'Edwin က Chinese language မှာ အစ က zero မလား' တရုတ်ဆရာမ အမေးကို တို့က
'ဟုတ်ပါတယ် သူ တရုတ်လို မတတ်ဘူး' ပြန်ဖြေလိုက်တယ်။
"ဒါဆို သူ တရုတ် စာမှာတော်တော်တိုးတတ်လာတယ်။ဒီမှာ သူရေးထားတာတွေ ဆိုပြီး"
ကျောင်းမှာ Edwin နာမည်နဲ့ သိမ်းထားတဲ့ ဖိုင်တွဲထဲက Edwin ရေးထားတဲ့ တရုတ်
ကိန်းဂဏန်းတွေကိုပြတယ်။
'အခုဆိုရင် သူ့ကို ဘာပြောတယ် ၊ဘာကို ဆိုလိုတယ် ဆိုတာ တရုတ်လိုပြောရင် နားလည်လာပြီ" (ဆရာမ)
'သူ့အဖေက မဒရင်း (တရုတ်) ပြောတတ်တယ်မလား' ဆရာမက မေးတယ်။
"ပြောတတ်ပါတယ် ဒါပေမယ့် အဖေလုပ်သူ က မကြာခဏ ခရီးသွားရတော့မအေလုပ်သူနဲ့ပဲဆိုတော့ မြန်မာ
လိုရယ်၊အင်္ဂလိပ် ရယ်ပဲပြောဖြစ်တယ်။' လို့ တို့ ကပြန်ဖြေလိုက်တယ်။
"Edwin ဟာ မတ်လ ဟောလီးဒေး မပြန်ခင်က ဆိုရင် ကျောင်းမှာ ဘယ်သူနဲ့ မှလဲ မဆော့ဘူး။ဒီအတိုင်း
ငူငူကြီးနေတယ်။အရမ်း quiet ဖြစ်တယ်။ဟော ဟောလီးဒေးကနေလဲ ပြန်လာကော edwin တစ်ယောက်
သွက်လာလိုက်တာ တို့တွေ တော်တော် အံ့သြရတယ်။"ဆရာမ ကပြောတာပါ။
မတ်လ ဟောလီးဒေးဆိုတာ မြန်မာပြည် ကို ၁၆ ရက်ပြန်သွားတာကိုပြောတာ။မော်ကျွန်း ကပြန်လာပြီး
Edwin တစ်ယောက် ကျောင်းဆိုရင် ပျော်ပျော်ကြီးသွားတော့ တာပဲ။ဆရာမက ဆက်ပြောတယ်။
"ဒါပေမယ့် လုပ်တာ ကိုင်တာမှာ နှေးနေသေးတယ်(a bit slowလို့ပြောတယ်။(တို့ကso slow ထင်နေတာ)
MISC သွားလို့ ခြေစွပ် တို့ ဖိနပ်တို့ စီးရင်လဲ အကုန်လုံးနောက်ပဲ၊ သူ့ ကို သူ့ကိစ္စတွေ သူလုပ်နိုင်သလောက်
သူ့ဘာသာလုပ်ပါစေ' ပြီးတော့ Edwin ဖက်လှည့်ပြီး "Edwin မားမားက baby တစ်ဖက်နဲ့ မားမားကိုမခိုင်း နဲ့
ကိုယ့်ဘာသာ လုပ်နော် ဟုတ်လား (သွေ့မား)' ဆိုတော့ အိမ်က သားတော်မောင်က( သွေ့ ၊သွေ့) နဲ့ ပြန်ဖြေ
တယ်။
ပြီးတော့ English ဆရာမနဲ့ တွေ့ရတယ် "Edwin ဟာ စာရေးတာတော့ တော်တော်သွက်တယ်၊ write down
four circles ဆို သူအရင်ဆုံးပြီးအောင် ရေးနိုင်လို့ တောင် အံ့သြနေတာ။မိသားစု ပုံလဲ ဆွဲတတ်တယ်။'
English ဆရာမ ရဲ့ ကွန့်မန့်ပါ။"သူ့ရဲ့ လက်တွေ က weak ဖြစ်တယ် သန်အောင်လေ့ကျင့်ပေးပါ။
Play ground တွေ ခေါ်သွားပါ' တဲ့။အဲဒါ ၂၅ ရက်နေ့ ကလုပ်တဲ့ parent -teacher meeting မှာပြောတာတွေ
ပါ။ဖြစ်ချင်တော့ Edwin တို့ အတန်းမှာ others က Edwin တစ်ယောက်တည်း။အကုန် စလုံးတရုတ်၊ပြည်ကြီး
တရုတ်တွေချည်းပဲ။
ကျောင်းတတ်ခါစ က ဆရာမက Edwin ဟာ English လိုနားမလည်ဘူးလို့ထင်တယ်။သားလေး က
ဒီမတိုင်ခင် playgroup မှာ ၆ လနေထားပါသေးတယ်။English ကို ၀ါကျ အရှည်ကြီးမဟုတ်ရင်တောင်
daily use တွေတော့ ကောင်းကောင်း နားလည်ပါတယ်။အိမ်မှာ တို့လဲ E လို ပြောပေးတယ်။အပြောများ
တဲ့ ဟာမျိုးလေးတွေပေါ့။လွန်ခဲ့ တဲ့ ၂လ လောက်က အိမ်ကို စလုံး ဧည့်သည် ၁ယောက် လာတော့ သူက
မုန့်စားနေတာ့ 'what are u eating? "ဆိုတော့ 'chocolate"တဲ့။တော်တော်လေးကြာတော့ သူက ဆက်တီ
ပေါ်မှာ ထိုင်နေတော့ ဧည့်သည် က 'what are u doing? ' ဆိုတော့ 'Nothing"တဲ့ ။အဲတော့ တို့က တွေးမိ
တယ် သားလေးဟာ English ကို နားလည်သင့်သလောက် နားလည်နေတာပဲ။ဘာဖြစ်လို့ ကျောင်းမှာ
နားမလည်ရတာလဲ။ဆရာမတွေကိုသူaကြာက်နေလို့လဲဖြစ်မှာ။Vocabulary၊Phoenix တွေ ကိုယ့်ထက်
အများကြီးသိတယ်။ယူကျုတို့၊ABC games တွေကနေ learn လုပ်ထားတာ။
ဟိုနေ့ က အိမ်အောက် မှာ သစ်ရွက်တွေ နဲ့ မောင် နှမ ၂ယောက် ဆော့နေတုန်း အပေါ်ထပ် ကတရုတ်မ
ကတွေ့တော့ သူ့ ကို what are you playing? လို့မေးတော့ "Edwin play with leaves' တဲ့ တရုတ်မက
သူ့ ကို သကြားလုံးပေးပြီး ပြန်မယ်လုပ်တော့ သူက
'thank you,see you next time '။ကြည့်ရတာကျောင်း
မှာ သူ့ထက်အားလုံးသွက်တော့ သူလဲ မ၀ံ့မရဲ ဖြစ်ပုံရတယ်။ဆရာမ ကို သားလေးဟာ မြန်မာ စကားလဲ
ပြောတာ နောက်ကျကြောင်း၊အခုထိ မြန်မာ စကားကိုလဲ စီကာပတ်ကုံး မပြောနိုင်သေးကြောင်း၊
သားလေးက စကားပြောတာ ၂နှစ်ခွဲ လောက်မှ ဖြစ်ကြောင်း ပြောပြခဲ့တယ်။
 |
| 01-06-2008 |
|
|
|
|
|
ငယ်ငယ်ကဆိုရင် သူအိပ်နေလို့ အိပ်ခန်းထဲ ခြေဖျားထောက် ၀င်လို့ ခြေဖျားက ဂျွတ် လို့ အသံကြားတာနဲ့
နိုးတာပဲ။သူအိပ်နေရင် လှုပ်တောင်မလှုပ်ရဲဘူး။ညည ချီပြီးလမ်းလျောက်ရတယ်။လက်ပေါ်က ချတာနဲ့
ငိုတယ်။လမ်းလျှောက်နေရင်း ရပ်သွားရင် ငိုတယ်။မေ က အဲလို မဟုတ်ဘူး အေးတယ်။
 |
| 01-06-2009 |
|
|
 |
| 01-06-2010 |
 |
| 01-06-2011 |
 |
| 30-05-2012 (၀မ်းကွဲညီအကို များနှင့် ၄ နှစ် အကြို BD) |
|
|
|
|
 |
| 31-05-2012(4 နှစ်ပြည့်ဖို့ နာရီပိုင်းအလို ည ၈နာရီလောက်က ရိုက်ထားတာ) |
 |
| သွားလေရာသယ်သော ဘုတ်ဖြင့် |
အိမ်မှာအခု သူ ကအကြီးဆိုတော့ ညီမ လုပ်သူကို ဆရာလုပ်ချင်တယ်။ဟိုတလောက တို့က မီးပူတိုက်မလို့
နေ့ခင်းဖက် သူတို့မောင်နှမ ၂ယောက်က မအိပ်တော့ တို့က အာလူးကြော် ကို ဇလုံထဲ ထည့်ပြီး တော့
"သားလေး ညီမလေးကို ကြည့်ထားလိုက်နော်၊မားမား မီးပူတိုတ်လိုက်အုံးမယ်။အပြင်မှာနေကြ"ဆိုပြီး
ဧည့်ခန်းထဲမှာ ထားခဲ့ပြီး တို့က အိပ်ခန်းထဲ မှာမီးပူတိုက်နေတယ်။အပြင်မှာ Edwin တစ်ယောက် ညီမ
လုပ်သူကို
"မေလင်းလင်း you have to finish it first နော်"(သမီးလေး ကမုန့်စားရင် ပါးစပ်ထဲက မုန့်
မကုန်သေးပဲ လက်နှစ်ဖက်စလုံးမှာ အကုန်အပြည့် ယူ၊ပါးစပ်ထဲကဟာ မကုန်သေးပဲ နောက်ဟာ
အတင်းထဲ့တတ်လို့ သူကြိုက်တာဆိုရင်။အဲဒါဆို တို့ က အဲလိုပြောနေကြဆိုတော့ သူကမှတ်ထား
ပြီး အမေ အာဏာလွှဲခဲ့ တုန်း အမေ ပြောတဲ့ အတိုင်း ညီမ ကိုပြောနေတာ)၊ပြီးတော့
'မေလင်းလင်း
ဆိုဖာ ကို လက်မသုပ်ဖူးနော်၊မားမားချစ်ဖူးနော်'တဲ့။အမေ လုပ်သူက သူတို့ ဆိုဖာ ကို လက်သုပ်ရင်
ပြောနေကျ ဆိုတော့မှတ်ထား ပြီး ညီမလုပ်သူကို ဆုံးမနေတာလေ။ရီလိုက်ရတာ။အခုတလောလဲ
ညီမ လုပ်သူကို animals စာအုပ်ယူပြီး
'မေလင်းလင်း လာစာဖတ်မယ် ဆိုပြီး စာအုပ်ထဲက အကောင်
တွေကို လက်ထောက်ပြီး what is this?' ဆိုပြီး မေး တော့တာပဲ။သမီးလေး က ကလေးဆိုတော့
catတို့ dog တို့ elephant တို့ fish တို့rabbit တို့ tiger တို့လောက်သိပေမယ်။သူက parrot ကို
မေးရင် သမီးလေး က bird လို့ဖြေတယ်။အဲဒါဆို
မေလင်လင်း this is not bird ,this is parrot ဆိုပြီး
အော်ရော။အဲဒါဆို သမီးလေး က မားမား မားမားဆို ပြီး မအေလုပ်သူဆီပြေးလာရော။သူက လိုက်လာ
ပြီး မေလင်းလင်း စာဖတ်မယ်ဆို ဟိုက ပြေးတာတန်းနေတာပဲ။အမှန်တော့ parrot လဲငှက်ပဲလေ။
သားလေးက ချွဲတတ်တယ်။ဝမ်းနည်းလွယ်တယ်။တစ်ခုခုဆို မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့။မအေလုပ်သူ
ကိုလဲချွဲတယ်။မားမား Edwin ကွိုင်းကွိုင်း (လိမ္မာ)နော် Edwin မားမားချစ်ဆိုတာ သူ့လက်သုံး စကား။
ကျောင်းသွား ကြိုလို့ သူထွက်လာရင် တို့ က
how are u? Are you happy at school?ဆိုရင်
yesဆိုပြီး
ပြောတယ်။ပြီးရင်
"မာမား Edwin wear school bag myself ,Edwin put on sock myself , good job."
ဆိုပြီးပြောသေးတာ။တို့ က ဟိုတလောက အဲဒီ ၂ခု သူ့ကို train ထားပြီး အဲလိုမလုပ်ရင် မားမားမချစ်ဘူး
ပြောထားလို့။နောက်ပြီး 'လောင်စူး ဘီစကစ် ကျွေးတယ်၊ဘာကျွေးတယ် ' ပြောတယ်။အခုများ you do
yourself လို့ ဆရာမတွေကော၊အမေကပါပြောထားတော့ ဘောင်းဘီတောင် အမေလုပ်သူကို အ၀တ်မခံ
တော့ဘူး။သူ့ဘာသာဝတ်တယ်။ကျောပိုးအိတ်လဲ သူ့ဘာသာ သယ်တယ်။
ဒါပေမယ့် လူရည်တော့မလည်ဘူး။တချို့ သူနဲ့ ရွယ်တူတွေ သူ့ထက်အများကြီး လူရည်လည် တယ်။သူလား
ဘာဆို ဘာမှ စိတ်မ၀င်စားဘူး စာကလွဲရင်။ အင်္ကျီ၊အ၀တ်အစား စုတ်စုတ်ပြတ်ပြတ် ၀တ်ပေးလဲနေတာပဲ။
အဲ စာအုပ်ဆိုရင်တော့ လာခဲ့ စိတ်ဝင်စားတယ်။အခု စာအုပ်တွေထဲမှာ အသီးတွေကို သူဖတ်ထားတော့
NTUC ဈေးသွားဝယ်ရင် တွေ့သမျှ အသီး အကုန်ဝယ်ချင်တယ်။အိမ်ရောက်ရင် အမေလုပ်သူ အကုန်ဝယ်
ခဲ့တယ်မှတ်လို့ ဟိုအသီးစားမယ် ဒီအသီးစားမယ်ပူရော။ငယ်ငယ်ကနေ အခုထိ ဂျီကျတယ်။အီညှောင့်
အိညှောင့် လုပ်တာ။အိညှောင့် အိညှောင့် ဆို သူ့ကို ပြောမှန်းသိတယ်။
Today is your special day because we love you. It’s all about you. We can’t wait to see how many
cool things a four year-old my dear can do!
EDWIN ခေါ် အေးမင်းထွန်း ခေါ် ကို အိညှောင့် "H-A-P-P-Y B-I-R-T-H-D-A-Y"ပါ