Friday, December 14, 2012

13-12-2012


မာမား မာမား အဟင့် အဟင့်...

ဟယ် ဘာဖြစ်လို့လဲ သမီးလေး  ထမင်းခူးနေတာကနေ မီးဖိုချောင်ထဲ ငိုပီးဝင်လာတဲ့ မေ့ ကို မေးလိုက်တာ။

အဟင့် အဟင့် ဆိုပီး ဘယ်ဖက် နှာခေါင်းပေါက်ထဲ လက်ညိုး ထည့်ငိုနေတာနဲ့ လက်ကို ဆွဲထုတ်လိုက်ပီး

ဘာဖြစ်လို့လဲ မေးလဲ မဖြေပဲ ငိုပဲနေတယ်။သူ နဲ့ Edwin နဲ့ အခန်းထဲမှာ vcd ကြည့်နေတာကနေ ဗြုန်းစား

ကြီး ငိုလာတာ...မေးလို့လဲ မရ ဖြစ်နေတုန်း ဘယ်ဖက်နှာခေါ်င်း ပေါက်အ၀ကနေ နှာချေးတွေ နဲ့အတူ

ငွေရောင် အစေ့ (ငရုတ်ကောင်းအစေ့သာသာ) ထွက်လာတာတွေ့တာနဲ့ အမြန်ယူလိုက်တော့မှ သူဘာဖြစ်

တယ်ဆိုတာ သိတော့တယ်။အဲ့ အစေ့ကို သူဘယ်ကနေရှာတွေ့ပီး နှာခေါင်းထဲ ထည့်သလဲမသိဘူး။

တော်သေးတာ ပြန်ထွက်လာလို့။နမို့ဆို ဘာဖြစ်မှန်းသိမှာ မဟုတ်ဘူး။အဲ့ အစေ့ ဘယ်ကအစေ့ လဲဆိုတာ

ကိုယ်လိုက် ရှာတာ လုံးဝ စဉ်းစားလို့ မရဘူး။ရှာရှာဖွေ ဖွေ သူဘယ်ကတွေ့လဲ မသိဘူး။စိတ်တိုလို့ လေ

နောက် နှာခေါင်းထဲ ထည့်အုံးမလားဆိုပီး ၂ ချက်ရိုက်လိုက်တယ်...



ဟိုတလောက ဘောပင်နဲ့ အိမ်နံရံတွေလိုက်ခြစ်လို့ အမေလုပ်သူက ဆေးဘူးဝယ်သုတ်လိုက်ရတယ်။အဲဒါ

ဒီရက်ပိုင်းကလေးပဲ နံရံကို ထပ်ခြစ်တာ အကြီးကြီးပဲ စိတ်တိုလာတာနဲ့ ကော်တုတ်လေး ယူပီးတော့ သူ့ကို

မေလင်းလင်း ဒီကိုလာအုံးလို့ ခေါ်ပီး သူခြစ်ထားတာပြလိုက်တော့ ချက်ခြင်းပဲ

မေလင်းလင်း အဲလိုခြစ် မားမား မကြိုက်ဖူးနော် ဆိုပီး ဆူမှာဆိုးလို့ သူကအရင်ကာတယ်..အလည်မ..


အခု ရထားစီးရင် နေရာရမှ။ရထားထဲဝင်တာနဲ့ ထိုင်မယ် ထိုင်မယ် ဆိုပီး ခုံနေရာယူတော့တာပဲ။နေရာမရ

တော့ရင် I want to sit ဆိုပီးအော်တော့ Reserved Seat နေရာကလူတွေက သူ့ကို နေရာပေးရကော။

သူက နေရာရပီး အကိုနဲ့အမေက မတ်တတ်ရပ်နေရင်း တစ်နေရာလွတ်သွားရင် ကိုကိုး ဟိုမှာထိုင်ထိုင်ဆိုပီး

လက်ညိုးထိုးပီး ပြောတော့တာပဲ။တစ်နေ့ သွားရင်း သူ့ဘေးခုံက လူက ထလိုက်တော့ နေရာ လွတ်သွား

တယ်။အဲ့အချိန်မှာ အဲ့နားက လူတစ်ယောက်က ထိုင်မလို့ ဖင်ကုန်းနေတုန်း သူက လွတ်သွားတဲ့နေရာကို

သူ့လက်နဲ့လှမ်းနေရာဦးထားပီး မားမား လာလာ ထိုင်ထိုင် နဲ့အတင်းအော်ပြောတော့ ဟို ထိုင်မဲ့လူက

ထိုင်ရတော့မလိုလို  ကုန်းကုန်းကွကွ ဖြစ်သွားပီး ဘေးကလူတွေက သူ့ကိုဝိုင်းရယ်ကြကော..


သူက အဖော်မင်တယ် Edwin က သူနဲ့ သိပ်မဆော့။ဆော့ပြန်ရင်လဲ အရွယ်သိပ်မကွာတော့ သိပ်မတည့်

ဘူး။အစ်ကို ၀မ်းကွဲ ကျားကျွင့် နဲ့ကျတော့ ၅ နှစ်လောက်လဲ ကွာ၊သူ့ကိုလဲ ဟိုက ချီလိုက် လက်ကလေး

ကိုင်လိုက် လုပ်တော့ သူက သိပ်သဘောကျတာ။ဘယ်လောက်တောင်လဲဆို  ဟိုနေ့က သူတို့တွေ အိမ်ကို

အလည်လာပီး ပြန်ကြတော့ လိုက်မယ်ဆိုပီး တကယ်လိုက်သွားတယ်။အမေလုပ်သူနဲ့ အကို ကို ဘိုင့်ဘိုင်

လုပ်လို့။အောက်ရောက်တော့ လင်ညီအမ ကို အာယီးနဲ့ အိပ်...အာယီးချစ်...ကျားကျွင်းချစ်တဲ့...မလွယ်ဘူး

တို့က ပြန်လိုက်ခေါ်ပီး။အိမ်ရောက်တော့ ကိုကိုး အက်ဝင်ကို မချစ်လားဆိုတော့။ကိုကိုးအက်ဝင် မချစ်ဘူး။

ကျားကျွင့်ချစ်တဲ့။အိပ်ခါနီးတော့ တို့ကစချင်လို့ လင်းလင်းက အာယီးတို့ ကျားကျွင့်တို့ ချစ်တော့ ဒီည

မာမား မသိပ်တော့ ကိုယ့်ဘာသာအိပ်ပေတော့ဆိုပီး အိပ်ချင်ယောင်ဆောင်နေလိုက်တော့ မီးနစ်၂၀

လောက်ရှိတော့ ..မာမား လင်းလင်း အာယီးမချစ်ဘူး  မာမားချစ်တဲ့..ကြည့်အုံး


ကျားကျွင့်ဆိုတာ သူ့ဘယ်ဖက်က တူလေး....




အငယ်ဆိုပေမယ့် မနာလိုတတ်တယ်။အက်ဝင့်ကို ဂရုစိုက်ရင်မကြိုက်ဖူး။အက်ဝင့်ကို နမ်းရင် မားမား

လင်းလင်း ကစ်(စ်) ဆိုပီး သူ့ပါးအတင်းထိုးပေးတာပဲ..

ဒီနေ့ ၂ နှစ် ၇လ ပြည့်ပါတယ်..


ငပျောသီး၊ဖရဲသီး၊ကြက်မောက်သီး၊ပြောင်းဖူး ကြိုက်တယ်....KFC က cheese fried သိပ်ကြိုက်

ငပျောသီး မြင်ရင် ဘယ်လိုမှာ စိတ်မထိမ်းနိုင်ဘူး







ဒါက KFC က  cheese fried







Tuesday, December 11, 2012

11-12-2012



Edwin တစ်ယောက် အခုအရမ်း အရမ်းကို အမေးမြန်းထူပီး စကားများလာတယ်။အမေလုပ်သူနဲ့တူတာ

လားမသိ..သူမေးတာတွေကလဲ သူများကြားရင် ရိုက်ချင်စရာ..လမ်းမှာတွေ့သမျှ အကုန်လက်ညိုးထိုးပီးမေး

တယ်....မေးခွန်းတစ်ချို့ကတော့...



တစ်ရက် ရထားပေါ်မှာ နေရာမရတော့  အမေလုပ်သူနဲ့ သူ မတ်တတ်ရပ်နေတဲ့ အရှေ့မှာ မိန်းမ၀၀ တစ်ဦး

ရပ်နေတယ်။အဲ့မိန်းမက စကပ်တိုတို ဒူးခေါင်းအထက်ဝတ်ထားတယ်။ဝတော့ ခြေသလုံးတွေကြီးတာသူမြင်

တယ်။ကိုယ်တော်က ခြေသလုံးတွေကို လက်ညိုးထိုးပီး အသံကျယ်နဲ့ မားမား this leg is big or small?

တဲ့။ဟိုမိန်းမက အနောက်လှည့်ကြည့်တယ်..အမေလုပ်သူက ဟန့်လဲမရ အမေလုပ်သူ မဖြေမချင်းမေးနေ

တာ...တို့က edwin တိတ်တိနေစမ်းဆိုမှ မကျေမနပ်နဲ့ရပ်သွားတယ်...


နောက်နေ့ ပန်းခြံသွားတော့ မျက်နှာချင်းဆိုင်က လူ၀၀ကြီး တစ်ယောက်ပြေးလာတာကို သူမြင်တော့

မာမား this is too fat တဲ့  အသံကျယ်ကျယ်နဲ့ အော်ပြောတယ်..


ဒီနေ့ ရထားဂိတ်သွားတော့ မီးပွိုင့် မှာရပ်နေတုန်း လူတစ်ယောက် ဗိုက်ပူပူ နဲ့လဲ တို့တွေနဲ့တူတူ မီးပွိုင့်

စောင့်နေတာ လက်ညိုးသွားထိုးပီး မားမား tummy is so big တဲ့..တော်သေးတယ်..ဟိုက လှည့်ကြည့်ပီး

ရယ်သွားလို့...သားအဲ့လိုမပြောရဘူး...ပြောထားလဲ ခဏပဲ..


ဟိုတစ်လောက တို့အဖေနဲ့ အမေ  အိမ်ကို လာတော့ သူက တို့ အဖေ ကို သိပ်မမြင်ဖူးတော့ ဘယ်လိုခေါ်

လိုက်သလဲ သိလား....အန်ကယ် တဲ့။


Friday, November 16, 2012

Nursery (2012)



ပြီးခဲ့တဲ့ ၁၄ရက်နေ့က edwin တို့ကျောင်းက PTC ပါ။အမှတ်တရဖြစ်အောင် တင်လိုက်တာ။စ၀င်ဝင်ခြင်းပဲ

သူ့ အင်္ဂလိပ်တီချယ်က Edwin ကို International school မှာကျောင်းထားသလားမေးတယ်။ရုတ်တရက်

ကိုယ်ကြောင်သွားတယ်။မထားပါဘူး ဘာဖြစ်လို့လဲပေါ့ ဆိုတော့။Edwin ဟာ sign Language တတ်နေလို့

တဲ့။အဲတော့မှာ ကိုယ်လဲသဘောပေါက်တယ်။သားလေးဟာ အိမ်မှာ ယူကျုကနေ စကားမပြောတတ်သူ

တွေသုံးလေ့ရှိတဲ့ A-Z ကို လက်ဟန်နဲ့ပြတာ သူကောင်းကောင်းတတ်ထားတယ်။ကျောင်းမှာ ဆရာမကပဲ

သင်နေတုန်းမှာ သူလုပ်ပြသလားမသိဘူး။


ဆရာမကတော့ Edwin ဟာ စာမှာ ဒီပြင့်ကလေးတွေထက် Advance ဖြစ်နေကြောင်း၊သူ့ကို story book

ပေးရင် သူ့ဘာသာ ၀ါကျတွေ ဖတ်နေတာတွေ့လို့ သူ့နားသွားကြည့်တော့ သူဖတ်နေတာတွေမှန်ကြောင်း၊

Number တွေကိုလဲ စာလုံးပေါင်းတတ်ကြောင်း အဲဒါကြောင့် အပြင်မှာ ကျူရှင်ထားသေးလားထပ်မေးသေး

တယ်။ကိုယ်လဲ အခုထိ ဘယ်ကျူရှင်မှ မထားသေးဘူးဆိုတဲ့ အကြောင်း အိမ်မှာ တစ်ချိန်ကုန် စာရေး တာပဲ

လုပ်နေလို့ သူရနေတာလို့ ပြန်ပြောလိုက်တယ်။Edwin က အခု ၄ နှစ်ကျော် Nursery ပါ။ရှေ့နှစ် K1 တတ်

တော့မှာပါ။ဒီဆရာမက ၀င်တာ ၂လလောက်ပဲ ၇ှိသေးပြီး ဒီဆရာမ နဲ့ အရင်ဆရာမ အပြောင်းအလဲမှာ

edwin တစ်ယောက် ကျောင်းမပျော်ဖြစ်သွားသေးတယ်။သူက ပုဂိုလ် စွဲရှိတယ်။အခုတော့ အားလုံးအဆင်

ပြေသွားချိန်မှာ  ကျောင်းကပိတ်ပြီ။အဲချီးမွှမ်းပြီးတာနဲ့ လာပါပြီ နာမည်ကျော် Edwin ရဲ့လက်ပါ။လက်အား

ပျော့ကြောင်း ကတ်ကြေးမကိုင်တတ် မညှပ်တတ်ကြောင်း။အိမ်မှာ ကပ်ကျေးညှပ်လေ့ကျင့်ပေးဖို့ပြောတယ်။

နောက်တစ်ခုက Edwin ဟာ story ပြောရင် ငြိမ်နားထောာင်ပြီး ပြီးရင် မေးခွန်းတွေ အရမ်းမေးကြောင်း။

ထင်သားပဲ အပြင်မှာလဲ အခု တရစပ် မေးခွန်းတွေ မေးလွန်းလို့ ဆူတောင်ယူရတယ်။သူစာဖတ်တာဝါသနာ

ပါရင် Library သွားပြီး စာအုပ်ငှားပေးဖို့ ဆရာမက ပြောလိုက်တယ်။အမှန်တော့ အိမ်မှာ စာအုပ်တွေ ၀ယ်

လွန်းလို့မှာ သူ့စာအုပ်တင် အုပ် ၄၀-၅၀ ရှိတယ်။ဆရာမပြောတာကိုမှတ်ထားပြီး နောက်နေ့ Libary သွား

မယ်ဆိုလို့ လိုက်ပို့ရသေးတယ်။အလကားနေ အပြင်သွားရင် book shopping လုပ်မယ်ပဲ...


English ဆရာမ နဲ့ ပြောပြီးတော့ chinese သင်တဲ့ ဆရာမနဲ့ တွေ့ရတယ်။အဲ့ဆရာမက အီးလို မတတ်ဖူး

အဲ့တော့ ဘေးက ဆရာမ တစ်ယောက်က ဘာသာပြန်ပေးတယ်။Edwin ဟာ တရုတ်စာသင်ရင် စိတ်မ၀င်

စားကြောင်း၊သူ့ကို တရုပ်လိုပြောရင် နားလည်ကြောင်း ဒါပေမယ့် သူ့ကို အမြဲ English လိုပဲ ပြန်ဖြေနေ

ကြောင်း။တရုတ်စာကို နဲနဲ ကျင့်ဖို့ပြောတယ်။


သူ့အတွက်  Chinese ကို ဘယ်လိုလုပ်ပေးရမလဲ မသိလို့ အခုလောလောဆယ် Tien Hsia မှာအပ်ထား

တယ် နောင်နှစ်အတွက်။K1 မှာအခြေနေကြည်ပီး K2 မှာ တစ်မျိုးစီစဉ်မယ်စိတ်ကူးတယ်။အခုတော့ ငယ်

သေးတော့ section ထားရင် ပေါင်းသင်းဆက်ဆံရေး ပိုကောင်းမယ်ထင်လို့ ။အဲမှာလဲ english လိုပြော

နေရင်ဒုက္ခပဲ။ဆရာမက ယူကျု ကနေ chinese နဲ့ ပတ်သတ်တာတွေ့ ဖွင့်ပေးပါလားတဲ့။အဲလို စမ်းကြည့်

 ပြီးပီ ကိုယ်တော်က နိုးဆိုပြီး ပိတ်ပလိုက်တယ်။














ဒါကကျောင်းကနေပေးလိုက်တဲ့ ဖိုင် ကျောင်းကိုပြန်ပေးရမှာ။
မိဘတွေ အပိုင်သိမ်းရမဲ့ သူလုပ်ထားတဲ့ စာအုပ်တွေလဲ ပေး
လိုက်တယ်...



ဒါက အလေးချိန်။















ဒါက ကျောင်းမှာဆော့ရင် သူ့ကို အမြဲ ကယ်ရီလုပ်တဲ့ကလေးမတဲ့။ဆရာမပြောတာ။
Edwin ကို သိပ်ဂရုစိုက်တာတဲ့။




ဒါက Letters Recognition Testပါ။


                              တရုတ်စာတိုးတတ်မှု..ဘာတွေလဲတော့မသိ






သူဆွဲထားတဲ့ မိသားစုပုံ





Numbers  တွေကို တရုတ်လိုနဲ့ အီးလို ရောရေးထားတာ
စတား၂ခုတောင်ရတာပဲ...:)













အနက်ကကျောင်းအုပ်။
အဖြူ chinese တီချယ်။
ပန်းရောင် English တီချယ်။










လေ့ကျင့်ခန်းစာအုပ်တွေကတော့ ကိုယ်ပိုင်ဆိုတော့ မလိုဘူး။ပရိုဖိုင်း ဘုတ်တော့ အားလုံးကော်ပီကူးထားလိုက်မယ်။အဲ့ထဲမှာ တိုးတတ်မှုပြဇယားတွေ အကုန်ပါတယ်။
အခုသူ အပြင်သွားရင်အရမ်းကဲတယ်....





Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။