Sunday, April 21, 2013

အက်ဝင့် မြန်မာစာသင်ခန်းစာ



 ဒီနှစ်အစပိုင်းကနေစပြီး အက်ဝင့်ကို မြန်မာစာ သင်ပေးဖို့ စလုပ်ဖြစ်တယ်။အရင်တုန်းကလဲ နဲနဲစီ အစပျိုး

ထားပေမယ့် ကိုယ်တော်က စိတ်မ၀င်စားဘူး။လာမယ့်ဇွန်မှာ ၅ နှစ်ဆိုတော့ သူငယ်တန်းစာလောက်တော့

သင် သင့်နေပြီလို့ထင်တယ်။အစပိုင်းတော့ မုန့်တွေ ဘာတွေနဲ့ ဆွဲဆောင်ရပေမယ့် အခုတော့ တော်တော်

လေးကို ဟုတ်လာပြီ။လမ်းတွေ ဘာတွေသွားရင် တွေ့တာတွေကို အင်္ဂလိပ်လို အပြင် တရုတ်လို၊မြန်မာလို

မေးလာပြီ။မိုးရွာနေရင် မာမား raining ကို မြန်မာလို ဘယ်လို ပေါင်းလဲပေါ့။သူ အိမ်မှာ ပြောလေ့ရှိတဲ့

တစ်ချို့ မြန်မာ စကားတွေကိုလဲ စိတ်ကူးပေါက်သလို ပေါင်းပလိုက်တယ်။ရေးနည်းကတော့ သိပ်မမှန်ဘူး။

တစ်ဖြေးဖြေးပြင်ယူရမယ်။အခုကတော့ သူက လက်ထပ်ရေးပေးစရာမလိုတော့ သူ့စိတ်ကြိုက်ရေးတယ်။

ဒီမှာရှိတဲ့ သုံးမျဉ်းကြောင်းနဲ့ပဲရေးတယ်။အမှတ်တရသဘော မှတ်တမ်းတင်ထားတာပါ။








သင်ပုန်းကြီး ဖတ်စာ-၁၊သင်ခန်းစာ ၁ ကို တစ်လ နီးပါလောက် သင်ရတယ်။တစ်ပတ်ကို တစ်ရက်၊တစ်ခါ

တစ်လေ တရုတ်စာ လဲ လေ့ကျင့်ရသေးတော့။၂  ပတ် တစ်ခါ။စုစုပေါင်း ဒီသင်ခန်းစာ ပြီးအောင် မီးနစ်၂၀

၎ ချိန်လောက် သင်ရတယ်။သူက စာဆိုစိတ်ဝင်တစားရှိသူမို့တော်တော့တယ်။အခုချိန်မှာတော့ သူစိတ်ဝင်

စားမှု့ရှိတာလေးကိုပဲ ကျေးဇူးတင်နေရတယ်....












ဒီနှစ်ကုန်ကို သင်ခန်းစာ ၁၂ ခုလုံးသင်နိုင်ရင်ကောင်းမယ်။အခု သင်ပြီးတာ ရေးချ(-ာ ၊-ါ) အခန်း။

နောက်တစ်ခန်းက လုံးကြီးတင် အခန်း။နောက်တစ်ခန်းတတ်ဖို့ အားမွေးထားတယ်....











 


 
ကဲ ၂၀၁၃ မှာ ရည်ရွယ်ချက်တွေ အောင်စေသော်......




Thursday, April 11, 2013

မေ၊ အက်ဝင် နှင့် သူတို့၏ toilet



အက်ဝင်ကော မေကော အိမ်မှာ အိမ်သာသွားရင် အိမ်ကရေချိုးခန်းထဲက ဘိုထိုင်အိမ်သာမှာ ကလေးတွေ

ထိုင်လို့ရတဲ့ ဂွေအသေးလေး ထပ်တင်ပြိး သွားလေ့ရှိတယ်။ခရီးသွားရင် ဂွေကို သယ်သွားရတယ်။

မြန်မာပြည်ပြန်ရင် ရန်ကုန်က  တည်းခိုခန်းမှာ တည်းတော့လဲ ကိစ္စမရှိဘူး။အီအီး ပါချင်ရင် ဂွေလေး

အိမ်သာအိုးပေါ် ထပ်တင်လိုက်ယုံပဲ။ဒါမေငယ်ငယ်က ၁ နှစ် ၂လ ၂၅ ၇က် ကရိုက်ထားတာ..





မော်ကျွန်းအပြန်လမ်းသဘောင်္ပေါ်မှာ မေတို့၊အက်ဝင်တို့ အီးပါချင်တယ်ဆိုလို့ကတော့ တစ်ကယ့်ကွိုင်။

ပြီးခဲ့တဲ့ အခေါက်က မေလင်းလင်း မော်တော်ပေါ်မှာ အီအီးပါချင်တယ် ပြောလို့ ဒုက္ခကိုရောက်ရော။

သဘောင်္က အိမ်သာက ဆောင့်ကြောင့်ထိုင်ရတဲ့ဟာ ဂွေတပ်လို့မရ။အမေလုပ်သူက ဆောင့်ကြောင့်ထိုင်ပြီး

သူ့ကို အမေလုပ်သူ ပေါင်၂လုံးကြားပေါ်တင်ပြီး ဘိုထိုင်သဘောမျိုး လုပ်ပေးလဲ မမက ထိုင်နေကြမဟုတ်

တော့ မပါ။Diaper ထဲမှာ ပါလိုက်ဆိုတော့လဲ မဟုတ် တစ်ညလုံးဒုက္ခ ရောက်လိုက်တာ..........


မော်ကျွန်းရောက်တော့လည်း မော်ကျွန်းအိမ်က အိမ်သာက ရိုးရိုး ဆောင့်ကြောင့်ထိုင်ပဲလေ။အဲ့တော့

အမေလုပ်သူမှာ ဂွေနဲ့တော်တဲ့ ပလစတစ်ဗုံး တစ်လုံးဝယ်။ဗုံးထဲကို ပလစတစ် စွပ် ပြီးရင်ဂွေကို ပေါ်ကနေ

အံဝင်အောင်တင်ပြီး ဘိုထိုင်လုပ်ပေးရတယ်။အဲဒါမှ ပါတော်မူကြတယ်။စွပ်တဲ့ ပလစတစ်အိပ်ကိုလဲ ဒီကနေ

သယ်သွားတယ်။အောက်က ပုံပေါ့.....ဗုံးက အဖုံးလေးပါ ပါတယ်။မသုံးတဲ့အချိန်ဆို အဖုန်းလေးအုပ်ထား

ပေါ့။ဒီကိုပြန်လာတော့ နောင်နှစ်ပြန်ရင် သုံးရအောင် ဆေးကြောပြီး သိမ်းထားခဲ့တယ်။အပြန် ရန်ကုန်

သွားတဲ့ သဘောင်္ပေါ်ကိုတော့ အဲ့ဗုံးကိုမသယ်နိုင်တော့ဘူး။တစ်လမ်းလုံး သူတို့တွေ အီးမပါချင်ပါစေနဲ့

ဆုတောင်းရတယ်။








Tuesday, April 2, 2013

ကလေးတွေအကြောင်း ၂




အက်ဝင့် အကြောင်းဆက်ပြောရမယ်ဆိုရင် အက်ဝင်ဟာ တစ်ခုခုဆိုရင် ဘယ်တော့မှ ကိုယ်တိုင် မရှာ

မလုပ်ပဲ အမေ၊အဖေ ကို ပါးစပ်လေးနဲ့ခိုင်းတာပါပဲ။ပစ္စည်းတစ်ခု သူလိုချင်ရင် ထားတဲ့နေရာကလဲပဲ

သူရှာတွေ့နိုင်မဲ့ အနေအထားဖြစ်ပေမယ့် သူမရှာဘူး။အလွယ်တကူ အမေလုပ်သူကိုပဲ မာမား ဟိုဟာ

ဘယ်မှာလဲ ၊ဒီဟာ ဘယ်မှာလဲ ယူပေးပါအုံးဆိုပြီး ခိုင်းတတ်တယ်။သူအဲလိုမေးပြီးဆိုရင် အငယ်မက

သူသိထားတဲ့နေရာဆို ချက်ချင်းပြေးယူပြီး ကိုကိုး ဒီမှာလေ ရော့ရော့ ဆိုပြီး ယူလာပေးတတ်တယ်။

ကျောင်းမှာလဲ မနှစ်က nursery တတ်တုန်းက ကျောင်းကဆရာမတွေကို သူ့အမေလို သူ့ကို လုပ်ပေး

မယ်ထင်နေတာ။အခုတော့ သူ့ကို သူ့ဘာသာလုပ်နိုင်အောင် ပြပေးထားတယ်။


အငယ်မကျတော့ ပြောင်းပြန် သူ့ဘာ့သာလုပ်ချင်လွန်းလို့။သူ့ဘာသာ သွားတိုက်တယ်။မစင် မှာဆိုးလို့

အမေလုပ်သူက တိုက်ပေးမယ်ဆို မဟုတ်ဘူး။သူ့ဘာသာ အင်္ကျီ၊ဘောင်းဘီ ၀တ်ချင်တယ်။အပြောအဆို

မှာတော့ အကိုလုပ်သူကို အတုခိုးတယ်။အိမ်မှာ တို့တွေကို အက်ဝင်က အရင်က ပါပါး၊မာမား ခေါ်တယ်။

ကျောင်းတတ်တော့ ကျောင်းက ဒက်ဒီ၊မာမီ လို့သင်တော့ တစ်ခါတစ်လေ တို့ကို မာမီလို့ခေါ်တယ်။

သူက တို့ကို ၁၀ခွန်းခေါ်ရင် ၂ခွန်းလောက်ပဲ မာမီခေါ်တာ။အဲ့ဒါ မေလင်းလင်းက အကိုဆီက ကော်ပီ

ယူပြီး တို့ကို တစ်ချိန်လုံး မာမီနေတော့တာပဲ။တရက်တော့ သူက မာမီခေါ်လို့ တို့က မာမား ခေါ်စမ်းပါအေ။

ညည်းက ဘာမာမီ လဲ...ခေါ် မာမားလို့ ခေါ်ခိုင်းတာ မခေါ်ဘူး နိုး မေလင်လင်း မာမီ ခေါ် တဲ့။

 

ကြုံးတုံး အိမ်ကလူရဲ့ တူလေးအကြောင်းပြောရအုံးမယ်။အိမ်ကလူအမျိုးတွေဖက်က တရုတ်နွယ်တော့

အဖေ၊အမေ ကို ပါပါး၊မာမား ခေါ်ကြတယ်။အဲ့တူလေးလဲ သူ့အဖေမေကို ပါပါး၊မာမားခေါ်တယ်။ဒါပေမယ့်

သူက သူများတွေ အဖေ အမေ (မြန်မာလို )ခေါ်တာတွေ့တော့ သူလဲ သူ့အဖေမေကို ဖေဖေ မေမေ လို့

ဒီဘက်ကအဘိုးအဘွား(အိမ်ကလူ အဖေအမေ)လစ်ရင် ခေါ်သတဲ့။တရက်တော့ သူ့ကိုစချင်လို့ အဒေါ်

တစ်ယောက်ကသူများတွေဆို ဒက်ဒီ၊မာမီ ခေါ်နေတာ...သားက ဖေဖေ၊မေမေ ဆိုတော့ အောက်နေပြီ

လို့ ပြောလိုက်တော့ သူက သူ့ကိုယ်သူပုတ်ပြပြီး သားသားတို့က မြန်မာလေ၊မြန်မာလိုပဲ ခေါ်မှာပေါ့တဲ့။






အိမ်က မောင်နှမ ၂ယောက်က အသက်က ၂နှစ်လောက်ပဲကွာတော့ ဆော့ဖော်တော့ရတယ်။တစ်ခါတစ်ရံ

တော့လဲ ဖိုက်ကျလေရဲ့။အဲဖိုက်တယ်ဆိုလို့ ဟိုတစ်လောက အွန်လိုင်းကနေ သူ့အသံဆိုတဲ့ ဇတ်လမ်းတို

လေးကြည့်တော့ အဲ့ဇတ်လမ်းထဲမှာ မင်းသမီးက သူ့သားလေးကိုအကဲပိုပြီး၊ဟိုအိမ်ကက်ဆက်ဖွင့်တာ

ကျယ်လို့၊ဟိုမုန့်သယ် လမ်းမကနေ အော်လို့ သူ့သားလန့်နိုးလို့ဆိုပြီး လူတွေနဲ့ရန်လိုက်ဖြစ်နေတာကို

ကြည့်ပြီး အက်ဝင်က မာမား why everybody are fighting?တဲ့။အက်ဝင်ဟာ အိမ်မှာ ဘာတွေပြောင်းလဲ

နေတယ်ဆိုတာ စိတ်သိပ်မ၀င်စားဘူး။အငယ်မကတော့ မိန်ကလေးမို့လားမသိဘူး တစ်ခုခုပြောင်းလဲရင်

သူအရင်သတိထားမိတယ်။အခုလဲ အိမ်ကလူ ခရီးသွားနေတုန်း TV အသစ်လဲလိုက်တယ်။TV  လဲပြီးလို့

၁၀ရက်လောက်ကြာတော့ အိမ်ကလူ ပြန်လာတယ်။သားအမိတွေအိမ်အောက် ဆင်းကြိုတာပေါ့။သူ့အဖေ

ကခရီးနောက်တစ်ခုထပ်ထွက်ရမှာ ဆိုတော့ ကိုယ်လဲ အလုပ်ရှုပ်နေလို့ TV ကိုတောင်သိပ်သတိမထားမိ

ဘူး။အဖေလုပ်သူရောက်လာတော့ အိတ်တွေဘာတွေ ကူဆွဲအပေါ်တတ် ဓာတ်လှေခါးကနေထွက်တော့

မေလင်းလင်းလေ သူ့ပါပါးကို ဆွဲခေါ်ပြီး ပါပါး  come come, here have new TV...you can see ,

you can see တဲ့ အံ့သြလိုက်တာ...ဒီ TV ၀ယ်တုန်းက သူ့အဖေ အိမ်မှာမရှိတာ...သူ့အဖေ TV ကိုမတွေ့

ရသေးတာ သူသိနေတယ်...ဒါတင်မဟုတ်သေးဘူး၊အဲ့နေ့မတိုင်ခင်က ZOO သွားတုန်းက ၀ယ်ခဲ့တဲ့အအေး

ပုလင်းထဲကို သူရေထည့်သောက်နေတာကို အဲ့ ပုလင်းပါ သူ့အဖေကိုပြပြီး ပါးပါးhere new water bottle

...you drink...you drink ဆိုပြီး တိုက်သေးတာ....လက်ကိုမြှောက်ကော...လာမယ့် မေလမှ၃နှစ်ပြည့်မှာ. 


Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။