုက် လုပ်တော့ သူက သိပ်သဘောကျတာ။ဘယ်လောက်တောင်လဲဆို  ဟိုနေ့က သူတို့တွေ အိမ်ကို

အလည်လာပီး ပြန်ကြတော့ လိုက်မယ်ဆိုပီး တကယ်လိုက်သွားတယ်။အမေလုပ်သူနဲ့ အကို ကို ဘိုင့်ဘိုင်

လုပ်လို့။အောက်ရောက်တော့ လင်ညီအမ ကို အာယီးနဲ့ အိပ်...အာယီးချစ်...ကျားကျွင်းချစ်တဲ့...မလွယ်ဘူး

တို့က ပြန်လိုက်ခေါ်ပီး။အိမ်ရောက်တော့ ကိုကိုး အက်ဝင်ကို မချစ်လားဆိုတော့။ကိုကိုးအက်ဝင် မချစ်ဘူး။

ကျားကျွင့်ချစ်တဲ့။အိပ်ခါနီးတော့ တို့ကစချင်လို့ လင်းလင်းက အာယီးတို့ ကျားကျွင့်တို့ ချစ်တော့ ဒီည

မာမား မသိပ်တော့ ကိုယ့်ဘာသာအိပ်ပေတော့ဆိုပီး အိပ်ချင်ယောင်ဆောင်နေလိုက်တော့ မီးနစ်၂၀

လောက်ရှိတော့ ..မာမား လင်းလင်း အာယီးမချစ်ဘူး  မာမားချစ်တဲ့..ကြည့်အုံး


ကျားကျွင့်ဆိုတာ သူ့ဘယ်ဖက်က တူလေး....




အငယ်ဆိုပေမယ့် မနာလိုတတ်တယ်။အက်ဝင့်ကို ဂရုစိုက်ရင်မကြိုက်ဖူး။အက်ဝင့်ကို နမ်းရင် မားမား

လင်းလင်း ကစ်(စ်) ဆိုပီး သူ့ပါးအတင်းထိုးပေးတာပဲ..

ဒီနေ့ ၂ နှစ် ၇လ ပြည့်ပါတယ်..


ငပျောသီး၊ဖရဲသီး၊ကြက်မောက်သီး၊ပြောင်းဖူး ကြိုက်တယ်....KFC က cheese fried သိပ်ကြိုက်

ငပျောသီး မြင်ရင် ဘယ်လိုမှာ စိတ်မထိမ်းနိုင်ဘူး







ဒါက KFC က  cheese fried







Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။