အိမ်မှာ အခု အိမ်နောက်ဦးစီးလုပ်နေလေတော့။အဓိကကြုံရတာ တစ်နေ့ တစ်နေ့ ဘာချက်ရမလဲဆိုတာပဲ။
ဘယ်လို ဟင်းစပ်တည့်အောင် ချက်ရမလဲ။တစ်မျိုး နဲ့တစ်မျိုး မရိုးရလေအောင် စီမံရပါတယ်။ဒါတောင်
အိမ်ကလူက ချေးများတတ်သူ မဟုတ်ပဲ အကုန်စားတတ်သူ မလို့ပေါ့။သိပ်မကြိုက်ရင် နဲနဲပဲစား။ကြိုက်ရင်
အားပါးတရ တွယ်တာပဲ။အခု ကလေးတွေရလာတော့လဲ ကလေးတွေအတွက် အဟာရလဲဖြစ်၊၀မ်းလဲမချုပ်
အောင်တစ်မျိုးတိုး စဉ်းစားရတာပိုလာရော။လူကြီးကော ကလေးပါ စားလို့ အဆင်ပြေအောင်ချက်ဖြစ်ပေ
မယ့် စားလို့အဆင်မပြေရင် တစ်မျိုး စီစဉ်ရသေးတာ။
အိမ်ကလူက အိမ်ဟင်း ထမင်း သိပ်မက်တယ်။မြန်မာဟင်းကို ဆိုလိုတာ။ခရီး ခဏ ခဏ သွားနေရတော့
ဒီမှာနေရင် ဘယ်တော့မှ ပေါင်မုန့်တို့၊ဘာဂါတို့၊ပီဇာ တို့ မစားဘူး။မုန်းလို့တဲ့။ပေါင်မုန့်စားတဲ့ တိုင်းပြည်ဖက်
များသွားရင် ပြန်လာဖို့ ဟိုဘက်ကနေ လေယာဉ်ပေါ်မတတ်ခင် အာဖျံရေ ထမင်းချက်ထား ငါဒီမှာ ပေါင်မုန့်
စားရလို့သေတော့မယ် လို့ ဖုန်းဆက်ရင် ကိုယ့်မှာ အပြေးအလွှား စီစဉ်ရတယ်။သူက ငါးပိရည်၊တို့စရာ၊
ဟင်းချို တစ်ခွက်ပါရင် အသားဟင်းတောင် သိပ်မလိုဘူး။သူ ခရီးသွားရင်တော့ ဖရီးပေါ့။ဟင်းကို
ကလေးတွေ အတွက်ပဲ စီစဉ်ပြီး ကိုယ်ကတော့ ကြုံသလိုစားတယ်။ကလေးတွေ အတွက်ချည်းပဲ ချက်တာ
တောင် တစ်နေ့ တစ်နေ့ ဦးနှောက်ခြောက်ရတယ်။ဒီညကျန်တဲ့ ကြက်သား လေးကို မနက်ဘာနဲ့ရော
ချက်ရရင်ကောင်းမလဲ စဉ်းစားနေရင် မစန္ဒာ ၀တ္ထုလေး သွားသတိရလို့ ပြန်တင်လိုက်တာ။တစ်ပုဒ်လုံး
မဟုတ်ဘူး။ Burmeseclassic ကနေယူတာပါ။
ဝတ္ထုနာမည်က 'အကြံအဖန်' တဲ့။





























